ျပင္သစ္မန္ေနဂ်ာ ဒတ္ခ်မ့္နဲ႔ မန္စီးတီး ခံစစ္သမား လာေပၚေတးၾကား ျပႆနာ

[Zawgyi] ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္ခ်က္စတာစီးတီးမွာ စတုန္းနဲ႕ အတူ တြဲဖက္ျပီး ပထမပြဲထြက္ ကစားသမားအျဖစ္ ပံုမွန္ ကစားခြင့္ရေနေသာ္လည္း ျပင္သစ္ လက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ မခံရျခင္းဟာ နည္းျပ ဒတ္ခ်မ့္ရဲ႕ ပုဂၢိဳလ္ေရး အေၾကာင္းျပခ်က္ တစ္ခုခုရွိေနလို႕ ျဖစ္လိမ့္မယ္လို႔ လာေပၚေတးက ေ၀ဖန္ျပစ္တင္လိုက္ပါတယ္။

ဂြာဒီယိုလာရဲ႕ အသင္းမွာ ေနရာရေနေပမယ့္ ျပင္သစ္အသင္းရဲ႕ ပထမဦးစားေပး ဗဟိုခံ့စစ္မွဴး အမ္တီတီ ဒဏ္ရာရေနတာေတာင္ လာေပၚေတး တစ္ေယာက္ ျပင္သစ္အသင္းအတြက္ ေရြးခ်ယ္ မခံရေသးဘဲ ရွိေနပါတယ္။ လာေပၚေတးက မတ္ ၂၀၁၇ တုန္းက ျပင္သစ္ စပိန္ကို ရွံဳးခဲ့တဲ့ပြဲ အရန္စာရင္းမွာ ရွိခဲ့ျပီး တစ္ပြဲမွာ ပြဲထြက္ ကစားေပးရတာ မရွိေသးပါဘူး။ ျပီးခဲ့တဲ့ ကမၻာ့ဖလား ျပိဳင္ပြဲ ခ်န္ပီယံ ျပင္သစ္အသင္းမွာလည္း ၄င္း ပါ၀င္ခြင့္ မရခဲ့ပါဘူး။

ဒါေၾကာင့္ နည္းျပ ဒတ္ခ်မ့္ရဲ႕ ေရြးခ်ယ္မႈ ဆံုးျဖတ္ခ်က္ေတြက ေျခစြမ္းေတြနဲ႕ မသက္ဆိုင္ေတာ့ဘူးလို႔ လာေပၚေတးက ဆိုလိုက္တာပါ။

“နည္းျပ တစ္ေယာက္က က်ေနာ့္ကို မေခၚဘူးဆိုရင္ ေစာင့္ေနရံုပဲ ရွိေတာ့တာေပါ့.. ေစာင့္ရင္း အလုပ္ၾကိဳးစားလုပ္ရံုပဲ ရွိတယ္။ ဒါေပမယ့္ က်ေနာ္ မပါ၀င္ရတာက ေဘာလံုးနဲ႕ ဆုိင္တဲ့ အေၾကာင္းေၾကာင့္ေတာ့ မျဖစ္နုိင္ေတာ့ဘူး.. သူ႔ကို ခင္ဗ်ားတို႕ ကုိယ္တိုင္ သြားေမးၾကည့္မွပဲ ရမယ္။” လို႔ ျပင္သစ္ သတင္းမီဒီယာ EiTB နဲ႕ အင္တာဗ်ဴးမွာ လာေပၚေတးက ေျပာၾကားလုိက္ပါတယ္။

“က်ေနာ့္ဘက္ကေတာ့ သူနဲ႕ ပုဂၢလိက ျပႆနာမ်ိဳး မရွိဘူး .. ဒါေပမယ့္ တစ္ခုခု ျပႆနာ ရွိေနတယ္ဆိုရင္လည္း သူ႔ဘက္ကပဲ ျဖစ္မွာ က်ေနာ့္ဘက္ကေတာ့ မရွိဘူး ရွင္းတယ္။ သူသာ အခြင့္အေရးေပးရင္ က်ေနာ္ ကမၻာ့ဖလားခ်န္ပီယံအသင္းမွာ ပါ၀င္ခြင့္ရမယ္။ ဒါေပမယ့္ ဒါေတြက နည္းျပ ဆံုးျဖတ္ခ်က္ပဲ ျဖစ္ေတာ့ က်ေနာ့္အေနနဲ႕ ေလးစားဖို႔ပဲ ရွိတယ္။ ဒါေပမယ့္ ပုဂၢိဳလ္ေရး အေၾကာင္း တစ္ခုခုေၾကာင့္ က်ေနာ့္ကို မေခၚတာလို႔ ထင္ပါတယ္။”

“က်ေနာ္ကေတာ့ သူ႔ကို ဖုန္းဆက္မွာ မဟုတ္ဘူး.. ဘာလုပ္ဖို႔လဲ သူ႔ကို ရန္ေတြ႔ဖို႔လား။ ကလပ္အသင္းနဲ႕အတူပဲ က်ေနာ္ ၾကိဳးစား အလုပ္လုပ္ေနဦးမွာပါ.. နုိင္ငံပြဲနဲ႕ ပတ္သတ္ျပီး ေျဖရွင္းေပးနုိင္တဲ့ တစ္ဦးတည္းေသာသူက နည္းျပပဲ ရွိပါတယ္။” လို႕ ၄င္းက ဆိုပါတယ္။

