[Zawgyi] မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက အဲဗာတန္ပြဲၾကိဳ ေတြ႔ဆံုမႈမွာေတာ့ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လက္မွတ္ထိုးမႈ အသစ္ေတြ ျပဳလုပ္ဖို႔ရွိမလားဆိုတဲ့ သတင္းသမားေတြရဲ႕ ေမးခြန္းကို ပယ္ခ်ခဲ့ျပီး မည္သည့္ လႈပ္ရွားမႈမွ ရွိမွာ မဟုတ္ပါဘူးလို႔ ေျပာဆိုလာပါတယ္။
2016 မွာ မန္စီးတီးကို စတင္တာဝန္ယူျပီးကတည္းက စပိန္သားၾကီးဟာ အေျပာင္းအေရႊ႔ေတြမွာ အသံုးစရိတ္ ေပါင္ သန္း 500 ေလာက္ အသံုးျပဳထားပါျပီ။ ဒါေပမယ့္ ေသာၾကာေန႔က အင္တာဗ်ဴးမွာေတာ့ ေဆာင္းရာသီ အေျပာင္းအေရႊ႔မွာ ကစားသမားသစ္ ထပ္မံေခၚယူမႈေတြ ျပဳလုပ္မွာ မဟုတ္ပါဘူးလို႔ ဆုိပါတယ္။
ဇန္နဝါရီမွာ က်ေနာ္တို႔ လူေခၚယူမႈေတြ လုပ္သြားမွာ မဟုတ္ပါဘူး။ – ပပ္ဂြာဒီယိုလာ
ယခင္အပတ္က ပရီးမီးယားလိဂ္ျပိဳင္ဘက္ ခ်ယ္ဆီးအသင္းကို အေရးနိမ့္ခဲ့တဲ့ေနာက္ မန္စီးတီးဟာ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာကို ေရာက္ရွိသြားပါျပီ။ ဒါဟာ ဒီရာသီအတြက္ ပထမဆံုးအၾကိမ္ လိဂ္ပြဲ အေရးနိမ့္မႈလည္းျဖစ္ပါတယ္။ မန္စီးတီးအသင္းက ဒီအပတ္မွာ ယွဥ္ျပိဳင္ရမယ့္ အဲဗာတန္နဲ႔ပြဲမွာေတာ့ အႏိုင္ရဖို႔ စိတ္ပိုင္းျဖတ္ထားတယ္။ ဒါေပမယ့္လို႔ အဓိက ကစားသမားေတြျဖစ္တဲ့ အဂြယ္ရိုနဲ႔ ကြင္းလယ္ဖန္တီးရွင္ ဒီဘရိုင္းတို႔ေတာ့ ပါႏုိင္ဦးမွာ မဟုတ္ပါဘူး။
ဂြာဒီယိုလာက ” အဂြယ္ရိုက အသင္းရဲ႕ေနာက္ဆံုး ေလ့က်င့္ေရးႏွစ္ခုကို မပါထားပါဘူး။ သူက နာက်င္ျခင္းေတြ မရွိေတာ့ေပမယ့္ က်ေနာ္တို႔ ဆံုးျဖတ္ခ်က္ေတြေတာ့ လုပ္ရမွာပါ။ ဒီဘရိုင္းကလည္း အဂြယ္ရိုနဲ႔ အတူတူပါပဲ။ နာက်င္မႈ မရွိေတာ့ေပမယ့္ မနက္ျဖန္ ေလ့က်င့္ေရးမွာ ကစားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရပါမယ္ ” လို႔ အဓိက ကစားသမား ႏွစ္ဦးနဲ႔ ပက္သက္ျပီး ေျဖေပးပါတယ္။
လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ပြဲဟာ တနဂၤေႏြေန႔ ေနာက္က်ပြဲျဖစ္လို႔ မန္စီးတီးအသင္းရဲ႕ ရလဒ္က အရင္ထြက္မွာပါ။ ဒါေၾကာင့္ အဲဗာတန္ကို အႏိုင္ယူျပီး လိဂ္ကို တစ္ေက်ာ့ျပန္ ဦးေဆာင္ထားျခင္းက မန္စီးတီးအတြက္ အေသခ်ာဆံုး အေနအထားျဖစ္တယ္။ အဲဗာတန္ကလည္း မန္ေနဂ်ာသစ္ မာကိုစ့္ေဆးဗား လက္ေအာက္မွာ အေတာ္ေလး ပံုစံေကာင္းေနပါတယ္။ ဒါေပမယ့္ ေနာက္ဆံုး သံုးပြဲဆက္ကိုေတာ့ ႏိုင္ပြဲ ေပ်ာက္ဆံုးထားတာျဖစ္တယ္။
မာေဆးဆိုဒ္ကလပ္ဟာ 2014 ေနာက္ပိုင္း အီသီဟတ္မွာ အရံွဴးမရွိထားဘူး။ ယခင္အပတ္ ခ်ယ္ဆီးအသင္း သက္ေသျပခဲ့မႈအရ မန္စီးတီးဟာ အႏိုင္မယူႏိုင္တဲ့ အသင္းမဟုတ္တာကိုေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြ သိလာၾကပါျပီ။ ဒါေပမယ့္ အဆင့္ေလး ျပင္ပကလပ္ေတြအေနနဲ႔ေတာ့ အႏိုင္ရလဒ္ကို ေမွ်ာ္လင့္ႏိုင္ဖုိ႔က ခက္ခဲလို႔ေနဦးမွာျဖစ္ပါတယ္။
Sports Home Time

