[Zawgyi] ယာဂင္ကေလာ့ပ္က သူ႔ရဲ႕လီဗာပူးမန္ေနဂ်ာဘဝကို ဆုဖလားေအာင္ျမင္မႈေတြနဲ႔ အဆုံးအျဖတ္ ခံရမယ္ဆိုတဲ့အေပၚ တုန႔္ျပန္မႈလုပ္လာခဲ့ၿပီး သူ႔ရဲ႕အလုပ္လုပ္မႈကို -်ီးထုတ္က်တဲ့ နည္းလမ္းေတြနဲ႔ ဆုံးျဖတ္ခံရဖို႔ မသင့္ဘူးလို႔ ဆိုပါတယ္။
မန္ခ်က္စတာဘက္က သတင္းသမားေတြက အထူးသျဖင့္ ၿပိဳင္ဘက္မန္ေနဂ်ာ ေမာ္ရင္ညိဳကပါ လီဗာပူးဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္လက္ထက္ ဆုဖလားေအာင္ျမင္မႈေတြ မပိုင္ဆိုင္ထားတာကို သတိရဖို႔လိုတယ္လို႔ ေဝဖန္ထားၾကတာပါ။ လီဗာပူးကို ကိုင္တြယ္တဲ့ သုံးႏွစ္အတြင္း အဓိက ဗိုလ္လုပြဲကို သုံးႀကိမ္ထိ တက္ေရာက္ႏိုင္ေပမယ့္ တစ္ႀကိမ္မွ အႏိုင္မရထားပါဘူး။
ကေလာ့ပ္ကေတာ့ ဗိုလ္လုပြဲေတြမွာ အေရးနိမ့္ခဲ့ေပမယ့္ သူကိုင္တြယ္ကတည္းက လီဗာပူးအသင္း တိုးတက္လာပါတယ္လို႔ ေထာက္ျပပါတယ္။ ဒါေပမယ့္လို႔ ဆုဖလားေတြ အႏိုင္ယူဖို႔ လိုတယ္ဆိုတာေတာ့ ဝန္ခံခဲ့တယ္။
“ လူေတြက ဆုဖလားမရတဲ့အေပၚ မွတ္မိေနၾကႏိုင္တယ္။ ဒါေပမယ့္ ကလပ္အသင္းဘက္က က်ေနာ္ကို ကမ္းလွမ္းလာၿပီးေနာက္မွာ အေကာင္းဆုံး လုပ္လာႏိုင္တာေတြက ဘာေတြလဲ။ က်ေနာ္ကေတာ့ ဒါကို ယုံတယ္။ က်ေနာ္တို႔ ဆုဖလား အႏိုင္မရလို႔ မႏွစ္က ဗိုလ္လုပြဲကို ေရာက္ခဲ့ေပမယ့္ ေအာင္ျမင္တဲ့ေဘာလုံးရာသီ မဟုတ္ဘူးလို႔ လူေတြက သက္မွတ္ႏိုင္ၾကပါတယ္။ လူေတြရဲ႕ စိတ္ကိုေတာ့ က်ေနာ္ မေျပာင္းလဲေပးႏိုင္ဘူး။ ေအာင္ျမင္ခဲ့လားဆို မေအာင္ျမင္ေပမယ့္ သြားႏိုင္ခဲ့တဲ့ ခရီးရွည္ကေတာ့ ထူးခြၽန္ပါတယ္။ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္တာက ေပ်ာ္စရာပါပဲ။
အေကာင္းဆုံးေတြကိုပဲ ေရတြက္တာ၊ အေကာင္းဆုံးမဟုတ္ခဲ့ရင္ ထည့္တြင္းေရတြက္ျခင္း မခံရတာေတြက -်ီးထုတ္ပါပဲ။ စိန္ေခၚမႈေတြကို က်ေနာ္ ႏွစ္သက္တယ္။ အေကာင္းဆုံးျဖစ္ေအာင္လုပ္တယ္။ ဒါက ေဘာလုံးနဲ႔ ဘဝမွာ က်ေန္ာ သင္ယူထားရတာေတြပါပဲ။ အဆုံးမွာ အျခားသူေတြကေတာ့ ဆုဖလားေတြနဲ႔ ဆုံးျဖတ္တာလည္း ျဖစ္ႏိုင္တယ္။
ဖိအားေတြက ျပင္ပက လာတာပါ။ အကယ္လို႔ က်ေနာ္ ဆုဖလားမယူႏိုင္ခဲ့ရင္ အသင္းကေန ထြက္သြားသင့္တယ္ေပါ့။ ဒီအေျခအေနမွာ က်ေနာ္ထက္ ပိုေကာင္းေအာင္ လုပ္ျပႏိုင္တဲ့သူတစ္ဦးကို ရွာၾကည့္ပါ။ မေတြ႕ဘူးဆိုရင္ေတာ့ ထိုင္ခုံမွာထိုင္ေနတဲ့ မန္ေနဂ်ာကို ရာႏႈန္းျပည့္ ယုံၾကည္သင့္ပါတယ္။ ကလပ္အသင္း၊ အသင္းပရိသတ္ေတြနဲ႔ က်ေနာ္တို႔က ရာႏႈန္းျပည့္ ေပါင္းစပ္မႈေတြရေနတယ္လို႔ ယုံၾကည္တယ္။ ဒီေတာ့ ဒါကို အားအျဖစ္ အသုံးျပဳဖို႔ လိုပါတယ္။ ”
