လီဗာပူး ခံစစ္ျပႆနာကို ေျဖရွင္းေပးနုိင္မယ့္ လူငယ္ေလးမ်ား

[Zawgyi] အသင္းခံစစ္ပို္င္းမွာ ဒဏ္ရာျပႆနာ အမ်ားအျပား ရင္ဆိုင္ေနရတဲ့ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က လူငယ္ ကစားသမားေလးေတြကို အခြင့္အေရးေပးျပီး ေျဖရွင္းဖို႔ ၾကံရြယ္ေနပါတယ္။ ဒါေၾကာင့္ ကေလာ့ပ္ မ်က္စိက်ဖြယ္ရွိတဲ့ လူငယ္ခံစစ္မွဴးေလးမ်ား အေၾကာင္း ေလ့လာၾကည့္ရေအာင္ပါ။

ယခင္ ရွိျပီးသား ဒဏ္ရာရစာရင္းမွာ နာပိုလီနဲ႕ ပြဲျပီးတဲ့ေနာက္ မာတစ္ပါ ပါ၀င္လာခဲ့ျပီး ညွပ္ရိုးက်ိဳးသြားတဲ့ ဒဏ္ရာေၾကာင့္ ေဖေဖာ္၀ါရီမွ ျပန္လာနုိင္ေတာ့မွာ ျဖစ္ပါတယ္။ ဂိုမက္ဇ္ကလည္း ဘန္ေလနဲ႕ပြဲမွာ ရခဲ့တဲ့ဒဏ္ရာေၾကာင့္ ဒီဇင္ဘာ ပြဲၾကပ္ကာလတေလ်ာက္လံုး လြဲေခ်ာ္မွာ ျဖစ္ျပီး နွစ္ကုန္မွ ျပန္ကစားနုိင္ဖို႔ ရွိပါတယ္။ လက္ရွိ ဗဟိုခံစစ္မွာ ဗန္ဒိုက္နဲ႕ လိုဗရန္သာ ရွိျပီး အရန္ ကစားနုိင္မယ့္ ခံစစ္သမား အသင္းၾကီးမွာ မရွိသေလာက္ ျဖစ္ေနပါျပီ။

ကေလာ့ပ္အေနနဲ႕ ဖာဘင္ညိဳကို ကစားေနက် ေနရာ မဟုတ္တဲ့ ဗဟိုခံစစ္ေနရာ ဆင္းကစားေစနုိင္ေသာ္ လည္းေကာင္း၊ ဇန္န၀ါရီမွာ လူသစ္ေခၚဖို႔ေသာ္လည္းေကာင္း စဥ္းစားရမွာပါ။ ဒါေပမယ့္ လတ္တေလာ အခ်ိန္မွာေတာ့ လူငယ္ကစားသမားေတြကို အစြမ္းျပခြင့္ အခြင့္အေရးေပးဖို႔ ကေလာ့ပ္ ဆံုးျဖတ္ဖြယ္ ရွိပါတယ္။

ဗဟိုခံစစ္အတြက္ ၀င္ေရာက္ကူညီနုိင္မယ့္ အဓိက လူငယ္ နွစ္ေယာက္ ကေလာ့ပ္ မ်က္စိက်ဖြယ္ ရွိျပီး သူေကာင္းေကာင္း သိတဲ့ ကစားသမားေလးေတြလည္း ျဖစ္ပါတယ္။ သူတို႔ကေတာ့ ေနသန္နရယ္ ဖီးလစ္နဲ႕ ေကာ္နာ မက္စတာဆန္တို႔ပါ။

ေဘာ္လ္တန္ဖြား ဗဟိုခံစစ္မွဴး ဖီးလစ္က ဇူလိုင္လ လီဗာပူးအသင္းရဲ႕ အေမရိက ရာသီၾကိဳခရီးစဥ္မွာတည္းက ကေလာ့ပ္ အထင္ၾကီးေလာက္ဖြယ္ ေျခစြမ္းျပခဲ့တာပါ။ မီခ်ီဂန္က ပရိသတ္ တစ္သိန္းတစ္ေသာင္းေရွ႕မွာ မန္ခ်က္စတာ ယူနိုက္တက္ကို ရင္ဆိုင္စဥ္က ေျခစြမ္းေကာင္းေတြ ျပသခဲ့တဲ့ လူငယ္ေလး ျဖစ္ပါတယ္။ ဖီးလစ္ရဲ႕ တိုးတက္လာမႈက မာတစ္နဲ႕ လိုဗရန္ မပါ၀င္နုိင္စဥ္မွာ ဗန္ဒိုက္နဲ႕ လိုဗရန္ေနာက္ တတိယ ဗဟိုခံစစ္မွဴးအေနနဲ႕ ရပ္တည္ေနခဲ့ျခင္းက သက္ေသျပေနပါတယ္။

