ရိုနယ္ဒိုက အသင္းလိုက္ ကစားလာခ်ိန္ မက္ဆီကေတာ့ ပိုျပီး တကိုယ္ေကာင္း ဆန္လာတယ္

[Zawgyi] မက္ဆီက အသက္ရလာခ်ိန္မွာ ပိုျပီး တကိုယ္ေကာင္းဆန္လာေပမယ့္ ျပိဳင္ဘက္ေဟာင္းၾကီး ရိုနယ္ဒိုကေတာ့ ဂ်ဴဗင္တပ္မွာ ကစားရခ်ိန္မွာ ပိုျပီး အသင္းလိုက္ ကစားသမားျဖစ္လာတယ္လို႔ အာဂ်င္တီးနားသားၾကီး မာရီယို ကမ္းပတ္စ္က မွတ္ခ်က္ေပးလိုက္ပါတယ္။

အာဂ်င္တီးနား နာမည္ေက်ာ္တုိက္စစ္မွဴးဟာ ကမ့္ႏ်ဴးမွာ အဓိကကစားသမားအျဖစ္ ဆယ္ဆုႏွစ္ၾကာ ကစားလာခဲ့တာပါ။ ကမၻာေက်ာ္ ကစားသမာေတြ မ်ားစြာနဲ႔ တြဲဘက္ကာ ကစားရေပမယ့္လည္း အသက္ 31 ႏွစ္အရြယ္ တိုက္စစ္မွဴးဟာ အာရံုစိုက္မႈေတြရဲ႕ အလယ္မွာ ရွိေနဆဲျဖစ္ပါတယ္။

ကမၻာအေကာင္းဆံုး ေဘာလံုးသမားအျဖစ္ ဘလြန္းဒီေအာ့ဆု ငါးၾကိမ္ အႏုိင္ရ မက္ဆီဟာ မေရမတြက္ႏုိင္တဲ့ တစ္ကိုယ္ေတာ္ ေအာင္ျမင္မႈနဲ႔ အသင္းလိုက္ ေအာင္ျမင္မႈေတြ မ်ားစြာကို ရရွိထားတယ္။ မက္ဆီဟာ ပိုေကာင္းတဲ့ မွတ္တမ္းေတြကိုလည္း ခ်ိဳးဖ်က္လာႏုိင္ခဲ့တယ္။ ဒါေပမယ့္လို႔ အာဂ်င္တီးနား အေက်ာ္အေမာ္ေဟာင္းကေတာ့ ဒီကေန႔ေတြမွာ မက္ဆီဟာ သူ႔ဘာသာပဲ ပိုမို အာရံုစိုက္ ကစားလာေနတယ္လို႔ မွတ္ခ်က္ေပးပါတယ္။

တစ္ခ်ိန္တည္းမွာ ရိုနယ္ဒိုဟာ ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာျပီးတဲ့ေနာက္ အသင္းလိုက္မွာ ပိုမို အံ့ဝင္စြာ ကစားလာႏုိင္တယ္လုိ႔ 1978 ခုႏွစ္ ကမၻာဖလားခ်န္ပီယံ အာဂ်င္တီးနားအသင္းရဲ႕ ကစားသမားၾကီး ကမ္းပတ္စ္က စပိန္သတင္းဌာနကို ေျပာျပခဲ့တယ္။

ကမ္းပတ္စ္က “ မက္ဆီက မက္ဆီပါပဲ။ ေနာက္ျပီး မက္ဆီက ဘာစီလိုနာပါ။ မင္းလုပ္မလား (သို႔) မင္းမလုပ္ဘူးလားဆိုတာက ေသာ့ခ်က္ပါ။ မက္ဆီက ကြင္းထဲမွာ ရွိေနခ်ိန္မွာ အားလံုးကို သူ႔တစ္ေယာက္ထဲ ျပင္ဆင္ပါတယ္။ အဲ့သည္အခ်ိန္မွာ သူဘာေတြ ဒုကၡေပးမလဲဆိုတာက မသိႏုိင္ပါဘူး။

ဒါေပမယ့္ မက္ဆီက က်ေန္ာတုိ႔ကို မအံ့ၾသေစပါဘူး။ သူ အားလံုးကို လုပ္ႏုိင္တယ္ဆိုတာ က်ေန္ာတုိ႔ ျမင္ထားရတယ္။ သူ အနည္းငယ္ အရွိန္ေလ်ာ့ခ်လာခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ သူဘာသာပဲ အားလံုးကို ပိုလုပ္ခ်င္ေနတာကို ျမင္ေနရတယ္။ အရင္တုန္းက မက္ဆီဟာ အသင္းလိုက္ ကစားသမားပါ။ အခုခ်ိန္မွာေတာ့ သူ႔ရဲ႕ လႈပ္ရွားမႈေတြက ပိုျပီး တကိုယ္ေကာင္းဆန္လာပါတယ္။