လီဗာပူးအသင္းကို ျပန္လည္တည္ေဆာက္မႈေတြ လုပ္ေနခဲ့ၿပီး ဗိုလ္လုပြဲကို သုံးႀကိမ္တက္ေရာက္ထားႏိုင္တာက က်ရံႉးမႈမဟုတ္ပဲ တိုးတက္မႈလို႔ ကေလာ့ပ္က ျမင္တယ္။
“ က်ေနာ္တို႔ တိုးတက္လာပါတယ္။ မႏွစ္တုန္းက အဆင့္ေလးဝင္ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေရာက္ခဲ့တယ္။ အဲ့သည္ႏွစ္မတိုင္ခင္က အဆင့္ေလးဝင္ၿပီး ဗိုလ္လုပြဲေတြ မေရာက္ခဲ့ဘူး။ အဲ့မတိုင္ခင္ တစ္ႏွစ္က အဆင့္ 4 အတြင္း မဝင္ေပမယ့္ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲကို ေရာက္ခဲ့တယ္။ လီဗာပူးအသင္း၊ အသင္းပရိသတ္ထုနဲ႔ မန္ေနဂ်ာတို႔ရဲ႕ ေပါင္းစပ္မႈမွာ က်ေနာ္တို႔ ေအာင္ျမင္သင့္ပါတယ္။
ဒီရာသီမွာ က်ေနာ္တို႔ ဘယ္ေလာက္ထိ သြားမယ္ဆိုတာ မသိပါဘူး။ က်ေနာ္တို႔ အျမင့္ဆုံးေရာက္ႏိုင္တဲ့ အဆင့္ကိုေတာ့ ေရာက္ေနတယ္။ ခ်န္ပီယံလိဂ္မွာလည္း ရံႉးထြက္ကို ေရာက္ထားတယ္။
တနဂၤေႏြေန႔ကေတာ့ ဒီရာသီမွာ ဘယ္အဆင့္ကို ေရာက္မယ္ဆိုတာေတြထက္ ယူႏိုက္တက္အေၾကာင္းပါပဲ။ သူတို႔ကို အႏိုင္ယူၿပီး ေနာက္ထပ္ သုံးမွတ္ အရယူပါမယ္။ ”
Sports Home Time

[Unicode] ယာဂင်ကလော့ပ်က သူ့ရဲ့လီဗာပူးမန်နေဂျာဘဝကို ဆုဖလားအောင်မြင်မှုတွေနဲ့ အဆုံးအဖြတ် ခံရမယ်ဆိုတဲ့အပေါ် တုန့်ပြန်မှုလုပ်လာခဲ့ပြီး သူ့ရဲ့အလုပ်လုပ်မှုကို -ျီးထုတ်ကျတဲ့ နည်းလမ်းတွေနဲ့ ဆုံးဖြတ်ခံရဖို့ မသင့်ဘူးလို့ ဆိုပါတယ်။
မန်ချက်စတာဘက်က သတင်းသမားတွေက အထူးသဖြင့် ပြိုင်ဘက်မန်နေဂျာ မော်ရင်ညိုကပါ လီဗာပူးဟာ မန်နေဂျာယာဂင်ကလော့ပ်လက်ထက် ဆုဖလားအောင်မြင်မှုတွေ မပိုင်ဆိုင်ထားတာကို သတိရဖို့လိုတယ်လို့ ဝေဖန်ထားကြတာပါ။ လီဗာပူးကို ကိုင်တွယ်တဲ့ သုံးနှစ်အတွင်း အဓိက ဗိုလ်လုပွဲကို သုံးကြိမ်ထိ တက်ရောက်နိုင်ပေမယ့် တစ်ကြိမ်မှ အနိုင်မရထားပါဘူး။
ကလော့ပ်ကတော့ ဗိုလ်လုပွဲတွေမှာ အရေးနိမ့်ခဲ့ပေမယ့် သူကိုင်တွယ်ကတည်းက လီဗာပူးအသင်း တိုးတက်လာပါတယ်လို့ ထောက်ပြပါတယ်။ ဒါပေမယ့်လို့ ဆုဖလားတွေ အနိုင်ယူဖို့ လိုတယ်ဆိုတာတော့ ဝန်ခံခဲ့တယ်။
