အဂၤလန္ျပိဳင္ဘက္ေတြရဲ႕ ခ်န္ပီယံလိဂ္ပြဲေတြက ခ်ယ္ဆီးအတြက္ တြန္းအားျဖစ္ေစေၾကာင္း ကီြတာ ေျပာဆို

[Zawgyi] ခ်ယ္ဆီးညာအစြန္လူ ကီြတာဟာ ဒီရာသီမွာေတာ့ ေဘာလံုးဝင္လုမႈ အေကာင္းဆံုးကစားသမားပါ။ အထူးသျဖင့္ ေနာက္ဆံုးယွဥ္ျပိဳင္ထားတဲ့ မန္စီးတီးနဲ႔ပြဲမွာဆိုရင္ သူ႔ရဲ႕အေကာင္းဆံုး ေျခစြမ္းကိုေတာင္မွ ျမင္ေတြ႔ခဲ့ရတယ္။

‘ ခ်ယ္ဆီးဂ်ာစီနဲ႔ ကစားခဲ့သမွ်ပြဲေတြထဲမွာ က်ေနာ္ အေကာင္းဆံုးစြမ္းေဆာင္ရည္ ျပသခဲ့တဲ့ပြဲမ်ား ျဖစ္ေနမလား? က်ေနာ္ ခ်ယ္ဆီးမွာ အခ်ိန္အၾကာၾကီး ရွိေနခဲ့ျပီဆိုေတာ့ အဲ့သည္လိုေျပာဖို႔က ခက္ပါတယ္။ အသင္းအတြက္ပဲ အာရံုစိုက္ေနပါတယ္ ‘ လို႔ ကီြတာက ဆိုပါတယ္။

‘ အသင္းတိုင္းက ျခားနားပါတယ္။ အသင္းတိုင္းက ျခားနားတဲ့ ကစားသမားေတြနဲ႔ပါ။ က်ေနာ္တုိ႔ရဲ႕ နည္းလမ္းနဲ႔ မန္စီးတီးကို အႏိုင္ယူခဲ့တယ္။ အျခားအသင္းေတြလည္း သူတို႔နည္းလမ္းေတြနဲ႔ အႏိုင္ယူႏိုင္ပါတယ္။ ေနာက္ဆံုးသံုးပြဲမွာ ႏွစ္ပြဲထိ အေရးနိမ့္ခဲ့တဲ့ေနာက္ လူေတြက က်ေနာ္တုိ႔နဲ႔ ပက္သက္ျပီး အႏုတ္သေဘာေတြ ေျပာလာၾကတယ္။ ဒီေတာ့ စီးတီးကို အႏိုင္ယူလိုက္တာက က်ေနာ္တို႔အတြက္ ၾကီးမားတဲ့ အခိုက္အတန္႔ပါပဲ။

အခုဆို လူေတြက က်ေနာ္တို႔ မန္စီးတီးကို အႏိုင္ယူတာကိုပဲ ေျပာေနၾကတယ္။ ဒါေပမယ့္ သူတုိ႔ကို ႏိုင္တာကလည္း သံုးမွတ္ပါပဲ။ တနဂၤေႏြေန႔မွာ ဘရိုက္တန္ကို အႏိုင္ယူျပီး သံုးမွတ္ရမယ္ဆိုရင္လည္း ဒါက မန္စီးတီးကို အႏိုင္ရခဲ့တဲ့ သံုးမွတ္နဲ႔ အတူတူပါပဲ ‘ လို႔ ကီြတာက ေျပာပါတယ္။

တစ္ရက္မွာေတာ့ ခ်ယ္ဆီးပရိသတ္ေတြက ဂၽြန္တယ္ရီအေၾကာင္း ေျပာသလိုမ်ိဳး ကီြတာအေၾကာင္းကို ဂရုတစ္စိုက္ ေျပာၾကတာမ်ိဳးလည္း ျဖစ္လာႏိုင္ပါတယ္။ ဘယ္သူမွေတာ့ မသိႏိုင္ပါဘူး။ စပိန္ခံစစ္သမားအတြက္ကေတာ့ အခုခ်ိန္မွာ အသင္းအတြက္ အာရံုစိုက္ျပီး ခ်ယ္ဆီးအသင္းကို ဥေရာပအထက္တန္းစား ျပိဳင္ပြဲေတြထံ ျပန္ပို႔ႏိုင္ဖုိ႔ပဲ အာရံုစိုက္လိုေနမွာျဖစ္တယ္။

