ပြဲမစခင္မွာတင္ အထိနာခ်က္ၾကီးေတြ ကိုယ္စီ ရင္ဆိုင္ေနရတဲ့ ကေလာ့ပ္နဲ႔ ေမာ္ရင္ညိဳ

[Zawgyi] တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္ကစားၾကမယ့္ အဂၤလန္အေနာက္ေျမာက္ဒါဘီပြဲမွာ အရန္ကစားသမားေတြ ထိုင္ခံုအေပၚနားက ဒဏ္ရာရကစားသမားမ်ား လာေရာက္ၾကည့္ရႈရာ ခံုတန္းေတြက မလံုေလာက္လို႔ ထပ္တိုးခ်ဲ႔ရႏိုင္ပါတယ္။ အထင္မလြဲပါနဲ႔ ဒါဟာ ေဝဖန္ျခင္း မဟုတ္ပါဘူး။ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ ဒဏ္ရာရကစားသမားေတြ မ်ားျပားလြန္းေနတာကို ဆိုလိုတာပါ။

ႏွစ္သင္းေပါင္း ဒဏ္ရာရစာရင္းက EPL တစ္သင္းထြက္လို႔ရတဲ့ လီဗာပူးနဲ႔ မန္ယူႏိုက္တက္

ဒီတစ္ၾကိမ္ အဂၤလန္ဒါဘီပြဲမွာ ႏွစ္သင္းဟာ ဘယ္လိုလူစာရင္းေတြနဲ႔ ပြဲထုတ္လာမယ္ ခန္႔မွန္းလို႔မရပါဘူး။ အေၾကာင္းကေတာ့ ႏွစ္သင္းလံုးမွာ အမာခံကစားသမားေတြ ဒဏ္ရာျပႆနာၾကီးေတြ ရွိေနၾကလို႔ပါပဲ။ လီဗာပူးမွာ ဒဏ္ရာရစာရင္း 7 ဦးရွိျပီး ယူႏိုက္တက္မွာ 9 ဦးရွိပါတယ္။ အဆိုပါ စာရင္းေတြမွာ အဓိက ကစားသမားေတြ အမ်ားအျပား ပါဝင္ေနပါတယ္။

လီဗာပူးရဲ႕ ၾကံ႕ခိုင္မႈအေျခအေန

အဂၤါေန႔ ခ်န္ပီယံလိဂ္ညမွာ လီဗာပူးက နာပိုလီကို အႏိုင္ယူျပီး ရံွဴးထြက္အဆင့္ကို တက္ေရာက္သြားပါတယ္။ ဒါေပမယ့္လို႔ ေပးဆပ္မႈက ၾကီးမားခဲ့တယ္။ ဗဟိုခံစစ္သမား မာတစ္နဲ႔ ညာအစြန္လူ ထရန္႔တို႔ဟာ ေနာက္ပိုင္း မိနစ္ေတြမွာမွ ဒဏ္ရာျပႆနာေတြ ရသြားခဲ့ပါတယ္။ ထရန္႔က ယူႏိုက္တက္ပြဲကို လြယ္ဖြယ္ရွိျပီး မာတစ္ကေတာ့ 6 ပတ္ နားရပါမယ္။

