ဘာစီလိုနာနဲ႕ ပြဲအျပီးမွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ လီဗာပူးအသင္းအတြက္ ေၾကကြဲဖြယ္ မက္ေဆ့ပို႕ခဲ့တဲ့ ကားရီးရက္

[Zawgyi] ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေကာ့်မွာ လီဗာပူးက အံ့အားသင့္ဖြယ္ come back နုိင္ပြဲနဲ႕ ေက်ာ္ျဖတ္ျပီး ဗိုလ္လုပြဲ ေရာက္လာတဲ့ေနာက္ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ဟာ ဂုဏ္ယူေၾကာင္း ၀မ္းသာေၾကာင္း မက္ေဆ့ေတြ တသီၾကီး လက္ခံ ရရွိခဲ့ပါတယ္။ အဲဒီထဲမွာ တကယ့္ကို ေလးေလးနက္နက္နဲ႕ ထိခိုက္ဖြယ္ မက္ေဆ့တစ္ေစာင္လည္း ပါ၀င္ခဲ့ပါတယ္။ အဲဒါကေတာ့ ဂိုးသမား ကားရီးရက္ပါ။

လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့နွစ္ ခ်န္ပီယံလိဂ္ ဖိုင္နယ္ ရီးရဲလ္မက္ဒရစ္နဲ႕ ယွဥ္ျပိဳင္ကာ အေရးနိမ့္စဥ္က ကားရီးရက္ဇ္ရဲ႕ ဆိုးဆိုး၀ါး၀ါး အမွားမ်ားေၾကာင့္ ဂိုးျပတ္ ရွံုးကာ ျပန္မလာနုိင္တဲ့ထိ အေျခအေနဆိုးခဲ့ပါတယ္။ လီဗာပူးဂိုးသမား ျဖစ္ေနဆဲ ကားရီးရက္စ္က လက္ရွိ ဘက္ဆစ္တပ္အသင္းမွာ အငွား ထြက္ကစားေနျပီး မနွစ္က ကိဗ္ကြငး္ထဲက အမွတ္တရ ပံုရိပ္ဆိုးေတြကို ေခ်ဖ်က္နုိင္ေတာ့မယ္ ယူဆရပါတယ္။

” လိုရစ္ (ကားရီးရက္)က က်ေနာ္တို႔ အသင္း ဗိုလ္လုပြဲ ေရာက္ျပီးတဲ့ေနာက္ က်ေနာ္နဲ႕ ယာဂင္ဆီ မက္ေဆ့ပို႔ခဲ့တယ္။ သူက က်ေန္ာတို႔ အတြက္ ၀မ္းသာေပ်ာ္ရႊင္ေနေၾကာင္းနဲ႕ ဒီတစ္ၾကိမ္မွာေတာ့ က်ေန္ာတို႔ အနိုင္ရဖို႕ ေမွ်ာ္လင့္ပါတယ္လို႔ ေျပာထားတယ္။ ဒီစကားက သူ႔စိတ္ထဲ ရွိတာ အမ်ားၾကီး ပါသြားပါတယ္။” လို႔ လီဗာပူး ဂိုးနည္းျပ ဂၽြန္ အက္ခ်္တာဘတ္က ဖြင့္ဟခဲ့ပါတယ္။

လြန္ခဲ့တဲ့ တစ္နွစ္ ရီးရဲလ္ကို ၃-၁ နဲ႕ ရွံဳးစဥ္က လီဗာပူး ဂိုးသမား ကားရီးရက္မွာ မယံုနုိင္ေလာက္တဲ့ အလြဲအမွားက်ဴးလြန္မႈေတြ ရွိခဲ့ျပီး ေပးလိုက္ရတဲ့ ဂိုးေတြကပဲ လီဗာပူးကို နလန္မထူနုိင္ေအာင္ အလဲထိုးခဲ့တာပါ။

ထိုစဥ္က ပြဲျပီးမွာ ကားရီးရက္ကို အရင္ နွစ္သိမ့္ခဲ့သူက ဂိုးနည္းျပ အက္ခ်္တာဘတ္ပဲ ျဖစ္ျပီး ပြဲခ်ိန္အတြင္း ရာမို႔စ္နဲ႕ တိုက္မိခဲ့ရာက ဦးေခါင္းထိခိုက္မိျပီး မူးမိုက္ေနတဲ့ ျပႆနာ ရွိခဲ့တယ္လို႔လည္း ေနာက္ဆက္တြဲ သတင္းမ်ားမွာ ေဖာ္ျပထားခဲ့ပါတယ္။