‘ ခ်န္ပီယံလိဂ္မွာ ကစားရတာကို က်ေန္ာ လြမ္းပါတယ္။ ဥေရာပညေတြကို က်ေန္ာ လြမ္းမိတယ္။ လီဗာပူးနဲ႔ နာပိုလီ၊ ဘာစီလိုနာနဲ႔ ေတာ္တင္ဟမ္ပြဲေတြကို ၾကည့္ရေတာ့ မနာလိုမျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္မွာ ကစားခဲ့တာကို တကယ္ကို လြမ္းမိပါတယ္။ ဒါေပမယ့္ ဒါေၾကာင့္ပဲ ခ်န္ပီယံလိဂ္မွာ ခပ္ျမန္ျမန္ ျပန္ကစားႏိုင္ဖုိ႔ ၾကိဳးစားေနတာပဲေလ။ စတမ္းဖိုဒ့္ဘရစ္ခ်္မွာ ခ်န္ပီယံလိဂ္ညေတြက အရမ္းကို မိုက္ပါတယ္။ က်ေနာ္တို႔ ခ်န္ပီယံလိဂ္ညကို ျပန္သယ္ေဆာင္လာျခင္ပါတယ္ ‘ လို႔ ကီြတာက ေျပာခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ မန္ေနဂ်ာသစ္ဆာရီလက္ေအာက္ ကစားဟန္အသစ္မွာ အသားက်ဖို႔ ရုန္းကန္ရမႈေတြ အနည္းငယ္ရွိေပမယ့္ တိုးတက္မႈေတြ အမ်ားၾကီး ရွိလာတာကလည္း မျငင္းႏိုင္ပါဘူး။ ဒီရာသီမွာ ထိပ္သင္းေလးသင္း စာရင္းထဲ ျပန္ဝင္လာျပီး ခ်န္ပီယံလိဂ္ျပိဳင္ပြဲထဲ ခ်ယ္ဆီးအသင္းကို ျပန္ေခၚဝင္ဖုိ႔က ကီြတာနဲ႔ အသင္းသားေတြရဲ႕ အဓိက ရည္မွန္းခ်က္ပဲ ျဖစ္ေနမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးညာအစွန်လူ ကွီတာဟာ ဒီရာသီမှာတော့ ဘောလုံးဝင်လုမှု အကောင်းဆုံးကစားသမားပါ။ အထူးသဖြင့် နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ မန်စီးတီးနဲ့ပွဲမှာဆိုရင် သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကိုတောင်မှ မြင်တွေ့ခဲ့ရတယ်။

‘ ချယ်ဆီးဂျာစီနဲ့ ကစားခဲ့သမျှပွဲတွေထဲမှာ ကျနော် အကောင်းဆုံးစွမ်းဆောင်ရည် ပြသခဲ့တဲ့ပွဲများ ဖြစ်နေမလား? ကျနော် ချယ်ဆီးမှာ အချိန်အကြာကြီး ရှိနေခဲ့ပြီဆိုတော့ အဲ့သည်လိုပြောဖို့က ခက်ပါတယ်။ အသင်းအတွက်ပဲ အာရုံစိုက်နေပါတယ် ‘ လို့ ကွီတာက ဆိုပါတယ်။

