ဖလားသံုးလံုး အႏုိင္ရေပမယ့္ ဂရုတစိုက္ ခ်ီးက်ဴးမေပးၾကတဲ့အတြက္ မန္စီးတီးပရိသတ္ေတြ ေဒါသထြက္

မန္စီးတီးဟာ ဝင္ဘာေလမွာ ဝတ္ဖို႔ဒ္ကို ဂိုးျပတ္ အႏုိင္ရျပီး အက္ဖ္ေအဖလား ခ်န္ပီယံျဖစ္ခဲ့ျခင္းေၾကာင့္ အဂၤလန္သမိုင္းမွာ ျပည္တြင္းဖလားသံုးလံုးကို တစ္ရာသီအတြင္း အႏုိင္ရတဲ့ ပထမဆံုးေသာ ျပည္တြင္းအသင္း ျဖစ္လာခဲ့ပါတယ္။

အဂၤလန္ ေဘာလံုးသမိုင္းမွာ ခမ္းနားတဲ့ ေအာင္ျမင္ကို ရယူႏုိင္ခဲ့ျခင္း ျဖစ္ေပမယ့္လည္း အဂၤလန္မီဒီယာေတြက မန္စီးတီးကို ဂရုတစိုက္ ဂုဏ္ျပဳမေပးၾကတဲ့အျပင္ ျပိဳင္ဘက္ လီဗာပူး၊ ယူႏုိက္တက္တို႔ေလာက္ မီဒီယာစိတ္ဝင္စားျခင္း မခံရတာအတြက္ မန္စီးတီးပရိသတ္ေတြက အေတာ္ေလး ေဒါသထြက္ေနခဲ့ၾကတယ္။

ဂြာဒီယိုလာက အက္ဖ္ေအဖလား မကန္ခင္မွာတုန္းက ” လီဗာပူးက အမွတ္ေပးဖလားမရတာ ႏွစ္အေတာ္ၾကာခဲ့ပါျပီ။ အကယ္လို႔ ဒီရာသီမွာ အမွတ္ေပးခ်န္ပီယံက သူတို႔ျဖစ္ခဲ့ရင္ အရမ္းအံ့ၾသဖို႔ေကာင္းတဲ့ ေအာင္ျမင္မႈ ျဖစ္သြားမွာပါ။ ဒါေပမယ့္ က်ေန္ာတို႔ အႏုိင္ရခ်ိန္မွာေတာ့ သာမာန္ေအာင္ျမင္မႈပဲ ျဖစ္ခဲ့ပါတယ္။ ယူႏိုက္တက္မွာ ဆာအဲလက္လို မန္ေနဂ်ာရွိခဲ့သလို၊ လီဗာပူးကလည္း ေဘာ့ပီယာစေလ လက္ထက္မွာ အေကာင္းဆံုးအခ်ိန္ေတြ ပိုင္ဆိုင္ခဲ့တယ္။

ျဗိတိန္ရဲ႕ နာမည္ၾကီးဝဘ္ဆိုဒ္ျဖစ္တဲ့ ေဒးလီးေမလ္းအတြက္က ယူႏုိက္တက္နဲ႔ လီဗာပူးတို႔က ပိုျပီး အေရးပါေနတယ္။ က်ေန္ာတို႔ အမွတ္ေပးဖလား အႏုိင္ရအျပီး ေနာက္တစ္ရက္မွာ သူတို႔တင္တဲ့ ေခါင္းၾကီးသတင္းက မန္စီးတီး ခ်န္ပီယံျဖစ္တဲ့အေၾကာင္းထက္ ယူႏုိက္တက္ကစားသမား ေပါ့ဘာရဲ႕ အသင္းပရိသတ္ေတြနဲ႔ စကားမ်ားတဲ့အေၾကာင္းပါ။ က်ေန္ာကေတာ့ အသင္းရဲ႕ စြမ္းေဆာင္ရည္ကို အရမ္း အားရပါတယ္ ” လို႔ ေျပာခဲ႔တယ္။

