[Zawgyi] စကိုင္းမွ အားကစားသံုးသပ္သူ ဂန္းနားေဟာင္းၾကီး ေပါမာဆန္က အာဆင္နယ္ဟာ ကြင္းလယ္လူ ေတာရဲရာကို ဆယ္ဆုႏွစ္ေတြၾကာ အသံုးျပဳႏိုင္ဖို႔ရွိျပီး ဥရုေဂြး ကြင္းလယ္လူဟာ အာဆင္နယ္ကို အသြင္ေျပာင္းမႈေတြ သယ္ေဆာင္လာေပးပါတယ္လို႔ ဝန္ခံလိုက္ပါတယ္။
အမ္မရီရဲ႕ အာဆင္နယ္မန္ေနဂ်ာဘဝ ပထမဆံုး လက္မွတ္ထိုးမႈေတြမွာ အပါအဝင္ျဖစ္တဲ့ ေတာ္ရဲရာဟာ ဆမ့္ဒိုးရီးရာကေန ေပါင္ 26 သန္းနဲ႔ ေျပာင္းလာခဲ့တာျဖစ္တယ္။ ဒီအပတ္ေတြအတြင္း ေတာ္ရဲရာဟာ အေတာ္ေလးေတာက္ပလာေနျပီး ေတာ္တင္ဟမ္နဲ႔ ဟက္ဒါဖီးမွာ သြင္းဂိုးေတြ ရယူခဲ့သလို အေကာင္းဆံုး ကစားသမားဆုေတြလည္း ရရွိခဲ့ပါတယ္။ မာဆန္ကေတာ့ ေတာ္ရဲရာရဲ႕ ေျခစြမ္းကို အေတာ္ေလး အထင္ၾကီးေနတာပါ။
” သူတို႔ ဂီဘာတိုေဆးဗားနဲ႔ ပက္ထရစ္ ဗီရဲရာေနာက္ပိုင္း ကြင္းလယ္ကစားသမားေကာင္းတစ္ဦးကို လက္မွတ္ထိုးႏိုင္ခဲ့တာပါ။ သူက ေဘာလံုးေပးမႈေတြမွာ ကၽြမ္းက်င္တဲ့ ကြင္းလယ္လူမ်ိဳးမဟုတ္ပဲ ပြဲရဲ႕အရွိန္ကို ပိုေကာင္းေစတဲ့ ကြင္းလယ္ကစားသမားျဖစ္တယ္။ ဒီႏွစ္ေတြ အၾကာၾကီးမွာ အာဆင္နယ္က ေဘာလံုးကိုင္ကစားတာ ေကာင္းတဲ့အသင္းပါလို႔ က်ေနာ္ ႏွစ္တိုင္း ေျပာလာခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုး ေလး၊ ငါးႏွစ္မွာေတာ့ အာဆင္နယ္ဟာ ေဘာလံုးမရွိခ်ိန္မွာ အေတာ္ေလး ညံ့ဖ်င္းတဲ့ အသင္းျဖစ္ခဲ့တယ္။ ေတာ္ရဲရာက ဒါကို အေျပာင္းအလဲ ျဖစ္ေစပါတယ္။
သူ႔ရဲ႕စိတ္ဓါတ္ပိုင္းက သိပ္ေကာင္းပါတယ္။ ကြင္းထဲမွာ လုပ္ႏိုင္စြမ္းေတြ တစြန္းတစမွ ခ်န္မထားပဲ အားထုတ္ၾကိဳးစားတယ္။ အရမ္းေကာင္းေကာင္း ကစားထားျပီး ႏွတ္ပတ္ဆက္တုိက္ အေရးပါတဲ့ သြင္းဂိုးေတြကိုလည္း သြင္းယူထားပါတယ္ ” လို႔ဆိုကာ ေတာ္ရဲရာရဲ႕ ကစားႏိုင္မႈက အသင္းေဖာ္ေတြကို အက်ိဳးျဖစ္ျပီး ျပိဳင္ဘက္ ကစားသမားေတြကို အႏၱရာယ္ျဖစ္ေစေၾကာင္း စကားဆိုပါတယ္။
