အဂၤလန္မွာ ယူႏုိက္တက္၊ ခ်ယ္ဆီးနဲ႔ အာဆင္နယ္တို႔ရဲ႕ အေရးပါမႈက က်ဆင္းလာခဲ့ျပီလား

အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္ဟာ ႏိုင္ငံမ်ားလိဂ္ ဖိုင္နယ္ပြဲေတြအတြက္ အဂၤလန္အသင္းလူစာရင္းကို ေရြးခ်ယ္ခဲ့ျပီျဖစ္ျပီး ပရီးမီးယားလိဂ္ အထင္ကရအသင္းေတြျဖစ္တဲ့ ခ်ယ္ဆီး၊ ယူႏုိက္တက္နဲ႔ အာဆင္နယ္မွ အသင္းသားေတြ အနည္းငယ္ပဲ ပါဝင္လာခဲ့ပါတယ္။

ယူႏိုက္တက္ ဘယ္ေနာက္ခံလူ လုေ႐ွာအျပင္ ေနရာအလိုက္မွာ ယူႏုိက္တက္နဲ႔ အာဆင္နယ္ ကစားသမားေတြ မပါလာခဲ့ျခင္းျဖစ္တယ္။ ယူႏုိက္တက္ရဲ႕ တႏွစ္တာအေကာင္းဆံုး ကစားသမား လုေရွာကို ခ်န္ၿပီး ဘင္ခ်ီဝဲနဲ႔ ဒန္နီ႐ို႔စ္တို႔ကို ဦးစားေပးခဲ့တာဟာ ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတာင္ မဟုတ္ခဲ့ဘူးလို႔ ေဆာက္ဂိတ္က ဆိုတယ္။ လုေရွာဟာ စိတ္ပ်က္စရာ ရာသီအတြင္း ေကာင္းေကာင္းစြမ္းေဆာင္ႏိုင္ခဲ့တဲ့ အနည္းငယ္ေသာ သရဲနီေတြထဲက တစ္ေယာက္ျဖစ္ေပမယ့္ အဂၤလန္လူစာရင္းထဲ ပါဝင္ဖုိ႔ မလံုေလာက္ခဲ့ပါဘူး။

အဂၤလန္အသင္း လူစာရင္းေရြးခ်ယ္မႈမွာ လုေရွာကို မေရြးတာနဲ႔ ပက္သက္လို႔ ေဆာက္ဂိတ္က “မခက္ခဲပါဘူး။ ဘင္ခ်ီဝဲနဲ႔ ဒန္နီ႐ို႔စ္က အေကာင္းဆံုးျဖစ္ခဲ့တယ္လို႔ က်ေနာ္ထင္ပါတယ္။ သူတို႔က ေကာင္းေကာင္းကစားခဲ့တယ္။ အဂၤလန္အက်ႌအတြက္ အရာအားလံုး ေပးဆပ္ခဲ့တယ္။ ေဂ်ဆီလင္ဂတ္ ပါဝင္လာမွာနဲ႔ ပတ္သက္လို႔ေတာ့ ” သူက ခက္ခဲတဲ့ ရာသီအဆံုးသတ္ ျဖစ္ခဲ့ၿပီး ဒါကို ေနာက္မွာခ်န္ခဲ့ဖို႔ အခြင့္အေရး ႐ွိတယ္လို႔ ေျပာလို႔ရတဲ့ ပထမဆံုးသူ ျဖစ္ပါလိမ့္မယ္။ ” လို႔ ဆိုပါတယ္။” လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

အဂၤလန္ဟာ ဇြန္ 6 ရက္ေန႔မွာ နယ္သာလန္နဲ႔ ဆီမီးဖိုင္နယ္အတြက္ ျပင္ဆင္ေနတာျဖစ္သလို ေဆာက္ဂိတ္က ႏိုင္ငံမ်ားလိဂ္ ဖိုင္နယ္ပြဲေတြအတြက္ သူေခၚယူခဲ့တဲ့ 27 ေယာက္စာရင္းမွာ လုေ႐ွာကို ခ်န္ခဲ့ဖို႔ ဆံုးျဖတ္ခဲ့သလို အာဆင္နယ္အသင္းသား တစ္ဦးမွလည္း ေရြးခ်ယ္ျခင္း မျပဳခဲ့ပဲ ခ်ယ္ဆီးမွ ဘာကေလတစ္ဦးပဲ ပါဝင္လာခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔ အာဆင္နယ္ဟာ ပြဲထြက္လူစာရင္းမွာလည္း အဂၤလန္သားေတြကို ထည့္သြင္းႏုိင္ျခင္း မရွိလို႔ ေဝဖန္မႈေတြ ခံေနရတဲ့ အသင္းလည္း ျဖစ္ပါတယ္။ ႏွစ္သင္းလံုးဟာ လာမယ့္ရာသီမွာေတာ့ homegrown ကစားသမားေတြကို ေနရာေပးရမွာျဖစ္ျပီး ခ်ယ္ဆီးကေတာ့ ေလာ့တပ္ခ်ိစ္နဲ႔ အိုဒိြဳင္းတို႔ ဒဏ္ရာေတြေၾကာင့္ အဂၤလန္လူစာရင္းမွာ မပါဝင္ခဲ့ပါဘူး။

