ရပ္ဖိုဒ့္ – ယွဥ္ျပိဳင္ေနၾက အျခားပြဲေတြလို အန္ဖီးပြဲကိုလည္း အႏိုင္ယူဖို႔ပဲ သြားမွာပါ။

[Zawgyi] မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မွဴး မားကပ္ရပ္ဖိုဒ့္က ယူႏိုက္တက္က ေအာက္အသင္းတစ္သင္းအျဖစ္ လီဗာပူးကို သြားေရာက္ယွဥ္ျပိဳင္မွာ မဟုတ္ပဲ ကလပ္အသင္းမွာ ေမာ္ရင္ညိဳလို အႏိုင္ရသူမ်ိဳးကို ပိုင္ဆိုင္ထားပါတယ္လို႔ ေၾကြးေၾကာ္လာတာျဖစ္တယ္။

တနဂၤေႏြေန႔ အန္ဖီးမွာယွဥ္ျပိဳင္မယ့္ အသင္းႏွစ္သင္းၾကားမွာ ရမွတ္အားျဖင့္ 16 မွတ္ထိ ကြာဟေနျပီး ဒီရာသီ ရံွဴးပြဲမရွိေသးပဲ အမွတ္ေပးဇယားကို ဦးေဆာင္ထားတဲ့ လီဗာပူးကို ရင္ဆိုင္ကစားရမယ့္ ယူႏိုက္တက္ကေတာ့ အဆင့္ 6 မွာပဲရွိေနပါတယ္။ ေရပန္းစားမႈေတြက ယူႏိုက္တက္ကို ဆန္႔က်င့္ခဲ့ၾကေပမယ့္ ရပ္ဖိုဒ့္ကေတာ့ လီဗာပူးကို စိတ္ပူဖို႔ထက္ ကိုယ္အသင္းအေပၚမွာပဲ အာရံုစိုက္ဖို႔လိုမယ္လို႔ ထုတ္ေျပာလာခဲ့တယ္။

ရပ္ဖိုဒ္က ” အန္ဖီးကြင္းကို ေအာက္အသင္း (underdogs) အေနနဲ႔ သြားမွာ မဟုတ္ပါဘူး။ အျခားပြဲေတြလို အန္ဖီးပြဲကိုလည္း အႏိုင္ယူဖို႔ပဲ သြားမွာပါ။ ဒါေပမယ့္ သူတို႔က အသင္းေကာင္းပါ။ သူတို႔ရဲ႕ ျပင္းျပတဲ့ ကစားပံုက ပြဲကို ခက္ခဲေစတယ္။ ဒါေပမယ့္ သူတို႔နဲ႔ ယွဥ္ျပိဳင္ဖုိ႔ က်ေန္ာတို႔ကလည္း ျပင္းျပစြာ ၾကိဳးစားဖို႔လိုတယ္။ ဒါေပမယ့္ ကိုယ္ဘာသာ အာရံုစိုက္ဖို႔ကပဲ အေရးၾကီးပါတယ္။ သူတို႔ကို ဘယ္လို နာက်င္ေစမယ္ဆိုတာနဲ႔ ဂိုးေတြသြင္းဖို႔ ၾကိဳးစားရပါမယ္ ” လို႔ ေျပာပါတယ္။

အန္ဖီးကြင္းမွာ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ပရီးမီးယားလိဂ္ႏွစ္ပြဲမွာ ဂိုးမရွိ သေရရလဒ္ေတြပဲ ထြက္ေပၚထားပါတယ္။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ္ ရံွဴးပြဲ မရွိေသးရံုတင္မကပဲ အိမ္ကြင္းမွာ အရံွဴးရလဒ္ မထြက္ေပၚခဲ့တာက အေတာ္ေလး ၾကာခဲ့ပါျပီ။ ရပ္ဖိုဒ့္ကေတာ့ မဟာျပိဳင္ဘက္ကို ရင္ဆိုင္ရမယ့္ပြဲမွာ မန္ေနဂ်ာကလည္း အႏိုင္ရလဒ္အတြက္ပဲ ဦးတည္မယ္လို႔ ယံုၾကည္ေနတယ္။

