တိတ္ဆိတ္ေနမႈကို ေဖာက္ထြက္ျပီး အနာဂတ္အတြက္ စကားႏွစ္ခြန္းေျပာတဲ့ ဒီလစ္

ယူႏုိက္တက္ဟာ ေအဂ်က္ခံစစ္မွဴး ဒီလစ္ကို ေခၚယူဖို႔ ၾကိဳးစားေနမႈအား လက္ေလ်ာ့ခဲ့ျပီျဖစ္တယ္လို႔ Sky သတင္းက ေဖာ္ျပခဲ့သလို မန္ခ်က္စတာအေျခစိုက္ သတင္းဌာနေတြကလည္း ယူႏုိက္တက္က ဒီလစ္ကို ေခၚယူဖို႔ မေမွ်ာ္လင့္ဘူးဆိုတဲ့ သတင္းကို ေဖာ္ျပလာခဲ့တယ္။

ဘာစီလိုနာနဲ႔ ယူႏုိက္တက္က ခ်ိတ္ဆက္ခဲ့ေပမယ့္ ေအဂ်င့္ျဖစ္သူရဲ႕ ညိႏိႈင္းေနမႈမွာ ဒီလစ္ကိုယ္တိုင္ေတာင္မွ သူ႔ရဲ႕အနာဂတ္အသင္းကို သိရေသးျခင္း မရွိေသးပါဘူး။ ေအဂ်က္အသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ ေတာက္ပေနျပီး နယ္သာလန္လက္ေရြးစင္အတြက္ ကစားဖို႔ လက္ေရြးစင္နဲ႔ ပူးေပါင္းေနတဲ့ ဒီလစ္ကေတာ့ ဇြန္လ 6 ရက္ေန႔မွာ ကစားရမယ့္ အဂၤလန္နဲ႔ ဆီမီးဖိုင္နယ္ပြဲၾကိဳ စကားေျပာလာခဲ့တယ္။

ဒီလစ္ရဲ႕ ေျပာဆိုမႈမွာေတာ့ သူ႔ရဲ႕အနာဂတ္ကို ေအဂ်င့္ျဖစ္သူကိုပဲ လြဲအပ္ထားဟန္ရွိျပီး သူကိုယ္တိုင္ေတာင္ အနာဂတ္နဲ႔ ပက္သက္လို႔ ေသခ်ာတဲ့ အသိေပးခံရမႈေတြ မရွိေသးဘူးလို႔ ယူဆရပါတယ္။

အနာဂတ္ကိစၥ မေရရာမႈေတြနဲ႔အတူ ထြက္ေပၚေနတဲ့ သတင္းေတြအတြက္ ဒီလစ္ကပဲ ” ကိုယ္ဘာသာ ဘယ္ေနရာကို ေရာက္သြားမယ္လို႔ ျမင္မိလဲ? ေျပာရရင္ေတာ့ ပရီးမီးယားလိဂ္က အရမ္းကို ၾကီးမားတဲ့ ျပိဳင္ပြဲၾကီးပါ။ စပိန္ေကာပါပဲ။ ဒါေပမယ့္ အျခားေသာ ျပိဳင္ပြဲေတြလည္း ရွိေနျပီး ပရီးမီးယားလိဂ္နဲ႔ စပိန္ပဲ ရွိေနတာ မဟုတ္ပါဘူး။

က်ေနာ္ရဲ႕ အနာဂတ္နဲ႔ပက္သက္ျပီး ဘာကိုမွ မသိေသးပါဘူး။ ဘာေတြျဖစ္လာမယ္ဆိုတာလည္း မသိဘူး။ ပထမဆံုးအေနနဲ႔ နယ္သာလန္အသင္းနဲ႔ ႏွစ္ပြဲ ကစားပါမယ္။ အဲ့တာျပီးရင္ေတာ့ ဘာေတြျဖစ္လာမယ္ဆိုတာ ၾကည့္ရပါလိမ့္မယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။

မီႏို ရိုင္အိုလာဟာ ဒီလစ္ကို ေအးဂ်င့္အျဖစ္ ကိုင္တြယ္ေနတာျဖစ္ျပီး ၄င္းေအးဂ်င့္ဟာ အီဗရာဟင္မိုဗစ္၊ မီခီတာရန္၊ ေပါ့ဘာတို႔ကို 2016 မွာ ယူႏုိက္တက္ကို ပို႔ခဲ့ျပီး ေနာက္တစ္ႏွစ္မွာ လူကာကူကို ယူႏုိက္တက္ထံ ပို႔ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ လူကာကူရဲ႕ ေအဂ်င့္ မဟုတ္ေတာ့တဲ့ ရိုင္အိုလာဟာ အေျပာင္းအေရႊ႔မွာ ဖ်ံက်ျပီး ကလပ္အသင္းေတြထံက ေအဂ်င့္ခ ညစ္ထုတ္ယူရာမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားသူျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ မႏွစ္တုန္းက မီလန္စကရီနီယာ၊ ကိုလီဘာလီ၊ အန္ဒါဝီရယ္၊ မက္ဂြဲရား အစရွိတဲ့ ခံစစ္သမားေတြကို စိတ္ဝင္စားခဲ့ျပီး အနည္းဆံုးတစ္ဦး ေခၚယူဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ကိုလီဘာလီကို ေခၚယူဖို႔ ၾကိဳးစားေနဆဲျဖစ္ေပမယ့္ စကရီနီယာက အင္တာမီလန္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ခဲ့သလို အန္ဒါဝီရယ္ရဲ႕ အနာဂတ္ကေတာ့ မရွင္းလင္းေသးတာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက်ဟာ အေဂျက်ခံစစ်မှူး ဒီလစ်ကို ခေါ်ယူဖို့ ကြိုးစားနေမှုအား လက်လျော့ခဲ့ပြီဖြစ်တယ်လို့ Sky သတင်းက ဖော်ပြခဲ့သလို မန်ချက်စတာအခြေစိုက် သတင်းဌာနတွေကလည်း ယူနိုက်တက်က ဒီလစ်ကို ခေါ်ယူဖို့ မမျှော်လင့်ဘူးဆိုတဲ့ သတင်းကို ဖော်ပြလာခဲ့တယ်။

