လန္ဒန္သတင္းေတြ ဆြဲထုတ္ျပတဲ့ စပါးက လီဗာပူးကို ခ်န္ပီယံလိဂ္မွာ အႏုိင္ရမယ့္ နိမိတ္

မန္စီးတီးအသင္းက အဂၤလန္ျပည္တြင္းမွာ ဆုဖလားေတြအားလံုးကို အႏုိင္ရျပီး ေဘာလံုးရာသီတစ္ခု ပိတ္သိမ္းခဲ့ပါျပီ။ ဒါေပမယ့္ ျပည္တြင္းျပိဳင္ဘက္ေတြျဖစ္တဲ့ စပါးနဲ႔ လီဗာပူးကေတာ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအျဖစ္ လာမယ့္ ႏွစ္ပတ္အတြင္း မက္ဒရစ္မွာ ယွဥ္ျပိဳင္သြားရမွာျဖစ္ပါတယ္။

လန္ဒန္အေျခစိုက္ သတင္းဌာန Football london ကေတာ့ ဒီရာသီမွာ မန္စီးတီးတို႔ အဓိက ဆုဖလား သံုးလံုးကို အႏုိင္ရခဲ့တာက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ စပါးတို႔ လီဗာပူးကို အႏုိင္ရျပီး ခ်န္ပီယံလိဂ္ အႏုိင္ရမယ့္ နိမိတ္ေကာင္း အျဖစ္ ေဟာကိန္းထုတ္သြားခဲ့ပါတယ္။

စပါးနဲ႔ မန္စီးတီးတို႔ဟာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ေတြ႔ဆံုခဲ့ၾကျပီး စပါးက အႏုိင္ရ ေက်ာ္ျဖတ္သြားခဲ့တာပါ။ ဆီမီးအဆင့္မွာ ေအဂ်က္ကို ေက်ာ္ျဖတ္ခဲ့ျပီးမွပဲ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခဲ့တာျဖစ္တယ္။ မန္စီးတီးက ခ်န္ပီယံလိဂ္က ထြက္ခဲ့ျပီးေနာက္ပိုင္း ပရီးမီးယားလိဂ္၊ ကာရာေဘာင္းဖလားတို႔ကို အႏုိင္ရခဲ့တယ္။ မေန႔ကေတာ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ ဝတ္ဖို႔ကို အႏုိင္ရခဲ့လုိ႔ ဖလားသံုးလံုး အႏုိင္ရတဲ့အသင္း ျဖစ္လာခဲ့ပါတယ္။

တူညီတဲ့ အျဖစ္အပ်က္က 1998-99 ရာသီမွာ ျဖစ္ပြားခဲ့ျပီး စပါးဟာ ယူႏုိက္တက္ကို လိဂ္ဖလား ကြာတားဖိုင္နယ္ အဆင့္မွာ ျဖဳတ္ခ်ခဲ့တယ္။ ယူႏုိက္တက္က ေနာက္ပိုင္းမွာ အက္ဖ္ေအဖလား၊ ပရီးမီးယားလိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို အႏုိင္ရခဲ့ျပီး တစ္ရာသီ ဖလားသံုးလံုး အႏုိင္ရတဲ့အသင္း ျဖစ္လာခဲ့ပါတယ္။

စပါးဟာ ဆုဖလားသံုးလံုး အႏုိင္ရမယ့္အသင္းကို ျဖဳတ္ခ်ျပီးေနာက္ ၄င္းျပိဳင္ပြဲမွာ ဗိုလ္လုပြဲထိ တက္ေရာက္ခဲ့ျပီး အဆံုးမွာ လိဂ္ဖလားကို အႏုိင္ရခဲ့ပါတယ္။ အႏွစ္ 20 ၾကာခဲ့ျပီးေနာက္ တူညီတဲ့ ျဖစ္ရပ္က ခ်န္ပီယံလိဂ္မွာ လာျဖစ္ေနခဲ့ျပီး ကြာတားမွာ စပါးတို႔ျဖဳတ္ခ်ခဲ့တဲ့ မန္စီးတီးက ဖလားသံုလံုးအႏုိင္ရခဲ့သလို စပါးကလည္း ဗိုလ္လုပြဲကို ေရာက္လာခဲ့ပါျပီ။