ကံမေကာင္းတာတစ္ခုက ဖီးလစ္ဟာ ဒီရာသီမွာ ဒဏ္ရာ ျပႆနာတခ်ိဳ႕ ရွိခဲ့ျပီး U23 အသင္းအတြက္ ၆ပြဲသာ ကစားထားရပါတယ္။ ကေလာ့ပ္ရဲ႕ အသင္းၾကီးမွာ ပါ၀င္ဖို႔အတြက္က သူ႔ရဲ႕ ဖေနာင့္ေၾကာ ဒဏ္ရာ အေျခအေနကို ထပ္မံစစ္ေဆးရဦးမွာ ျဖစ္ပါတယ္။ ဖီးလစ္သာ မကစားနုိင္ရင္ မက္စတာဆန္အတြက္ အခြင့္အေရး ျဖစ္လာမွာပါ။

အိုင္ယာလန္သားေလး မက္စတာဆန္ဟာ ျပီးခဲ့တဲ့ရာသီ မဲလ္၀ုဒ္ထရိန္နင္မွာ ပံုမွန္ ပါ၀င္ခြင့္ရခဲ့ျပီး ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ မန္စီးတီးနဲ႕ပြဲမွာ အရန္ခုံမွာ ရွိေနခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ အသက္ ၂၀ အရြယ္ ခံစစ္လူငယ္ေလးဟာ ဗိုလ္လုပြဲ Kiev ကို သြားတဲ့ ခရီးမွာေတာ့ ၄င္း ဒူးဒဏ္ရာ ရွိေနခဲ့လို႔ ေနရစ္ခဲ့ရျပီး ျပီးခဲ့တဲ့ ေႏြတေလ်ာက္လံုး ဒဏ္ရာေၾကာင့္ ျငိမ္ေနခဲ့ရသူပါ။ ဒါေၾကာင့္လည္း ဖီးလစ္ ရာသီၾကိဳမွာ အခြင့္အေရး ရခဲ့တာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ဒဏ္ရာကင္းရွင္းေနျပီ ျဖစ္တဲ့ လီဗာပူး U18 အသင္းေခါင္းေဆာင္ေဟာင္း မက္စတာဆန္က ကေလာ့ပ္ ရင္းနွီးကၽြမ္း၀င္ျပီးသား ကစားသမား ျဖစ္ျပီး လက္ရွိ အၾကပ္အတည္းကာလမွာ အခြင့္အေရးရလာဖြယ္ ရွိသူပါ။

ေနာက္ထပ္ ေရြးခ်ယ္စရာ အျဖစ္ U23 အသင္းမွာ ပံုမွန္ ကစားခြင့္ရျပီး မက္စတာဆန္၊ ဖီးလစ္တို႔နဲ႕ တြဲကစားတဲ့ စေကာ့တလန္သား ေဂ်ာ့ ဂၽြန္စတန္ ရွိပါေသးတယ္။ ဘယ္လူငယ္ေလးေတြကို ပြဲထုတ္မလဲဆိုတာ ကေလာ့ပ္ ဆံုးျဖတ္ရမွာ ျဖစ္ျပီး သူတို႔အားလံုးကေတာ့ ကိုယ္စီ ကိုယ္စီ အသင္းမန္ေနဂ်ာ ကေလာ့ပ္ သတိထားမိျပီးတဲ့ အရည္အခ်င္းရွိ ဗဟိုခံစစ္မွဴးေလးေတြ ျဖစ္ပါတယ္။

Sports Home Time

[Unicode] အသင်းခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာ အများအပြား ရင်ဆိုင်နေရတဲ့ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က လူငယ်ကစားသမားလေးတွေကို အခွင့်အရေးပေးပြီး ဖြေရှင်းဖို့ ကြံရွယ်နေပါတယ်။ ဒါကြောင့် ကလော့ပ် မျက်စိကျဖွယ်ရှိတဲ့ လူငယ်ခံစစ်မှူးလေးများ အကြောင်း လေ့လာကြည့်ရအောင်ပါ။

ယခင် ရှိပြီးသား ဒဏ်ရာရစာရင်းမှာ နာပိုလီနဲ့ ပွဲပြီးတဲ့နောက် မာတစ်ပါ ပါဝင်လာခဲ့ပြီး ညှပ်ရိုးကျိုးသွားတဲ့ ဒဏ်ရာကြောင့် ဖေဖော်ဝါရီမှ ပြန်လာနိုင်တော့မှာ ဖြစ်ပါတယ်။ ဂိုမက်ဇ်ကလည်း ဘန်လေနဲ့ပွဲမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် ဒီဇင်ဘာ ပွဲကြပ်ကာလတလျောက်လုံး လွဲချော်မှာ ဖြစ်ပြီး နှစ်ကုန်မှ ပြန်ကစားနိုင်ဖို့ ရှိပါတယ်။ လက်ရှိ ဗဟိုခံစစ်မှာ ဗန်ဒိုက်နဲ့ လိုဗရန်သာ ရှိပြီး အရန် ကစားနိုင်မယ့် ခံစစ်သမား အသင်းကြီးမှာ မရှိသလောက် ဖြစ်နေပါပြီ။