ယာဂင္ကေလာ့ပ္က ” ဒါက က်ေနာ္တုိ႔ အေျဖရွာရမယ့္ အေျခအေနပါ။ထရန္႔ရဲ႕ ဒဏ္ရာက ဂိုးမက္စ္နဲ႔ မာတစ္ေလာက္ေတာ့ မဆိုးပါဘူး။ ဒါေပမယ့္ သတင္းေကာင္းလည္း မဟုတ္ဘူး။ မာတစ္လိုပဲ ကံဆိုးတာေပါ့ဗ်ာ။ ပြဲရဲ႕ ေနာက္ဆံုး စကၠန္႔ေတြမွာ ျဖစ္ခဲ့တာပါ။ က်ေနာ္ရဲ႕ အလုပ္က ဒီျပႆနာေတြအတြက္ အေျဖရွာဖို႔ပါပဲ။ ကလိုင္းက ကံမေကာင္းစြာပဲ အရင္ 2 ပတ္၊ 3 ပတ္ေလာက္တုန္းက ဒဏ္ရာရေနခဲ့တယ္။ ကံေကာင္းတာက လြန္ခဲ့တဲ့ 3 ရက္၊ 4 ရက္မွာ ျပန္ကစားႏိုင္ပါျပီ။ မိနစ္ 90 အတြက္ အဆင့္သင့္ျဖစ္ျပီးလား။ ဒါေတာ့ က်ေနာ္မသိဘူး။ ယူႏုိက္တက္ပြဲမွာ ပါမယ္ဆိုရင္ေတာ့ ပါလို႔ရပါျပီ ” လို႔ ထုတ္ေျပာထားတယ္။

လီဗာပူးအသင္းမွာက ခ်ိန္ဘာလိန္၊ ဂိုးမက္စ္၊ မာတစ္တုိ႔ ကာလရွည္ဒဏ္ရာေတြ ရေနၾကသလို လယ္လာနာကလည္း ဘုန္းေမာက္နဲ႔ပြဲမွာ ေခါင္းကြဲသြားခဲ့တယ္။ ဒါ့အျပင္ မီလ္နာရဲ႕ ၾကံ႕ခိုင္မႈက ရာႏႈန္းျပည့္မွာ မရွိေသးပါဘူး။ သတင္းအရေတာ့ လီဗာပူးမွာ ဒဏ္ရာရစာရင္း 7 ဦးထိ ရွိေနတယ္လို႔ သိရပါတယ္။

မန္ယူႏုိက္တက္ရဲ႕ ၾကံ႕ခိုင္မႈအေျခအေန

ဗုဒၶဟူးေန႔က ဗလန္စီယာကို ခ်န္ပီယံလိဂ္မွာ ရႈံးနိမ့္ၿပီးတဲ့ေနာက္ ကစားသမားအမ်ားစုဟာ ဒဏ္ရာျပသနာေတြကေန ျပန္ေကာင္းလာဖို႔ ႐ုန္းကန္ေနေနရတာနဲ႔အတူ တနဂၤေႏြေန႔ အန္ဖီးလ္ပြဲစဥ္မွာ လူအင္အားေလ်ာ့နည္းေနမွာကို ေမာ္ရင္ညိဳ ေမွ်ာ္လင့္ၿပီးသားျဖစ္ပါတယ္။ တံေကာက္ေၾကာ ဒဏ္ရာကေန ျပန္သက္သာလာဖို႔ ႀကိဳးစားေနရဆဲျဖစ္တဲ့ ေနက္ခံလူ ဗစ္တာလင္ဒီေလာ့ဖ္နဲ႔ တိုက္စစ္မႉး အလက္ဆစ္ဆန္းခ်က္တို႔ဟာ ဒီပြဲကို ေသခ်ာေပါက္ လြဲေခ်ာ္မွာပါ။

ထပ္ၿပီးေတာ့ အန္သိုနီ မာရွယ္၊ လုခ္ေရွာ၊ မက္တီယို ဒါးမီးယန္း၊ ဒီယိုဂို ဒယ္ေလာ့၊ စေကာ့မက္တိုမီေနးနဲ႔ ႐ိုဂ်ိဳတို႔ကလဲ ပါဝင္ႏိုင္ဖို႔ မေသခ်ာေသးပါဘူး။ ဗလန္စီယာနဲ႔ပြဲမွာ နားခဲ့ရတဲ့ ဂိုးသမား ဒီဂီယာနဲ႔ ကြင္းလယ္လူ နီမန္ဂ်ာ မာတစ္တို႔က ျပန္ပါလာမွာပါ။ ဒါေပမယ့္ ဒီထဲကေန ကစားသမား ဘယ္ႏွစ္ေယာက္ ေ႐ြးခ်ယ္မွာလဲဆိုတာ ေမာ္ရင္ညိဳ ကိုယ္တိုင္ မေဝခြဲႏိုင္ ေသးတာပါ။

