ျပင္သစ္လက္ေရြးစင္အသင္းမွာ ခ်န္လွပ္ခံရတဲ့ အာဆင္နယ္ အေကာင္းဆံုး ကစားသမား

[Zawgyi] ဒီဒီယာ ဒတ္ခ်န္႕က လာမယ့္ ယူရို ၂၀၂၀ ေျခစစ္ပြဲစဥ္မ်ားအတြက္ ျပင္သစ္လက္ေရြးစင္ အသင္း လူစာရင္းကို ေရြးခ်ယ္ ေၾကျငာလိုက္ရာ အံ့အားသင့္စရာ ခ်န္လွပ္မႈေတြ ပါ၀င္ခဲ့ပါတယ္။ အဲဒီထဲမွာ အထူးသျဖင့္ကေတာ့ အာဆင္နယ္အသင္းမွာ တစ္နွစ္တာ အေကာင္းဆံုးကစားသမား ဆု ပူပူေႏြေႏြး ရထားတဲ့ တိုက္စစ္မွဴး လာကာဇက္တီ ခ်န္လွပ္ ခံခဲ့ရတာက အသိသာဆံုး ျဖစ္ေနပါတယ္။

လာကာဇက္တီေနရာ အေထာင္တိုက္စစ္မွဴး အတြက္ ေရြးခ်ယ္ခံခဲ့ရတာက ဆီဗီလာမွ ၀စ္ဆန္ ဘန္ရက္ဒါနဲ႕ ခ်ယ္ဆီးမွ အိုလီဗာ ဂ်ီရူးတို႔ ျဖစ္ပါတယ္။ လာကာဇက္တီက ဒီရာသီမွာ အာဆင္နယ္အတြက္ ျပိဳင္ပြဲစံု ၁၉ ဂိုးသြင္း ၁၃ ၾကိမ္ ဂိုးေထာက္ပံ့မႈ ျပဳလုပ္ကာ ဂန္းနားေတြကို ယူရိုပါလိဂ္ ဗိုလ္လုပြဲေရာက္ေအာင္ ကူညီေပးခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒတ္ခ်န္႔ရဲ႕အသင္းမွာေတာ့ ခ်န္လွပ္ခံရဆဲပါ။

ေနာက္ထပ္ ထူးမျခားနား ခ်န္ခဲ့ ခံရတာကေတာ့ မန္စီးတီး ဗဟိုခံစစ္မွဴး လာေပၚေတး ျဖစ္ျပီး ၄င္းကေတာ့ ဒတ္ခ်န္႔ရဲ႕ ခ်န္ျခင္း အျမဲလိုလို ခံရသူ ျဖစ္ပါတယ္။

ဒတ္ခ်န္႔ ေရြးခ်ယ္ထားတဲ့ ၂၃ ေယာက္ ျပင္သစ္ အသင္း လူစာရင္း က ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

Goalkeepers : Alphonse Areola (PSG), Benjamin Lecomte (Montpellier), Hugo Lloris (Tottenham), Mike Maignan (Lille)

Defenders : Lucas Digne (Everton), Clement Lenglet (Barcelona) Ferland Mendy (Lyon), Benjamin Pavard (Stuttgart), Leo Dubois (Lyon), Raphael Varane (Real Madrid), Samuel Umtiti (FC Barcelona), Kurt Zouma (Everton)

Midfielders : N’Golo Kante (Chelsea), Blaise Matuidi (Juventus), Tanguy Ndombele (Lyon), Paul Pogba (Manchester United), Moussa Sissoko (Tottenham)

Forwards : Wissam Ben Yedder (Sevilla), Kingsley Coman (Bayern Munich), Olivier Giroud (Chelsea), Antoine Griezmann (Atletico Madrid), Kylian Mbappe (PSG), Florian Thauvin (Marseille)

ျပင္သစ္အသင္းဟာ ယူရို ေျခစစ္ပြဲ အျဖစ္ တူရကီ၊ အန္ဒိုရာတို႔နဲ႕ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ျပီး ထိုပြဲ မတိုင္ခင္ ဘိုလီဗီးယားနဲ႕ ေျခစမ္းပြဲ ကစားဖို႔ ရွိပါတယ္။

Sports Home Time

[Unicode] ဒီဒီယာ ဒတ်ချန့်က လာမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်များအတွက် ပြင်သစ်လက်ရွေးစင် အသင်း လူစာရင်းကို ရွေးချယ် ကြေငြာလိုက်ရာ အံ့အားသင့်စရာ ချန်လှပ်မှုတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီထဲမှာ အထူးသဖြင့်ကတော့ အာဆင်နယ်အသင်းမှာ တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆု ပူပူနွေနွေး ရထားတဲ့ တိုက်စစ်မှူး လာကာဇက်တီ ချန်လှပ် ခံခဲ့ရတာက အသိသာဆုံး ဖြစ်နေပါတယ်။

လာကာဇက်တီနေရာ အထောင်တိုက်စစ်မှူး အတွက် ရွေးချယ်ခံခဲ့ရတာက ဆီဗီလာမှ ဝစ်ဆန် ဘန်ရက်ဒါနဲ့ ချယ်ဆီးမှ အိုလီဗာ ဂျီရူးတို့ ဖြစ်ပါတယ်။ လာကာဇက်တီက ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၉ ဂိုးသွင်း ၁၃ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ကာ ဂန်းနားတွေကို ယူရိုပါလိဂ် ဗိုလ်လုပွဲရောက်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒတ်ချန့်ရဲ့အသင်းမှာတော့ ချန်လှပ်ခံရဆဲပါ။

နောက်ထပ် ထူးမခြားနား ချန်ခဲ့ ခံရတာကတော့ မန်စီးတီး ဗဟိုခံစစ်မှူး လာပေါ်တေး ဖြစ်ပြီး ၎င်းကတော့ ဒတ်ချန့်ရဲ့ ချန်ခြင်း အမြဲလိုလို ခံရသူ ဖြစ်ပါတယ်။

ဒတ်ချန့် ရွေးချယ်ထားတဲ့ ၂၃ ယောက် ပြင်သစ် အသင်း လူစာရင်း က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Goalkeepers : Alphonse Areola (PSG), Benjamin Lecomte (Montpellier), Hugo Lloris (Tottenham), Mike Maignan (Lille)

Defenders : Lucas Digne (Everton), Clement Lenglet (Barcelona) Ferland Mendy (Lyon), Benjamin Pavard (Stuttgart), Leo Dubois (Lyon), Raphael Varane (Real Madrid), Samuel Umtiti (FC Barcelona), Kurt Zouma (Everton)

Midfielders : N’Golo Kante (Chelsea), Blaise Matuidi (Juventus), Tanguy Ndombele (Lyon), Paul Pogba (Manchester United), Moussa Sissoko (Tottenham)

Forwards : Wissam Ben Yedder (Sevilla), Kingsley Coman (Bayern Munich), Olivier Giroud (Chelsea), Antoine Griezmann (Atletico Madrid), Kylian Mbappe (PSG), Florian Thauvin (Marseille)

ပြင်သစ်အသင်းဟာ ယူရို ခြေစစ်ပွဲ အဖြစ် တူရကီ၊ အန်ဒိုရာတို့နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ထိုပွဲ မတိုင်ခင် ဘိုလီဗီးယားနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိပါတယ်။

Sports Home Time