[Unicode] မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက အဲဗာတန်ပွဲကြို တွေ့ဆုံမှုမှာတော့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လက်မှတ်ထိုးမှု အသစ်တွေ ပြုလုပ်ဖို့ရှိမလားဆိုတဲ့ သတင်းသမားတွေရဲ့ မေးခွန်းကို ပယ်ချခဲ့ပြီး မည်သည့် လှုပ်ရှားမှုမှ ရှိမှာ မဟုတ်ပါဘူးလို့ ပြောဆိုလာပါတယ်။
2016 မှာ မန်စီးတီးကို စတင်တာဝန်ယူပြီးကတည်းက စပိန်သားကြီးဟာ အပြောင်းအရွှေ့တွေမှာ အသုံးစရိတ် ပေါင် သန်း 500 လောက် အသုံးပြုထားပါပြီ။ ဒါပေမယ့် သောကြာနေ့က အင်တာဗျူးမှာတော့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ထပ်မံခေါ်ယူမှုတွေ ပြုလုပ်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီမှာ ကျနော်တို့ လူခေါ်ယူမှုတွေ လုပ်သွားမှာ မဟုတ်ပါဘူး။ – ပပ်ဂွာဒီယိုလာ
ယခင်အပတ်က ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့နောက် မန်စီးတီးဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရောက်ရှိသွားပါပြီ။ ဒါဟာ ဒီရာသီအတွက် ပထမဆုံးအကြိမ် လိဂ်ပွဲ အရေးနိမ့်မှုလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းက ဒီအပတ်မှာ ယှဉ်ပြိုင်ရမယ့် အဲဗာတန်နဲ့ပွဲမှာတော့ အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒါပေမယ့်လို့ အဓိက ကစားသမားတွေဖြစ်တဲ့ အဂွယ်ရိုနဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းတို့တော့ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။
ဂွာဒီယိုလာက ” အဂွယ်ရိုက အသင်းရဲ့နောက်ဆုံး လေ့ကျင့်ရေးနှစ်ခုကို မပါထားပါဘူး။ သူက နာကျင်ခြင်းတွေ မရှိတော့ပေမယ့် ကျနော်တို့ ဆုံးဖြတ်ချက်တွေတော့ လုပ်ရမှာပါ။ ဒီဘရိုင်းကလည်း အဂွယ်ရိုနဲ့ အတူတူပါပဲ။ နာကျင်မှု မရှိတော့ပေမယ့် မနက်ဖြန် လေ့ကျင့်ရေးမှာ ကစားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ် ” လို့ အဓိက ကစားသမား နှစ်ဦးနဲ့ ပက်သက်ပြီး ဖြေပေးပါတယ်။
လီဗာပူးနဲ့ ယူနိုက်တက်တို့ပွဲဟာ တနင်္ဂနွေနေ့ နောက်ကျပွဲဖြစ်လို့ မန်စီးတီးအသင်းရဲ့ ရလဒ်က အရင်ထွက်မှာပါ။ ဒါကြောင့် အဲဗာတန်ကို အနိုင်ယူပြီး လိဂ်ကို တစ်ကျော့ပြန် ဦးဆောင်ထားခြင်းက မန်စီးတီးအတွက် အသေချာဆုံး အနေအထားဖြစ်တယ်။ အဲဗာတန်ကလည်း မန်နေဂျာသစ် မာကိုစ့်ဆေးဗား လက်အောက်မှာ အတော်လေး ပုံစံကောင်းနေပါတယ်။ ဒါပေမယ့် နောက်ဆုံး သုံးပွဲဆက်ကိုတော့ နိုင်ပွဲ ပျောက်ဆုံးထားတာဖြစ်တယ်။
မာဆေးဆိုဒ်ကလပ်ဟာ 2014 နောက်ပိုင်း အီသီဟတ်မှာ အရံှူးမရှိထားဘူး။ ယခင်အပတ် ချယ်ဆီးအသင်း သက်သေပြခဲ့မှုအရ မန်စီးတီးဟာ အနိုင်မယူနိုင်တဲ့ အသင်းမဟုတ်တာကိုတော့ ပရီးမီးယားလိဂ်ကလပ်တွေ သိလာကြပါပြီ။ ဒါပေမယ့် အဆင့်လေး ပြင်ပကလပ်တွေအနေနဲ့တော့ အနိုင်ရလဒ်ကို မျှော်လင့်နိုင်ဖို့က ခက်ခဲလို့နေဦးမှာဖြစ်ပါတယ်။
Sports Home Time
