ကေလာ့ပ္ေျပာတဲ့ ဇန္နဝါရီေစ်းကြက္၊ ဝဲလ္ဆန္ကို ျပန္ေခၚခြင့္ႏွင့္ ခံစစ္ပိုင္းအတြက္ စီမံမႈ

[Zawgyi] လီဗာပူးအသင္းဟာ ဒီအပတ္ေတြထဲမွာ ခံစစ္သမား သံုးဦးေလာက္ကို လက္လြတ္ရႏိုင္တဲ့ ျပႆနာေတြ ရင္ဆိုင္ထားရတယ္။ အထူးသျဖင့္ ညာျခမ္းေနရာက စိုးရိမ္စရာျဖစ္လာသလို ဗဟိုခံစစ္အတြက္လည္း အရန္လူစာရင္း ျပတ္လွပ္ျခင္းနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒီကေန႔ ပြဲၾကိဳေတြဆံုမႈေတြထဲက အဆိုပါ အပိုင္းနဲ႔တကြ အေျပာင္းအေရႊ႔ေစ်းကြက္ထဲ ဝင္ေရာက္ႏိုင္ေခ်တို႔ကို အေျဖေပးခဲ့ပါတယ္။

ခံစစ္ျပႆနာ

ဒါက က်ေနာ္တုိ႔ အေျဖရွာရမယ့္ အေျခအေနပါ။ ေဘာလံုးေဝဖန္သူေတြကေတာ့ သူတို႔ခံစားရတဲ့အတိုင္း ေဝဖန္တဲ့အလုပ္ကို လုပ္မွာပါပဲ။ ထရန္႔ရဲ႕ ဒဏ္ရာက ဂိုးမက္စ္နဲ႔ မာတစ္ေလာက္ေတာ့ မဆိုးပါဘူး။ ဒါေပမယ့္ သတင္းေကာင္းလည္း မဟုတ္ဘူး။ မာတစ္လိုပဲ ကံဆိုးတာေပါ့ဗ်ာ။ ပြဲရဲ႕ ေနာက္ဆံုး စကၠန္႔ေတြမွာ ျဖစ္ခဲ့တာပါ။ က်ေနာ္ရဲ႕ အလုပ္က ဒီျပႆနာေတြအတြက္ အေျဖရွာဖို႔ပါပဲ။

အဂၤလန္လိဂ္ရဲ႕ El Clasico ပြဲလား?

အသင္းသားေတြက အဝတ္လဲခန္းထဲမွာ ဒီပြဲအေၾကာင္း ေျပာေနၾကတယ္။ သူတို႔ ဒီပြဲအတြက္ ျပင္ဆင္ေနၾကတယ္။ သမိုင္းေၾကာင္းအရကို ဒီပြဲက ပြဲၾကီးတစ္ပြဲျဖစ္ျပီး ကိုယ္မွာရွိတဲ့ အရာအားလံုးကို ေပးဆပ္ကာ အႏိုင္ရဖို႔ ၾကိဳးစားဖို႔လိုမယ့္ပြဲပါ။ ဒီပြဲကို အဂၤလန္ El Clasico ပြဲလို႔ ေခၚေနၾကတာကို က်ေနာ္ ေက်နပ္ပါတယ္။ အကယ္လို႔ ဒါကို ဆာအဲလက္စ္က ခိုင္းႏိႈင္းခဲ့တာဆိုရင္ ပိုေကာင္းတာေပါ့ဗ်ာ။ က်ေနာ္က ဂ်ာမာန္ German Clasico မွာေတာ့ ပါဝင္ခဲ့ဖူးပါျပီ။