အျခားေသာ အဂၤလန္မီဒီယာေတြကလည္း မန္စီးတီးရဲ႕ ေအာင္ျမင္မႈကို ခ်ီးက်ဴးသတင္းေတြ ေဖာ္ျပမယ့္အစား လီဗာပူးအသင္းကို မန္စီးတီးအသင္းသားေတြ ေလွာင္ေျပာင္တဲ့ သီခ်င္းအေၾကာင္းကိုပဲ ေခါင္းၾကီးသတင္းေတြနဲ႔ ေဖာ္ျပခဲ့ၾကတာပါ။ မန္စီးတီးနဲ႔ ျပိဳင္ဘက္ အသင္းေတြျဖစ္တဲ့ ယူႏုိက္တက္၊ လီဗာပူးၾကား အစဥ္အလာနဲ႔ မီဒီယာလႊမ္းမိုးမႈက ၾကီးၾကီးမားမား ကြာျခားေနတာျဖစ္တယ္။

ဒီအေျခအေနကို သည္းမခံႏုိင္တဲ့ မန္စီးတီးပရိသတ္ေတြကေတာ့ အက္ဖ္ဖလားပြဲအျပီး မီဒီယာခန္းထဲဝင္ေရာက္ကာ မန္စီးတီးကို ဂရုစိုက္ေပးၾကျခင္း မရွိတဲ့ မီဒီယာေတြကို ေအာ္ဟစ္ဟာ ေဝဖန္ခဲ့ပါတယ္။ ၄င္းပရိသတ္က ” ငါတို႔က ျပည္တြင္း ေ-ာက္ဖလား သံုးလံုးေတာင္ရတဲ့ အသင္းပါကြာ။ ဒါမ်ိဳး တသင္းမွလည္း မလုပ္ထားႏုိင္ပါဘူး။ ဒါေပမယ့္ မနက္ျဖန္မွာ မင္းတို႔က စီးတီးအစား ဆာလက္အေၾကာင္းကို သတင္းေရးၾကလိမ့္မယ္ ” လို႔ ေဒါသတၾကီး ဝင္ေရာက္ ေျပာဆိုခဲ့ပါတယ္။

အဆိုပါ ဗီဒီယိုဟာ အြန္လိုင္မွာ ပ်ံ႕ႏွံ႔ခဲ့ျပီး မန္စီးတီးဟာ ျပည္တြင္းဆုဖလားေတြ ေအာင္ျမင္ေနေပမယ့္ အဂၤလန္ရဲ႕ အထင္ကရ အသင္းေတြကို ႏိႈင္းယွဥ္ဖုိ႔က မျဖစ္ႏုိင္ေသးဘူးလားဆိုတဲ့ ေမးခြန္းေတြ ပိုမို က်ယ္ျပန္႔လာခဲ့ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးဟာ ဝင်ဘာလေမှာ ဝတ်ဖို့ဒ်ကို ဂိုးပြတ် အနိုင်ရပြီး အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့ခြင်းကြောင့် အင်္ဂလန်သမိုင်းမှာ ပြည်တွင်းဖလားသုံးလုံးကို တစ်ရာသီအတွင်း အနိုင်ရတဲ့ ပထမဆုံးသော ပြည်တွင်းအသင်း ဖြစ်လာခဲ့ပါတယ်။

အင်္ဂလန် ဘောလုံးသမိုင်းမှာ ခမ်းနားတဲ့ အောင်မြင်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပေမယ့်လည်း အင်္ဂလန်မီဒီယာတွေက မန်စီးတီးကို ဂရုတစိုက် ဂုဏ်ပြုမပေးကြတဲ့အပြင် ပြိုင်ဘက် လီဗာပူး၊ ယူနိုက်တက်တို့လောက် မီဒီယာစိတ်ဝင်စားခြင်း မခံရတာအတွက် မန်စီးတီးပရိသတ်တွေက အတော်လေး ဒေါသထွက်နေခဲ့ကြတယ်။

