စတာလင္ကို အဂၤလန္ အသင္းေခါင္းေဆာင္ ရာထူးေပးဖို႔ စကား စလာတဲ့ ေဆာက္ဂိတ္

[Zawgyi] ရာဟင္းစတာလင္ဟာ နယ္သာလန္နဲ႔ ယွဥ္ၿပိဳင္ရမယ့္ ေနရွင္းလိဂ္ ဆီမီးဖိုင္နယ္ ပြဲစဥ္မွာ အဂၤလန္အသင္းကို ဦးေဆာင္ၿပီး ထူးျခားတဲ့ ေဘာလံုးရာသီကို အဆုံးသတ္ႏိုင္တယ္ လို႔ နည္းျပ ဂါရတ္ေဆာက္ဂိတ္က ဆိုလိုက္ပါတယ္။ အဲ့ဒီ့ပြဲဟာ အသက္ ၂၄ ႏွစ္သာ ရွိေသးတဲ့ စတာလင္ရဲ႕ ႏိုင္ငံအသင္းအတြက္ ပြဲ ၅၀ ျပည့္လဲ ျဖစ္ပါတယ္။

စတာလင္ရဲ႕ ကလပ္ မန္ခ်က္စတာစီးတီးဟာ မေန႔က ဝက္ဖို႔ဒ္ကို ၆ဂိုးျပတ္ အႏိုင္ယူၿပီး ပထမဆုံးအႀကိမ္ ျပည္တြင္း ဖလားသုံးလုံး ေအာင္ျမင္မႈ ရခဲ့ပါတယ္။ ညကပြဲမွာ စတာလင္ ဟက္ထရစ္ရျပီ ထင္ခဲ့ေပမယ့္ သုံးဂိုးအနက္ ပထမဆုံးဂိုးမွာ ဂါဘရီရယ္ ဂ်ီးဆပ္ရဲ႕ကန္ခ်က္က မ်ဥ္းကိုေက်ာ္ၿပီးသြားမွ စတာလင္က ေဘာလုံးကို ထိခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ ဘရာဇီးလ္သားရဲ႕ ဂိုးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

အဂၤလန္နည္းျပ ေဆာက္ဂိတ္က တကယ္လို႔ လက္ရွိအသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ ဒဏ္ရာျပသနာေၾကာင့္ ေနရွင္းလိဂ္ ပြဲစဥ္ေတြကို လြဲေခ်ာ္မယ္ဆိုရင္ ယခင္ အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူဖူးသူ လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ေက်ာ္ျပီး စတာလင္ကို ကပၸတိန္အျဖစ္ ေပးဖို႔ စဥ္းစားထားပါတယ္။

“ရာဟင္းဟာ ေခါင္းေဆာင္မႈ အရည္အခ်င္း ရွိပါတယ္။ လြန္ခဲ့တဲ့ ၁၂ လတည္းက ဒါကို သူ ေဖာ္ထုတ္ျပသခဲ့တာပါ။ ကြင္းတြင္းေရာ ကြင္းျပင္မွာပါ သူလုပ္ခဲ့တာေတြနဲ႔ အတူ သူ႔ရဲ႕ ရင့္က်က္လာမႈကို ခင္ဗ်ားတို႔ ျမင္ႏိုင္ပါတယ္။ ဒါကို သူနားလည္တယ္လို႔ က်ေနာ္ထင္ပါတယ္။ သူ႔ကို အသင္းေခါင္းေဆာင္ လက္ပတ္ေပးဖို႔ က်ေနာ္ တုံ႔ဆိုင္းေနမွာမဟုတ္ပါဘူး။ ” လို႔ ေဆာက္ဂိတ္က ေျပာၾကားလိုက္ပါတယ္။

ေတာင္ပံ တိုက္စစ္သမားဟာ ကမာၻ႔ဖလားမွာ တစ္ဂိုးမွ မသြင္းႏိုင္ခဲ့လို႔ ေဝဖန္ခံခဲ့ရေပမယ့္ ေအာက္တိုဘာေနာက္ပိုင္း အဂၤလန္အသင္းအတြက္ ၆ဂိုး သြင္းယူေပးခဲ့ပါတယ္။ အဲ့ထဲက သုံးဂိုးဟာ ယခုႏွစ္ မတ္လက ခ်က္သမၼတႏိူင္ငံနဲ႔ပြဲမွာ ဟက္ထရစ္ရခဲ့တာပါ။

စတာလင္ဟာ ကာရာေဘာင္းဖလား၊ အက္ဖ္ေအဖလား ၊ ႏွစ္ႏွစ္ဆက္ ပရီးမီးယားလိဂ္ ဖလားတို႔နဲ႔အတူ ပီအက္ဖ္ေအရဲ႕ တႏွစ္တာ အေကာင္းဆုံး လူငယ္ကစားသမားဆု၊ ေဘာလုံး စာေရးဆရာအဖြဲ႕အစည္းရဲ႕ တႏွစ္တာ အေကာင္းဆုံးဆုတို႔ကို ရရွိခဲ့ပါတယ္။ ယခုရာသီမွာ မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံ ၂၆ ဂိုး သြင္းယူခဲ့ၿပီး အေကာင္းဆုံး ရာသီ ျဖစ္ခဲ့ပါတယ္။