ယူႏိုက္တက္နဲ႔ပက္သက္ျပီး

မန္ခ်က္စတာယူႏိုက္တက္ ရထားတဲ့ ရမွတ္ေတြကို က်ေနာ္ စိတ္မဝင္စားဘူး။ က်ေနာ္လည္း ေဝဖန္သူေတြရဲ႕ မွတ္ခ်က္ေတြနဲ႔ စိစစ္ခံရဖူးတာပဲ။ ဒါေပမယ့္ က်ေနာ္တုိ႔ကေတာ့ အရည္အခ်င္း၊ နည္းစနစ္၊ သန္မာမူ၊ ေနာက္ သူတို႔ဂိုးကို ကာကြယ္မယ့္ ဒီဂီယာ ဒါေတြနဲ႔ပဲ စိစစ္ပါတယ္။ ရပ္ဖိုဒ့္၊ လင္ဂတ္နဲ႔ လူကာကူလည္းရွိတယ္။ ယူႏုိက္တက္ကို သူတို႔ရထားတဲ့ ရမွတ္နဲ႔ က်ေနာ္တုိ႔ အကဲျဖတ္မွာ မဟုတ္ဘူး။ သူတို႔မွာလည္း အရည္အခ်င္းေတြရွိပါတယ္။

ေပါ့ဘာကို ႏွစ္သက္လား?

ဒီေမးခြန္းကို က်ေနာ္ေျဖလိုက္ရင္ ဘာေတြျဖစ္မလဲ။ က်ေနာ္ထက္ကို ခင္ဗ်ားတို႔ ပိုသိပါတယ္။ ဒီေတာ့ ဒါကို မေျဖေပးႏိုင္ဘူး။ ဇာတ္လမး္ေတြေရးလိုက္ပါတယ္။ ကေလာ့ပ္က အေျဖေပးဖို႔ ျငင္းဆန္ပါတယ္လို႔။ ေပါ့ဘာက ကမၻာအဆင့္ ကစားသမားပါ။ ဒါက က်ေနာ္ ေျပာႏုိင္တာအကုန္ပဲ သူ႔အတြက္လည္း က်ေနာ္တုိ႔ ျပင္ဆင္ထားရပါမယ္။

ကလိုင္း ျပန္ကစားႏုိင္မလား?

သူက ကံမေကာင္းစြာပဲ အရင္ 2 ပတ္၊ 3 ပတ္ေလာက္တုန္းက ဒဏ္ရာရေနခဲ့တယ္။ ကံေကာင္းတာက လြန္ခဲ့တဲ့ 3 ရက္၊ 4 ရက္မွာ ျပန္ကစားႏိုင္ပါျပီ။ မိနစ္ 90 အတြက္ အဆင့္သင့္ျဖစ္ျပီးလား။ ဒါေတာ့ က်ေနာ္မသိဘူး။ ယူႏုိက္တက္ပြဲမွာ ပါမယ္ဆိုရင္ေတာ့ ပါလို႔ရပါျပီ။

ဘယ္လို႔ရလဒ္ကို ေမွ်ာ္လင့္ထားလဲ?

အန္ဖီးမွာ ယူႏုိက္တက္ကို ယွဥ္ျပိဳင္ကစားတဲ့ ပရီးမီးယားလိဂ္ ေနာက္ဆံုးႏွစ္ပြဲက ဂိုးမရွိသေရက်ထားတယ္။ အဲ့မတိုင္ခင္က ရြန္နီးရဲ႔ သြင္းဂိုးနဲ႔ 1-0 နဲ႔ ရံွဴးခဲ့တယ္။ အိုေက ဒီတစ္ၾကိမ္ေတာ့ အႏိုင္ယူဖို႔ အခ်ိန္က်ျပီ။ တနဂၤေႏြေန႔အတြက္ က်ေနာ္တုိ႔ ေဒါသေတြ ေတာက္ေလာင္ေနရမယ္။ ရမွတ္ေတြအတြက္ တိုက္ခုိက္ရလိမ့္မယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔

ဇန္နဝါရီမွာ တစ္ခုခုလုပ္စရာ ျဖစ္လာဖို႔ေတာ့ ရွိမယ္မထင္ဘူး။ ဒါေပမယ့္ ဟယ္ရီဝဲလ္ဆန္လို ကိစၥအေပၚေတာ့ စဥ္းစားဖို႔လိုတယ္။ ဟယ္ရီက ထူးခၽြန္စြာ ကစားေနတယ္။ ဒီအေျခအေနမွာ သူ႔ကို အငွားခ်ဖို႔လိုတယ္လို႔ ထင္ခဲ့တယ္။ သူ ပြဲထြက္ကစားေနတာကို ၾကည့္ရတာ သေဘာက်ပါတယ္။ အဲ့သည္မွာ ဘာလျပ္ေနတယ္ဆိုတာလည္း ေစာင့္ၾကည့္ေနတယ္။ ရာသီၾကိဳမွာ ကမာခ်ိဳ အေကာင္းဆံုးပါဝင္ထားတယ္။ ကာတစ္ဂ်ဳန္းလည္း အတူတူပါပဲ။