အမ္မရိတ္မွာ ေျခစြမ္းေကာင္းျပေနေပမယ့္ ေတာ္ရဲရာဟာ တိုးတက္လာဖို႔ေတြ လိုအပ္ေနေသးျပီး အာဆင္နယ္ထက္ ပိုေကာင္းတဲ့အသင္းေတြမွာ ပါဝင္ကစားဖို႔ကေတာ့ လက္ရွိအေနအထားနဲ႔ မလံုေလာက္ေသးဘူးလို႔ မာဆန္က ယံုၾကည္ေနတယ္။
” မနက္ျဖန္မနက္မွာ လီဗာပူးက ေတာ္ရဲရာကို မဝယ္ပါဘူး။ အျခား ထိပ္သီးေလးသင္းစာရင္းဝင္ေတြကလည္း ေတာ္ရဲရာကို ေခၚယူၾကမယ္ မထင္ဘူး။ သူက ပိုပိုျပီး ေကာင္းလာႏိုင္တယ္၊ ဒီအထိလည္း အေကာင္းဆံုး လုပ္လာပါတယ္။ အာဆင္နယ္က သူ႔လို ကစားသမားလိုတာကို က်ေနာ္တို႔ အားလံုးသိတယ္။ အာဆင္ဝင္းဂါးလည္း သိတယ္။ ဒါေပမယ့္ သူက ေခါင္းလည္း မာခဲ့တယ္ေလ။
ေတာ္ရဲရာက ေဆာက္တမ္တန္မွာ ကစားမယ္ဆိုရင္ ခ်ီးက်ဴးခံရမယ့္သူ မဟုတ္ဘူး။ ဘန္ေလမွာဆိုရင္လည္း ဘယ္သူကမွ ထည့္ခ်ီးက်ဴးမယ့္သူ မဟုတ္ဘူး။ ဒါေပမယ့္ အာဆင္နယ္မွာက သူ႔လို ေပါက္ကြဲအားနဲ႔ ကစားတတ္သူမ်ိဳးကို အေသအေက်ကို လိုအပ္ပါတယ္ ” လို႔ ေပါမာဆန္က ေျပာဆိုသြားခဲ့ပါတယ္။
Sports Home Time

[Unicode] စကိုင်းမှ အားကစားသုံးသပ်သူ ဂန်းနားဟောင်းကြီး ပေါမာဆန်က အာဆင်နယ်ဟာ ကွင်းလယ်လူ တောရဲရာကို ဆယ်ဆုနှစ်တွေကြာ အသုံးပြုနိုင်ဖို့ရှိပြီး ဥရုဂွေး ကွင်းလယ်လူဟာ အာဆင်နယ်ကို အသွင်ပြောင်းမှုတွေ သယ်ဆောင်လာပေးပါတယ်လို့ ဝန်ခံလိုက်ပါတယ်။
အမ်မရီရဲ့ အာဆင်နယ်မန်နေဂျာဘဝ ပထမဆုံး လက်မှတ်ထိုးမှုတွေမှာ အပါအဝင်ဖြစ်တဲ့ တော်ရဲရာဟာ ဆမ့်ဒိုးရီးရာကနေ ပေါင် 26 သန်းနဲ့ ပြောင်းလာခဲ့တာဖြစ်တယ်။ ဒီအပတ်တွေအတွင်း တော်ရဲရာဟာ အတော်လေးတောက်ပလာနေပြီး တော်တင်ဟမ်နဲ့ ဟက်ဒါဖီးမှာ သွင်းဂိုးတွေ ရယူခဲ့သလို အကောင်းဆုံး ကစားသမားဆုတွေလည်း ရရှိခဲ့ပါတယ်။ မာဆန်ကတော့ တော်ရဲရာရဲ့ ခြေစွမ်းကို အတော်လေး အထင်ကြီးနေတာပါ။