ရပ္ဖိုဒ့္ကပဲ ဆက္လက္ျပီး ” က်ေနာ္တို႔လိုပဲ မန္ေနဂ်ာကလည္း ဒီပြဲအေပၚမွာ ခံစားခ်က္ေတြ ထူးျခားေနပါလိမ့္မယ္။ ဒီပြဲက တကယ္ကို ရင္ခုန္ရျပီး စိတ္လႈပ္ရွားစရာပြဲပါ။ ဒါကို က်ေနာ္တို႔ ဖုံးကြယ္မထားပါဘူး။ ဒါေပမယ့္ ေမာ္ရင္ညိဳက ေအာင္ႏိုင္သူပါ။ ဒီေတာ့ ဒီလိုပြဲကို အႏိုင္ရဖို႔ပဲ သူက စဥ္းစားပါလိမ့္မယ္။ ဘယ္လို အႏိုင္ယူမလဲ၊ အႏုိင္ရဖို႔ ဘာလုပ္မလဲပဲ စဥ္းစားမွာပါ။ အႏိုင္သံုးမွတ္ရဖို႔ကပဲ အေရးၾကီးဆံုး ျဖစ္ပါတယ္ ” လို႔ ဆိုပါတယ္။

အဂၤလန္ရဲ႕ သမိုင္းေၾကာင္း အစဥ္အလာ အၾကီးမားဆံုး လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ပြဲမွာ ဘယ္အသင္းက အႏိုင္ရမယ္ဆိုတာ စိတ္လႈပ္ရွားစရာျဖစ္ေပမယ့္ ေရပန္းစားမႈမွာေတာ့ လီဗာပူးက အသားစီရလာေနတာျဖစ္တယ္။ ရပ္ဖိုဒ့္ရဲ႕ ယူႏိုက္တက္က ေရပန္းစားမႈေတြကို ရိုက္ခ်ိဳးကာ အႏိုင္သံုးမွတ္အတြက္ စြမ္းေဆာင္ျပႏုိင္မလားကေတာ့ တနဂၤေႏြေန႔ညပြဲကို စိတ္ဝင္စားစြာ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်ရပ်ဖိုဒ့်က ယူနိုက်တက်က အောက်အသင်းတစ်သင်းအဖြစ် လီဗာပူးကို သွားရောက်ယှဉ်ပြိုင်မှာ မဟုတ်ပဲ ကလပ်အသင်းမှာ မော်ရင်ညိုလို အနိုင်ရသူမျိုးကို ပိုင်ဆိုင်ထားပါတယ်လို့ ကြွေးကြော်လာတာဖြစ်တယ်။

တနင်္ဂနွေနေ့ အန်ဖီးမှာယှဉ်ပြိုင်မယ့် အသင်းနှစ်သင်းကြားမှာ ရမှတ်အားဖြင့် 16 မှတ်ထိ ကွာဟနေပြီး ဒီရာသီ ရံှူးပွဲမရှိသေးပဲ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူးကို ရင်ဆိုင်ကစားရမယ့် ယူနိုက်တက်ကတော့ အဆင့် 6 မှာပဲရှိနေပါတယ်။ ရေပန်းစားမှုတွေက ယူနိုက်တက်ကို ဆန့်ကျင့်ခဲ့ကြပေမယ့် ရပ်ဖိုဒ့်ကတော့ လီဗာပူးကို စိတ်ပူဖို့ထက် ကိုယ်အသင်းအပေါ်မှာပဲ အာရုံစိုက်ဖို့လိုမယ်လို့ ထုတ်ပြောလာခဲ့တယ်။

