ယူႏိုက္တက္က ေခၚယူလိုက္တဲ့ ဒန္နီရယ္ ဂ်ိမ္းစ္ဆိုတာ ဘယ္လိုကစားသမားမ်ိဳးလဲ

[Zawgyi] ယူႏုိက္တက္ကို ဒန္နီရယ္ဂ်ိမ္း ေရာက္ရွိလာခဲ့ျပီျဖစ္ပါတယ္။ သူ႔အတြက္ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၁၈ သန္းထိ ေရာက္ရွိမွာပါ။ ဒီေတာ့ အိုထရတ္ဖိုဒ့္ကို သူဘာေတြ သယ္ေဆာင္လာမွာလဲ၊ လာမယ့္ရာသီ မန္ေနဂ်ာ ဆိုးရွားရဲ႕ အစီအစဥ္ေတြမွာ သူဘာေတြ အကူအညီျဖစ္ေစမလဲ ေလ့လာၾကည့္ပါမယ္။

မႏွစ္က ေႏြရာသီမွာ ဂ်ိမ္းစ္ဟာ လိဂ္တူးကလပ္ Yeovil မွာ အငွါးကစားဖို႔ နီးစပ္ခဲ့ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံရွစ္မွာ တစ္ရာသီလံုး ကစားခြင့္ရခဲ့ခ်ိန္မွာေတာ့ နာမည္ရလာၿပီးေနာက္ လူႀကိဳက္ အမ်ားဆုံး လူငယ္ကစားသမားတစ္ေယာက္ ျဖစ္လာၿပီး အခု ကမာၻ႔အႀကီးဆုံးကလပ္တစ္ခုမွာ ကစားဖို႔ အခြင့္အေရး ရခဲ့ပါတယ္။

နည္းျပေဟာင္း ဂေရဟမ္ေပၚတာ ျပန္လည္ဖြဲ႕စည္းခဲ့တဲ့အသင္းမွာ ဂ်ိမ္းစ္ဟာ ေျခစြမ္းျပခဲ့ၿပီး အခြင့္အေရးကို အသုံးခ်ခဲ့ပါတယ္။ သူ႔ရဲ႕ေပါ့ပါးတဲ့ အရွိန္ကို ျပသခဲ့တဲ့ အက္ဖ္ေအဖလားက ဘရန္႔ဖို႔ဒ္နဲ႔ပြဲမွာ အံ့အားသင့္ဖြယ္ တစ္ကိုယ္ေတာ္ ႀကိဳးစားမႈအပါအဝင္ ၿပိဳင္ပြဲစုံ ၆ ဂိုး သြင္းယူခဲ့ပါတယ္။ သူ႔ရဲ႕ ေျပးႏႈန္းအရွိန္ကေတာ့ တကယ္ကို အံ့မခန္းပါပဲ။

အဲ့အျမန္ႏႈန္းဟာ ခ်န္ပီယံရွစ္မွာ တကယ့္ကို အဖိုးတန္အရည္အခ်င္း ျဖစ္ခဲ့တာပါ။ မႏွစ္က ဂ်ိမ္းစ္ဟာ မိနစ္ကိုးဆယ္အတြင္း တတိယအျမန္ဆုံး ကစားသမားျဖစ္ခဲ့ၿပီး ဒီအရွိန္ေၾကာင့္ ၿပိဳင္ဘက္ရဲ႕ ဂိုးဧရိယာအတြင္း အႏၲရာယ္ေပးႏိုင္ဆံုး ကစားသမားေတြထဲက တစ္ဦး ျဖစ္လာခဲ့တယ္။ သူ႔ရဲ႕ ဂိုးေပါက္ ျခိမ္းေျခာက္ႏုိင္မႈကလည္း ပိုတိုးတက္လာခဲ့ပါတယ္။

ခ်န္ပီယံရွစ္ရဲ႕ ၂၀၁၈-၂၀၁၉ ရာသီအတြင္း ပ်မ္းမွ် မိနစ္ ၉၀ အတြက္ ၿပိဳင္ဘက္ရဲ႕ ဂိုးဧရိယာမွာ သူ႔ထက္ပိုၿပီး ေဘာလုံးထိခ်က္ မ်ားတာဆိုလို႔ ေလးေယာက္သာရွိပါတယ္။ ဒီအခ်က္အလက္ေတြဟာ အိမ္ကြင္း ၁၉ ပြဲမွာ ၃၃ ဂိုးသာ သြင္းခဲ့ၿပီး ပရီးမီးယားလိဂ္ အဆင့္ ၆ သာ ရခဲ့တဲ့ စိတ္ပ်က္စရာ ရာသီၿပီးတဲ့ေနာက္ တိုက္စစ္ကစားသမား ေကာင္းေကာင္း ရွာေဖြေနတဲ့ ယူႏိုက္တက္ ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္ပါလိမ့္မယ္။

ယူႏိုက္တက္မွာ ေတာင္ပံတိုက္စစ္အတြက္ ဂ်ိမ္းစ္ဟာ လင္ဂတ္၊ မာရွယ္တို႔နဲ႔အတူ ၿပိဳင္ဆိုင္ႏိုင္လား?