Sports Home Time

[Unicode] လီဗာပူးအသင်းဟာ ဒီအပတ်တွေထဲမှာ ခံစစ်သမား သုံးဦးလောက်ကို လက်လွတ်ရနိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ထားရတယ်။ အထူးသဖြင့် ညာခြမ်းနေရာက စိုးရိမ်စရာဖြစ်လာသလို ဗဟိုခံစစ်အတွက်လည်း အရန်လူစာရင်း ပြတ်လှပ်ခြင်းနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကနေ့ ပွဲကြိုတွေဆုံမှုတွေထဲက အဆိုပါ အပိုင်းနဲ့တကွ အပြောင်းအရွှေ့ဈေးကွက်ထဲ ဝင်ရောက်နိုင်ချေတို့ကို အဖြေပေးခဲ့ပါတယ်။

ခံစစ်ပြဿနာ

ဒါက ကျနော်တို့ အဖြေရှာရမယ့် အခြေအနေပါ။ ဘောလုံးဝေဖန်သူတွေကတော့ သူတို့ခံစားရတဲ့အတိုင်း ဝေဖန်တဲ့အလုပ်ကို လုပ်မှာပါပဲ။ ထရန့်ရဲ့ ဒဏ်ရာက ဂိုးမက်စ်နဲ့ မာတစ်လောက်တော့ မဆိုးပါဘူး။ ဒါပေမယ့် သတင်းကောင်းလည်း မဟုတ်ဘူး။ မာတစ်လိုပဲ ကံဆိုးတာပေါ့ဗျာ။ ပွဲရဲ့ နောက်ဆုံး စက္ကန့်တွေမှာ ဖြစ်ခဲ့တာပါ။ ကျနော်ရဲ့ အလုပ်က ဒီပြဿနာတွေအတွက် အဖြေရှာဖို့ပါပဲ။

အင်္ဂလန်လိဂ်ရဲ့ El Clasico ပွဲလား?

အသင်းသားတွေက အဝတ်လဲခန်းထဲမှာ ဒီပွဲအကြောင်း ပြောနေကြတယ်။ သူတို့ ဒီပွဲအတွက် ပြင်ဆင်နေကြတယ်။ သမိုင်းကြောင်းအရကို ဒီပွဲက ပွဲကြီးတစ်ပွဲဖြစ်ပြီး ကိုယ်မှာရှိတဲ့ အရာအားလုံးကို ပေးဆပ်ကာ အနိုင်ရဖို့ ကြိုးစားဖို့လိုမယ့်ပွဲပါ။ ဒီပွဲကို အင်္ဂလန် El Clasico ပွဲလို့ ခေါ်နေကြတာကို ကျနော် ကျေနပ်ပါတယ်။ အကယ်လို့ ဒါကို ဆာအဲလက်စ်က ခိုင်းနှိုင်းခဲ့တာဆိုရင် ပိုကောင်းတာပေါ့ဗျာ။ ကျနော်က ဂျာမာန် German Clasico မှာတော့ ပါဝင်ခဲ့ဖူးပါပြီ။

ယူနိုက်တက်နဲ့ပက်သက်ပြီး

မန်ချက်စတာယူနိုက်တက် ရထားတဲ့ ရမှတ်တွေကို ကျနော် စိတ်မဝင်စားဘူး။ ကျနော်လည်း ဝေဖန်သူတွေရဲ့ မှတ်ချက်တွေနဲ့ စိစစ်ခံရဖူးတာပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ အရည်အချင်း၊ နည်းစနစ်၊ သန်မာမူ၊ နောက် သူတို့ဂိုးကို ကာကွယ်မယ့် ဒီဂီယာ ဒါတွေနဲ့ပဲ စိစစ်ပါတယ်။ ရပ်ဖိုဒ့်၊ လင်ဂတ်နဲ့ လူကာကူလည်းရှိတယ်။ ယူနိုက်တက်ကို သူတို့ရထားတဲ့ ရမှတ်နဲ့ ကျနော်တို့ အကဲဖြတ်မှာ မဟုတ်ဘူး။ သူတို့မှာလည်း အရည်အချင်းတွေရှိပါတယ်။

ပေါ့ဘာကို နှစ်သက်လား?