အဲ့တာက ရိုနယ္ဒိုနဲ႔ ဆန္႔က်င္ဘက္ပါပဲ။ က်ေန္ာအတြက္ေတာ့ သူ႔ရဲ႕ ကစားပံုေတြက အသင္းလိုက္ ပိုဆန္လာပါတယ္။ ေနာက္တစ္ခုကို ထပ္ေျပာရရင္ အာဂ်င္တိုင္းသားေတြက မက္ဆီကို ေဝဖန္ၾကပါတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေန္ာတုိ႔ေတြက ကိုယ္အာဂ်င္တုိင္းသားခ်င္ ေဝဖန္မႈမွာ ပိုကၽြမ္းလုိ႔ပါပဲ ” လို႔ ဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] မက်ဆီက အသက်ရလာချိန်မှာ ပိုပြီး တကိုယ်ကောင်းဆန်လာပေမယ့် ပြိုင်ဘက်ဟောင်းကြီး ရိုနယ်ဒိုကတော့ ဂျူဗင်တပ်မှာ ကစားရချိန်မှာ ပိုပြီး အသင်းလိုက် ကစားသမားဖြစ်လာတယ်လို့ အာဂျင်တီးနားသားကြီး မာရီယို ကမ်းပတ်စ်က မှတ်ချက်ပေးလိုက်ပါတယ်။

အာဂျင်တီးနား နာမည်ကျော်တိုက်စစ်မှူးဟာ ကမ့်နျူးမှာ အဓိကကစားသမားအဖြစ် ဆယ်ဆုနှစ်ကြာ ကစားလာခဲ့တာပါ။ ကမ္ဘာကျော် ကစားသမာတွေ များစွာနဲ့ တွဲဘက်ကာ ကစားရပေမယ့်လည်း အသက် 31 နှစ်အရွယ် တိုက်စစ်မှူးဟာ အာရုံစိုက်မှုတွေရဲ့ အလယ်မှာ ရှိနေဆဲဖြစ်ပါတယ်။

ကမ္ဘာအကောင်းဆုံး ဘောလုံးသမားအဖြစ် ဘလွန်းဒီအော့ဆု ငါးကြိမ် အနိုင်ရ မက်ဆီဟာ မရေမတွက်နိုင်တဲ့ တစ်ကိုယ်တော် အောင်မြင်မှုနဲ့ အသင်းလိုက် အောင်မြင်မှုတွေ များစွာကို ရရှိထားတယ်။ မက်ဆီဟာ ပိုကောင်းတဲ့ မှတ်တမ်းတွေကိုလည်း ချိုးဖျက်လာနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ အာဂျင်တီးနား အကျော်အမော်ဟောင်းကတော့ ဒီကနေ့တွေမှာ မက်ဆီဟာ သူ့ဘာသာပဲ ပိုမို အာရုံစိုက် ကစားလာနေတယ်လို့ မှတ်ချက်ပေးပါတယ်။

တစ်ချိန်တည်းမှာ ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာပြီးတဲ့နောက် အသင်းလိုက်မှာ ပိုမို အံ့ဝင်စွာ ကစားလာနိုင်တယ်လို့ 1978 ခုနှစ် ကမ္ဘာဖလားချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ ကစားသမားကြီး ကမ်းပတ်စ်က စပိန်သတင်းဌာနကို ပြောပြခဲ့တယ်။

ကမ်းပတ်စ်က “ မက်ဆီက မက်ဆီပါပဲ။ နောက်ပြီး မက်ဆီက ဘာစီလိုနာပါ။ မင်းလုပ်မလား (သို့) မင်းမလုပ်ဘူးလားဆိုတာက သော့ချက်ပါ။ မက်ဆီက ကွင်းထဲမှာ ရှိနေချိန်မှာ အားလုံးကို သူ့တစ်ယောက်ထဲ ပြင်ဆင်ပါတယ်။ အဲ့သည်အချိန်မှာ သူဘာတွေ ဒုက္ခပေးမလဲဆိုတာက မသိနိုင်ပါဘူး။

ဒါပေမယ့် မက်ဆီက ကျနေ်ာတို့ကို မအံ့သြစေပါဘူး။ သူ အားလုံးကို လုပ်နိုင်တယ်ဆိုတာ ကျနေ်ာတို့ မြင်ထားရတယ်။ သူ အနည်းငယ် အရှိန်လျော့ချလာခဲ့ပေမယ့် အခုချိန်မှာတော့ သူဘာသာပဲ အားလုံးကို ပိုလုပ်ချင်နေတာကို မြင်နေရတယ်။ အရင်တုန်းက မက်ဆီဟာ အသင်းလိုက် ကစားသမားပါ။ အခုချိန်မှာတော့ သူ့ရဲ့ လှုပ်ရှားမှုတွေက ပိုပြီး တကိုယ်ကောင်းဆန်လာပါတယ်။

အဲ့တာက ရိုနယ်ဒိုနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကျနေ်ာအတွက်တော့ သူ့ရဲ့ ကစားပုံတွေက အသင်းလိုက် ပိုဆန်လာပါတယ်။ နောက်တစ်ခုကို ထပ်ပြောရရင် အာဂျင်တိုင်းသားတွေက မက်ဆီကို ဝေဖန်ကြပါတယ်။ ဘာလို့လည်းဆိုတော့ ကျနေ်ာတို့တွေက ကိုယ်အာဂျင်တိုင်းသားချင် ဝေဖန်မှုမှာ ပိုကျွမ်းလို့ပါပဲ ” လို့ ဆိုခဲ့ပါတယ်။

Sports Home Time