လန္ဒန္သတင္းကေတာ့ ဒါကို နိမိတ္ေကာင္းအျဖစ္ ေဖာ္ျပခဲ့ျပီး လြန္ခဲ့တဲ့ အႏွစ္ 20 က အနာဂတ္မွာ ဆုဖလားသံုးလံုး အႏုိင္ရမယ့္အသင္းကို ျဖဳတ္ခ်ျပီး တက္ေရာက္ႏုိင္တဲ့ ဖလားျပိဳင္ပြဲမွာ စပါးတို႔ ခ်န္ပီယံျဖစ္သလို ဒီရာသီမွာလည္း စပါးတို႔ ခ်န္ပီယံျဖစ္သြားမလားဆိုျပီး လန္ဒန္အသင္းကို အသားေပးတဲ့ နိမိတ္ဖတ္မႈကို ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးအသင်းက အင်္ဂလန်ပြည်တွင်းမှာ ဆုဖလားတွေအားလုံးကို အနိုင်ရပြီး ဘောလုံးရာသီတစ်ခု ပိတ်သိမ်းခဲ့ပါပြီ။ ဒါပေမယ့် ပြည်တွင်းပြိုင်ဘက်တွေဖြစ်တဲ့ စပါးနဲ့ လီဗာပူးကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် လာမယ့် နှစ်ပတ်အတွင်း မက်ဒရစ်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

လန်ဒန်အခြေစိုက် သတင်းဌာန Football london ကတော့ ဒီရာသီမှာ မန်စီးတီးတို့ အဓိက ဆုဖလား သုံးလုံးကို အနိုင်ရခဲ့တာက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးတို့ လီဗာပူးကို အနိုင်ရပြီး ချန်ပီယံလိဂ် အနိုင်ရမယ့် နိမိတ်ကောင်း အဖြစ် ဟောကိန်းထုတ်သွားခဲ့ပါတယ်။

စပါးနဲ့ မန်စီးတီးတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြပြီး စပါးက အနိုင်ရ ကျော်ဖြတ်သွားခဲ့တာပါ။ ဆီမီးအဆင့်မှာ အေဂျက်ကို ကျော်ဖြတ်ခဲ့ပြီးမှပဲ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်တယ်။ မန်စီးတီးက ချန်ပီယံလိဂ်က ထွက်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်၊ ကာရာဘောင်းဖလားတို့ကို အနိုင်ရခဲ့တယ်။ မနေ့ကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဝတ်ဖို့ကို အနိုင်ရခဲ့လို့ ဖလားသုံးလုံး အနိုင်ရတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။

တူညီတဲ့ အဖြစ်အပျက်က 1998-99 ရာသီမှာ ဖြစ်ပွားခဲ့ပြီး စပါးဟာ ယူနိုက်တက်ကို လိဂ်ဖလား ကွာတားဖိုင်နယ် အဆင့်မှာ ဖြုတ်ချခဲ့တယ်။ ယူနိုက်တက်က နောက်ပိုင်းမှာ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို အနိုင်ရခဲ့ပြီး တစ်ရာသီ ဖလားသုံးလုံး အနိုင်ရတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။

စပါးဟာ ဆုဖလားသုံးလုံး အနိုင်ရမယ့်အသင်းကို ဖြုတ်ချပြီးနောက် ၎င်းပြိုင်ပွဲမှာ ဗိုလ်လုပွဲထိ တက်ရောက်ခဲ့ပြီး အဆုံးမှာ လိဂ်ဖလားကို အနိုင်ရခဲ့ပါတယ်။ အနှစ် 20 ကြာခဲ့ပြီးနောက် တူညီတဲ့ ဖြစ်ရပ်က ချန်ပီယံလိဂ်မှာ လာဖြစ်နေခဲ့ပြီး ကွာတားမှာ စပါးတို့ဖြုတ်ချခဲ့တဲ့ မန်စီးတီးက ဖလားသုံလုံးအနိုင်ရခဲ့သလို စပါးကလည်း ဗိုလ်လုပွဲကို ရောက်လာခဲ့ပါပြီ။

လန်ဒန်သတင်းကတော့ ဒါကို နိမိတ်ကောင်းအဖြစ် ဖော်ပြခဲ့ပြီး လွန်ခဲ့တဲ့ အနှစ် 20 က အနာဂတ်မှာ ဆုဖလားသုံးလုံး အနိုင်ရမယ့်အသင်းကို ဖြုတ်ချပြီး တက်ရောက်နိုင်တဲ့ ဖလားပြိုင်ပွဲမှာ စပါးတို့ ချန်ပီယံဖြစ်သလို ဒီရာသီမှာလည်း စပါးတို့ ချန်ပီယံဖြစ်သွားမလားဆိုပြီး လန်ဒန်အသင်းကို အသားပေးတဲ့ နိမိတ်ဖတ်မှုကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

Sports Home Time