ခ်ယ္ဆီးက ႐ူဘန္ေလာ့ဖ္တပ္ခ်ိခ္ဟာ 2018-2019 ရာသီကုန္အထိ ဆာရီရဲ႕ အသင္းအတြက္ အက်ိဳးျပဳေပးခဲ့ေပမယ့္လဲ ကြင္းလယ္လူဟာ ခ်ယ္ဆီးရဲ႕ ခ်စ္ၾကည္ေရးပြဲမွာ ဖေနာင့္ေၾကာအရြတ္ဒဏ္ရာေၾကာင့္ ေမလ 29 ရက္ေန႔ ခ်ယ္ဆီးနဲ႔ အာဆင္နယ္ရဲ႕ ယူ႐ိုပါလိဂ္ ဖိုင္နယ္အပါအဝင္ အဂၤလန္အသင္းပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာပါ။ လက္စတာကြင္းလယ္လူ ဂ်ိမ္စ္ မတ္ဒီဆန္ကလည္း အဂၤလန္စာရင္းကေန လြဲေခ်ာ္ဦးမွာျဖစ္တယ္။

ေဆာက္ဂိတ္ဟာ နယ္သာလန္နဲ႔ ကစားဖို႔ အတြက္ ေပၚတူဂီဆီ သြားဖို႔ မူလ လူစာရင္း 27 ေယာက္ကေန 23 ေယာက္ပဲ ေရြးခ်ယ္ရာမွာျဖစ္ပါတယ္။ လက္ရွိ အဂၤလန္အသင္းမွာ မန္စီးတီးနဲ႔ စပါးမွ ကစားသမားေတြကို အမ်ားဆံုး ပါဝင္ေနျပီး ခ်ယ္ဆီး၊ ယူႏုိက္တက္နဲ႔ အာဆင္နယ္အသင္းတို႔ဟာ လက္ေရြးစင္အဆင့္မွာေတာ့ ဂုဏ္သိကၡာ က်ဆင္းေနျပီလို႔ အဂၤလန္ပရိသတ္ေတြက မွတ္ခ်က္ေပးေနၾကျပီျဖစ္ပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်ဟာ နိုင်ငံများလိဂ် ဖိုင်နယ်ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းကို ရွေးချယ်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ် အထင်ကရအသင်းတွေဖြစ်တဲ့ ချယ်ဆီး၊ ယူနိုက်တက်နဲ့ အာဆင်နယ်မှ အသင်းသားတွေ အနည်းငယ်ပဲ ပါဝင်လာခဲ့ပါတယ်။

ယူနိုက်တက် ဘယ်နောက်ခံလူ လုရှောအပြင် နေရာအလိုက်မှာ ယူနိုက်တက်နဲ့ အာဆင်နယ် ကစားသမားတွေ မပါလာခဲ့ခြင်းဖြစ်တယ်။ ယူနိုက်တက်ရဲ့ တနှစ်တာအကောင်းဆုံး ကစားသမား လုရှောကို ချန်ပြီး ဘင်ချီဝဲနဲ့ ဒန်နီရို့စ်တို့ကို ဦးစားပေးခဲ့တာဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တောင် မဟုတ်ခဲ့ဘူးလို့ ဆောက်ဂိတ်က ဆိုတယ်။ လုရှောဟာ စိတ်ပျက်စရာ ရာသီအတွင်း ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တဲ့ အနည်းငယ်သော သရဲနီတွေထဲက တစ်ယောက်ဖြစ်ပေမယ့် အင်္ဂလန်လူစာရင်းထဲ ပါဝင်ဖို့ မလုံလောက်ခဲ့ပါဘူး။