ကလော့ပ်အနေနဲ့ ဖာဘင်ညိုကို ကစားနေကျ နေရာ မဟုတ်တဲ့ ဗဟိုခံစစ်နေရာ ဆင်းကစားစေနိုင်သော် လည်းကောင်း၊ ဇန်နဝါရီမှာ လူသစ်ခေါ်ဖို့သော်လည်းကောင်း စဉ်းစားရမှာပါ။ ဒါပေမယ့် လတ်တလော အချိန်မှာတော့ လူငယ်ကစားသမားတွေကို အစွမ်းပြခွင့် အခွင့်အရေးပေးဖို့ ကလော့ပ် ဆုံးဖြတ်ဖွယ် ရှိပါတယ်။

ဗဟိုခံစစ်အတွက် ဝင်ရောက်ကူညီနိုင်မယ့် အဓိက လူငယ် နှစ်ယောက် ကလော့ပ် မျက်စိကျဖွယ် ရှိပြီး သူကောင်းကောင်း သိတဲ့ ကစားသမားလေးတွေလည်း ဖြစ်ပါတယ်။ သူတို့ကတော့ နေသန်နရယ် ဖီးလစ်နဲ့ ကော်နာ မက်စတာဆန်တို့ပါ။

ဘော်လ်တန်ဖွား ဗဟိုခံစစ်မှူး ဖီးလစ်က ဇူလိုင်လ လီဗာပူးအသင်းရဲ့ အမေရိက ရာသီကြိုခရီးစဉ်မှာတည်းက ကလော့ပ် အထင်ကြီးလောက်ဖွယ် ခြေစွမ်းပြခဲ့တာပါ။ မီချီဂန်က ပရိသတ် တစ်သိန်းတစ်သောင်းရှေ့မှာ မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်စဉ်က ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ လူငယ်လေး ဖြစ်ပါတယ်။ ဖီးလစ်ရဲ့ တိုးတက်လာမှုက မာတစ်နဲ့ လိုဗရန် မပါဝင်နိုင်စဉ်မှာ ဗန်ဒိုက်နဲ့ လိုဗရန်နောက် တတိယ ဗဟိုခံစစ်မှူးအနေနဲ့ ရပ်တည်နေခဲ့ခြင်းက သက်သေပြနေပါတယ်။

ကံမကောင်းတာတစ်ခုက ဖီးလစ်ဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာတချို့ ရှိခဲ့ပြီး U23 အသင်းအတွက် ၆ပွဲသာ ကစားထားရပါတယ်။ ကလော့ပ်ရဲ့ အသင်းကြီးမှာ ပါဝင်ဖို့အတွက်က သူ့ရဲ့ ဖနောင့်ကြော ဒဏ်ရာ အခြေအနေကို ထပ်မံစစ်ဆေးရဦးမှာ ဖြစ်ပါတယ်။ ဖီးလစ်သာ မကစားနိုင်ရင် မက်စတာဆန်အတွက် အခွင့်အရေး ဖြစ်လာမှာပါ။

အိုင်ယာလန်သားလေး မက်စတာဆန်ဟာ ပြီးခဲ့တဲ့ရာသီ မဲလ်ဝုဒ်ထရိန်နင်မှာ ပုံမှန် ပါဝင်ခွင့်ရခဲ့ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မန်စီးတီးနဲ့ပွဲမှာ အရန်ခုံမှာ ရှိနေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၀ အရွယ် ခံစစ်လူငယ်လေးဟာ ဗိုလ်လုပွဲ Kiev ကို သွားတဲ့ ခရီးမှာတော့ ၎င်း ဒူးဒဏ်ရာ ရှိနေခဲ့လို့ နေရစ်ခဲ့ရပြီး ပြီးခဲ့တဲ့ နွေတလျောက်လုံး ဒဏ်ရာကြောင့် ငြိမ်နေခဲ့ရသူပါ။ ဒါကြောင့်လည်း ဖီးလစ် ရာသီကြိုမှာ အခွင့်အရေး ရခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဒဏ်ရာကင်းရှင်းနေပြီ ဖြစ်တဲ့ လီဗာပူး U18 အသင်းခေါင်းဆောင်ဟောင်း မက်စတာဆန်က ကလော့ပ် ရင်းနှီးကျွမ်းဝင်ပြီးသား ကစားသမား ဖြစ်ပြီး လက်ရှိ အကြပ်အတည်းကာလမှာ အခွင့်အရေးရလာဖွယ် ရှိသူပါ။

နောက်ထပ် ရွေးချယ်စရာ အဖြစ် U23 အသင်းမှာ ပုံမှန် ကစားခွင့်ရပြီး မက်စတာဆန်၊ ဖီးလစ်တို့နဲ့ တွဲကစားတဲ့ စကော့တလန်သား ဂျော့ ဂျွန်စတန် ရှိပါသေးတယ်။ ဘယ်လူငယ်လေးတွေကို ပွဲထုတ်မလဲဆိုတာ ကလော့ပ် ဆုံးဖြတ်ရမှာ ဖြစ်ပြီး သူတို့အားလုံးကတော့ ကိုယ်စီ ကိုယ်စီ အသင်းမန်နေဂျာ ကလော့ပ် သတိထားမိပြီးတဲ့ အရည်အချင်းရှိ ဗဟိုခံစစ်မှူးလေးတွေ ဖြစ်ပါတယ်။

Sports Home Time