ကေလးဘဝက ခ်ယ္ဆီးအသင္းနဲ႔ အမွတ္တရေကာင္းေတြ ရွိခဲ့ေၾကာင္း ျပန္ေျပာျပလာတဲ့ ပူလာဆစ္

[Zawgyi] ခ်ယ္ဆီးအသင္း ရင္ဆုိင္ေနရတဲ့ အခက္အခဲေတြေၾကာင့္ ပူလာဆစ္ဟာ သူ႔ရဲ႕ ခြင့္ရက္ေတြကို ျပန္စဥ္းစားျပီး သက္မွတ္ထားတဲ့ ခြင့္ရက္ေတြထက္ ေလ်ာ့ယူဖြယ္ရွိတယ္လို႔ သိလာရတာျဖစ္တယ္။

လက္ရွိမွာ အေမရိကန္အသင္းနဲ႔ ကြန္ကာကက္ဖ္ ေရႊဖလားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ျပိဳင္ေနေပမယ့္ နားရက္ကို ခပ္ျမန္ျမန္ပဲ အဆံုးသတ္ျပီးေနာက္ ခ်ယ္ဆီးက ဂ်ပန္ကို တစ္ပတ္ၾကာ ရာသီၾကိဳခရီးစဥ္ သြားေရာက္ဖုိ႔လည္း ရွိေနျပီး အဆိုပါ ခရီးစဥ္မွာ ပူလာဆစ္ လုိက္ပါသြားဖြယ္ ရွိေနပါတယ္။

ပူလာဆစ္က ခ်ယ္ဆီးအသင္းဝဘ္ဆိုဒ္ကို ျပီးခဲ့တဲ့လမွာ ထုတ္ေျပာခဲ့တာက သူဟာ ခ်ယ္ဆီးနဲ႔ အမွတ္တရေတြ ရွိခဲ့ေၾကာင္းလည္း ပါဝင္တယ္။ ေအာက္စ္ဖို႔ဒ္နားက တက္ခ္ေလဆိုတဲ့ ရြာငယ္ေလးမွာ ခဏတာေနခဲ့ၿပီး ခုနစ္ႏွစ္အရြယ္မွာ ဘရက္ခ္ေလ အသင္းအတြက္ ကစားခဲ့ဖူးကာ ပူလီဆစ္ဟာ လန္ဒန္နဲ႔ မ်က္ႏွာစိမ္းျဖစ္ပါတယ္။ ဒါေပမယ့္လဲ ဖခင္ျဖစ္သူ မက္ခ္နဲ႔ ခ်ယ္ဆီးပြဲၾကည့္ဖို႔ စတန္းဖို႔ဒ္ဘရစ္ခ်္ကို လာခဲ့ၿပီး လမ္းပတ္နဲ႔ ဒေရာ့ဘာတို႔ကို ၾကည့္ခဲ့ရတာကို ျပန္မွတ္မိေနပါတယ္။

” လန္ဒန္အေၾကာင္း က်ေနာ္ ေသခ်ာမသိဘူး။ ဒါေၾကာင့္ အဲ့သည္တုန္းက လန္ဒန္ကို လာခဲ့ရတာက သိမွတ္စရာေတြက အမ်ားႀကီးပဲဗ်။ ေလ့က်င့္ေရးကြင္းကို သြားလည္ၿပီး လူတခ်ိဳ႕နဲ႔ ေတြ႔ႏိုင္ခဲ့တယ္။ အဲ့ဒါက ေပ်ာ္စရာေကာင္းတဲ့ရက္ေတြ ျဖစ္ခဲ့ပါတယ္။

ဘရက္ခ္ေလမွာ က်ေနာ္တို႔ဟာ တကယ္အင္အားေတာင့္တဲ့ အသင္းကို ပိုင္ဆိုင္ခဲ့တာပဲ။ ျပိဳင္ပြဲတခ်ိဳ႕မွာ အႏိုင္ရခဲ့တာကို မွတ္မိေနေသးတယ္။ က်ေနာ္က အေကာင္းဆံုးဆုတံဆိပ္ကို ရခဲ့တယ္။ အဲ့အတြက္ အရမ္းဂုဏ္ယူခဲ့တယ္။ အဲ့ဒါက က်ေနာ့္ရဲ႕ အႀကီးမားဆံုး ေအာင္ျမင္မႈလို ျဖစ္ခဲ့တာေလ။ က်ေနာ္ ငယ္ငယ္တုန္းက ဆုဖလားမရခဲ့ရင္ စိတ္ဆိုးေဒါသျဖစ္ခဲ့တာဗ် ” လို႔ ေျပာခဲ့ပါတယ္။

