ကိုစီရယ္နီ အေျခအေန ေစာင့္ၾကည့္သြားဦးမယ္လို႔ အမ္မရီိ ဆို

[Zawgyi] ကာလရွည္ ဒဏ္ရာကေန ျပန္လာတဲ့ ကိုစီရယ္နီရဲ႕ အေျခအေနကို အာဆင္နယ္နည္းျပ အမ္မရီကေတာ့ ေမးခြန္းေတြ အမ်ားၾကီး မေမးေစလိုေသးပါဘူး။ ခံစစ္ပိုင္း လက္ရွိ လူစာရင္းအရ မလံုေလာက္ဘူး ဆိုေပမယ့္ အမ္မရီက ကိုစီရယ္နီရဲ႕ အေျခအေနကို အရဲစြန္႕ျပီး ေဆာက္သမ္တန္နဲ႕ပြဲမွာ မသံုးလိုေသးေၾကာင္း ကြာရာဘတ္နဲ႕ ပြဲအျပီးမွာ မွတ္ခ်က္ေပးခဲ့ပါတယ္။

အသက္ ၃၃ နွစ္အရြယ္ ဗဟိုခံစစ္မွဴး ကုိစီရယ္နီက ျပီးခဲ့တဲ့ရာသီေႏွာင္းပိုင္း ဒဏ္ရာ ရသြားျပီးေနာက္ပိုင္း ညကပြဲက သူ႔ရဲ႕ အသင္းၾကီးနဲ႕ ပြဲထြက္ ျပန္ကစားျခင္း ျဖစ္ပါတယ္။ ညကပြဲ အမ္းမရိတ္မွာ ၇၂ မိနစ္တာ ၀င္ကစားသြားတဲ့ ကိုစီရယ္နီကေတာ့ သူ႔ရဲ႕ ေဘာလံုးရာသီက ခုမွ စတာလို႔ ၀မ္းေျမာက္ ၀မ္းသာ ဆိုခဲ့ပါတယ္။ ၄င္းသာ ၾကံ႕ခိုင္မႈ အျပည့္နဲ႕ ျပန္လည္ ပါ၀င္လာနိုင္ရင္ အင္အားနည္းေနတဲ့ အာဆင္နယ္ ခံစစ္အတြက္ အားျဖည့္မႈ တစ္ရပ္ ျဖစ္မွာပါ။

“ဒီေန႔က ကိုစီရယ္နီအတြက္ ေျခလွမ္းတစ္ရပ္ပါ။ တနဂၤေႏြေန႔ပြဲအတြက္ သူ ပါ၀င္ကူညီနုိင္မလားဆိုတာ မနက္ျဖန္နဲ႕ စေနေန႔မွာ သူ႔ အေျခအေနကို ထပ္မံဆန္းဆစ္ဖို႔ လိုပါေသးတယ္။ အခ်ိန္ေကာင္းမွာ သူ ျပန္လည္သက္သာလာတာ တကယ္ ေကာင္းတယ္။ ကစားသမားေတြတိုင္းေကာ ပရိသတ္ေတြတိုင္းပါ ေပ်ာ္ရႊင္ေနၾကတယ္။ ”

“သူက အသင္းဆီ ယံုၾကည္မႈေတြ ယူေဆာင္လာေပးနုိင္တယ္။ ဟန္ခ်က္ညီညီနဲ႕ က်ေန္ာတုိ႕ လုပ္ငန္းကို ဆက္လက္ လုပ္ေဆာင္သြားဖို႔ လိုတယ္.. တနဂၤေႏြေန႔မွာ သူ ကစားရင္ ကစားနိုင္မွာပါ။ က်ေနာ္ကသာ ေစာင့္ၾကည္ခ်င္ေသးတာ။” လို႔ အမ္မရီက ဆိုပါတယ္။

ကိုစီရယ္နီကလည္း သူရခဲ့တဲ့ ဒဏ္ရာက ကစားသမားဘ၀ ပထမဆံုးအၾကိမ္ ဒဏ္ရာၾကီး ျဖစ္လို႔ အသင္းနဲ႕ ေ၀းေနခဲ့ရတဲ့ ကာလေတြမွာ အေတာ္ ခက္ခဲခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ခုမွ ျပန္လည္ကစားခြင့္ရတဲ့ အတြက္ ကိုစီရယ္နီက သူ႔ရဲ႕ ေဘာလံုးရာသီ ခုမွ စျပီလို႔ ၀မ္းေျမာက္ ၀မ္းသာနဲ႕ ကြာရာဘတ္နဲ႕ ပြဲအျပီးမွာ ေျပာၾကားခဲ့ပါတယ္။