“ လူတွေက ဆုဖလားမရတဲ့အပေါ် မှတ်မိနေကြနိုင်တယ်။ ဒါပေမယ့် ကလပ်အသင်းဘက်က ကျနော်ကို ကမ်းလှမ်းလာပြီးနောက်မှာ အကောင်းဆုံး လုပ်လာနိုင်တာတွေက ဘာတွေလဲ။ ကျနော်ကတော့ ဒါကို ယုံတယ်။ ကျနော်တို့ ဆုဖလား အနိုင်မရလို့ မနှစ်က ဗိုလ်လုပွဲကို ရောက်ခဲ့ပေမယ့် အောင်မြင်တဲ့ဘောလုံးရာသီ မဟုတ်ဘူးလို့ လူတွေက သက်မှတ်နိုင်ကြပါတယ်။ လူတွေရဲ့ စိတ်ကိုတော့ ကျနော် မပြောင်းလဲပေးနိုင်ဘူး။ အောင်မြင်ခဲ့လားဆို မအောင်မြင်ပေမယ့် သွားနိုင်ခဲ့တဲ့ ခရီးရှည်ကတော့ ထူးချွန်ပါတယ်။ ဗိုလ်လုပွဲကို တက်ရောက်နိုင်တာက ပျော်စရာပါပဲ။
အကောင်းဆုံးတွေကိုပဲ ရေတွက်တာ၊ အကောင်းဆုံးမဟုတ်ခဲ့ရင် ထည့်တွင်းရေတွက်ခြင်း မခံရတာတွေက -ျီးထုတ်ပါပဲ။ စိန်ခေါ်မှုတွေကို ကျနော် နှစ်သက်တယ်။ အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ဒါက ဘောလုံးနဲ့ ဘဝမှာ ကျနေ်ာ သင်ယူထားရတာတွေပါပဲ။ အဆုံးမှာ အခြားသူတွေကတော့ ဆုဖလားတွေနဲ့ ဆုံးဖြတ်တာလည်း ဖြစ်နိုင်တယ်။
ဖိအားတွေက ပြင်ပက လာတာပါ။ အကယ်လို့ ကျနော် ဆုဖလားမယူနိုင်ခဲ့ရင် အသင်းကနေ ထွက်သွားသင့်တယ်ပေါ့။ ဒီအခြေအနေမှာ ကျနော်ထက် ပိုကောင်းအောင် လုပ်ပြနိုင်တဲ့သူတစ်ဦးကို ရှာကြည့်ပါ။ မတွေ့ဘူးဆိုရင်တော့ ထိုင်ခုံမှာထိုင်နေတဲ့ မန်နေဂျာကို ရာနှုန်းပြည့် ယုံကြည်သင့်ပါတယ်။ ကလပ်အသင်း၊ အသင်းပရိသတ်တွေနဲ့ ကျနော်တို့က ရာနှုန်းပြည့် ပေါင်းစပ်မှုတွေရနေတယ်လို့ ယုံကြည်တယ်။ ဒီတော့ ဒါကို အားအဖြစ် အသုံးပြုဖို့ လိုပါတယ်။ ”
လီဗာပူးအသင်းကို ပြန်လည်တည်ဆောက်မှုတွေ လုပ်နေခဲ့ပြီး ဗိုလ်လုပွဲကို သုံးကြိမ်တက်ရောက်ထားနိုင်တာက ကျရံှူးမှုမဟုတ်ပဲ တိုးတက်မှုလို့ ကလော့ပ်က မြင်တယ်။
“ ကျနော်တို့ တိုးတက်လာပါတယ်။ မနှစ်တုန်းက အဆင့်လေးဝင်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရောက်ခဲ့တယ်။ အဲ့သည်နှစ်မတိုင်ခင်က အဆင့်လေးဝင်ပြီး ဗိုလ်လုပွဲတွေ မရောက်ခဲ့ဘူး။ အဲ့မတိုင်ခင် တစ်နှစ်က အဆင့် 4 အတွင်း မဝင်ပေမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို ရောက်ခဲ့တယ်။ လီဗာပူးအသင်း၊ အသင်းပရိသတ်ထုနဲ့ မန်နေဂျာတို့ရဲ့ ပေါင်းစပ်မှုမှာ ကျနော်တို့ အောင်မြင်သင့်ပါတယ်။
ဒီရာသီမှာ ကျနော်တို့ ဘယ်လောက်ထိ သွားမယ်ဆိုတာ မသိပါဘူး။ ကျနော်တို့ အမြင့်ဆုံးရောက်နိုင်တဲ့ အဆင့်ကိုတော့ ရောက်နေတယ်။ ချန်ပီယံလိဂ်မှာလည်း ရံှူးထွက်ကို ရောက်ထားတယ်။
တနင်္ဂနွေနေ့ကတော့ ဒီရာသီမှာ ဘယ်အဆင့်ကို ရောက်မယ်ဆိုတာတွေထက် ယူနိုက်တက်အကြောင်းပါပဲ။ သူတို့ကို အနိုင်ယူပြီး နောက်ထပ် သုံးမှတ် အရယူပါမယ်။ ”
Sports Home Time
