မန္စီးတီး ခ်န္ပီယံလိဂ္ပယ္ခံရရင္ အစားဝင္ဖို႔ရာ အဆံုးအျဖတ္ကို အက္ဖ္ေအက လုပ္ေပးရမည္

မန္စီးတီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ပိတ္ခံရဖို႔ နီးစပ္လာခဲ့လို႔ အဂၤလန္လိဂ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ပက္သက္ျပီး ေမးခြန္းထုတ္ခံရမႈက က်ယ္ျပန္႔ေနခဲ့ပါတယ္။ အခုေတာ့ The Times က ေဖာ္ျပလာတဲ့ စိတ္ဝင္စားဖြယ္ရာ သတင္းတစ္ခုကို သိရပါျပီ။

မန္စီးတီးဟာ FFP စည္းမ်ဥ္းကို ေဖာက္ဖ်က္ခဲ့လို႔ ဥေရာပဝင္ခြင့္ ပိတ္ခံရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနရျပီး ယူအီးအက္ဖ္ေအဘက္ကေတာ့ လုပ္ထံုးလုပ္နည္းအရ စစ္ေဆးမႈေတြကို အရင္အပတ္က လုပ္ထားခဲ့ျပီျဖစ္ပါတယ္။ ယူအီးအက္ဖ္ေအဘက္က အတည္ျပဳထားရာမွာေတာ့ မန္စီးတီးကို ခ်န္ပီယံလိဂ္ကေန ထုတ္ပယ္ခဲ့ရင္ေတာင္ အဂၤလန္လိဂ္ကို ပံုမွန္ေပးေနက် ခ်န္ပီယံလိဂ္ဝင္ခြင့္ ေလးေနရာထိ ခြင့္ျပဳေပးသြားမွာျဖစ္ပါတယ္။

မန္စီးတီးဟာ ဒီရာသီ ျပည္တြင္းဖလားအားလံုးကို အႏုိင္ရထားျပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္လည္း ပိုင္ဆိုင္ထားေသးတာပါ။ လာမယ့္ရာသီမွာ မန္စီးတီး ခ်န္ပီယံလိဂ္ကေန ထုတ္ပယ္ခံရမယ္ဆိုရင္ အဂၤလန္က ဘယ္လိုအသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ ေပးမလဲဆိုတာက လုပ္ထံုးလုပ္နည္း သီးသန္႔မရွိပဲ အဂၤလန္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေလးေနရာစာကို အက္ဖ္ေအဘက္က သေဘာအတုိင္း အဆံုးအျဖတ္ ေပးမွာျဖစ္တယ္။

အက္ဖ္ေအကေတာ့ ျပည္တြင္း လိဂ္ဖလားေတြျဖစ္တဲ့ အက္ဖ္ေအနဲ႔ ကာရာေဘာင္းကို အႏုိင္ရထားတဲ့ အသင္းက မန္စီးတီးျဖစ္လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အား လိဂ္ဖလားေတြထက္ အမွတ္ေပးလိဂ္က အဆင့္ရပ္တည္မႈအရပဲ ဆံုးျဖတ္ေပးမွာျဖစ္ျပီး အဆင့္ငါးအသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ တုိက္ရိုက္ရမွာျဖစ္ပါတယ္။ ဒီေနရာမွာ အျခားေသာ ခၽြင္းခ်က္အေနအထားကိုလည္း အက္ဖ္ေအကပဲ ဆံုးျဖတ္ေပးသြားရမွာျဖစ္တယ္။

အဂၤလန္အသင္းေတြထဲက ခ်ယ္ဆီး၊ လီဗာပူးနဲ႔ ယူႏုိက္တက္တုိ႔ဟာ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ေတြကို အႏုိင္ရခဲ့ျပီး အဆင့္ေလးေအာက္မွာပဲ ရပ္တည္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ေတြ ရရွိခဲ့ၾကဖူးတယ္။ အဆိုပါ ႏွစ္ေတြတုန္းက ျခားနားတဲ့ စနစ္ေတြအရ အမွတ္ေပးဇယား ရပ္တည္မႈက အဆင့္ေလးအသင္းေတြဟာ ခ်န္ပီယံလိဂ္ ေျခစစ္ပြဲဝင္ခြင့္ေတြကို လက္လြတ္ေပးခဲ့ရပါတယ္။ ဒါေပမယ့္လို႔ အျခား အဂၤလန္ကလပ္ေတြထဲမွာေတာ့ အဆင့္ငါးအျဖစ္ကေန ခ်န္ပီယံလိဂ္ တိုက္ရိုက္ဝင္ခြင့္ရျခင္းမ်ိဳး တစ္ၾကိမ္မွ မရွိထားပါဘူး။

အဂၤလန္အသင္းေတြထဲမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ပက္သက္လို႔ကေတာ့ ယူအီးအက္ဖ္ေအက အက္ဖ္ေအစိတ္တုိင္းက်လုပ္ခြင့္ ေပးမွာျဖစ္တယ္။ အက္ဖ္ေအဟာ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ဝင္ခြင့္အတြက္ သက္မွတ္ေပးရာမွာ အျခားေသာ လိဂ္ေတြနဲ႔ အနည္းငယ္ ကြဲျပားမႈေတြရွိျပီး ဒီရာသီ အက္ဖ္ေအဖလားကို မန္စီးတီး အႏုိင္ရျခင္းေၾကာင့္ ယူရိုပါလိဂ္ တစ္ေနရာစာကို အဆင့္ 7 မွ ဝုဗ္အသင္းက လြဲေျပာင္းရရွိထားပါတယ္။

