ဒီဘရိုင္း ဒဏ္ရာေၾကာင့္ အနားယူေနရျခင္းက ျဖစ္လာႏိုင္တဲ့ မန္စီးတီးအတြက္ အားသာခ်က္

[Zawgyi] မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ကြင္းလယ္လူ ဒီဘရိုင္းဟာ မႏွစ္က ရာသီအကုန္မွာ ေျခကုန္လက္ပန္းက်မႈနဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ ဆိုပါတယ္။ အသင္းရဲ႕ အဓိက ကစားသမားျဖစ္လို႔ အဓိက ျပိဳင္ပြဲေတြမွာ ပံုမွန္ ထုတ္သံုးခဲ့ရျပီး အနားေပးခ်ိန္ နည္းပါးခဲ့တာက ကစားသမားကို အေတာ္ေလး ပင္ပန္းႏြမ္းနယ္ေစခဲ့တာပါ။

ဒီဘရိုင္းဟာ ဒီရာသီမွာေတာ့ ျပင္းထန္တဲ့ ဒူးဒဏ္ရာကို ႏွစ္ၾကိမ္တိုင္ ခံစားခဲ့ရျပီး မန္စီးတီးအတြက္ 5 ပြဲပဲ ကစားေပးႏိုင္ပါတယ္။ အဆိုပါပြဲေတြထဲမွာ ႏွစ္ပြဲကိုပဲ ပြဲထြက္ကစားသမား ေနရာကေန ပါဝင္ထားႏိုင္တာျဖစ္ျပီး ပရီးမီးယားလိဂ္မွာ မိနစ္ 90 အျပည့္ ပါဝင္ကစားႏိုင္ျခင္း မရွိေသးပါဘူး။ ဒီဘရိုင္းဟာ မန္စီးတီး ေလ့က်င့္ေရး အစီအစဥ္ေတြမွာ ျပန္လည္ပါဝင္လာျပီျဖစ္ျပီး အဲဗာတန္နဲ႔ပြဲမွာေတာင္ ျပန္ပါလာႏိုင္ေခ် ရွိပါတယ္။

ဒါေပမယ့္လို႔ 12 လ အတြင္း ျပိဳင္ပြဲစံု 52 ပြဲမွာ ပါဝင္ကစားေပးခဲ့တဲ့အျပင္ ကမၻာဖလား တတိယအဆင့္ေရာက္ ဘယ္ဂ်ီယံအသင္းရဲ႕ အဓိက အသင္းသားအျဖစ္ ပါဝင္ကစားတဲ့ ဒီဘရိုင္းဟာ လံုေလာက္တဲ့ နားခ်ိန္ မရခဲ့ပါဘူး။ ဂြာဒီယိုလာကေတာ့ ဒဏ္ရာေၾကာင့္ အနားယူေနရတာကပဲ ဒီဘရိုင္းအတြက္ အက်ိဳးျဖစ္ေစမယ္လို႔ ယံုၾကည္ေနတယ္။

ပပ္ကပဲ ” ကီဗင္က မႏွစ္ကရာသီမွာ ေျခကုန္လက္ပန္းက်ခဲ့ရတယ္။ သူ႔အတြက္ အေတာ္ေလးခက္ခဲခဲ့ျပီး အသင္းထံ ျပန္လာတဲ့အခ်ိန္မွာ သူအေတာ္ပင္းပန္းေနတယ္လို႔ က်ေန္ာတို႔ ခံစားခဲ့ရတယ္။ တစ္ခါတစ္ေလမွာ ကစားသမားေတြက ျပန္သက္သာလာဖို႔က ျမန္ပါတယ္။ တစ္ခါတစ္ေလေတာ့ အခ်ိန္ယူရတယ္။ က်ေနာ္တို႔ သူ႔ကို ဒဏ္ရာမရေစခ်င္ေပမယ့္ သူ ဒဏ္ရာရလိုက္တာကလည္း အကူအညီျဖစ္ေစပါတယ္။ အခုေတာ့ ကီဗစ္ရဲ႕ စိတ္ေတြက အနားယူခဲ့ရလို႔ လန္းဆန္းေနျပီေလး ” လို႔ အေကာင္းျမင္ေနတာျဖစ္တယ္။

မန္စီးတီးအတြက္ ဒီဘရိုင္း ေနာက္ဆံုးပါဝင္ကစားခဲ့တာက ႏိုဝင္ဘာလ 1 ရက္ေန႔က ကာရာေဘာင္းပြဲမွာ ျဖစ္ပါတယ္။ ဂြာဒီယိုလာကေတာ့ ခ်ယ္ဆီးကို အေရးနိမ့္အျပီးမွာ ဝုဒ္ဘတ္ကေန ေပါင္ 55 သန္းနဲ႔ ေခၚယူထားရတဲ့ ဒီဘရိုင္းကို အသင္းက လိုအပ္ေနတယ္ဆိုတာကို ဝန္ခံထားခဲ့ပါတယ္။

ပပ္ကပဲ ” ကီဗင္က က်ေနာ္တို႔အတြက္ ကစားသမားေကာင္းပါ။ သူ႔ကို ၾကံ႕ခိုင္မႈအျပည့္နဲ႔ ျပန္သက္သာလာေစဖို႔ လိုပါတယ္။ ဒဏ္ရာျပႆနာေတြ ထပ္ျဖစ္မွာကို ေရွာင္ရွားႏိုင္ျပီး က်ေနာ္တို႔အတြက္ ပံုမွန္ ျပန္ကစားေပးႏိုင္ဖုိ႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုထားပါတယ္။