လူငယ္ကစားသမားဘဝမွာ သူ႔အတြက္ လွံု႔ေဆာ္မႈေပးခဲ့တဲ့ ကစားသမားေတြကို ေျပာျပရာမွာ ေဖ်ာ္ေျဖမႈေပးဖို႔ ပူလီဆစ္ရဲ႕ စိတ္အားထက္သန္မႈကို ျမင္သာပါတယ္။

” အဓိကကစားသမားေတြကေတာ့ လူးဝစ္ဖီဂို၊ ေရာ္နယ္ဒင္ဟိုနဲ႔ ဇနက္ဒင္း ဇီဒန္းတို႔ျဖစ္ခဲ့ပါတယ္။ သူတို႔က ကစားပြဲေတြကို ခ်စ္တယ္။ သူတို႔ ကစားတာကိုၾကည့္ရတာ ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ ေဖ်ာ္ေျဖမႈေပးတယ္။ တိုက္စစ္ဆင္ကစားပံုက ေဘာလံုးရသေျမာက္ပါတယ္။ ” လို႔ ေျပာခဲ့ပါတယ္။

အေမရိကန္နဲ႔အတူ ကြန္ကာကက္ဖ္ ေရႊဖလားၿပိဳင္ပြဲမွာ ပါဝင္ရမွာေၾကာင့္ ခ်ယ္ဆီးရဲ႕ ရာသီႀကိဳျပင္ဆင္မႈ အစကို ပူလီဆစ္က လြဲေခ်ာ္ရမွာပါ။ ဒါေပမယ့္ ေနာက္ရာသီ အစမွာ အဆင္သင့္ျဖစ္လိမ့္မယ္လို႔ သူက ယံုၾကည္မႈ ႐ွိေနပါတယ္။

” ဂ်ာမနီမွာ က်ေနာ့္ရာသီက ၿပီးသြားၿပီဗ်။ ဒါေၾကာင့္ ေရႊဖလားၿပိဳင္ပြဲမတိုင္ခင္ က်ေနာ္ အားလပ္ရက္ နည္းနည္းရမွာျဖစ္ၿပီး အဲ့ေနာက္မွာေတာ့ ပရီးမီးယားလိဂ္ ရာသီအစအတြက္ အဆင္သင့္ျဖစ္ေနပါလိမ့္မယ္။ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးအသင်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြောင့် ပူလာဆစ်ဟာ သူ့ရဲ့ ခွင့်ရက်တွေကို ပြန်စဉ်းစားပြီး သက်မှတ်ထားတဲ့ ခွင့်ရည်တွေထက် လျော့ယူဖွယ်ရှိတယ်လို့ သိလာရတာဖြစ်တယ်။

လက်ရှိမှာ အမေရိကန်အသင်းနဲ့ ကွန်ကာကက်ဖ် ရွှေဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေပေမယ့် နားရက်ကို ခပ်မြန်မြန်ပဲ အဆုံးသတ်ပြီးနောက် ချယ်ဆီးက ဂျပန်ကို တစ်ပတ်ကြာ ရာသီကြိုခရီးစဉ် သွားရောက်ဖို့လည်း ရှိနေပြီး အဆိုပါ ခရီးစဉ်မှာ ပူလာဆစ် လိုက်ပါသွားဖွယ် ရှိနေပါတယ်။

