ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ ႏွစ္သင္းမွ အသင္းသား လံုးဝမပါတဲ့ အဂၤလန္ယူ-၂၁ အသင္း

ဥေရာပ ယူ-21 ျပိဳင္ပြဲကို ယွဥ္ျပိဳင္မယ့္ အဂၤလန္ ယူ-21 အသင္း လူစာရင္းကို ေၾကညာခဲ့ျပီျဖစ္ျပီး စိတ္လႈပ္ရွားစရာ လူငယ္ေတြပါဝင္လာခဲ့ေပမယ့္ ထူးျခားမႈတစ္ခုက အဆိုပါ လူစာရင္းမွာ ဒီရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ အဂၤလန္ ႏွစ္သင္းျဖစ္တဲ့ လီဗာပူးနဲ႔ စပါးတို႔မွ အသင္းသား တစ္ဦးမွ မပါလာခဲ့ပါဘူး။

ဇြန္လအတြင္း အီတလီမွာ ယွဥ္ျပိဳင္မယ့္ အဆိုပါ ျပိဳင္ပြဲကိုေတာ့ မန္ေနဂ်ာအျဖစ္ Aidy Boothroyd က ဦးေဆာင္မွာျဖစ္ျပီး မန္စီးတီးမွ ဖိုဒန္၊ ပဲေလစ့္မွ ဝမ္ဘစ္ဆာကာ၊ လက္စတာမွ မတ္ဒီဆန္၊ ဂေရး၊ ဖူလ္ဟမ္မွ ဆက္ဆက္ႏြန္လို ပရီးမီးယားလိဂ္ နာမည္ေက်ာ္ လူငယ္ေတြ ပါဝင္ခဲ့တာျဖစ္တယ္။

အဂၤလန္ ယူ-21 အသင္းမွ အသင္းသားေတြဟာ အနာဂတ္မွာ အဂၤလန္လက္ေရြးစင္ျဖစ္လာဖို႔ အလားအလာရွိသူျဖစ္ျပီး လက္ရွိ လက္ေရြးစင္အသင္းသား အမ်ားစုဟာ မန္ေနဂ်ာေဆာက္ဂိတ္ ယူ-21 အသင္းကို ကိုင္တြယ္စဥ္က စုေဆာင္းခဲ့တဲ့ လူငယ္ေတြပဲ အဓိက ေနရာရေနတာျဖစ္တယ္။ အတိတ္က မန္ေနဂ်ာေတြကလည္း ယူ-21 အသင္းသားေတြကို စီနီယာအသင္းအတြက္ ေခၚယူမႈေတြ မၾကာခဏ လုပ္ခဲ့ပါတယ္။

မန္ေနဂ်ာ Boothroyd ” တကယ္ကိုေတာင့္တင္းတဲ့ လူစာရင္းပါ။ ယူရိုျပိဳင္ပြဲမွာ က်ေန္ာတုိ႔ လက္ေရြးစင္အသင္းကို ကိုယ္စားျပဳမယ့္ ဒီလူငယ္ေလးေတြကို တကယ္ပဲ ေက်နပ္ပါတယ္။ အဂၤလန္ရဲ႕ ၾကယ္ပြင့္ေတြကို စုစည္းထားျပီး အရည္အခ်င္းရွိတဲ့ လူငယ္ေတြ မ်ားျပားလြန္းတာေၾကာင့္ ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတြ လုပ္ခဲ့ရပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းမွ ခံစစ္မွဴး ဂိုးမက္စ္၊ နာမည္ေက်ာ္ အစြန္လူ ထရန္႔တို႔ကေတာ့ ယူ-21 ကေနမွ လက္ေရြးစင္အဆင့္ကို ေရာက္ခဲ့ျပီျဖစ္ျပီး အငွားထြက္ကစားရာမွာ ေျခစြမ္းျပေနတဲ့ ကန္႔ကေတာ့ ဒီလူစာရင္းမွာ မပါဝင္ပါဘူး။ စပါးအသင္း လူငယ္ၾကယ္ပြင့္ ဝင့္ကလည္း စီနီယာအဆင့္ကို ေရာက္ခဲ့ျပီျဖစ္ျပီး ၄င္းတို႔ရဲ႕ နာမည္ေက်ာ္ လူငယ္ေတြထဲမွာ အဂၤလန္သားနဲ႔ ပရီးမီးယားလိဂ္ျခံေပါက္ေတြ နည္းပါးေနလို႔ homegrown လိုအပ္ခ်က္မ်ားတဲ့ ျပႆနာကို ရင္ဆိုင္ထားရပါတယ္။

England’s Under-21 squad for Euro 2019

Goalkeepers: Angus Gunn (Southampton), Dean Henderson (Manchester United), Freddie Woodman (Newcastle United)

Defenders: Jake Clarke-Salter (Chelsea), Jay Dasilva (Chelsea), Lloyd Kelly (Bournemouth), Jonjoe Kenny (Everton), Ezri Konsa (Brentford), Fikayo Tomori (Chelsea), Aaron Wan-Bissaka (Crystal Palace)

Midfielders: Harvey Barnes (Leicester City), Hamza Choudhury (Leicester City), Kieran Dowell (Everton), Phil Foden (Manchester City), Morgan Gibbs-White (Wolves), James Maddison (Leicester City), Mason Mount (Chelsea), Ryan Sessegnon (Fulham)