စီနီယာေဘာလုံးေလာကမွာ တစ္ရာသီထဲ ကစားၿပီး ဒီလိုအဆင့္မွာကစားဖို႔ အဆင္သင့္ျဖစ္ၿပီလား?

စကိုင္းစေပါ့ရဲ႕ ခ်န္ပီယံရွစ္ေရားရာ ကြၽမ္းက်င္သူ ေဒးဗစ္ ပ႐ြတ္တန္ကေတာ့ ယုံၾကည္ေနပါတယ္။

” သူက ယူႏိုက္တက္ရဲ႕ လက္ရွိျပယုဂ္အတြက္ လုံေလာက္မႈရွိလား? မျဖစ္ႏိုင္စရာ မရွိပါဘူး။ သူ႔အေနနဲ႔ ေၾကာက္စရာမလိုပဲ အဲ့ဒီ့ကို သြားႏိုင္တယ္။ ဂ႐ုစိုက္စရာမလိုဘူးလို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူ႔ကိုယ္သူ ဘာလဲဆိုတာ ေဖာ္ျပႏိုင္တယ္။ သူ႔ကို ဆြမ္ဆီးမွာ နည္းျပ ဂေရဟမ္ေပၚတာက ေကာင္းေကာင္းနည္းျပခဲ့တယ္။ အခုခ်ိန္က သူ႔အေနနဲ႔ ပိုႀကီးမားတဲ့ အဆင့္မွာ ဘာလုပ္ႏိုင္တယ္ဆိုတာ ျပသဖို႔ အခြင့္အေရးပါ။

သူဟာ မႏွစ္က ယူႏိုက္တက္ ေတာင္ပံကစားသမားေတြရဲ႕ တူတူေလာက္ကို ျမန္ဆန္တဲ့ အဟုန္ရွိပါတယ္။ အဲ့မွာ သူဘာျဖစ္မလဲဆိုတာ ၾကည့္ရတာ စိတ္ဝင္စားစရာေကာင္းမွာပဲ။ ” လို႔ ပ႐ြတ္တန္က ေျပာခဲ့တာပါ။

ယူႏိုက္တက္ ေတာင္ပံကစားသမားေဟာင္း ဂစ္ကလဲ သူ႔ကို အရမ္းသေဘာက်ေနပါတယ္။ ေဝးလ္နည္းျပ ႐ိုင္ယန္ဂစ္ဟာ ႏိုဝင္ဘာ တုန္းက ဂ်ိမ္းစ္ကို ႏိုင္ငံပြဲဦးထြက္ ကစားေစခဲ့ပါတယ္။ မတ္လက ဆလိုဗားကီးယားကို ၁-၀ နဲ႔ ႏိုင္ခဲ့တဲ့ပြဲဟာ ဂ်ိမ္းစ္ရဲ႕ ဒုတိယေျမာက္ ပြဲျဖစ္ၿပီး အႏိုင္ဂိုး သြင္းယူခဲ့ပါတယ္။

” သူက ပါရမီရွင္ပါ။ ဒီလိုအရွိန္ျပင္းတဲ့ ကစားသမားမ်ိဴး ရထားရင္ ဘယ္အသင္းကိုပဲျဖစ္ျဖစ္ ၿခိမ္းေျခာက္ႏိုင္တယ္။ ေတာင္ပံကစားသမား တစ္ေယာက္အေနနဲ႔ တျခားအပိုင္းေတြကိုပါ တိုးတက္ဖို႔လိုတယ္။ သူလဲ အဲ့အတိုင္း လုပ္ေနတာပါပဲ။ ” လို႔ ဂစ္က ဆိုပါတယ္။

ဂ်ိမ္းစ္ဟာ ခ်ီးက်ဴးမႈမ်ားစြာ ရရွိထားတာပါ။ စီးတီးက အက္ဖ္ေအဖလားမွာ ဆြမ္ဆီးကို အႏိုင္ရၿပီးေနာက္ ဂြာဒီယိုလာကလဲ သူ႔ကို မယုံႏိုင္စရာ ေကာင္းေအာင္ ျမန္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ဧၿပီလတုန္းက စတုတ္နဲ႔ လိဂ္ပြဲတစ္ပြဲမွာ ဆြမ္ဆီးနည္းျပ ေပၚတာက ဂ်ိမ္းစ္ရဲ႕ ကစားပုံဟာ သူျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးပါလို႔ ဆိုခဲ့ပါတယ္။