ပူလာဆစ်က ချယ်ဆီးအသင်းဝဘ်ဆိုဒ်ကို ပြီးခဲ့တဲ့လမှာ ထုတ်ပြောခဲ့တာက သူဟာ ချယ်ဆီးနဲ့ အမှတ်တရတွေ ရှိခဲ့ကြောင်းလည်း ပါဝင်တယ်။ အောက်စ်ဖို့ဒ်နားက တက်ခ်လေဆိုတဲ့ ရွာငယ်လေးမှာ ခဏတာနေခဲ့ပြီး ခုနစ်နှစ်အရွယ်မှာ ဘရက်ခ်လေ အသင်းအတွက် ကစားခဲ့ဖူးကာ ပူလီဆစ်ဟာ လန်ဒန်နဲ့ မျက်နှာစိမ်းဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဖခင်ဖြစ်သူ မက်ခ်နဲ့ ချယ်ဆီးပွဲကြည့်ဖို့ စတန်းဖို့ဒ်ဘရစ်ချ်ကို လာခဲ့ပြီး လမ်းပတ်နဲ့ ဒရော့ဘာတို့ကို ကြည့်ခဲ့ရတာကို ပြန်မှတ်မိနေပါတယ်။

” လန်ဒန်အကြောင်း ကျနော် သေချာမသိဘူး။ ဒါကြောင့် အဲ့သည်တုန်းက လန်ဒန်ကို လာခဲ့ရတာက သိမှတ်စရာတွေက အများကြီးပဲဗျ။ လေ့ကျင့်ရေးကွင်းကို သွားလည်ပြီး လူတချို့နဲ့ တွေ့နိုင်ခဲ့တယ်။ အဲ့ဒါက ပျော်စရာကောင်းတဲ့ရက်တွေ ဖြစ်ခဲ့ပါတယ်။

ဘရက်ခ်လေမှာ ကျနော်တို့ဟာ တကယ်အင်အားတောင့်တဲ့ အသင်းကို ပိုင်ဆိုင်ခဲ့တာပဲ။ ပြိုင်ပွဲတချို့မှာ အနိုင်ရခဲ့တာကို မှတ်မိနေသေးတယ်။ ကျနော်က အကောင်းဆုံးဆုတံဆိပ်ကို ရခဲ့တယ်။ အဲ့အတွက် အရမ်းဂုဏ်ယူခဲ့တယ်။ အဲ့ဒါက ကျနော့်ရဲ့ အကြီးမားဆုံး အောင်မြင်မှုလို ဖြစ်ခဲ့တာလေ။ ကျနော် ငယ်ငယ်တုန်းက ဆုဖလားမရခဲ့ရင် စိတ်ဆိုးဒေါသဖြစ်ခဲ့တာဗျ ” လို့ ပြောခဲ့ပါတယ်။

လူငယ်ကစားသမားဘဝမှာ သူ့အတွက် လှုံ့ဆော်မှုပေးခဲ့တဲ့ ကစားသမားတွေကို ပြောပြရာမှာ ဖျော်ဖြေမှုပေးဖို့ ပူလီဆစ်ရဲ့ စိတ်အားထက်သန်မှုကို မြင်သာပါတယ်။

” အဓိကကစားသမားတွေကတော့ လူးဝစ်ဖီဂို၊ ရော်နယ်ဒင်ဟိုနဲ့ ဇနက်ဒင်း ဇီဒန်းတို့ဖြစ်ခဲ့ပါတယ်။ သူတို့က ကစားပွဲတွေကို ချစ်တယ်။ သူတို့ ကစားတာကိုကြည့်ရတာ ရိုးရိုးရှင်းရှင်းနဲ့ ဖျော်ဖြေမှုပေးတယ်။ တိုက်စစ်ဆင်ကစားပုံက ဘောလုံးရသမြောက်ပါတယ်။ ” လို့ ပြောခဲ့ပါတယ်။

အမေရိကန်နဲ့အတူ ကွန်ကာကက်ဖ် ရွှေဖလားပြိုင်ပွဲမှာ ပါဝင်ရမှာကြောင့် ချယ်ဆီးရဲ့ ရာသီကြိုပြင်ဆင်မှု အစကို ပူလီဆစ်က လွဲချော်ရမှာပါ။ ဒါပေမယ့် နောက်ရာသီ အစမှာ အဆင်သင့်ဖြစ်လိမ့်မယ်လို့ သူက ယုံကြည်မှု ရှိနေပါတယ်။

” ဂျာမနီမှာ ကျနော့်ရာသီက ပြီးသွားပြီဗျ။ ဒါကြောင့် ရွှေဖလားပြိုင်ပွဲမတိုင်ခင် ကျနော် အားလပ်ရက် နည်းနည်းရမှာဖြစ်ပြီး အဲ့နောက်မှာတော့ ပရီးမီးယားလိဂ် ရာသီအစအတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Sports Home Time