‘ အသင်းတိုင်းက ခြားနားပါတယ်။ အသင်းတိုင်းက ခြားနားတဲ့ ကစားသမားတွေနဲ့ပါ။ ကျနော်တို့ရဲ့ နည်းလမ်းနဲ့ မန်စီးတီးကို အနိုင်ယူခဲ့တယ်။ အခြားအသင်းတွေလည်း သူတို့နည်းလမ်းတွေနဲ့ အနိုင်ယူနိုင်ပါတယ်။ နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲထိ အရေးနိမ့်ခဲ့တဲ့နောက် လူတွေက ကျနော်တို့နဲ့ ပက်သက်ပြီး အနုတ်သဘောတွေ ပြောလာကြတယ်။ ဒီတော့ စီးတီးကို အနိုင်ယူလိုက်တာက ကျနော်တို့အတွက် ကြီးမားတဲ့ အခိုက်အတန့်ပါပဲ။

အခုဆို လူတွေက ကျနော်တို့ မန်စီးတီးကို အနိုင်ယူတာကိုပဲ ပြောနေကြတယ်။ ဒါပေမယ့် သူတို့ကို နိုင်တာကလည်း သုံးမှတ်ပါပဲ။ တနင်္ဂနွေနေ့မှာ ဘရိုက်တန်ကို အနိုင်ယူပြီး သုံးမှတ်ရမယ်ဆိုရင်လည်း ဒါက မန်စီးတီးကို အနိုင်ရခဲ့တဲ့ သုံးမှတ်နဲ့ အတူတူပါပဲ ‘ လို့ ကွီတာက ပြောပါတယ်။

တစ်ရက်မှာတော့ ချယ်ဆီးပရိသတ်တွေက ဂျွန်တယ်ရီအကြောင်း ပြောသလိုမျိုး ကွီတာအကြောင်းကို ဂရုတစ်စိုက် ပြောကြတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဘယ်သူမှတော့ မသိနိုင်ပါဘူး။ စပိန်ခံစစ်သမားအတွက်ကတော့ အခုချိန်မှာ အသင်းအတွက် အာရုံစိုက်ပြီး ချယ်ဆီးအသင်းကို ဥရောပအထက်တန်းစား ပြိုင်ပွဲတွေထံ ပြန်ပို့နိုင်ဖို့ပဲ အာရုံစိုက်လိုနေမှာဖြစ်တယ်။

‘ ချန်ပီယံလိဂ်မှာ ကစားရတာကို ကျနေ်ာ လွမ်းပါတယ်။ ဥရောပညတွေကို ကျနေ်ာ လွမ်းမိတယ်။ လီဗာပူးနဲ့ နာပိုလီ၊ ဘာစီလိုနာနဲ့ တော်တင်ဟမ်ပွဲတွေကို ကြည့်ရတော့ မနာလိုမဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာ ကစားခဲ့တာကို တကယ်ကို လွမ်းမိပါတယ်။ ဒါပေမယ့် ဒါကြောင့်ပဲ ချန်ပီယံလိဂ်မှာ ခပ်မြန်မြန် ပြန်ကစားနိုင်ဖို့ ကြိုးစားနေတာပဲလေ။ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ချန်ပီယံလိဂ်ညတွေက အရမ်းကို မိုက်ပါတယ်။ ကျနော်တို့ ချန်ပီယံလိဂ်ညကို ပြန်သယ်ဆောင်လာခြင်ပါတယ် ‘ လို့ ကွီတာက ပြောခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ မန်နေဂျာသစ်ဆာရီလက်အောက် ကစားဟန်အသစ်မှာ အသားကျဖို့ ရုန်းကန်ရမှုတွေ အနည်းငယ်ရှိပေမယ့် တိုးတက်မှုတွေ အများကြီး ရှိလာတာကလည်း မငြင်းနိုင်ပါဘူး။ ဒီရာသီမှာ ထိပ်သင်းလေးသင်း စာရင်းထဲ ပြန်ဝင်လာပြီး ချန်ပီယံလိဂ်ပြိုင်ပွဲထဲ ချယ်ဆီးအသင်းကို ပြန်ခေါ်ဝင်ဖို့က ကွီတာနဲ့ အသင်းသားတွေရဲ့ အဓိက ရည်မှန်းချက်ပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။

Sports Home Time