ရပ်ဖိုဒ်က ” အန်ဖီးကွင်းကို အောက်အသင်း (underdogs) အနေနဲ့ သွားမှာ မဟုတ်ပါဘူး။ အခြားပွဲတွေလို အန်ဖီးပွဲကိုလည်း အနိုင်ယူဖို့ပဲ သွားမှာပါ။ ဒါပေမယ့် သူတို့က အသင်းကောင်းပါ။ သူတို့ရဲ့ ပြင်းပြတဲ့ ကစားပုံက ပွဲကို ခက်ခဲစေတယ်။ ဒါပေမယ့် သူတို့နဲ့ ယှဉ်ပြိုင်ဖို့ ကျနေ်ာတို့ကလည်း ပြင်းပြစွာ ကြိုးစားဖို့လိုတယ်။ ဒါပေမယ့် ကိုယ်ဘာသာ အာရုံစိုက်ဖို့ကပဲ အရေးကြီးပါတယ်။ သူတို့ကို ဘယ်လို နာကျင်စေမယ်ဆိုတာနဲ့ ဂိုးတွေသွင်းဖို့ ကြိုးစားရပါမယ် ” လို့ ပြောပါတယ်။

အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်နှစ်ပွဲမှာ ဂိုးမရှိ သရေရလဒ်တွေပဲ ထွက်ပေါ်ထားပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ရံှူးပွဲ မရှိသေးရုံတင်မကပဲ အိမ်ကွင်းမှာ အရံှူးရလဒ် မထွက်ပေါ်ခဲ့တာက အတော်လေး ကြာခဲ့ပါပြီ။ ရပ်ဖိုဒ့်ကတော့ မဟာပြိုင်ဘက်ကို ရင်ဆိုင်ရမယ့်ပွဲမှာ မန်နေဂျာကလည်း အနိုင်ရလဒ်အတွက်ပဲ ဦးတည်မယ်လို့ ယုံကြည်နေတယ်။

ရပ်ဖိုဒ့်ကပဲ ဆက်လက်ပြီး ” ကျနော်တို့လိုပဲ မန်နေဂျာကလည်း ဒီပွဲအပေါ်မှာ ခံစားချက်တွေ ထူးခြားနေပါလိမ့်မယ်။ ဒီပွဲက တကယ်ကို ရင်ခုန်ရပြီး စိတ်လှုပ်ရှားစရာပွဲပါ။ ဒါကို ကျနော်တို့ ဖုံးကွယ်မထားပါဘူး။ ဒါပေမယ့် မော်ရင်ညိုက အောင်နိုင်သူပါ။ ဒီတော့ ဒီလိုပွဲကို အနိုင်ရဖို့ပဲ သူက စဉ်းစားပါလိမ့်မယ်။ ဘယ်လို အနိုင်ယူမလဲ၊ အနိုင်ရဖို့ ဘာလုပ်မလဲပဲ စဉ်းစားမှာပါ။ အနိုင်သုံးမှတ်ရဖို့ကပဲ အရေးကြီးဆုံး ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

အင်္ဂလန်ရဲ့ သမိုင်းကြောင်း အစဉ်အလာ အကြီးမားဆုံး လီဗာပူးနဲ့ ယူနိုက်တက်တို့ပွဲမှာ ဘယ်အသင်းက အနိုင်ရမယ်ဆိုတာ စိတ်လှုပ်ရှားစရာဖြစ်ပေမယ့် ရေပန်းစားမှုမှာတော့ လီဗာပူးက အသားစီရလာနေတာဖြစ်တယ်။ ရပ်ဖိုဒ့်ရဲ့ ယူနိုက်တက်က ရေပန်းစားမှုတွေကို ရိုက်ချိုးကာ အနိုင်သုံးမှတ်အတွက် စွမ်းဆောင်ပြနိုင်မလားကတော့ တနင်္ဂနွေနေ့ညပွဲကို စိတ်ဝင်စားစွာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Sports Home Time