မန္စီးတီးရဲ႕ FFP စည္းမ်ဥ္းခ်ိဳးေဖာက္မႈကို ဆံုးျဖတ္ေပးဖို႔ရာ ရက္သက္မွတ္ေပးျခင္း မရွိေပမယ့္ မန္စီးတီးကေတာ့ လိုအပ္ရင္ အယူခံဝင္ဖုိ႔ အစီအစဥ္ေတြ လုပ္ထားခဲ့တယ္။ ဒါေၾကာင့္ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ကေန ထုတ္ပယ္တဲ့ ျပစ္ဒဏ္ေတြကို လုပ္ႏုိင္ဖြယ္ မရွိဘူးလို႔ေတာ့ သိထားရပါတယ္။

Sports Home Time

[Unicode] မန်စီးတီး ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ခံရဖို့ နီးစပ်လာခဲ့လို့ အင်္ဂလန်လိဂ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခံရမှုက ကျယ်ပြန့်နေခဲ့ပါတယ်။ အခုတော့ The Times က ဖော်ပြလာတဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတစ်ခုကို သိရပါပြီ။

မန်စီးတီးဟာ FFP စည်းမျဉ်းကို ဖောက်ဖျက်ခဲ့လို့ ဥရောပဝင်ခွင့် ပိတ်ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီး ယူအီးအက်ဖ်အေဘက်ကတော့ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးမှုတွေကို အရင်အပတ်က လုပ်ထားခဲ့ပြီဖြစ်ပါတယ်။ ယူအီးအက်ဖ်အေဘက်က အတည်ပြုထားရာမှာတော့ မန်စီးတီးကို ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခဲ့ရင်တောင် အင်္ဂလန်လိဂ်ကို ပုံမှန်ပေးနေကျ ချန်ပီယံလိဂ်ဝင်ခွင့် လေးနေရာထိ ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီရာသီ ပြည်တွင်းဖလားအားလုံးကို အနိုင်ရထားပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်လည်း ပိုင်ဆိုင်ထားသေးတာပါ။ လာမယ့်ရာသီမှာ မန်စီးတီး ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခံရမယ်ဆိုရင် အင်္ဂလန်က ဘယ်လိုအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ပေးမလဲဆိုတာက လုပ်ထုံးလုပ်နည်း သီးသန့်မရှိပဲ အင်္ဂလန်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လေးနေရာစာကို အက်ဖ်အေဘက်က သဘောအတိုင်း အဆုံးအဖြတ် ပေးမှာဖြစ်တယ်။

အက်ဖ်အေကတော့ ပြည်တွင်း လိဂ်ဖလားတွေဖြစ်တဲ့ အက်ဖ်အေနဲ့ ကာရာဘောင်းကို အနိုင်ရထားတဲ့ အသင်းက မန်စီးတီးဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်အား လိဂ်ဖလားတွေထက် အမှတ်ပေးလိဂ်က အဆင့်ရပ်တည်မှုအရပဲ ဆုံးဖြတ်ပေးမှာဖြစ်ပြီး အဆင့်ငါးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ရိုက်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အခြားသော ချွင်းချက်အနေအထားကိုလည်း အက်ဖ်အေကပဲ ဆုံးဖြတ်ပေးသွားရမှာဖြစ်တယ်။

အင်္ဂလန်အသင်းတွေထဲက ချယ်ဆီး၊ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေကို အနိုင်ရခဲ့ပြီး အဆင့်လေးအောက်မှာပဲ ရပ်တည်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်တွေ ရရှိခဲ့ကြဖူးတယ်။ အဆိုပါ နှစ်တွေတုန်းက ခြားနားတဲ့ စနစ်တွေအရ အမှတ်ပေးဇယား ရပ်တည်မှုက အဆင့်လေးအသင်းတွေဟာ ချန်ပီယံလိဂ် ခြေစစ်ပွဲဝင်ခွင့်တွေကို လက်လွတ်ပေးခဲ့ရပါတယ်။ ဒါပေမယ့်လို့ အခြား အင်္ဂလန်ကလပ်တွေထဲမှာတော့ အဆင့်ငါးအဖြစ်ကနေ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရခြင်းမျိုး တစ်ကြိမ်မှ မရှိထားပါဘူး။

အင်္ဂလန်အသင်းတွေထဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပက်သက်လို့ကတော့ ယူအီးအက်ဖ်အေက အက်ဖ်အေစိတ်တိုင်းကျလုပ်ခွင့် ပေးမှာဖြစ်တယ်။ အက်ဖ်အေဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်အတွက် သက်မှတ်ပေးရာမှာ အခြားသော လိဂ်တွေနဲ့ အနည်းငယ် ကွဲပြားမှုတွေရှိပြီး ဒီရာသီ အက်ဖ်အေဖလားကို မန်စီးတီး အနိုင်ရခြင်းကြောင့် ယူရိုပါလိဂ် တစ်နေရာစာကို အဆင့် 7 မှ ဝုဗ်အသင်းက လွဲပြောင်းရရှိထားပါတယ်။

မန်စီးတီးရဲ့ FFP စည်းမျဉ်းချိုးဖောက်မှုကို ဆုံးဖြတ်ပေးဖို့ရာ ရက်သက်မှတ်ပေးခြင်း မရှိပေမယ့် မန်စီးတီးကတော့ လိုအပ်ရင် အယူခံဝင်ဖို့ အစီအစဉ်တွေ လုပ်ထားခဲ့တယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကနေ ထုတ်ပယ်တဲ့ ပြစ်ဒဏ်တွေကို လုပ်နိုင်ဖွယ် မရှိဘူးလို့တော့ သိထားရပါတယ်။

Sports Home Time