ေမာ္ရင္ညိဳက ” ဗလန္စီယာနဲ႔တုန္းက ဒီဂီယာနဲ႔ မာတစ္သာလွ်င္ ကစားလို႔ရႏိုင္ခဲ့ၿပီး ဆုံးျဖတ္ခ်က္အရ ခရီးမွာ မလိုက္ခဲ့ပါဘူး။ တျခားသူေတြကေတာ့ ကစားဖို႔ ႀကံ့ခိုင္မႈ မျပည့္ဝလို႔ပါ။ သူတို႔အားလုံးဟာ ဒဏ္ရာရေနၿပီး အဆင္သင့္မျဖစ္ခဲ့ဘူး။ မေန႔က ေလ့က်င့္ေရးကိုလဲ သူတို႔ထပ္ၿပီးေတာ့ မဆင္းႏိုင္ျပန္ဘူး။ ဒီေန႔ေတာ့ နည္းနည္း ျပန္လုပ္ႏိုင္လာတယ္။ တနဂၤေႏြေန႔ ပြဲစဥ္မွာ ပါလာဖို႔ မနက္ျဖန္ အေျခအေန တိုးတက္ႏိုင္လားဆိုတာ က်ေနာ္မေျပာခ်င္ပါဘူး။ တခ်ိဳ႕တေလေတာ့ ကစားလို႔ရႏိုင္ဖို႔ က်ေနာ္ေမွ်ာ္လင့္ပါတယ္။ တခ်ိဳ႕ကေတာ့ မရတာ ေသခ်ာပါတယ္ ” လို႔ ဆိုပါတယ္။

ဒဏ္ရာျပႆနာေတြ၊ ၾကံ႕ခိုင္မႈပိုင္း ထိုးႏွက္ခ်က္ေတြနဲ႔ ျပည့္ေနမယ္ဆိုရင္ေတာင္ အဂၤလန္ဒါဘီကေတာ့ ၾကမ္းတမ္းမယ္၊ ျပင္းထန္မယ္၊ ႏုိင္လိုစိတ္ေတြကို ျပသၾကမယ္။ ဒါကေတာ့ ေသခ်ာပါတယ္။ ဒီညမွာ တစ္သင္းကေတာ့ အႏိုင္ရဖို႔လိုျပီး ပရိသတ္ေတြကလည္း သေရဆိုတဲ့ရလဒ္ကို အရံွဴးလို ခါးသီးေနၾကေတာ့မွာပါ။

Sports Home Time

[Unicode] တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားကြမယ့် အင်္ဂလန်အနောက်မြောက်ဒါဘီပွဲမှာ အရန်ကစားသမားတွေ ထိုင်ခုံအပေါ်နားက ဒဏ်ရာရကစားသမားများ လာရောက်ကြည့်ရှုရာ ခုံတန်းတွေက မလုံလောက်လို့ ထပ်တိုးချဲ့ရနိုင်ပါတယ်။ အထင်မလွဲပါနဲ့ ဒါဟာ ဝေဖန်ခြင်း မဟုတ်ပါဘူး။ လီဗာပူးနဲ့ ယူနိုက်တက်တို့ ဒဏ်ရာရကစားသမားတွေ များပြားလွန်းနေတာကို ဆိုလိုတာပါ။