မန္စီးတီးဟာ ဒီကေန႔မွာေတာ့ ပရီးမီးယားလိဂ္ပြဲအျဖစ္ အဲဗာတန္ကို အိမ္ကြင္း အီသီးဟတ္မွာ ဧည့္ခံရမွာပါ။ ဒီကေန႔ပြဲမွာ အဂြယ္ယိုနဲ႔ ဒီဘရိုင္း ပါဝင္လာဖို႔ ရွိမလား မသိရေသးေပမယ့္ ႏွစ္ဦးလံုးက ျပန္သက္သာလာေနတဲ့ အေနအထားျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ကွင်းလယ်လူ ဒီဘရိုင်းဟာ မနှစ်က ရာသီအကုန်မှာ ခြေကုန်လက်ပန်းကျမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အသင်းရဲ့ အဓိက ကစားသမားဖြစ်လို့ အဓိက ပြိုင်ပွဲတွေမှာ ပုံမှန် ထုတ်သုံးခဲ့ရပြီး အနားပေးချိန် နည်းပါးခဲ့တာက ကစားသမားကို အတော်လေး ပင်ပန်းနွမ်းနယ်စေခဲ့တာပါ။

ဒီဘရိုင်းဟာ ဒီရာသီမှာတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာကို နှစ်ကြိမ်တိုင် ခံစားခဲ့ရပြီး မန်စီးတီးအတွက် 5 ပွဲပဲ ကစားပေးနိုင်ပါတယ်။ အဆိုပါပွဲတွေထဲမှာ နှစ်ပွဲကိုပဲ ပွဲထွက်ကစားသမား နေရာကနေ ပါဝင်ထားနိုင်တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ မိနစ် 90 အပြည့် ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ ဒီဘရိုင်းဟာ မန်စီးတီး လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပြန်လည်ပါဝင်လာပြီဖြစ်ပြီး အဲဗာတန်နဲ့ပွဲမှာတောင် ပြန်ပါလာနိုင်ချေ ရှိပါတယ်။

ဒါပေမယ့်လို့ 12 လ အတွင်း ပြိုင်ပွဲစုံ 52 ပွဲမှာ ပါဝင်ကစားပေးခဲ့တဲ့အပြင် ကမ္ဘာဖလား တတိယအဆင့်ရောက် ဘယ်ဂျီယံအသင်းရဲ့ အဓိက အသင်းသားအဖြစ် ပါဝင်ကစားတဲ့ ဒီဘရိုင်းဟာ လုံလောက်တဲ့ နားချိန် မရခဲ့ပါဘူး။ ဂွာဒီယိုလာကတော့ ဒဏ်ရာကြောင့် အနားယူနေရတာကပဲ ဒီဘရိုင်းအတွက် အကျိုးဖြစ်စေမယ်လို့ ယုံကြည်နေတယ်။

ပပ်ကပဲ ” ကီဗင်က မနှစ်ကရာသီမှာ ခြေကုန်လက်ပန်းကျခဲ့ရတယ်။ သူ့အတွက် အတော်လေးခက်ခဲခဲ့ပြီး အသင်းထံ ပြန်လာတဲ့အချိန်မှာ သူအတော်ပင်းပန်းနေတယ်လို့ ကျနေ်ာတို့ ခံစားခဲ့ရတယ်။ တစ်ခါတစ်လေမှာ ကစားသမားတွေက ပြန်သက်သာလာဖို့က မြန်ပါတယ်။ တစ်ခါတစ်လေတော့ အချိန်ယူရတယ်။ ကျနော်တို့ သူ့ကို ဒဏ်ရာမရစေချင်ပေမယ့် သူ ဒဏ်ရာရလိုက်တာကလည်း အကူအညီဖြစ်စေပါတယ်။ အခုတော့ ကီဗစ်ရဲ့ စိတ်တွေက အနားယူခဲ့ရလို့ လန်းဆန်းနေပြီလေး ” လို့ အကောင်းမြင်နေတာဖြစ်တယ်။

မန်စီးတီးအတွက် ဒီဘရိုင်း နောက်ဆုံးပါဝင်ကစားခဲ့တာက နိုဝင်ဘာလ 1 ရက်နေ့က ကာရာဘောင်းပွဲမှာ ဖြစ်ပါတယ်။ ဂွာဒီယိုလာကတော့ ချယ်ဆီးကို အရေးနိမ့်အပြီးမှာ ဝုဒ်ဘတ်ကနေ ပေါင် 55 သန်းနဲ့ ခေါ်ယူထားရတဲ့ ဒီဘရိုင်းကို အသင်းက လိုအပ်နေတယ်ဆိုတာကို ဝန်ခံထားခဲ့ပါတယ်။

ပပ်ကပဲ ” ကီဗင်က ကျနော်တို့အတွက် ကစားသမားကောင်းပါ။ သူ့ကို ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်သက်သာလာစေဖို့ လိုပါတယ်။ ဒဏ်ရာပြဿနာတွေ ထပ်ဖြစ်မှာကို ရှောင်ရှားနိုင်ပြီး ကျနော်တို့အတွက် ပုံမှန် ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုထားပါတယ်။

မန်စီးတီးဟာ ဒီကနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် အဲဗာတန်ကို အိမ်ကွင်း အီသီးဟတ်မှာ ဧည့်ခံရမှာပါ။ ဒီကနေ့ပွဲမှာ အဂွယ်ယိုနဲ့ ဒီဘရိုင်း ပါဝင်လာဖို့ ရှိမလား မသိရသေးပေမယ့် နှစ်ဦးလုံးက ပြန်သက်သာလာနေတဲ့ အနေအထားဖြစ်ပါတယ်။

Sports Home Time