Forwards: Tammy Abraham (Chelsea), Dominic Calvert-Lewin (Everton), Demarai Gray (Leicester City), Reiss Nelson (Arsenal), Dominic Solanke (Bournemouth)

Sports Home Time

[Unicode] ဥရောပ ယူ-21 ပြိုင်ပွဲကို ယှဉ်ပြိုင်မယ့် အင်္ဂလန် ယူ-21 အသင်း လူစာရင်းကို ကြေညာခဲ့ပြီဖြစ်ပြီး စိတ်လှုပ်ရှားစရာ လူငယ်တွေပါဝင်လာခဲ့ပေမယ့် ထူးခြားမှုတစ်ခုက အဆိုပါ လူစာရင်းမှာ ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် အင်္ဂလန် နှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ စပါးတို့မှ အသင်းသား တစ်ဦးမှ မပါလာခဲ့ပါဘူး။

ဇွန်လအတွင်း အီတလီမှာ ယှဉ်ပြိုင်မယ့် အဆိုပါ ပြိုင်ပွဲကိုတော့ မန်နေဂျာအဖြစ် Aidy Boothroyd က ဦးဆောင်မှာဖြစ်ပြီး မန်စီးတီးမှ ဖိုဒန်၊ ပဲလေစ့်မှ ဝမ်ဘစ်ဆာကာ၊ လက်စတာမှ မတ်ဒီဆန်၊ ဂရေး၊ ဖူလ်ဟမ်မှ ဆက်ဆက်နွန်လို ပရီးမီးယားလိဂ် နာမည်ကျော် လူငယ်တွေ ပါဝင်ခဲ့တာဖြစ်တယ်။

အင်္ဂလန် ယူ-21 အသင်းမှ အသင်းသားတွေဟာ အနာဂတ်မှာ အင်္ဂလန်လက်ရွေးစင်ဖြစ်လာဖို့ အလားအလာရှိသူဖြစ်ပြီး လက်ရှိ လက်ရွေးစင်အသင်းသား အများစုဟာ မန်နေဂျာဆောက်ဂိတ် ယူ-21 အသင်းကို ကိုင်တွယ်စဉ်က စုဆောင်းခဲ့တဲ့ လူငယ်တွေပဲ အဓိက နေရာရနေတာဖြစ်တယ်။ အတိတ်က မန်နေဂျာတွေကလည်း ယူ-21 အသင်းသားတွေကို စီနီယာအသင်းအတွက် ခေါ်ယူမှုတွေ မကြာခဏ လုပ်ခဲ့ပါတယ်။

မန်နေဂျာ Boothroyd ” တကယ်ကိုတောင့်တင်းတဲ့ လူစာရင်းပါ။ ယူရိုပြိုင်ပွဲမှာ ကျနေ်ာတို့ လက်ရွေးစင်အသင်းကို ကိုယ်စားပြုမယ့် ဒီလူငယ်လေးတွေကို တကယ်ပဲ ကျေနပ်ပါတယ်။ အင်္ဂလန်ရဲ့ ကြယ်ပွင့်တွေကို စုစည်းထားပြီး အရည်အချင်းရှိတဲ့ လူငယ်တွေ များပြားလွန်းတာကြောင့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့ရပါတယ် ” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းမှ ခံစစ်မှူး ဂိုးမက်စ်၊ နာမည်ကျော် အစွန်လူ ထရန့်တို့ကတော့ ယူ-21 ကနေမှ လက်ရွေးစင်အဆင့်ကို ရောက်ခဲ့ပြီဖြစ်ပြီး အငှားထွက်ကစားရာမှာ ခြေစွမ်းပြနေတဲ့ ကန့်ကတော့ ဒီလူစာရင်းမှာ မပါဝင်ပါဘူး။ စပါးအသင်း လူငယ်ကြယ်ပွင့် ဝင့်ကလည်း စီနီယာအဆင့်ကို ရောက်ခဲ့ပြီဖြစ်ပြီး ၎င်းတို့ရဲ့ နာမည်ကျော် လူငယ်တွေထဲမှာ အင်္ဂလန်သားနဲ့ ပရီးမီးယားလိဂ်ခြံပေါက်တွေ နည်းပါးနေလို့ homegrown လိုအပ်ချက်များတဲ့ ပြဿနာကို ရင်ဆိုင်ထားရပါတယ်။

England’s Under-21 squad for Euro 2019

Goalkeepers: Angus Gunn (Southampton), Dean Henderson (Manchester United), Freddie Woodman (Newcastle United)

Defenders: Jake Clarke-Salter (Chelsea), Jay Dasilva (Chelsea), Lloyd Kelly (Bournemouth), Jonjoe Kenny (Everton), Ezri Konsa (Brentford), Fikayo Tomori (Chelsea), Aaron Wan-Bissaka (Crystal Palace)

Midfielders: Harvey Barnes (Leicester City), Hamza Choudhury (Leicester City), Kieran Dowell (Everton), Phil Foden (Manchester City), Morgan Gibbs-White (Wolves), James Maddison (Leicester City), Mason Mount (Chelsea), Ryan Sessegnon (Fulham)

Forwards: Tammy Abraham (Chelsea), Dominic Calvert-Lewin (Everton), Demarai Gray (Leicester City), Reiss Nelson (Arsenal), Dominic Solanke (Bournemouth)

Sports Home Time