အခုဆိုရင္ အရည္အေသြးရွိၿပီး ပါးနပ္တဲ့ ေတာင္ပံကစားသမားဟာ ပရီးမီးယားလိဂ္ကို စိတ္လႈပ္ရွားစရာ စြမ္းရည္ေတြ သယ္ေဆာင္ လာႏိုင္မလား ဆိုတာ အားလုံးက ေစာင့္ၾကည့္ေနၾကမွာပါ။

Sports Home Time

[Unicode] ယူနိုက်တက်ကို ဒန်နီရယ်ဂျိမ်း ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးက ပေါင် ၁၈ သန်းထိ ရောက်ရှိမှာပါ။ ဒီတော့ အိုထရတ်ဖိုဒ့်ကို သူဘာတွေ သယ်ဆောင်လာမှာလဲ၊ လာမယ့်ရာသီ မန်နေဂျာ ဆိုးရှားရဲ့ အစီအစဉ်တွေမှာ သူဘာတွေ အကူအညီဖြစ်စေမလဲ လေ့လာကြည့်ပါမယ်။

မနှစ်က နွေရာသီမှာ ဂျိမ်းစ်ဟာ လိဂ်တူးကလပ် Yeovil မှာ အငှါးကစားဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံရှစ်မှာ တစ်ရာသီလုံး ကစားခွင့်ရခဲ့ချိန်မှာတော့ နာမည်ရလာပြီးနောက် လူကြိုက် အများဆုံး လူငယ်ကစားသမားတစ်ယောက် ဖြစ်လာပြီး အခု ကမ္ဘာ့အကြီးဆုံးကလပ်တစ်ခုမှာ ကစားဖို့ အခွင့်အရေး ရခဲ့ပါတယ်။

နည်းပြဟောင်း ဂရေဟမ်ပေါ်တာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့အသင်းမှာ ဂျိမ်းစ်ဟာ ခြေစွမ်းပြခဲ့ပြီး အခွင့်အရေးကို အသုံးချခဲ့ပါတယ်။ သူ့ရဲ့ပေါ့ပါးတဲ့ အရှိန်ကို ပြသခဲ့တဲ့ အက်ဖ်အေဖလားက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အံ့အားသင့်ဖွယ် တစ်ကိုယ်တော် ကြိုးစားမှုအပါအဝင် ပြိုင်ပွဲစုံ ၆ ဂိုး သွင်းယူခဲ့ပါတယ်။ သူ့ရဲ့ ပြေးနှုန်းအရှိန်ကတော့ တကယ်ကို အံ့မခန်းပါပဲ။

အဲ့အမြန်နှုန်းဟာ ချန်ပီယံရှစ်မှာ တကယ့်ကို အဖိုးတန်အရည်အချင်း ဖြစ်ခဲ့တာပါ။ မနှစ်က ဂျိမ်းစ်ဟာ မိနစ်ကိုးဆယ်အတွင်း တတိယအမြန်ဆုံး ကစားသမားဖြစ်ခဲ့ပြီး ဒီအရှိန်ကြောင့် ပြိုင်ဘက်ရဲ့ ဂိုးဧရိယာအတွင်း အန္တရာယ်ပေးနိုင်ဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တယ်။ သူ့ရဲ့ ဂိုးပေါက် ခြိမ်းခြောက်နိုင်မှုကလည်း ပိုတိုးတက်လာခဲ့ပါတယ်။

ချန်ပီယံရှစ်ရဲ့ ၂၀၁၈-၂၀၁၉ ရာသီအတွင်း ပျမ်းမျှ မိနစ် ၉၀ အတွက် ပြိုင်ဘက်ရဲ့ ဂိုးဧရိယာမှာ သူ့ထက်ပိုပြီး ဘောလုံးထိချက် များတာဆိုလို့ လေးယောက်သာရှိပါတယ်။ ဒီအချက်အလက်တွေဟာ အိမ်ကွင်း ၁၉ ပွဲမှာ ၃၃ ဂိုးသာ သွင်းခဲ့ပြီး ပရီးမီးယားလိဂ် အဆင့် ၆ သာ ရခဲ့တဲ့ စိတ်ပျက်စရာ ရာသီပြီးတဲ့နောက် တိုက်စစ်ကစားသမား ကောင်းကောင်း ရှာဖွေနေတဲ့ ယူနိုက်တက် ပရိသတ်တွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။

ယူနိုက်တက်မှာ တောင်ပံတိုက်စစ်အတွက် ဂျိမ်းစ်ဟာ လင်ဂတ်၊ မာရှယ်တို့နဲ့အတူ ပြိုင်ဆိုင်နိုင်လား?