” သူက လူေကာင္းေလးပါ။ ခပ္ညံ့ညံ့ ဂိုးသမားလည္း မဟုတ္ဘူး။ ဒါေပမယ့္ အေျခအေနကေတာ့ သူ႔အတြက္ မလြယ္ကူခဲ့ဘူးေပါ့။ အေကာင္းဆံုး အေျဖအေနနဲ႕ သူ႔ကို သြားခြင့္ျပဳျပီး တျခားမွာ ကစားေစခဲ့တာပါ။ ယံုၾကည္မႈေတြ ျပန္တည္ေဆာက္နုိင္ျပီး ေဘာလံုးေပ်ာ္ရႊင္ စြာ ျပန္ကစားနုိင္ေစဖို႔ ရည္ရြယ္ျပီး ကားရီးရက္ကို ေစလႊတ္ခဲ့တယ္။” လို႔ အက္ခ်္တာဘတ္က ေျပာၾကားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ထို အရွံဳးကေန နစ္ျမဳပ္မသြားဘဲ ဒီနွစ္မွာလည္း ဆက္တိုက္ဆိုသလို ဗိုလ္လုပြဲကို ျပန္ေရာက္လာျပီး ဒီတၾကိမ္မွာ ျပည္တြင္းျပိဳင္ဘက္ စပါးအသင္းနဲ႕ ယွဥ္ျပိဳင္ ရေတာ့မွာပါ။

ဒီတၾကိမ္မွာေတာ့ ဗန္ဒိုက္၊ မာတစ္တို႔ တြဲဖက္ဦးေဆာင္ထားမယ့္ ခံစစ္တံတိုင္း အေနာက္မွာ စိတ္ခ်ရတဲ့ ပရီးမီးယာလိဂ္ ေရႊလက္အိတ္ပိုင္ရွင္ ဘရာဇီး နံပါတ္ ၁ ဂိုးသမား အယ္လစ္ဆန္က လီဗာပူးဂိုးကို ေစာင့္ၾကပ္ ေနပါလိမ့္မယ္။ မနွစ္ကလို အားနည္းခ်က္မ်ိဳးေတြ ေျဖရွင္းျပီးတဲ့ လီဗာပူးဟာ ကားရီးရက္ ဆႏၵျပဳသလို ခ်န္ပီယံလိဂ္ဖလား ဒီနွစ္မွာေတာ့ ရရွိသြားနုိင္မလား စေနေန႔ညမွာ ေတြ႔ရေတာ့မွာပါ။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကောျ့မှာ လီဗာပူးက အံ့အားသင့်ဖွယ် come back နိုင်ပွဲနဲ့ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ ရောက်လာတဲ့နောက် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ဂုဏ်ယူကြောင်း ဝမ်းသာကြောင်း မက်ဆေ့တွေ တသီကြီး လက်ခံ ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ တကယ့်ကို လေးလေးနက်နက်နဲ့ ထိခိုက်ဖွယ် မက်ဆေ့တစ်စောင်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ ဂိုးသမား ကားရီးရက်ပါ။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဖိုင်နယ် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကာ အရေးနိမ့်စဉ်က ကားရီးရက်ဇ်ရဲ့ ဆိုးဆိုးဝါးဝါး အမှားများကြောင့် ဂိုးပြတ် ရှုံးကာ ပြန်မလာနိုင်တဲ့ထိ အခြေအနေဆိုးခဲ့ပါတယ်။ လီဗာပူးဂိုးသမား ဖြစ်နေဆဲ ကားရီးရက်စ်က လက်ရှိ ဘက်ဆစ်တပ်အသင်းမှာ အငှား ထွက်ကစားနေပြီး မနှစ်က ကိဗ်ကွင်းထဲက အမှတ်တရ ပုံရိပ်ဆိုးတွေကို ချေဖျက်နိုင်တော့မယ် ယူဆရပါတယ်။

