ျပင္သစ္အသင္းနဲ႔ ပီအက္ဂ်ီအသင္း တိုက္စစ္မွဴး အမ္ဘတ္ပီကို ေခၚယူဖို႔ဟာ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္က ေရပန္းအစားဆံုးပါ။ ဒါေပမယ့္လို႔ ေဘာလံုးေလာကကို လႈပ္ခါႏုိင္တဲ့ အေနအထားတစ္ရပ္ေၾကာင့္ ပရီးမီးယားလိဂ္ကလပ္ တစ္သင္းကလည္း အမ္ဘတ္ပီကို ေခၚယူဖို႔ ေရပန္းစားလာပါတယ္။
နယူးကာဆယ္အသင္းကို ဒူဘိုင္းအေျခစိုက္ ဘီလီယံသူေဌးၾကီး ရွိတ္ခါလ္လစ္က လြဲေျပာင္းယူဖို႔ ေနာက္ဆံုး အဆင့္ကို ေရာက္ေနတဲ့ အေနအထားမွာ အေျပာင္းအေရႊ႔အတြက္ အေလးေပးမႈေတြမွာ အဂၤလန္အေရွ႔ေျမာက္အရပ္ကို ထည့္သြင္းမႈက တစ္ဟုန္ထိုး ျမင့္တက္လာေနခဲ့တာပါ။ လူမႈကြန္ယက္ေတြမွာ ရယ္ဖြယ္ကိစၥလို႔ မွတ္ခ်က္ျပဳေနၾကေပမယ့္ ဒုတိယမန္စီးတီး ထြက္ေပၚလာဖို႔ ေသခ်ာသြားျပီလားလို႔လည္း စပ္စုခံေနရတာျဖစ္တယ္။
နာမည္ေက်ာ္ Sky Bet ဘြန္ကီဝဘ္ဆိုဒ္ကေန ေနာက္ဆံုးထုတ္လာတဲ့ ေပါက္ေၾကးအရေတာ့ နယူးကာဆယ္ဟာ အမ္ဘတ္ပီကို ေခၚယူဖို႔ ေရပန္းစားမႈက 25/1 ျဖစ္ျပီး ဒါဟာ ေရပန္းအစားဆံုးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ 4/1 ရဲ႕ေနာက္ ဒုတိယေနရာကို ေရာက္လာခဲ့ပါတယ္။ ဘာစီလိုနာ 40/1 နဲ႔ ယူႏုိက္တက္ 66/1 တို႔နဲ႔ ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ ေရပန္းစားမႈ ဘယ္ေလာက္ေတာင္ ျမင့္တက္သြားလဲ ႏိႈင္းယွဥ္ႏုိင္မွာျဖစ္တယ္။
နယူးကာဆယ္ဟာ ထိပ္တန္းကစားသမား ေခၚယူဖို႔ရာမွာ အမ္ဘတ္ပီ တစ္ဦးတည္းနဲ႔ ေရပန္းစားေနတာ မဟုတ္ပါဘူး။ ရီးရဲလ္မက္ဒရစ္ အဓိကကစားသမားေတြျဖစ္တဲ့ ဆာဂ်ီယို ရာမိုစ့္က နယူးကာဆယ္ကို ေရာက္ဖုိ႔ ေရပန္းစားမႈမွာ 20/1 ၊ ေဘလ္းက 33/1 ေတြနဲ႔ ေပါက္ေၾကးဖြင့္လာခဲ့ျခင္းျဖစ္တယ္။
နယူးကာဆယ္နဲ႔ ဥေရာပအေကာင္းဆံုး ကစားသမားေတြၾကား အေျပာင္းအေရႊ႔ကိစၥ ေရပန္းစားမႈနဲ႔ ပက္သက္လို႔ အားကစားဆုိင္ရာ ကိန္းဂဏန္းအခ်က္အလက္ေတြကို ေဖာ္ထုတ္ေနတဲ့ Oddschecker ဝဘ္ဆိုဒ္မွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ George Elek က
” ခ်မ္းသာတဲ့ အသင္းတသင္းက သူတို႔ရဲ႕ၾကြယ္ဝမႈ ျပန္ရျပီဆိုရင္ ကလပ္အသင္းရဲ႕ အရွိန္အဝါကို ျပသဖို႔ တစ္ေယာက္ေယာက္ကို ေငြေၾကးအင္အားသံုးျပီး ေခၚယူျပတတ္တယ္။ ဘယ္ကစားသမားမဆို ေသခ်ာတဲ့ ေစ်းႏႈန္းပမာဏ တစ္ခုေရာက္ရင္ ဝယ္လို႔ရႏုိင္တာပဲ။ လက္ရွိ ထြက္ေပၚေနတဲ့ သတင္းေတြက ေငြေၾကးရဲ႕ အင္အားေတြက အကန္႔အသတ္ မရွိဘူးဆိုတာကို ျပသေနတဲ့ သက္ေသပါ ” လို႔ ဆိုသြားခဲ့ပါတယ္။
နယူးကာဆယ္ကို ရွိတ္ခါလ္လစ္ တရားဝင္ လက္လြဲ မယူရေသးေပမယ့္ ေဘာလံုးေလာကကို ကိုင္လႈပ္မယ့္ အသင္းတစ္သင္း ေပၚထြက္လာမယ့္ အလားအလာေတြေတာ့ ျမင္လာရျပီျဖစ္ပါတယ္။
Sports Home Time