ဂွာဒီယိုလာက အက်ဖ်အေဖလား မကန်ခင်မှာတုန်းက ” လီဗာပူးက အမှတ်ပေးဖလားမရတာ နှစ်အတော်ကြာခဲ့ပါပြီ။ အကယ်လို့ ဒီရာသီမှာ အမှတ်ပေးချန်ပီယံက သူတို့ဖြစ်ခဲ့ရင် အရမ်းအံ့သြဖို့ကောင်းတဲ့ အောင်မြင်မှု ဖြစ်သွားမှာပါ။ ဒါပေမယ့် ကျနေ်ာတို့ အနိုင်ရချိန်မှာတော့ သာမာန်အောင်မြင်မှုပဲ ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ဆာအဲလက်လို မန်နေဂျာရှိခဲ့သလို၊ လီဗာပူးကလည်း ဘော့ပီယာစလေ လက်ထက်မှာ အကောင်းဆုံးအချိန်တွေ ပိုင်ဆိုင်ခဲ့တယ်။

ဗြိတိန်ရဲ့ နာမည်ကြီးဝဘ်ဆိုဒ်ဖြစ်တဲ့ ဒေးလီးမေလ်းအတွက်က ယူနိုက်တက်နဲ့ လီဗာပူးတို့က ပိုပြီး အရေးပါနေတယ်။ ကျနေ်ာတို့ အမှတ်ပေးဖလား အနိုင်ရအပြီး နောက်တစ်ရက်မှာ သူတို့တင်တဲ့ ခေါင်းကြီးသတင်းက မန်စီးတီး ချန်ပီယံဖြစ်တဲ့အကြောင်းထက် ယူနိုက်တက်ကစားသမား ပေါ့ဘာရဲ့ အသင်းပရိသတ်တွေနဲ့ စကားများတဲ့အကြောင်းပါ။ ကျနေ်ာကတော့ အသင်းရဲ့ စွမ်းဆောင်ရည်ကို အရမ်း အားရပါတယ် ” လို့ ပြောခဲ့တယ်။

အခြားသော အင်္ဂလန်မီဒီယာတွေကလည်း မန်စီးတီးရဲ့ အောင်မြင်မှုကို ချီးကျူးသတင်းတွေ ဖော်ပြမယ့်အစား လီဗာပူးအသင်းကို မန်စီးတီးအသင်းသားတွေ လှောင်ပြောင်တဲ့ သီချင်းအကြောင်းကိုပဲ ခေါင်းကြီးသတင်းတွေနဲ့ ဖော်ပြခဲ့ကြတာပါ။ မန်စီးတီးနဲ့ ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ လီဗာပူးကြား အစဉ်အလာနဲ့ မီဒီယာလွှမ်းမိုးမှုက ကြီးကြီးမားမား ကွာခြားနေတာဖြစ်တယ်။

ဒီအခြေအနေကို သည်းမခံနိုင်တဲ့ မန်စီးတီးပရိသတ်တွေကတော့ အက်ဖ်ဖလားပွဲအပြီး မီဒီယာခန်းထဲဝင်ရောက်ကာ မန်စီးတီးကို ဂရုစိုက်ပေးကြခြင်း မရှိတဲ့ မီဒီယာတွေကို အော်ဟစ်ဟာ ဝေဖန်ခဲ့ပါတယ်။ ၎င်းပရိသတ်က ” ငါတို့က ပြည်တွင်း ေ-ာက်ဖလား သုံးလုံးတောင်ရတဲ့ အသင်းပါကွာ။ ဒါမျိုး တသင်းမှလည်း မလုပ်ထားနိုင်ပါဘူး။ ဒါပေမယ့် မနက်ဖြန်မှာ မင်းတို့က စီးတီးအစား ဆာလက်အကြောင်းကို သတင်းရေးကြလိမ့်မယ် ” လို့ ဒေါသတကြီး ဝင်ရောက် ပြောဆိုခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုဟာ အွန်လိုင်မှာ ပျံ့နှံ့ခဲ့ပြီး မန်စီးတီးဟာ ပြည်တွင်းဆုဖလားတွေ အောင်မြင်နေပေမယ့် အင်္ဂလန်ရဲ့ အထင်ကရ အသင်းတွေကို နှိုင်းယှဉ်ဖို့က မဖြစ်နိုင်သေးဘူးလားဆိုတဲ့ မေးခွန်းတွေ ပိုမို ကျယ်ပြန့်လာခဲ့ပါတယ်။

Sports Home Time