ကိန္းဟာ ေနရွင္းလိဂ္အတြက္ လူစာရင္းမွာ ပါဝင္ခဲ့ေပမယ့္လည္း ဧၿပီ ၉ ရက္ေန႔ ခ်န္ပီယံလိဂ္မွာ စတာလင္ရဲ႕ မန္ခ်က္စတာစီးတီးနဲ႔ ေတြ႕ဆုံခဲ့စဥ္ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထုတ္ပယ္ခံရၿပီးေနာက္ပိုင္း ႏိုင္ငံအတြက္ တစ္ပြဲမွ မပါဝင္ရေသးပါဘူး။ ကိန္းဟာ အဂၤလန္ရဲ႕ ေနရွင္းလိဂ္ပြဲေတြနဲ႔အတူ ဇြန္ ၁ ရက္ေန႔မွာ ကစားမယ့္ စပါးရဲ႕ ခ်န္ပီယံလိဂ္ ဖိုင္နယ္ပြဲအတြက္ ႀကံ့ခိုင္မႈျပည့္ဝဖို႔ မေသခ်ာတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။

Sports Home Time

[Unicode] ရာဟင်းစတာလင်ဟာ နယ်သာလန်နဲ့ ယှဉ်ပြိုင်ရမယ့် နေရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အင်္ဂလန်အသင်းကို ဦးဆောင်ပြီး ထူးခြားတဲ့ ဘောလုံးရာသီကို အဆုံးသတ်နိုင်တယ် လို့ နည်းပြ ဂါရတ်ဆောက်ဂိတ်က ဆိုလိုက်ပါတယ်။ အဲ့ဒီ့ပွဲဟာ အသက် ၂၄ နှစ်သာ ရှိသေးတဲ့ စတာလင်ရဲ့ နိုင်ငံအသင်းအတွက် ပွဲ ၅၀ ပြည့်လဲ ဖြစ်ပါတယ်။

စတာလင်ရဲ့ ကလပ် မန်ချက်စတာစီးတီးဟာ မနေ့က ဝက်ဖို့ဒ်ကို ၆ဂိုးပြတ် အနိုင်ယူပြီး ပထမဆုံးအကြိမ် ပြည်တွင်း ဖလားသုံးလုံး အောင်မြင်မှု ရခဲ့ပါတယ်။ ညကပွဲမှာ စတာလင် ဟက်ထရစ်ရပြီ ထင်ခဲ့ပေမယ့် သုံးဂိုးအနက် ပထမဆုံးဂိုးမှာ ဂါဘရီရယ် ဂျီးဆပ်ရဲ့ကန်ချက်က မျဉ်းကိုကျော်ပြီးသွားမှ စတာလင်က ဘောလုံးကို ထိခဲ့တာကြောင့် နောက်ဆုံးမှာ ဘရာဇီးလ်သားရဲ့ ဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က တကယ်လို့ လက်ရှိအသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ဒဏ်ရာပြသနာကြောင့် နေရှင်းလိဂ် ပွဲစဉ်တွေကို လွဲချော်မယ်ဆိုရင် ယခင် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူဖူးသူ လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ကျော်ပြီး စတာလင်ကို ကပ္ပတိန်အဖြစ် ပေးဖို့ စဉ်းစားထားပါတယ်။

“ရာဟင်းဟာ ခေါင်းဆောင်မှု အရည်အချင်း ရှိပါတယ်။ လွန်ခဲ့တဲ့ ၁၂ လတည်းက ဒါကို သူ ဖော်ထုတ်ပြသခဲ့တာပါ။ ကွင်းတွင်းရော ကွင်းပြင်မှာပါ သူလုပ်ခဲ့တာတွေနဲ့ အတူ သူ့ရဲ့ ရင့်ကျက်လာမှုကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ဒါကို သူနားလည်တယ်လို့ ကျနော်ထင်ပါတယ်။
သူ့ကို အသင်းခေါင်းဆောင် လက်ပတ်ပေးဖို့ ကျနော် တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး။ ” လို့ ဆောက်ဂိတ်က ပြောကြားလိုက်ပါတယ်။

တောင်ပံ တိုက်စစ်သမားဟာ ကမ္ဘာ့ဖလားမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရပေမယ့် အောက်တိုဘာနောက်ပိုင်း အင်္ဂလန်အသင်းအတွက် ၆ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ထဲက သုံးဂိုးဟာ ယခုနှစ် မတ်လက ချက်သမ္မတနိူင်ငံနဲ့ပွဲမှာ ဟက်ထရစ်ရခဲ့တာပါ။

စတာလင်ဟာ ကာရာဘောင်းဖလား၊ အက်ဖ်အေဖလား ၊ နှစ်နှစ်ဆက် ပရီးမီးယားလိဂ် ဖလားတို့နဲ့အတူ ပီအက်ဖ်အေရဲ့ တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု၊ ဘောလုံး စာရေးဆရာအဖွဲ့အစည်းရဲ့ တနှစ်တာ အကောင်းဆုံးဆုတို့ကို ရရှိခဲ့ပါတယ်။ ယခုရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၂၆ ဂိုး သွင်းယူခဲ့ပြီး အကောင်းဆုံး ရာသီ ဖြစ်ခဲ့ပါတယ်။

ကိန်းဟာ နေရှင်းလိဂ်အတွက် လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း ဧပြီ ၉ ရက်နေ့ ချန်ပီယံလိဂ်မှာ စတာလင်ရဲ့ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံခဲ့စဉ် ဒဏ်ရာကြောင့် ကွင်းထဲကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း နိုင်ငံအတွက် တစ်ပွဲမှ မပါဝင်ရသေးပါဘူး။ ကိန်းဟာ အင်္ဂလန်ရဲ့ နေရှင်းလိဂ်ပွဲတွေနဲ့အတူ ဇွန် ၁ ရက်နေ့မှာ ကစားမယ့် စပါးရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝဖို့ မသေချာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

Sports Home Time