လာမယ့္ရာသီမွာ အေကာင္းဆံုး ယူႏုိက္တက္ ျပန္လာမယ္လို႔ ရပ္ဖိုဒ့္ ေၾကြးေၾကာ္လာ

ယူႏုိက္တက္ တိုက္စစ္သမား ရပ္ဖိုဒ္ကေတာ့ ဒီရာသီမွာ ပရီးမီးယားလိဂ္ အဆင့္ ေျခာက္ေနရာမွာပဲ ရာသီသိမ္းခဲ့ေပမယ့္ ယူႏုိက္တက္ အျမဲတမ္း ကစားခဲ့သလို အေကာင္းဆံုးေတြနဲ႔ ျပန္လာႏုိင္ဖုိ႔ အလိုရွိေၾကာင္း ေၾကြးေၾကာ္လာပါတယ္။

ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အဆိုးရြားဆံုး တာထြက္မႈကို ပိုင္ဆုိင္တဲ့ေနာက္ ဒီဇင္ဘာလက မန္ေနဂ်ာ ေမာ္ရင္ညိုေနရာမွာ ကလပ္အသင္းဂႏၱဝင္ၾကီး ဆိုးရွားကို ယာယီမန္ေနဂ်ာအျဖစ္ ေျပာင္းလဲ တာဝန္ေပးခဲ့ပါတယ္။ ဆိုးရွားလက္ထက္ ပထမဆံုး 17 ပြဲမွာ 14 ပြဲ အႏုိင္ရတဲ့ေနာက္ သူဟာ ယာယီမန္ေနဂ်ာအျဖစ္ကေန သံုးႏွစ္စာခ်ဳပ္ျဖင့္ ကလပ္အသင္း မန္ေနဂ်ာအျဖစ္ တာဝန္ယူလာခဲ့တယ္။

ဆိုးရွားရဲ႕ အေစာပိုင္း ကာလေတြမွာ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ျပန္လည္ စိန္ေခၚႏုိင္မယ္လို႔ ေရပန္းစားခဲ့ျပီး ကြင္းလယ္လူ ေပါ့ဘာနဲ႔ တုိက္စစ္မွဴး ရပ္ဖိုဒ့္တို႔ဟာ ေတာက္ပတဲ့ ေျခစြမ္းေတြကို ျပသႏုိင္ခဲ့တယ္။ ဒါေပမယ့္လို႔ ဒဏ္ရာျပႆနာေတြ ႏွိပ္စကအျပီး ေနာက္ပိုင္းမွာေတာ့ ျပိဳင္ပြဲစံု 12 ပြဲမွာ ယူႏုိက္တက္ဟာ 2 ပြဲပဲ အႏုိင္ရခဲ့ကာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ ဆံုးရံွဴးခဲ့တာျဖစ္ပါတယ္။

လာမယ့္ရာသီ ယူႏုိက္တက္ကို အတိတ္က ပံုစံေကာင္းေတြေရာက္ေအာင္ ျပန္လည္ပို႔ေဆာင္လိုေၾကာင္းကို ရပ္ဖိုဒ့္က သူ႔ရဲ႕ အင္စတာဂရမ္ကေန ေဖာ္ျပခဲ့တာျဖစ္တယ္။ ရပ္ဖုိဒ့္ကပဲ မန္ေနဂ်ာ ဆိုရွားရဲ႕ ပံုနဲ႔အတူ

” လာမယ့္ရာသီမွာ ယူႏုိက္တက္ ကစားေနက်အတိုင္း ျပန္ကစားႏုိင္ဖုိ႔ လိုပါတယ္။ က်ေန္ာအတြက္ကေတာ့ အဲ့တာက အေရးအၾကီးဆံုးပါ။ မွန္ကန္တဲ့ နည္းလမ္းနဲ႔အတူ တုန္႔ျပန္ျပီး အေကာင္းဆံုးေတြကို လုပ္ေပးႏိုင္ေအာင္ ရွာေဖြဖို႔ လိုအပ္ပါတယ္ ” လို႔ ရပ္ဖိုဒ့္ ဆိုခဲ့တာပါ။