” သူတို့ ဂီဘာတိုဆေးဗားနဲ့ ပက်ထရစ် ဗီရဲရာနောက်ပိုင်း ကွင်းလယ်ကစားသမားကောင်းတစ်ဦးကို လက်မှတ်ထိုးနိုင်ခဲ့တာပါ။ သူက ဘောလုံးပေးမှုတွေမှာ ကျွမ်းကျင်တဲ့ ကွင်းလယ်လူမျိုးမဟုတ်ပဲ ပွဲရဲ့အရှိန်ကို ပိုကောင်းစေတဲ့ ကွင်းလယ်ကစားသမားဖြစ်တယ်။ ဒီနှစ်တွေ အကြာကြီးမှာ အာဆင်နယ်က ဘောလုံးကိုင်ကစားတာ ကောင်းတဲ့အသင်းပါလို့ ကျနော် နှစ်တိုင်း ပြောလာခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး လေး၊ ငါးနှစ်မှာတော့ အာဆင်နယ်ဟာ ဘောလုံးမရှိချိန်မှာ အတော်လေး ညံ့ဖျင်းတဲ့ အသင်းဖြစ်ခဲ့တယ်။ တော်ရဲရာက ဒါကို အပြောင်းအလဲ ဖြစ်စေပါတယ်။
သူ့ရဲ့စိတ်ဓါတ်ပိုင်းက သိပ်ကောင်းပါတယ်။ ကွင်းထဲမှာ လုပ်နိုင်စွမ်းတွေ တစွန်းတစမှ ချန်မထားပဲ အားထုတ်ကြိုးစားတယ်။ အရမ်းကောင်းကောင်း ကစားထားပြီး နှတ်ပတ်ဆက်တိုက် အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူထားပါတယ် ” လို့ဆိုကာ တော်ရဲရာရဲ့ ကစားနိုင်မှုက အသင်းဖော်တွေကို အကျိုးဖြစ်ပြီး ပြိုင်ဘက် ကစားသမားတွေကို အန္တရာယ်ဖြစ်စေကြောင်း စကားဆိုပါတယ်။
အမ်မရိတ်မှာ ခြေစွမ်းကောင်းပြနေပေမယ့် တော်ရဲရာဟာ တိုးတက်လာဖို့တွေ လိုအပ်နေသေးပြီး အာဆင်နယ်ထက် ပိုကောင်းတဲ့အသင်းတွေမှာ ပါဝင်ကစားဖို့ကတော့ လက်ရှိအနေအထားနဲ့ မလုံလောက်သေးဘူးလို့ မာဆန်က ယုံကြည်နေတယ်။
” မနက်ဖြန်မနက်မှာ လီဗာပူးက တော်ရဲရာကို မဝယ်ပါဘူး။ အခြား ထိပ်သီးလေးသင်းစာရင်းဝင်တွေကလည်း တော်ရဲရာကို ခေါ်ယူကြမယ် မထင်ဘူး။ သူက ပိုပိုပြီး ကောင်းလာနိုင်တယ်၊ ဒီအထိလည်း အကောင်းဆုံး လုပ်လာပါတယ်။ အာဆင်နယ်က သူ့လို ကစားသမားလိုတာကို ကျနော်တို့ အားလုံးသိတယ်။ အာဆင်ဝင်းဂါးလည်း သိတယ်။ ဒါပေမယ့် သူက ခေါင်းလည်း မာခဲ့တယ်လေ။
တော်ရဲရာက ဆောက်တမ်တန်မှာ ကစားမယ်ဆိုရင် ချီးကျူးခံရမယ့်သူ မဟုတ်ဘူး။ ဘန်လေမှာဆိုရင်လည်း ဘယ်သူကမှ ထည့်ချီးကျူးမယ့်သူ မဟုတ်ဘူး။ ဒါပေမယ့် အာဆင်နယ်မှာက သူ့လို ပေါက်ကွဲအားနဲ့ ကစားတတ်သူမျိုးကို အသေအကျေကို လိုအပ်ပါတယ် ” လို့ ပေါမာဆန်က ပြောဆိုသွားခဲ့ပါတယ်။
Sports Home Time
