[Zawgyi] ျပင္သစ္အသင္းနဲ႕ အတူ ကမၻာ့ဖလား ဗိုလ္စြဲျပီး ျဖစ္တဲ့ တိုက္စစ္မွဴး ဂ်ီရူးက ကလပ္အသင္း ခ်ယ္ဆီးနဲ႕ အတူ အဂၤလိပ္ ပရီးမီးယားလိဂ္ဖလား ခ်န္ပီယံျဖစ္ဖို႔က စိတ္အားထက္သန္ေနျပီး ထိုအရာက ၄င္းရဲ႕ ကစားသမားဘ၀ ေနာက္ဆံု အိပ္မက္ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။
အသက္ ၃၂ နွစ္ ရွိျပီ ျဖစ္တဲ့ ျပင္သစ္သား တိုက္စစ္မွဴးဟာ အဂၤလန္မွာ ပရီးမီးယားလိဂ္ ဖလား မဆြတ္ခူးဖူးေသးပါဘူး။ အက္ဖ္ေအ ဖလားကိုေတာ့ အာဆင္နယ္နဲ႕ ၂ၾကိမ္၊ ခ်ယ္ဆီးနဲ႕ ၁ ၾကိမ္ ရရွိဖူးျပီး ျဖစ္ပါတယ္။
ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲမ်ား မကစားခင္မွာ ခ်ယ္ဆီးက အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးနဲ႕ ၈ မွတ္အကြာ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ အပတ္ကပဲ ခ်ယ္ဆီးက လက္ရွိခ်န္ပီယံ မန္စီးတီးရဲ႕ ဒီရာသီ ရွံဳးပြဲမရွိ မွတ္တမ္းကို ရပ္တန္႔နုိင္ခဲ့ျပီ ျဖစ္လို႔ ဆာရီဦးေဆာင္တဲ့ အျပာေရာင္ တပ္သားေတြဟာ ပရီးမီးယားလိဂ္ကို လႊမ္းမိုးနုိင္လိမ့္မယ္လို႔ ဂ်ီရူးက အေကာင္းျမင္ထားပါတယ္။
“အသင္းငယ္တစ္္ခုခုမွာ အပတ္စဥ္တိုင္း ကစားခြင့္ရေနတာထက္ အသင္းၾကီးမွာ ဆက္ရွိဖို႔ က်ေနာ္က ပိုလိုလားတယ္.. က်ေနာ့္မွာ ရယူခ်င္တဲ့ ပစ္မွတ္ေတြ ရွိေသးတယ္.. ေဘာလံုးသမားတစ္ေယာက္ အေနနဲ႕ က်ေနာ့္ ေနာက္ဆံုး ရည္မွန္းခ်က္ အိပ္မက္က ပရီးမီးယားလိဂ္ ရဖို႔ပါ.. ဒါက ခ်န္ပီယံလိဂ္ထက္ေတာင္ ခက္ခဲပါလိမ့္မယ္.. ဒီလိဂ္ ဗိုလ္စြဲဖို႔က ဘယ္ေလာက္ ၾကမ္းတမ္းတဲ့ ခရီးရွည္လည္း ဆိုတာ က်ေနာ္ သိလို႔ပါ။”

“က်ေနာ့္မွာ ပရီးမီးယားလိဂ္ ဗိုလ္စြဲဖူးတဲ့ အသင္းေဖာ္ေတြ ရွိတယ္.. နည္းနည္းေတာင္ မနာလို ျဖစ္ရတယ္. က်ေနာ္လည္း ရခ်င္တယ္.. က်ေနာ္တို႔ ၀ုဗ္ကို ရွံဳးခဲ့တယ္ ဆိုတာ သိတယ္.. ဒါေပမယ့္ မန္စီးတီးကို ေခ်မႈန္းခဲ့တယ္.. ဒါေၾကာင့္ က်ေနာ့္ အိပ္မက္ကိုေတာ့ လက္မေလွ်ာ့နုိင္ေသးဘူး.. ေနာင္တေတြနဲ႕ အဆံုးမသတ္ခ်င္ဘူး.. ၾကိဳးစားသြားဦးမွာ။” လို႔ ဂ်ီရူးက ဆိုပါတယ္။
ဂ်ီရူးက ဒီရာသီ ပရီးမီးယားလိဂ္မွာ တစ္ဂိုးသာ သြင္းရေသးပါတယ္.. ဒါေပမယ့္ ယူရိုပါလိဂ္မွာေတာ့ ၅ ပြဲ ကစားျပီး ၄ ဂိုး သြင္းယူထားပါတယ္။ ခ်ယ္ဆီးအသင္းရဲ႕ ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲကေတာ့ ဘရိုက္တန္နဲ႕ ေတြ႔ဆံုမွာ ျဖစ္ပါတယ္။ ဂ်ီရူး အိပ္မက္ေတြ အသက္ဆက္ဖို႔ ဒီတစ္ပြဲလည္း ခ်ယ္ဆီး နုိင္ပြဲ ဆက္နုိင္ဦးမွာပါ။
Sports Home Time