” လိုရစ် (ကားရီးရက်)က ကျနော်တို့ အသင်း ဗိုလ်လုပွဲ ရောက်ပြီးတဲ့နောက် ကျနော်နဲ့ ယာဂင်ဆီ မက်ဆေ့ပို့ခဲ့တယ်။ သူက ကျနေ်ာတို့ အတွက် ဝမ်းသာပျော်ရွှင်နေကြောင်းနဲ့ ဒီတစ်ကြိမ်မှာတော့ ကျနေ်ာတို့ အနိုင်ရဖို့ မျှော်လင့်ပါတယ်လို့ ပြောထားတယ်။ ဒီစကားက သူ့စိတ်ထဲ ရှိတာ အများကြီး ပါသွားပါတယ်။” လို့ လီဗာပူး ဂိုးနည်းပြ ဂျွန် အက်ချ်တာဘတ်က ဖွင့်ဟခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ် ရီးရဲလ်ကို ၃-၁ နဲ့ ရှုံးစဉ်က လီဗာပူး ဂိုးသမား ကားရီးရက်မှာ မယုံနိုင်လောက်တဲ့ အလွဲအမှားကျူးလွန်မှုတွေ ရှိခဲ့ပြီး ပေးလိုက်ရတဲ့ ဂိုးတွေကပဲ လီဗာပူးကို နလန်မထူနိုင်အောင် အလဲထိုးခဲ့တာပါ။ ထိုစဉ်က ပွဲပြီးမှာ ကားရီးရက်ကို အရင် နှစ်သိမ့်ခဲ့သူက ဂိုးနည်းပြ အက်ချ်တာဘတ်ပဲ ဖြစ်ပြီး ပွဲချိန်အတွင်း ရာမို့စ်နဲ့ တိုက်မိခဲ့ရာက ဦးခေါင်းထိခိုက်မိပြီး မူးမိုက်နေတဲ့ ပြဿနာ ရှိခဲ့တယ်လို့လည်း နောက်ဆက်တွဲ သတင်းများမှာ ဖော်ပြထားခဲ့ပါတယ်။

” သူက လူကောင်းလေးပါ။ ခပ်ညံ့ညံ့ ဂိုးသမားလည်း မဟုတ်ဘူး။ ဒါပေမယ့် အခြေအနေကတော့ သူ့အတွက် မလွယ်ကူခဲ့ဘူးပေါ့။ အကောင်းဆုံး အဖြေအနေနဲ့ သူ့ကို သွားခွင့်ပြုပြီး တခြားမှာ ကစားစေခဲ့တာပါ။ ယုံကြည်မှုတွေ ပြန်တည်ဆောက်နိုင်ပြီး ဘောလုံးပျော်ရွှင် စွာ ပြန်ကစားနိုင်စေဖို့ ရည်ရွယ်ပြီး ကားရီးရက်ကို စေလွှတ်ခဲ့တယ်။” လို့ အက်ချ်တာဘတ်က ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ထို အရှုံးကနေ နစ်မြုပ်မသွားဘဲ ဒီနှစ်မှာလည်း ဆက်တိုက်ဆိုသလို ဗိုလ်လုပွဲကို ပြန်ရောက်လာပြီး ဒီတကြိမ်မှာ ပြည်တွင်းပြိုင်ဘက် စပါးအသင်းနဲ့ ယှဉ်ပြိုင် ရတော့မှာပါ။

ဒီတကြိမ်မှာတော့ ဗန်ဒိုက်၊ မာတစ်တို့ တွဲဖက်ဦးဆောင်ထားမယ့် ခံစစ်တံတိုင်း အနောက်မှာ စိတ်ချရတဲ့ ပရီးမီးယာလိဂ် ရွှေလက်အိတ်ပိုင်ရှင် ဘရာဇီး နံပါတ် ၁ ဂိုးသမား အယ်လစ်ဆန်က လီဗာပူးဂိုးကို စောင့်ကြပ် နေပါလိမ့်မယ်။ မနှစ်ကလို အားနည်းချက်မျိုးတွေ ဖြေရှင်းပြီးတဲ့ လီဗာပူးဟာ ကားရီးရက် ဆန္ဒပြုသလို ချန်ပီယံလိဂ်ဖလား ဒီနှစ်မှာတော့ ရရှိသွားနိုင်မလား စနေနေ့ညမှာ တွေ့ရတော့မှာပါ။

Sports Home Time