ဒီမေးခွန်းကို ကျနော်ဖြေလိုက်ရင် ဘာတွေဖြစ်မလဲ။ ကျနော်ထက်ကို ခင်ဗျားတို့ ပိုသိပါတယ်။ ဒီတော့ ဒါကို မဖြေပေးနိုင်ဘူး။ ဇာတ်လမ်းတွေရေးလိုက်ပါတယ်။ ကလော့ပ်က အဖြေပေးဖို့ ငြင်းဆန်ပါတယ်လို့။ ပေါ့ဘာက ကမ္ဘာအဆင့် ကစားသမားပါ။ ဒါက ကျနော် ပြောနိုင်တာအကုန်ပဲ သူ့အတွက်လည်း ကျနော်တို့ ပြင်ဆင်ထားရပါမယ်။

ကလိုင်း ပြန်ကစားနိုင်မလား?

သူက ကံမကောင်းစွာပဲ အရင် 2 ပတ်၊ 3 ပတ်လောက်တုန်းက ဒဏ်ရာရနေခဲ့တယ်။ ကံကောင်းတာက လွန်ခဲ့တဲ့ 3 ရက်၊ 4 ရက်မှာ ပြန်ကစားနိုင်ပါပြီ။ မိနစ် 90 အတွက် အဆင့်သင့်ဖြစ်ပြီးလား။ ဒါတော့ ကျနော်မသိဘူး။ ယူနိုက်တက်ပွဲမှာ ပါမယ်ဆိုရင်တော့ ပါလို့ရပါပြီ။

ဘယ်လို့ရလဒ်ကို မျှော်လင့်ထားလဲ?

အန်ဖီးမှာ ယူနိုက်တက်ကို ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် နောက်ဆုံးနှစ်ပွဲက ဂိုးမရှိသရေကျထားတယ်။ အဲ့မတိုင်ခင်က ရွန်နီးရဲ့ သွင်းဂိုးနဲ့ 1-0 နဲ့ ရံှူးခဲ့တယ်။ အိုကေ ဒီတစ်ကြိမ်တော့ အနိုင်ယူဖို့ အချိန်ကျပြီ။ တနင်္ဂနွေနေ့အတွက် ကျနော်တို့ ဒေါသတွေ တောက်လောင်နေရမယ်။ ရမှတ်တွေအတွက် တိုက်ခိုက်ရလိမ့်မယ်။

ဇန်နဝါရီ အပြောင်းအရွှေ့

ဇန်နဝါရီမှာ တစ်ခုခုလုပ်စရာ ဖြစ်လာဖို့တော့ ရှိမယ်မထင်ဘူး။ ဒါပေမယ့် ဟယ်ရီဝဲလ်ဆန်လို ကိစ္စအပေါ်တော့ စဉ်းစားဖို့လိုတယ်။ ဟယ်ရီက ထူးချွန်စွာ ကစားနေတယ်။ ဒီအခြေအနေမှာ သူ့ကို အငှားချဖို့လိုတယ်လို့ ထင်ခဲ့တယ်။ သူ ပွဲထွက်ကစားနေတာကို ကြည့်ရတာ သဘောကျပါတယ်။ အဲ့သည်မှာ ဘာလြပ်နေတယ်ဆိုတာလည်း စောင့်ကြည့်နေတယ်။ ရာသီကြိုမှာ ကမာချို အကောင်းဆုံးပါဝင်ထားတယ်။ ကာတစ်ဂျုန်းလည်း အတူတူပါပဲ။

Sports Home Time