နှစ်သင်းပေါင်း ဒဏ်ရာရစာရင်းက EPL တစ်သင်းထွက်လို့ရတဲ့ လီဗာပူးနဲ့ မန်ယူနိုက်တက်

ဒီတစ်ကြိမ် အင်္ဂလန်ဒါဘီပွဲမှာ နှစ်သင်းဟာ ဘယ်လိုလူစာရင်းတွေနဲ့ ပွဲထုတ်လာမယ် ခန့်မှန်းလို့မရပါဘူး။ အကြောင်းကတော့ နှစ်သင်းလုံးမှာ အမာခံကစားသမားတွေ ဒဏ်ရာပြဿနာကြီးတွေ ရှိနေကြလို့ပါပဲ။ လီဗာပူးမှာ ဒဏ်ရာရစာရင်း 7 ဦးရှိပြီး ယူနိုက်တက်မှာ 9 ဦးရှိပါတယ်။ အဆိုပါ စာရင်းတွေမှာ အဓိက ကစားသမားတွေ အများအပြား ပါဝင်နေပါတယ်။

လီဗာပူးရဲ့ ကြံ့ခိုင်မှုအခြေအနေ

အင်္ဂါနေ့ ချန်ပီယံလိဂ်ညမှာ လီဗာပူးက နာပိုလီကို အနိုင်ယူပြီး ရံှူးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ ဒါပေမယ့်လို့ ပေးဆပ်မှုက ကြီးမားခဲ့တယ်။ ဗဟိုခံစစ်သမား မာတစ်နဲ့ ညာအစွန်လူ ထရန့်တို့ဟာ နောက်ပိုင်း မိနစ်တွေမှာမှ ဒဏ်ရာပြဿနာတွေ ရသွားခဲ့ပါတယ်။ ထရန့်က ယူနိုက်တက်ပွဲကို လွယ်ဖွယ်ရှိပြီး မာတစ်ကတော့ 6 ပတ် နားရပါမယ်။

ယာဂင်ကလော့ပ်က ” ဒါက ကျနော်တို့ အဖြေရှာရမယ့် အခြေအနေပါ။ထရန့်ရဲ့ ဒဏ်ရာက ဂိုးမက်စ်နဲ့ မာတစ်လောက်တော့ မဆိုးပါဘူး။ ဒါပေမယ့် သတင်းကောင်းလည်း မဟုတ်ဘူး။ မာတစ်လိုပဲ ကံဆိုးတာပေါ့ဗျာ။ ပွဲရဲ့ နောက်ဆုံး စက္ကန့်တွေမှာ ဖြစ်ခဲ့တာပါ။ ကျနော်ရဲ့ အလုပ်က ဒီပြဿနာတွေအတွက် အဖြေရှာဖို့ပါပဲ။ ကလိုင်းက ကံမကောင်းစွာပဲ အရင် 2 ပတ်၊ 3 ပတ်လောက်တုန်းက ဒဏ်ရာရနေခဲ့တယ်။ ကံကောင်းတာက လွန်ခဲ့တဲ့ 3 ရက်၊ 4 ရက်မှာ ပြန်ကစားနိုင်ပါပြီ။ မိနစ် 90 အတွက် အဆင့်သင့်ဖြစ်ပြီးလား။ ဒါတော့ ကျနော်မသိဘူး။ ယူနိုက်တက်ပွဲမှာ ပါမယ်ဆိုရင်တော့ ပါလို့ရပါပြီ ” လို့ ထုတ်ပြောထားတယ်။

လီဗာပူးအသင်းမှာက ချိန်ဘာလိန်၊ ဂိုးမက်စ်၊ မာတစ်တို့ ကာလရှည်ဒဏ်ရာတွေ ရနေကြသလို လယ်လာနာကလည်း ဘုန်းမောက်နဲ့ပွဲမှာ ခေါင်းကွဲသွားခဲ့တယ်။ ဒါ့အပြင် မီလ်နာရဲ့ ကြံ့ခိုင်မှုက ရာနှုန်းပြည့်မှာ မရှိသေးပါဘူး။ သတင်းအရတော့ လီဗာပူးမှာ ဒဏ်ရာရစာရင်း 7 ဦးထိ ရှိနေတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်ရဲ့ ကြံ့ခိုင်မှုအခြေအနေ