ရာသီသိမ္းခါနီးမွာ ရပ္ဖိုဒ့္အပါအဝင္ အသင္းေဖာ္ အမ်ားအျပားက ပံုမွန္ေျခစြမ္းေအာက္ေတြကို ေရာက္ေနခဲ့ၾကတယ္။ ရပ္ဖိုဒ့္ဟာ ေနာက္ဆံုး 7 ပြဲမွာ အသင္းအတြက္ ဂိုးသြင္းေပးႏုိင္ခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္လို႔ အဂၤလန္သား တုိက္စစ္သမားဟာ လာမယ့္ရာသီမွာ ယူႏုိက္တက္ရဲ႕ အဓိက တိုက္စစ္သမား ျဖစ္လာမွာျဖစ္ျပီး တည္ျငိမ္တဲ့ ေျခစြမ္းေတြ ျပသႏိုင္ဖုိ႔ရာ စြမ္းေဆာင္မႈၾကီးေတြ လုပ္ျပႏုိင္ဖုိ႔ လိုအပ္မွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက် တိုက်စစ်သမား ရပ်ဖိုဒ်ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် အဆင့် ခြောက်နေရာမှာပဲ ရာသီသိမ်းခဲ့ပေမယ့် ယူနိုက်တက် အမြဲတမ်း ကစားခဲ့သလို အကောင်းဆုံးတွေနဲ့ ပြန်လာနိုင်ဖို့ အလိုရှိကြောင်း ကြွေးကြော်လာပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံး တာထွက်မှုကို ပိုင်ဆိုင်တဲ့နောက် ဒီဇင်ဘာလက မန်နေဂျာ မော်ရင်ညိုနေရာမှာ ကလပ်အသင်းဂန္တဝင်ကြီး ဆိုးရှားကို ယာယီမန်နေဂျာအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့ပါတယ်။ ဆိုးရှားလက်ထက် ပထမဆုံး 17 ပွဲမှာ 14 ပွဲ အနိုင်ရတဲ့နောက် သူဟာ ယာယီမန်နေဂျာအဖြစ်ကနေ သုံးနှစ်စာချုပ်ဖြင့် ကလပ်အသင်း မန်နေဂျာအဖြစ် တာဝန်ယူလာခဲ့တယ်။

ဆိုးရှားရဲ့ အစောပိုင်း ကာလတွေမှာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည် စိန်ခေါ်နိုင်မယ်လို့ ရေပန်းစားခဲ့ပြီး ကွင်းလယ်လူ ပေါ့ဘာနဲ့ တိုက်စစ်မှူး ရပ်ဖိုဒ့်တို့ဟာ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ဒဏ်ရာပြဿနာတွေ နှိပ်စကအပြီး နောက်ပိုင်းမှာတော့ ပြိုင်ပွဲစုံ 12 ပွဲမှာ ယူနိုက်တက်ဟာ 2 ပွဲပဲ အနိုင်ရခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆုံးရံှူးခဲ့တာဖြစ်ပါတယ်။

လာမယ့်ရာသီ ယူနိုက်တက်ကို အတိတ်က ပုံစံကောင်းတွေရောက်အောင် ပြန်လည်ပို့ဆောင်လိုကြောင်းကို ရပ်ဖိုဒ့်က သူ့ရဲ့ အင်စတာဂရမ်ကနေ ဖော်ပြခဲ့တာဖြစ်တယ်။ ရပ်ဖိုဒ့်ကပဲ မန်နေဂျာ ဆိုရှားရဲ့ ပုံနဲ့အတူ

” လာမယ့်ရာသီမှာ ယူနိုက်တက် ကစားနေကျအတိုင်း ပြန်ကစားနိုင်ဖို့ လိုပါတယ်။ ကျနေ်ာအတွက်ကတော့ အဲ့တာက အရေးအကြီးဆုံးပါ။ မှန်ကန်တဲ့ နည်းလမ်းနဲ့အတူ တုန့်ပြန်ပြီး အကောင်းဆုံးတွေကို လုပ်ပေးနိုင်အောင် ရှာဖွေဖို့ လိုအပ်ပါတယ် ” လို့ ရပ်ဖိုဒ့် ဆိုခဲ့တာပါ။

ရာသီသိမ်းခါနီးမှာ ရပ်ဖိုဒ့်အပါအဝင် အသင်းဖော် အများအပြားက ပုံမှန်ခြေစွမ်းအောက်တွေကို ရောက်နေခဲ့ကြတယ်။ ရပ်ဖိုဒ့်ဟာ နောက်ဆုံး 7 ပွဲမှာ အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လို့ အင်္ဂလန်သား တိုက်စစ်သမားဟာ လာမယ့်ရာသီမှာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်သမား ဖြစ်လာမှာဖြစ်ပြီး တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြသနိုင်ဖို့ရာ စွမ်းဆောင်မှုကြီးတွေ လုပ်ပြနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Sports Home Time