ခ်ယ္ဆီးနဲ႔ ကြန္တီၾကား ေလွ်ာ္ေၾကးဆိုင္ရာ တုိက္ပြဲမွာ အီတလီသားက အႏုိင္ရခဲ့ပါျပီ

မန္ေနဂ်ာကြန္တီဟာ ခ်ယ္ဆီးအသင္းနဲ႔ ယွဥ္ျပိဳင္ေနရတဲ့ ေလ်ာ္ေၾကးဆိုင္ရာ တိုက္ပြဲကုိ အႏုိင္ရခဲ့ျပီျဖစ္ျပီး မႏွစ္တုန္းက ရာထူးကေန ထုတ္ပယ္ခဲ့တဲ့ အီတလီသားကို ခ်ယ္ဆီးအသင္းက ေပါင္ 9 သန္း ေလ်ာ္ေၾကး ေပးရေတာ့မွာျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႔ ကြန္တီၾကား သေဘာတူညီထားခဲ့မႈ စာခ်ဳပ္ကိစၥမွာ ကလပ္အသင္းဘက္က ေလ်ာ္ေၾကးေပးရမွာျဖစ္ျပီး ဒါဟာ 2003 ခုႏွစ္က ခ်ယ္ဆီးအသင္းကို ရိုမန္ေအဘရာမိုဗစ္ စတင္ပိုင္ဆုိင္ျပီးေနာက္ပိုင္း မန္ေနဂ်ာေတြကို ရာထူးကေန ထုတ္ပယ္ျခင္းအတြက္ ေပးေခ်ရတဲ့ ေလ်ာ္ေၾကးဟာ ေပါင္ သန္း 90 ကို ေက်ာ္လြန္ခဲ့ျပီျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ကြန္တီကို ထုတ္ပယ္ခဲ့ျပီးေနာက္ မန္ေနဂ်ာဆာရီကို ခန္႔အပ္ခဲ့ကာ ဒီရာသီ ကာရာေဘာင္း ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခဲ့ျပီး မန္စီးတီးကို ပင္နယ္တီ အဆံုးအျဖတ္မွာ အေရးနိမ့္ခဲ့တယ္။ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရထားတဲ့ ခ်ယ္ဆီးအသင္းဟာ ရာသီသိမ္းေနာက္ဆံုးပြဲအျဖစ္ အာဆင္နယ္နဲ႔ ယူရိုပါလိဂ္ ဗိုလ္လုပြဲကို ကစားရပါမယ္။

မႏွစ္က ဂ်ဴလိုင္မွာ ခ်ယ္ဆီးဟာ ကြန္တီကို ရာထူးက ထုတ္ပယ္ခဲ့တာျဖစ္ျပီး စာခ်ဳပ္သက္တမ္းက က်န္ရွိေနခဲ့တာပါ။ ကြန္တီရဲ႕ ေရွ႔ေနက ခ်ယ္ဆီးထံကေန ေလ်ာ္ေၾကးရဖို႔ ၾကိဳးစားခဲ့ျပီး ခ်ယ္ဆီးဘက္ကလည္း ဒီေယဂို ေကာ္စတာကို ကလပ္အသင္းကေန အလိုမရွိေတာ့ဘူးဆိုတဲ့ အေၾကာင္းၾကားစာ ပို႔ခဲ့တဲ့ ကြန္တီရဲ႕ လုပ္ရပ္ေၾကာင့္ အသင္းနစ္နာတယ္ဆိုတဲ့ ဆြဲခ်က္နဲ႔ ေလ်ာ္ေၾကး အျပည့္အဝ မေပးလိုခဲ့ပါဘူး။