ဗုဒ္ဓဟူးနေ့က ဗလန်စီယာကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ပြီးတဲ့နောက် ကစားသမားအများစုဟာ ဒဏ်ရာပြသနာတွေကနေ ပြန်ကောင်းလာဖို့ ရုန်းကန်နေနေရတာနဲ့အတူ တနင်္ဂနွေနေ့ အန်ဖီးလ်ပွဲစဉ်မှာ လူအင်အားလျော့နည်းနေမှာကို မော်ရင်ညို မျှော်လင့်ပြီးသားဖြစ်ပါတယ်။ တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေရဆဲဖြစ်တဲ့ နေက်ခံလူ ဗစ်တာလင်ဒီလော့ဖ်နဲ့ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်တို့ဟာ ဒီပွဲကို သေချာပေါက် လွဲချော်မှာပါ။

ထပ်ပြီးတော့ အန်သိုနီ မာရှယ်၊ လုခ်ရှော၊ မက်တီယို ဒါးမီးယန်း၊ ဒီယိုဂို ဒယ်လော့၊ စကော့မက်တိုမီနေးနဲ့ ရိုဂျိုတို့ကလဲ ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ ဗလန်စီယာနဲ့ပွဲမှာ နားခဲ့ရတဲ့ ဂိုးသမား ဒီဂီယာနဲ့ ကွင်းလယ်လူ နီမန်ဂျာ မာတစ်တို့က ပြန်ပါလာမှာပါ။ ဒါပေမယ့် ဒီထဲကနေ ကစားသမား ဘယ်နှစ်ယောက် ရွေးချယ်မှာလဲဆိုတာ မော်ရင်ညို ကိုယ်တိုင် မဝေခွဲနိုင် သေးတာပါ။

မော်ရင်ညိုက ” ဗလန်စီယာနဲ့တုန်းက ဒီဂီယာနဲ့ မာတစ်သာလျှင် ကစားလို့ရနိုင်ခဲ့ပြီး ဆုံးဖြတ်ချက်အရ ခရီးမှာ မလိုက်ခဲ့ပါဘူး။ တခြားသူတွေကတော့ ကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝလို့ပါ။ သူတို့အားလုံးဟာ ဒဏ်ရာရနေပြီး အဆင်သင့်မဖြစ်ခဲ့ဘူး။ မနေ့က လေ့ကျင့်ရေးကိုလဲ သူတို့ထပ်ပြီးတော့ မဆင်းနိုင်ပြန်ဘူး။ ဒီနေ့တော့ နည်းနည်း ပြန်လုပ်နိုင်လာတယ်။ တနင်္ဂနွေနေ့ ပွဲစဉ်မှာ ပါလာဖို့ မနက်ဖြန် အခြေအနေ တိုးတက်နိုင်လားဆိုတာ ကျနော်မပြောချင်ပါဘူး။ တချို့တလေတော့ ကစားလို့ရနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ တချို့ကတော့ မရတာ သေချာပါတယ် ” လို့ ဆိုပါတယ်။

ဒဏ်ရာပြဿနာတွေ၊ ကြံ့ခိုင်မှုပိုင်း ထိုးနှက်ချက်တွေနဲ့ ပြည့်နေမယ်ဆိုရင်တောင် အင်္ဂလန်ဒါဘီကတော့ ကြမ်းတမ်းမယ်၊ ပြင်းထန်မယ်၊ နိုင်လိုစိတ်တွေကို ပြသကြမယ်။ ဒါကတော့ သေချာပါတယ်။ ဒီညမှာ တစ်သင်းကတော့ အနိုင်ရဖို့လိုပြီး ပရိသတ်တွေကလည်း သရေဆိုတဲ့ရလဒ်ကို အရံှူးလို ခါးသီးနေကြတော့မှာပါ။

Sports Home Time