[Unicode] ပြင်သစ်အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ဗိုလ်စွဲပြီး ဖြစ်တဲ့ တိုက်စစ်မှူး ဂျီရူးက ကလပ်အသင်း ချယ်ဆီးနဲ့ အတူ အင်္ဂလိပ် ပရီးမီးယားလိဂ်ဖလား ချန်ပီယံဖြစ်ဖို့က စိတ်အားထက်သန်နေပြီး ထိုအရာက ၎င်းရဲ့ ကစားသမားဘ၀ နောက်ဆုံ အိပ်မက်ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အသက် ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ ပြင်သစ်သား တိုက်စစ်မှူးဟာ အင်္ဂလန်မှာ ပရီးမီးယားလိဂ် ဖလား မဆွတ်ခူးဖူးသေးပါဘူး။ အက်ဖ်အေ ဖလားကိုတော့ အာဆင်နယ်နဲ့ ၂ကြိမ်၊ ချယ်ဆီးနဲ့ ၁ ကြိမ် ရရှိဖူးပြီး ဖြစ်ပါတယ်။
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲများ မကစားခင်မှာ ချယ်ဆီးက အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးနဲ့ ၈ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်ကပဲ ချယ်ဆီးက လက်ရှိချန်ပီယံ မန်စီးတီးရဲ့ ဒီရာသီ ရှုံးပွဲမရှိ မှတ်တမ်းကို ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်လို့ ဆာရီဦးဆောင်တဲ့ အပြာရောင် တပ်သားတွေဟာ ပရီးမီးယားလိဂ်ကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ ဂျီရူးက အကောင်းမြင်ထားပါတယ်။
“အသင်းငယ်တစ်ခုခုမှာ အပတ်စဉ်တိုင်း ကစားခွင့်ရနေတာထက် အသင်းကြီးမှာ ဆက်ရှိဖို့ ကျနော်က ပိုလိုလားတယ်.. ကျနော့်မှာ ရယူချင်တဲ့ ပစ်မှတ်တွေ ရှိသေးတယ်.. ဘောလုံးသမားတစ်ယောက် အနေနဲ့ ကျနော့် နောက်ဆုံး ရည်မှန်းချက် အိပ်မက်က ပရီးမီးယားလိဂ် ရဖို့ပါ.. ဒါက ချန်ပီယံလိဂ်ထက်တောင် ခက်ခဲပါလိမ့်မယ်.. ဒီလိဂ် ဗိုလ်စွဲဖို့က ဘယ်လောက် ကြမ်းတမ်းတဲ့ ခရီးရှည်လည်း ဆိုတာ ကျနော် သိလို့ပါ။”
“ကျနော့်မှာ ပရီးမီးယားလိဂ် ဗိုလ်စွဲဖူးတဲ့ အသင်းဖော်တွေ ရှိတယ်.. နည်းနည်းတောင် မနာလို ဖြစ်ရတယ်. ကျနော်လည်း ရချင်တယ်.. ကျနော်တို့ ဝုဗ်ကို ရှုံးခဲ့တယ် ဆိုတာ သိတယ်.. ဒါပေမယ့် မန်စီးတီးကို ချေမှုန်းခဲ့တယ်.. ဒါကြောင့် ကျနော့် အိပ်မက်ကိုတော့ လက်မလျှော့နိုင်သေးဘူး.. နောင်တတွေနဲ့ အဆုံးမသတ်ချင်ဘူး.. ကြိုးစားသွားဦးမှာ။” လို့ ဂျီရူးက ဆိုပါတယ်။
ဂျီရူးက ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ဂိုးသာ သွင်းရသေးပါတယ်.. ဒါပေမယ့် ယူရိုပါလိဂ်မှာတော့ ၅ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူထားပါတယ်။ ချယ်ဆီးအသင်းရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲကတော့ ဘရိုက်တန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဂျီရူး အိပ်မက်တွေ အသက်ဆက်ဖို့ ဒီတစ်ပွဲလည်း ချယ်ဆီး နိုင်ပွဲ ဆက်နိုင်ဦးမှာပါ။
Sports Home Time