[Unicode] ပြင်သစ်အသင်းနဲ့ ပီအက်ဂျီအသင်း တိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူဖို့ဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က ရေပန်းအစားဆုံးပါ။ ဒါပေမယ့်လို့ ဘောလုံးလောကကို လှုပ်ခါနိုင်တဲ့ အနေအထားတစ်ရပ်ကြောင့် ပရီးမီးယားလိဂ်ကလပ် တစ်သင်းကလည်း အမ်ဘတ်ပီကို ခေါ်ယူဖို့ ရေပန်းစားလာပါတယ်။
နယူးကာဆယ်အသင်းကို ဒူဘိုင်းအခြေစိုက် ဘီလီယံသူဌေးကြီး ရှိတ်ခါလ်လစ်က လွဲပြောင်းယူဖို့ နောက်ဆုံး အဆင့်ကို ရောက်နေတဲ့ အနေအထားမှာ အပြောင်းအရွှေ့အတွက် အလေးပေးမှုတွေမှာ အင်္ဂလန်အရှေ့မြောက်အရပ်ကို ထည့်သွင်းမှုက တစ်ဟုန်ထိုး မြင့်တက်လာနေခဲ့တာပါ။ လူမှုကွန်ယက်တွေမှာ ရယ်ဖွယ်ကိစ္စလို့ မှတ်ချက်ပြုနေကြပေမယ့် ဒုတိယမန်စီးတီး ထွက်ပေါ်လာဖို့ သေချာသွားပြီလားလို့လည်း စပ်စုခံနေရတာဖြစ်တယ်။
နာမည်ကျော် Sky Bet ဘွန်ကီဝဘ်ဆိုဒ်ကနေ နောက်ဆုံးထုတ်လာတဲ့ ပေါက်ကြေးအရတော့ နယူးကာဆယ်ဟာ အမ်ဘတ်ပီကို ခေါ်ယူဖို့ ရေပန်းစားမှုက 25/1 ဖြစ်ပြီး ဒါဟာ ရေပန်းအစားဆုံးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် 4/1 ရဲ့နောက် ဒုတိယနေရာကို ရောက်လာခဲ့ပါတယ်။ ဘာစီလိုနာ 40/1 နဲ့ ယူနိုက်တက် 66/1 တို့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရေပန်းစားမှု ဘယ်လောက်တောင် မြင့်တက်သွားလဲ နှိုင်းယှဉ်နိုင်မှာဖြစ်တယ်။
နယူးကာဆယ်ဟာ ထိပ်တန်းကစားသမား ခေါ်ယူဖို့ရာမှာ အမ်ဘတ်ပီ တစ်ဦးတည်းနဲ့ ရေပန်းစားနေတာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ် အဓိကကစားသမားတွေဖြစ်တဲ့ ဆာဂျီယို ရာမိုစ့်က နယူးကာဆယ်ကို ရောက်ဖို့ ရေပန်းစားမှုမှာ 20/1 ၊ ဘေလ်းက 33/1 တွေနဲ့ ပေါက်ကြေးဖွင့်လာခဲ့ခြင်းဖြစ်တယ်။
နယူးကာဆယ်နဲ့ ဥရောပအကောင်းဆုံး ကစားသမားတွေကြား အပြောင်းအရွှေ့ကိစ္စ ရေပန်းစားမှုနဲ့ ပက်သက်လို့ အားကစားဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို ဖော်ထုတ်နေတဲ့ Oddschecker ဝဘ်ဆိုဒ်မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် George Elek က
” ချမ်းသာတဲ့ အသင်းတသင်းက သူတို့ရဲ့ကြွယ်ဝမှု ပြန်ရပြီဆိုရင် ကလပ်အသင်းရဲ့ အရှိန်အဝါကို ပြသဖို့ တစ်ယောက်ယောက်ကို ငွေကြေးအင်အားသုံးပြီး ခေါ်ယူပြတတ်တယ်။ ဘယ်ကစားသမားမဆို သေချာတဲ့ ဈေးနှုန်းပမာဏ တစ်ခုရောက်ရင် ဝယ်လို့ရနိုင်တာပဲ။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေက ငွေကြေးရဲ့ အင်အားတွေက အကန့်အသတ် မရှိဘူးဆိုတာကို ပြသနေတဲ့ သက်သေပါ ” လို့ ဆိုသွားခဲ့ပါတယ်။
နယူးကာဆယ်ကို ရှိတ်ခါလ်လစ် တရားဝင် လက်လွဲ မယူရသေးပေမယ့် ဘောလုံးလောကကို ကိုင်လှုပ်မယ့် အသင်းတစ်သင်း ပေါ်ထွက်လာမယ့် အလားအလာတွေတော့ မြင်လာရပြီဖြစ်ပါတယ်။
Sports Home Time