ဘာစီလိုနာနဲ့ ယူနိုက်တက်က ချိတ်ဆက်ခဲ့ပေမယ့် အေဂျင့်ဖြစ်သူရဲ့ ညိနှိုင်းနေမှုမှာ ဒီလစ်ကိုယ်တိုင်တောင်မှ သူ့ရဲ့အနာဂတ်အသင်းကို သိရသေးခြင်း မရှိသေးပါဘူး။ အေဂျက်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တောက်ပနေပြီး နယ်သာလန်လက်ရွေးစင်အတွက် ကစားဖို့ လက်ရွေးစင်နဲ့ ပူးပေါင်းနေတဲ့ ဒီလစ်ကတော့ ဇွန်လ 6 ရက်နေ့မှာ ကစားရမယ့် အင်္ဂလန်နဲ့ ဆီမီးဖိုင်နယ်ပွဲကြို စကားပြောလာခဲ့တယ်။

ဒီလစ်ရဲ့ ပြောဆိုမှုမှာတော့ သူ့ရဲ့အနာဂတ်ကို အေဂျင့်ဖြစ်သူကိုပဲ လွဲအပ်ထားဟန်ရှိပြီး သူကိုယ်တိုင်တောင် အနာဂတ်နဲ့ ပက်သက်လို့ သေချာတဲ့ အသိပေးခံရမှုတွေ မရှိသေးဘူးလို့ ယူဆရပါတယ်။

အနာဂတ်ကိစ္စ မရေရာမှုတွေနဲ့အတူ ထွက်ပေါ်နေတဲ့ သတင်းတွေအတွက် ဒီလစ်ကပဲ ” ကိုယ်ဘာသာ ဘယ်နေရာကို ရောက်သွားမယ်လို့ မြင်မိလဲ? ပြောရရင်တော့ ပရီးမီးယားလိဂ်က အရမ်းကို ကြီးမားတဲ့ ပြိုင်ပွဲကြီးပါ။ စပိန်ကောပါပဲ။ ဒါပေမယ့် အခြားသော ပြိုင်ပွဲတွေလည်း ရှိနေပြီး ပရီးမီးယားလိဂ်နဲ့ စပိန်ပဲ ရှိနေတာ မဟုတ်ပါဘူး။

ကျနော်ရဲ့ အနာဂတ်နဲ့ပက်သက်ပြီး ဘာကိုမှ မသိသေးပါဘူး။ ဘာတွေဖြစ်လာမယ်ဆိုတာလည်း မသိဘူး။ ပထမဆုံးအနေနဲ့ နယ်သာလန်အသင်းနဲ့ နှစ်ပွဲ ကစားပါမယ်။ အဲ့တာပြီးရင်တော့ ဘာတွေဖြစ်လာမယ်ဆိုတာ ကြည့်ရပါလိမ့်မယ် ” လို့ ဆိုသွားခဲ့ပါတယ်။

မီနို ရိုင်အိုလာဟာ ဒီလစ်ကို အေးဂျင့်အဖြစ် ကိုင်တွယ်နေတာဖြစ်ပြီး ၎င်းအေးဂျင့်ဟာ အီဗရာဟင်မိုဗစ်၊ မီခီတာရန်၊ ပေါ့ဘာတို့ကို 2016 မှာ ယူနိုက်တက်ကို ပို့ခဲ့ပြီး နောက်တစ်နှစ်မှာ လူကာကူကို ယူနိုက်တက်ထံ ပို့ခဲ့ပါတယ်။ အခုချိန်မှာတော့ လူကာကူရဲ့ အေဂျင့် မဟုတ်တော့တဲ့ ရိုင်အိုလာဟာ အပြောင်းအရွှေ့မှာ ဖျံကျပြီး ကလပ်အသင်းတွေထံက အေဂျင့်ခ ညစ်ထုတ်ယူရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မနှစ်တုန်းက မီလန်စကရီနီယာ၊ ကိုလီဘာလီ၊ အန်ဒါဝီရယ်၊ မက်ဂွဲရား အစရှိတဲ့ ခံစစ်သမားတွေကို စိတ်ဝင်စားခဲ့ပြီး အနည်းဆုံးတစ်ဦး ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကိုလီဘာလီကို ခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ပေမယ့် စကရီနီယာက အင်တာမီလန်နဲ့ စာချုပ်သစ်ချုပ်ခဲ့သလို အန်ဒါဝီရယ်ရဲ့ အနာဂတ်ကတော့ မရှင်းလင်းသေးတာ ဖြစ်ပါတယ်။

Sports Home Time