ခ်ယ္ဆီးအသင္းရဲ႕ အနာဂတ္မွာ ပါဝင္ခြင့္မရလို႔ ေကာ္စတာဟာ အက္သလက္တီကိုထံ ျပန္လည္းေျပာင္းေရႊ႔ခဲ့တာျဖစ္ျပီး မႏွစ္က ရာသီၾကိဳမွာ ကြန္တီက ရာသီၾကိဳျပင္ဆင္မႈကို ဦးေဆာင္စဥ္မွာပဲ ရာထူးက ျဖဳတ္ခံခဲ့ရတာျဖစ္တယ္။ တစ္ရာသီလံုး မန္ေနဂ်ာအလုပ္သစ္ကို တာဝန္မယူခဲ့တဲ့ ကြန္တီဟာ ဒီရာသီမွာေတာ့ စီးရီးေအကလပ္ အင္တာမီလန္ကို တာဝန္ယူမႈနဲ႔အတူ မန္ေနဂ်ာေလာကထဲ ျပန္ဝင္လာဖို႔ ျပင္ဆင္ေနတယ္။

ကြန္တီဟာ ေအဘရာမိုဗစ္လက္ထက္မွာ ရာထူးက အထုတ္ခံရတဲ့ ကိုးဦးေျမာက္ မန္ေနဂ်ာျဖစ္ေပမယ့္ ကလပ္အသင္းနဲ႔ ေလ်ာ္ေၾကးဆိုင္ရာ တိုက္ခိုက္ရတဲ့ ပထမဆံုး မန္ေနဂ်ာလည္းျဖစ္တယ္။ ဒါေၾကာင့္ လည္း တရားရံုးခ်ဳပ္အဆင့္ထိ ခ်ယ္ဆီးနဲ႔ ကြန္တီတို႔ တိုက္ပြဲဝင္ေနခဲ့ရတာျဖစ္တယ္။ မႏွစ္က တစ္ရာသီလံုး ရာထူးသစ္ တာဝန္ယူခဲ့ျခင္း မရွိတဲ့ ကြန္တီဟာ ခ်ယ္ဆီးထံက ေလ်ာ္ေၾကး ေပါင္ 9 သန္းကို ရသြားေတာ့မွာျဖစ္ပါတယ္။

မိုဗစ္ ခ်ယ္ဆီးကို ၀ယ္ယူျပီးေနာက္ နည္းျပေတြကို ေပးရတဲ့ ေလ်ာ္ေၾကးမ်ား

  • Antonio Conte (July 2018): £9m
  • Guus Hiddink (May 2016): None
  • José Mourinho (Dec 2015): £8.3m (for him and his staff)
  • Rafael Benítez (May 2013): None
  • Roberto Di Matteo (Nov 2012): £10.7m
  • André Villas-Boas (March 2012): £12m
  • Carlo Ancelotti (May 2011): £6m
  • Luiz Felipe Scolari (Feb 2009): £12.6m
  • Avram Grant (May 2008): £5.2m
  • José Mourinho (Sept 2007): £23.1 (for him and his staff)
  • Claudio Ranieri (May 2004): £6m

Sports Home Time

[Unicode] မန်နေဂျာကွန်တီဟာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်နေရတဲ့ လျော်ကြေးဆိုင်ရာ တိုက်ပွဲကို အနိုင်ရခဲ့ပြီဖြစ်ပြီး မနှစ်တုန်းက ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အီတလီသားကို ချယ်ဆီးအသင်းက ပေါင် 9 သန်း လျော်ကြေး ပေးရတော့မှာဖြစ်ပါတယ်။

ချယ်ဆီးနဲ့ ကွန်တီကြား သဘောတူညီထားခဲ့မှု စာချုပ်ကိစ္စမှာ ကလပ်အသင်းဘက်က လျော်ကြေးပေးရမှာဖြစ်ပြီး ဒါဟာ 2003 ခုနှစ်က ချယ်ဆီးအသင်းကို ရိုမန်အေဘရာမိုဗစ် စတင်ပိုင်ဆိုင်ပြီးနောက်ပိုင်း မန်နေဂျာတွေကို ရာထူးကနေ ထုတ်ပယ်ခြင်းအတွက် ပေးချေရတဲ့ လျော်ကြေးဟာ ပေါင် သန်း 90 ကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ကွန်တီကို ထုတ်ပယ်ခဲ့ပြီးနောက် မန်နေဂျာဆာရီကို ခန့်အပ်ခဲ့ကာ ဒီရာသီ ကာရာဘောင်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး မန်စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ ချယ်ဆီးအသင်းဟာ ရာသီသိမ်းနောက်ဆုံးပွဲအဖြစ် အာဆင်နယ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ကစားရပါမယ်။

