ယူႏုိက္တက္၊ မန္စီးတီးက သူ႔အတြက္ ဦးစားေပး မဟုတ္ဘူးဆိုတဲ့ ခံစစ္မွဴး မက္ဂြဲရား

အဂၤလန္ခံစစ္မွဴး မက္ဂြဲရားက မန္ယူႏုိက္တက္နဲ႔ မန္စီးတီးတို႔ထံက စိတ္ဝင္စားမႈေတြ ရေနေပမယ့္လည္း သူဟာ လက္ေရြးစင္အသင္းအတြက္ပဲ အာရံုစိုက္ေနပါတယ္ဆိုျပီး အေျပာင္းအေရႊ႔ ကိစၥေတြအေပၚ မွတ္ခ်က္ေပးဖို႔ ျငင္းဆန္လိုက္ပါတယ္။

မန္စီးတီးဟာ ကြန္ပနီကို လက္လြတ္ရတဲ့ေနာက္ လက္စတာခံစစ္မွဴးကို ေခၚယူဖို႔ စိတ္ဝင္စားေနသလို ယူႏုိက္တက္ကလည္း မန္ေနဂ်ာေမာ္ရင္ညိဳမွသည္ မန္ေနဂ်ာဆိုးရွားအထိ မက္ဂြဲရားကို စိတ္ဝင္စားေနတာျဖစ္တယ္။ မႏွစ္က ကမၻာဖလား ဆီမီးဖိုင္နယ္ေရာက္ အသင္းမွာ မက္ဂြဲရားဟာ ခံစစ္အတြက္ အေရးပါတဲ့ ကစားသမား ျဖစ္ခဲ့ပါေသးတယ္။

မက္ဂြဲရားက ” အဂၤလန္အသင္းနဲ႔ အေဝးမွာ ရွိေနခ်ိန္မွာ အျခားေသာ ကလပ္အသင္းအေၾကာင္းေတြ မစဥ္းစားပါဘူး။ ဒီတံဆိပ္ကို ရင္ဘတ္မွာ တပ္ဆင္ရတာနဲ႔ အျခားေသာ အရာေတြထက္ အဂၤလန္အသင္းအတြက္ပဲ အာရံုစိုက္ဖို႔က တကယ္ကို အေရးၾကီးပါတယ္။ ေရွ႔လာမယ့္ ႏွစ္ပြဲအတြက္ က်ေနာ္ တကယ္ကို အာရံုစိုက္ေနျပီး အျခားေသာ အသင္းေတြအေၾကာင္း မစဥ္းစားပါဘူး ” လို႔ အေျပာင္းအေရႊ႔ သတင္းေတြနဲ႔ ပက္သက္ျပီး ေျပာပါတယ္။

မက္ဂြဲရားက ပရီးမီးယားလိဂ္ျပိဳင္ဘက္ လီဗာပူးအသင္းမွ ခံစစ္မွဴး ဗန္ဒိုက္နဲ႔အတူ တြဲဘက္ျပီး အေကာင္းဆံုး ေျခစြမ္းေတြ ျပသေနတဲ့ နယ္သာလန္သား ဒီလစ္ကိုလည္း အနာဂတ္ေကာင္းေတြ ပိုင္ဆုိင္ထားသူလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ဗန္ဒိုက္နဲ႔ ဒီလစ္တုိ႔ ဦးေဆာင္လာမယ့္ နယ္သာလန္အသင္းဟာ ဇြန္လ 6 ရက္မွာ အဂၤလန္အသင္းနဲ႔ ယွဥ္ျပိဳင္ရဖို႔ ရွိေနတာလည္းျဖစ္တယ္။

မက္ဂြဲရားကပဲ ” ေအဂ်က္အသင္းကို အသက္ 19 ႏွစ္နဲ႔တင္ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနျပီး ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ကို ေရာက္ေအာင္ ၾကိဳးစားႏုိင္ခဲ့တယ္။ ဒီလစ္ဟာ အနာဂတ္ေကာင္းေတြ ပိုင္ဆိုင္ထားတယ္ဆိုတာ ေသခ်ာပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်ခံစစ်မှူး မက်ဂွဲရားက မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ထံက စိတ်ဝင်စားမှုတွေ ရနေပေမယ့်လည်း သူဟာ လက်ရွေးစင်အသင်းအတွက်ပဲ အာရုံစိုက်နေပါတယ်ဆိုပြီး အပြောင်းအရွှေ့ ကိစ္စတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်လိုက်ပါတယ်။

မန်စီးတီးဟာ ကွန်ပနီကို လက်လွတ်ရတဲ့နောက် လက်စတာခံစစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ယူနိုက်တက်ကလည်း မန်နေဂျာမော်ရင်ညိုမှသည် မန်နေဂျာဆိုးရှားအထိ မက်ဂွဲရားကို စိတ်ဝင်စားနေတာဖြစ်တယ်။ မနှစ်က ကမ္ဘာဖလား ဆီမီးဖိုင်နယ်ရောက် အသင်းမှာ မက်ဂွဲရားဟာ ခံစစ်အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပါသေးတယ်။

မက်ဂွဲရားက ” အင်္ဂလန်အသင်းနဲ့ အဝေးမှာ ရှိနေချိန်မှာ အခြားသော ကလပ်အသင်းအကြောင်းတွေ မစဉ်းစားပါဘူး။ ဒီတံဆိပ်ကို ရင်ဘတ်မှာ တပ်ဆင်ရတာနဲ့ အခြားသော အရာတွေထက် အင်္ဂလန်အသင်းအတွက်ပဲ အာရုံစိုက်ဖို့က တကယ်ကို အရေးကြီးပါတယ်။ ရှေ့လာမယ့် နှစ်ပွဲအတွက် ကျနော် တကယ်ကို အာရုံစိုက်နေပြီး အခြားသော အသင်းတွေအကြောင်း မစဉ်းစားပါဘူး ” လို့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပက်သက်ပြီး ပြောပါတယ်။

မက်ဂွဲရားက ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးအသင်းမှ ခံစစ်မှူး ဗန်ဒိုက်နဲ့အတူ တွဲဘက်ပြီး အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတဲ့ နယ်သာလန်သား ဒီလစ်ကိုလည်း အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားသူလို့ ချီးကျူးခဲ့ပါတယ်။ ဗန်ဒိုက်နဲ့ ဒီလစ်တို့ ဦးဆောင်လာမယ့် နယ်သာလန်အသင်းဟာ ဇွန်လ 6 ရက်မှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာလည်းဖြစ်တယ်။

မက်ဂွဲရားကပဲ ” အေဂျက်အသင်းကို အသက် 19 နှစ်နဲ့တင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်အောင် ကြိုးစားနိုင်ခဲ့တယ်။ ဒီလစ်ဟာ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ သေချာပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Sports Home Time