စီနီယာဘောလုံးလောကမှာ တစ်ရာသီထဲ ကစားပြီး ဒီလိုအဆင့်မှာကစားဖို့ အဆင်သင့်ဖြစ်ပြီလား?

စကိုင်းစပေါ့ရဲ့ ချန်ပီယံရှစ်ရေားရာ ကျွမ်းကျင်သူ ဒေးဗစ် ပရွတ်တန်ကတော့ ယုံကြည်နေပါတယ်။

” သူက ယူနိုက်တက်ရဲ့ လက်ရှိပြယုဂ်အတွက် လုံလောက်မှုရှိလား? မဖြစ်နိုင်စရာ မရှိပါဘူး။ သူ့အနေနဲ့ ကြောက်စရာမလိုပဲ အဲ့ဒီ့ကို သွားနိုင်တယ်။ ဂရုစိုက်စရာမလိုဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကိုယ်သူ ဘာလဲဆိုတာ ဖော်ပြနိုင်တယ်။ သူ့ကို ဆွမ်ဆီးမှာ နည်းပြ ဂရေဟမ်ပေါ်တာက ကောင်းကောင်းနည်းပြခဲ့တယ်။ အခုချိန်က သူ့အနေနဲ့ ပိုကြီးမားတဲ့ အဆင့်မှာ ဘာလုပ်နိုင်တယ်ဆိုတာ ပြသဖို့ အခွင့်အရေးပါ။

သူဟာ မနှစ်က ယူနိုက်တက် တောင်ပံကစားသမားတွေရဲ့ တူတူလောက်ကို မြန်ဆန်တဲ့ အဟုန်ရှိပါတယ်။ အဲ့မှာ သူဘာဖြစ်မလဲဆိုတာ ကြည့်ရတာ စိတ်ဝင်စားစရာကောင်းမှာပဲ။ ” လို့ ပရွတ်တန်က ပြောခဲ့တာပါ။

ယူနိုက်တက် တောင်ပံကစားသမားဟောင်း ဂစ်ကလဲ သူ့ကို အရမ်းသဘောကျနေပါတယ်။ ဝေးလ်နည်းပြ ရိုင်ယန်ဂစ်ဟာ နိုဝင်ဘာ တုန်းက ဂျိမ်းစ်ကို နိုင်ငံပွဲဦးထွက် ကစားစေခဲ့ပါတယ်။ မတ်လက ဆလိုဗားကီးယားကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ပွဲဟာ ဂျိမ်းစ်ရဲ့ ဒုတိယမြောက် ပွဲဖြစ်ပြီး အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။

” သူက ပါရမီရှင်ပါ။ ဒီလိုအရှိန်ပြင်းတဲ့ ကစားသမားမျိူး ရထားရင် ဘယ်အသင်းကိုပဲဖြစ်ဖြစ် ခြိမ်းခြောက်နိုင်တယ်။ တောင်ပံကစားသမား တစ်ယောက်အနေနဲ့ တခြားအပိုင်းတွေကိုပါ တိုးတက်ဖို့လိုတယ်။ သူလဲ အဲ့အတိုင်း လုပ်နေတာပါပဲ။ ” လို့ ဂစ်က ဆိုပါတယ်။

ဂျိမ်းစ်ဟာ ချီးကျူးမှုများစွာ ရရှိထားတာပါ။ စီးတီးက အက်ဖ်အေဖလားမှာ ဆွမ်ဆီးကို အနိုင်ရပြီးနောက် ဂွာဒီယိုလာကလဲ သူ့ကို မယုံနိုင်စရာ ကောင်းအောင် မြန်တယ်လို့ ချီးကျူးခဲ့ပါတယ်။ ဧပြီလတုန်းက စတုတ်နဲ့ လိဂ်ပွဲတစ်ပွဲမှာ ဆွမ်ဆီးနည်းပြ ပေါ်တာက ဂျိမ်းစ်ရဲ့ ကစားပုံဟာ သူမြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါလို့ ဆိုခဲ့ပါတယ်။

အခုဆိုရင် အရည်အသွေးရှိပြီး ပါးနပ်တဲ့ တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်ကို စိတ်လှုပ်ရှားစရာ စွမ်းရည်တွေ သယ်ဆောင် လာနိုင်မလား ဆိုတာ အားလုံးက စောင့်ကြည့်နေကြမှာပါ။

Sports Home Time