Sports Home Time

[Unicode] ကာလရှည် ဒဏ်ရာကနေ ပြန်လာတဲ့ ကိုစီရယ်နီရဲ့ အခြေအနေကို အာဆင်နယ်နည်းပြ အမ်မရီကတော့ မေးခွန်းတွေ အများကြီး မမေးစေလိုသေးပါဘူး။ ခံစစ်ပိုင်း လက်ရှိ လူစာရင်းအရ မလုံလောက်ဘူး ဆိုပေမယ့် အမ်မရီက ကိုစီရယ်နီရဲ့ အခြေအနေကို အရဲစွန့်ပြီး ဆောက်သမ်တန်နဲ့ပွဲမှာ မသုံးလိုသေးကြောင်း ကွာရာဘတ်နဲ့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဗဟိုခံစစ်မှူး ကိုစီရယ်နီက ပြီးခဲ့တဲ့ရာသီနှောင်းပိုင်း ဒဏ်ရာ ရသွားပြီးနောက်ပိုင်း ညကပွဲက သူ့ရဲ့ အသင်းကြီးနဲ့ ပွဲထွက် ပြန်ကစားခြင်း ဖြစ်ပါတယ်။ ညကပွဲ အမ်းမရိတ်မှာ ၇၂ မိနစ်တာ ဝင်ကစားသွားတဲ့ ကိုစီရယ်နီကတော့ သူ့ရဲ့ ဘောလုံးရာသီက ခုမှ စတာလို့ ဝမ်းမြောက် ဝမ်းသာ ဆိုခဲ့ပါတယ်။ ၎င်းသာ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်လည် ပါဝင်လာနိုင်ရင် အင်အားနည်းနေတဲ့ အာဆင်နယ် ခံစစ်အတွက် အားဖြည့်မှု တစ်ရပ် ဖြစ်မှာပါ။

“ဒီနေ့က ကိုစီရယ်နီအတွက် ခြေလှမ်းတစ်ရပ်ပါ။ တနင်္ဂနွေနေ့ပွဲအတွက် သူ ပါဝင်ကူညီနိုင်မလားဆိုတာ မနက်ဖြန်နဲ့ စနေနေ့မှာ သူ့ အခြေအနေကို ထပ်မံဆန်းဆစ်ဖို့ လိုပါသေးတယ်။ အချိန်ကောင်းမှာ သူ ပြန်လည်သက်သာလာတာ တကယ် ကောင်းတယ်။ ကစားသမားတွေတိုင်းကော ပရိသတ်တွေတိုင်းပါ ပျော်ရွှင်နေကြတယ်။ ”

“သူက အသင်းဆီ ယုံကြည်မှုတွေ ယူဆောင်လာပေးနိုင်တယ်။ ဟန်ချက်ညီညီနဲ့ ကျနေ်ာတို့ လုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားဖို့ လိုတယ်.. တနင်္ဂနွေနေ့မှာ သူ ကစားရင် ကစားနိုင်မှာပါ။ ကျနော်ကသာ စောင့်ကြည်ချင်သေးတာ။” လို့ အမ်မရီက ဆိုပါတယ်။

ကိုစီရယ်နီကလည်း သူရခဲ့တဲ့ ဒဏ်ရာက ကစားသမားဘ၀ ပထမဆုံးအကြိမ် ဒဏ်ရာကြီး ဖြစ်လို့ အသင်းနဲ့ ဝေးနေခဲ့ရတဲ့ ကာလတွေမှာ အတော် ခက်ခဲခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ခုမှ ပြန်လည်ကစားခွင့်ရတဲ့ အတွက် ကိုစီရယ်နီက သူ့ရဲ့ ဘောလုံးရာသီ ခုမှ စပြီလို့ ဝမ်းမြောက် ဝမ်းသာနဲ့ ကွာရာဘတ်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Sports Home Time