မနှစ်က ဂျူလိုင်မှာ ချယ်ဆီးဟာ ကွန်တီကို ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းက ကျန်ရှိနေခဲ့တာပါ။ ကွန်တီရဲ့ ရှေ့နေက ချယ်ဆီးထံကနေ လျော်ကြေးရဖို့ ကြိုးစားခဲ့ပြီး ချယ်ဆီးဘက်ကလည်း ဒီယေဂို ကော်စတာကို ကလပ်အသင်းကနေ အလိုမရှိတော့ဘူးဆိုတဲ့ အကြောင်းကြားစာ ပို့ခဲ့တဲ့ ကွန်တီရဲ့ လုပ်ရပ်ကြောင့် အသင်းနစ်နာတယ်ဆိုတဲ့ ဆွဲချက်နဲ့ လျော်ကြေး အပြည့်အဝ မပေးလိုခဲ့ပါဘူး။

ချယ်ဆီးအသင်းရဲ့ အနာဂတ်မှာ ပါဝင်ခွင့်မရလို့ ကော်စတာဟာ အက်သလက်တီကိုထံ ပြန်လည်းပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မနှစ်က ရာသီကြိုမှာ ကွန်တီက ရာသီကြိုပြင်ဆင်မှုကို ဦးဆောင်စဉ်မှာပဲ ရာထူးက ဖြုတ်ခံခဲ့ရတာဖြစ်တယ်။ တစ်ရာသီလုံး မန်နေဂျာအလုပ်သစ်ကို တာဝန်မယူခဲ့တဲ့ ကွန်တီဟာ ဒီရာသီမှာတော့ စီးရီးအေကလပ် အင်တာမီလန်ကို တာဝန်ယူမှုနဲ့အတူ မန်နေဂျာလောကထဲ ပြန်ဝင်လာဖို့ ပြင်ဆင်နေတယ်။

ကွန်တီဟာ အေဘရာမိုဗစ်လက်ထက်မှာ ရာထူးက အထုတ်ခံရတဲ့ ကိုးဦးမြောက် မန်နေဂျာဖြစ်ပေမယ့် ကလပ်အသင်းနဲ့ လျော်ကြေးဆိုင်ရာ တိုက်ခိုက်ရတဲ့ ပထမဆုံး မန်နေဂျာလည်းဖြစ်တယ်။ ဒါကြောင့်လည်း တရားရုံးချုပ်အဆင့်ထိ ချယ်ဆီးနဲ့ ကွန်တီတို့ တိုက်ပွဲဝင်နေခဲ့ရတာဖြစ်တယ်။ မနှစ်က တစ်ရာသီလုံး ရာထူးသစ် တာဝန်ယူခဲ့ခြင်း မရှိတဲ့ ကွန်တီဟာ ချယ်ဆီးထံက လျော်ကြေး ပေါင် 9 သန်းကို ရသွားတော့မှာဖြစ်ပါတယ်။

မိုဗစ် ချယ်ဆီးကို ဝယ်ယူပြီးနောက် နည်းပြတွေကို ပေးရတဲ့ လျော်ကြေးများ

  • Antonio Conte (July 2018): £9m
  • Guus Hiddink (May 2016): None
  • José Mourinho (Dec 2015): £8.3m (for him and his staff)
  • Rafael Benítez (May 2013): None
  • Roberto Di Matteo (Nov 2012): £10.7m
  • André Villas-Boas (March 2012): £12m
  • Carlo Ancelotti (May 2011): £6m
  • Luiz Felipe Scolari (Feb 2009): £12.6m
  • Avram Grant (May 2008): £5.2m
  • José Mourinho (Sept 2007): £23.1 (for him and his staff)
  • Claudio Ranieri (May 2004): £6m

Sports Home Time