အသက္ ၂၄ နွစ္အရြယ္ စီးတီး ခံစစ္မွဴးဟာ ျပင္သစ္အသင္းအတြက္ မကစားရေသးလို႔ စပိန္အသင္းအတြက္ ကိုယ္စားျပဳ ကစားဖို႔ ေျပာင္းလဲမယ္ဆိုလည္း ေျပာင္းခြင့္ ရွိပါေသးတယ္။ ဒါေပမယ့္ လာေပၚေတကေတာ့ သူက ျပင္သစ္ ျဖစ္တဲ့အတြက္ ျပင္သစ္အတြက္ ကစားဖို႔ ေရြးခ်ယ္ခဲ့တာ ျဖစ္ျပီး နွစ္နုိင္ငံ နုိင္ငံသား အျဖစ္ စပိန္အသင္းအတြက္ ကစားဖို႔ ေလွ်ာက္ထားမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးမှာ စတုန်းနဲ့ အတူ တွဲဖက်ပြီး ပထမပွဲထွက် ကစားသမားအဖြစ် ပုံမှန် ကစားခွင့်ရနေသော်လည်း ပြင်သစ် လက်ရွေးစင်အသင်းအတွက် ရွေးချယ် မခံရခြင်းဟာ နည်းပြ ဒတ်ချမ့်ရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းပြချက် တစ်ခုခုရှိနေလို့ ဖြစ်လိမ့်မယ်လို့ လာပေါ်တေးက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းမှာ နေရာရနေပေမယ့် ပြင်သစ်အသင်းရဲ့ ပထမဦးစားပေး ဗဟိုခံ့စစ်မှူး အမ်တီတီ ဒဏ်ရာရနေတာတောင် လာပေါ်တေး တစ်ယောက် ပြင်သစ်အသင်းအတွက် ရွေးချယ် မခံရသေးဘဲ ရှိနေပါတယ်။ လာပေါ်တေးက မတ် ၂၀၁၇ တုန်းက ပြင်သစ် စပိန်ကို ရှုံးခဲ့တဲ့ပွဲ အရန်စာရင်းမှာ ရှိခဲ့ပြီး တစ်ပွဲမှာ ပွဲထွက် ကစားပေးရတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ချန်ပီယံ ပြင်သစ်အသင်းမှာလည်း ၎င်း ပါဝင်ခွင့် မရခဲ့ပါဘူး။

ဒါကြောင့် နည်းပြ ဒတ်ချမ့်ရဲ့ ရွေးချယ်မှု ဆုံးဖြတ်ချက်တွေက ခြေစွမ်းတွေနဲ့ မသက်ဆိုင်တော့ဘူးလို့ လာပေါ်တေးက ဆိုလိုက်တာပါ။

“နည်းပြ တစ်ယောက်က ကျနော့်ကို မခေါ်ဘူးဆိုရင် စောင့်နေရုံပဲ ရှိတော့တာပေါ့.. စောင့်ရင်း အလုပ်ကြိုးစားလုပ်ရုံပဲ ရှိတယ်။ ဒါပေမယ့် ကျနော် မပါဝင်ရတာက ဘောလုံးနဲ့ ဆိုင်တဲ့ အကြောင်းကြောင့်တော့ မဖြစ်နိုင်တော့ဘူး.. သူ့ကို ခင်ဗျားတို့ ကိုယ်တိုင် သွားမေးကြည့်မှပဲ ရမယ်။” လို့ ပြင်သစ် သတင်းမီဒီယာ EiTB နဲ့ အင်တာဗျူးမှာ လာပေါ်တေးက ပြောကြားလိုက်ပါတယ်။

“ကျနော့်ဘက်ကတော့ သူနဲ့ ပုဂ္ဂလိက ပြဿနာမျိုး မရှိဘူး .. ဒါပေမယ့် တစ်ခုခု ပြဿနာ ရှိနေတယ်ဆိုရင်လည်း သူ့ဘက်ကပဲ ဖြစ်မှာ ကျနော့်ဘက်ကတော့ မရှိဘူး ရှင်းတယ်။ သူသာ အခွင့်အရေးပေးရင် ကျနော် ကမ္ဘာ့ဖလားချန်ပီယံအသင်းမှာ ပါဝင်ခွင့်ရမယ်။ ဒါပေမယ့် ဒါတွေက နည်းပြ ဆုံးဖြတ်ချက်ပဲ ဖြစ်တော့ ကျနော့်အနေနဲ့ လေးစားဖို့ပဲ ရှိတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး အကြောင်း တစ်ခုခုကြောင့် ကျနော့်ကို မခေါ်တာလို့ ထင်ပါတယ်။”

“ကျနော်ကတော့ သူ့ကို ဖုန်းဆက်မှာ မဟုတ်ဘူး.. ဘာလုပ်ဖို့လဲ သူ့ကို ရန်တွေ့ဖို့လား။ ကလပ်အသင်းနဲ့အတူပဲ ကျနော် ကြိုးစား အလုပ်လုပ်နေဦးမှာပါ.. နိုင်ငံပွဲနဲ့ ပတ်သတ်ပြီး ဖြေရှင်းပေးနိုင်တဲ့ တစ်ဦးတည်းသောသူက နည်းပြပဲ ရှိပါတယ်။” လို့ ၎င်းက ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် စီးတီး ခံစစ်မှူးဟာ ပြင်သစ်အသင်းအတွက် မကစားရသေးလို့ စပိန်အသင်းအတွက် ကိုယ်စားပြု ကစားဖို့ ပြောင်းလဲမယ်ဆိုလည်း ပြောင်းခွင့် ရှိပါသေးတယ်။ ဒါပေမယ့် လာပေါ်တေကတော့ သူက ပြင်သစ် ဖြစ်တဲ့အတွက် ပြင်သစ်အတွက် ကစားဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပြီး နှစ်နိုင်ငံ နိုင်ငံသား အဖြစ် စပိန်အသင်းအတွက် ကစားဖို့ လျှောက်ထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Sports Home Time