အင်္ဂလန်အသင်း လူစာရင်းရွေးချယ်မှုမှာ လုရှောကို မရွေးတာနဲ့ ပက်သက်လို့ ဆောက်ဂိတ်က “မခက်ခဲပါဘူး။ ဘင်ချီဝဲနဲ့ ဒန်နီရို့စ်က အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ သူတို့က ကောင်းကောင်းကစားခဲ့တယ်။ အင်္ဂလန်အင်္ကျီအတွက် အရာအားလုံး ပေးဆပ်ခဲ့တယ်။ ဂျေဆီလင်ဂတ် ပါဝင်လာမှာနဲ့ ပတ်သက်လို့တော့ ” သူက ခက်ခဲတဲ့ ရာသီအဆုံးသတ် ဖြစ်ခဲ့ပြီး ဒါကို နောက်မှာချန်ခဲ့ဖို့ အခွင့်အရေး ရှိတယ်လို့ ပြောလို့ရတဲ့ ပထမဆုံးသူ ဖြစ်ပါလိမ့်မယ်။ ” လို့ ဆိုပါတယ်။” လို့ သတင်းထောက်တွေကို ပြောပါတယ်။

အင်္ဂလန်ဟာ ဇွန် 6 ရက်နေ့မှာ နယ်သာလန်နဲ့ ဆီမီးဖိုင်နယ်အတွက် ပြင်ဆင်နေတာဖြစ်သလို ဆောက်ဂိတ်က နိုင်ငံများလိဂ် ဖိုင်နယ်ပွဲတွေအတွက် သူခေါ်ယူခဲ့တဲ့ 27 ယောက်စာရင်းမှာ လုရှောကို ချန်ခဲ့ဖို့ ဆုံးဖြတ်ခဲ့သလို အာဆင်နယ်အသင်းသား တစ်ဦးမှလည်း ရွေးချယ်ခြင်း မပြုခဲ့ပဲ ချယ်ဆီးမှ ဘာကလေတစ်ဦးပဲ ပါဝင်လာခဲ့ပါတယ်။

ချယ်ဆီးနဲ့ အာဆင်နယ်ဟာ ပွဲထွက်လူစာရင်းမှာလည်း အင်္ဂလန်သားတွေကို ထည့်သွင်းနိုင်ခြင်း မရှိလို့ ဝေဖန်မှုတွေ ခံနေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ လာမယ့်ရာသီမှာတော့ homegrown ကစားသမားတွေကို နေရာပေးရမှာဖြစ်ပြီး ချယ်ဆီးကတော့ လော့တပ်ချိစ်နဲ့ အိုဒွိုင်းတို့ ဒဏ်ရာတွေကြောင့် အင်္ဂလန်လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

ချယ်ဆီးက ရူဘန်လော့ဖ်တပ်ချိခ်ဟာ 2018-2019 ရာသီကုန်အထိ ဆာရီရဲ့ အသင်းအတွက် အကျိုးပြုပေးခဲ့ပေမယ့်လဲ ကွင်းလယ်လူဟာ ချယ်ဆီးရဲ့ ချစ်ကြည်ရေးပွဲမှာ ဖနောင့်ကြောအရွတ်ဒဏ်ရာကြောင့် မေလ 29 ရက်နေ့ ချယ်ဆီးနဲ့ အာဆင်နယ်ရဲ့ ယူရိုပါလိဂ် ဖိုင်နယ်အပါအဝင် အင်္ဂလန်အသင်းပွဲစဉ်တွေကို လွဲချော်တော့မှာပါ။ လက်စတာကွင်းလယ်လူ ဂျိမ်စ် မတ်ဒီဆန်ကလည်း အင်္ဂလန်စာရင်းကနေ လွဲချော်ဦးမှာဖြစ်တယ်။

ဆောက်ဂိတ်ဟာ နယ်သာလန်နဲ့ ကစားဖို့ အတွက် ပေါ်တူဂီဆီ သွားဖို့ မူလ လူစာရင်း 27 ယောက်ကနေ 23 ယောက်ပဲ ရွေးချယ်ရာမှာဖြစ်ပါတယ်။ လက်ရှိ အင်္ဂလန်အသင်းမှာ မန်စီးတီးနဲ့ စပါးမှ ကစားသမားတွေကို အများဆုံး ပါဝင်နေပြီး ချယ်ဆီး၊ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ လက်ရွေးစင်အဆင့်မှာတော့ ဂုဏ်သိက္ခာ ကျဆင်းနေပြီလို့ အင်္ဂလန်ပရိသတ်တွေက မှတ်ချက်ပေးနေကြပြီဖြစ်ပါတယ်။

Sports Home Time