နာမည္ၾကီးမပါတဲ့ အေျပာင္းအေရႊ႔ႊေတြကို လီဗာပူးဘက္က အျမန္ဆံုး လႈပ္ရွားမည္

လီဗာပူးအသင္းဟာ လာမယ့္ရာသီအတြက္ ကစားသမား အင္အားျဖည့္တင္းမႈကို ခပ္ျမန္ျမန္ျပဳလုပ္ဖို႔ စီစဥ္ေနျပီး မႏွစ္ကထက္ အေျပာင္းအေရႊ႔ကို ပိုေစာေစာဝင္ႏုိင္ဖုိ႔ ၾကိဳးစားေနတယ္လို႔ သိရပါတယ္။

မိုင္ကယ္အဒ္ဝတ္ ဦးေဆာင္တဲ့ အေျပာင္းအေရႊ႔ ေခၚယူမႈဆိုင္ရာ တာဝန္ရွိသူေတြဟာ ယာဂင္ကေလာ့ပ္အတြက္ လူသစ္စုေဆာင္းမႈေတြကို စတင္ဖုိ႔ ၾကိဳးစားေနပါတယ္။ ဒါေပမယ့္လို႔ မႏွစ္က ေႏြမွာ ကိတ္တာ၊ အယ္လီဆန္၊ ရွာကီြရီနဲ႔ ဖာဘင္ညိဳတိျ႔အတြက္ ကလပ္အသင္း ေပါင္ သန္း 170 အသံုးျပဳခဲ့သလို ျမင့္မားတဲ့ အသံုးစရိတ္ေတြေတာ့ ျပဳလုပ္ဖုိ႔ မရွိေတာ့ပါဘူး။

အဂၤလန္ျပည္တြင္း အေျပာင္းအေရႊ႔ေစ်းကြက္က ေမလ 6 ရက္ေန႔ကတည္းက စဖြင့္ထားခဲ့ပါျပီ။ ပရီးမီးယားလိဂ္တရားဝင္ ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္ကိုေတာ့ ဒီကေန႔ ေမလ 16 ရက္ေန႔ ၾကာသပေတးေန႔မွာ စတင္ခဲ့ျပီး ျမန္မာစံေတာ္ခ်ိန္ဆိုရင္ မနက္ 5း30 မွာ တရားဝင္ စဖြင့္ခဲ့ျပီျဖစ္တယ္။

ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္ကိုေတာ့ ပရီးမီးယားလိဂ္ ပထမဆံုးပြဲ မစတင္ခင္ ၾသဂုတ္လ 8 ရက္ ၾကာသပေတးေန႔ ညေနခင္း 5 နာရီမွာ ပိတ္သိမ္းပါမယ္။ ျမန္မာစံေတာ္ခ်ိန္အားျဖင့္ ေန႔လည္ 11း30 ျဖစ္ပါတယ္။ အေျပာင္းအေရႊ႔မွာ လီဗာပူးဟာ တိုက္စစ္ပိုင္းအတြက္ အနည္းဆံုး တစ္ဦးေတာ့ ေခၚယူမယ္လို႔ မာေဆးဆိုဒ္အေျခစိုက္ သတင္းက ေဖာ္ျပပါတယ္။

လီဗာပူးဟာ ေႏြအေျပာင္းအေရႊ႔မွာ ဒီလစ္၊ ဖီလစ္၊ ဒိုင္ဘားလား၊ ဖယ္ရီရာတုိ႔နဲ႔ သတင္းေတြ ထြက္ထားခဲ့တယ္။ ဒါေပမယ့္ 2018 ခုႏွစ္ေနာက္ပိုင္း အသံုးစရိတ္ ေပါင္ သန္း 250 ထိ အသံုးျပဳထားခဲ့တဲ့ လီဗာပူးဟာ ေႏြမွာ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးေတြ ထပ္လုပ္မွာမဟုတ္ဘူးလို႔ သိရပါတယ္။ လက္တေလာမွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမတိုင္ခင္ ႏွစ္ပတ္ ရာသီၾကိဳေလ့က်င့္ေရးဝင္ဖုိ႔ စတင္ကာ စီစဥ္ေနတယ္။

ယာဂင္ကေလာ့ပ္ဟာ လက္ရွိ လူစာရင္းကို အေျခတည္ျပီး ကစားသမား ေခၚယူမႈေတြကိုေတာ့ ျပဳလုပ္ဦးမွာျဖစ္တယ္။ ေႏြမွာ စတားရစ္၊ မိုရီႏိုတို႔ ကလပ္ကေန ထြက္ခြာမွာျဖစ္သလို အငွားခ်ထားတဲ့ ကစားသမားေတြကို ေရာင္းထုတ္မႈနဲ႔ လူငယ္ေတြကို ထပ္မံအငွားခ်မႈေတြကို အခ်ိန္ယူကာ စီစဥ္ရမွာျဖစ္တယ္။ မင္ညိဳလက္နဲ႔ အိုရီဂီတုိ႔ရဲ႕ အနာဂတ္ကလည္း ေသခ်ာမႈေတာ့ မရွိေသးပါဘူး။

ဒီအခ်ိန္အတြင္း လီဗာပူးဟာ လူသစ္ေခၚယူမႈေတြမွာ အာရံုစိုက္ဖို႔ ရွိျပီး နာမည္ၾကီး ကစားသမားေတြအစား လူငယ္ေသြးသစ္ စုေဆာင္းမႈေတြျဖစ္ႏုိင္တယ္လို႔ သိရေပမယ့္ ေျပာင္းေရႊ႔ေၾကး ဘယ္ေလာက္ထိ သံုးစြဲမယ္နဲ႔ ကစားသမား ဘယ္ႏွစ္ဦးထိ ေခၚယူမယ္ဆိုတာေတာ့ မသိရေသးပါဘူး။

Sports Home Time

[Unicode] လီဗာပူးအသင်းဟာ လာမယ့်ရာသီအတွက် ကစားသမား အင်အားဖြည့်တင်းမှုကို ခပ်မြန်မြန်ပြုလုပ်ဖို့ စီစဉ်နေပြီး မနှစ်ကထက် အပြောင်းအရွှေ့ကို ပိုစောစောဝင်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

မိုင်ကယ်အဒ်ဝတ် ဦးဆောင်တဲ့ အပြောင်းအရွှေ့ ခေါ်ယူမှုဆိုင်ရာ တာဝန်ရှိသူတွေဟာ ယာဂင်ကလော့ပ်အတွက် လူသစ်စုဆောင်းမှုတွေကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လို့ မနှစ်က နွေမှာ ကိတ်တာ၊ အယ်လီဆန်၊ ရှာကွီရီနဲ့ ဖာဘင်ညိုတိြ့အတွက် ကလပ်အသင်း ပေါင် သန်း 170 အသုံးပြုခဲ့သလို မြင့်မားတဲ့ အသုံးစရိတ်တွေတော့ ပြုလုပ်ဖို့ မရှိတော့ပါဘူး။

အင်္ဂလန်ပြည်တွင်း အပြောင်းအရွှေ့ဈေးကွက်က မေလ 6 ရက်နေ့ကတည်းက စဖွင့်ထားခဲ့ပါပြီ။ ပရီးမီးယားလိဂ်တရားဝင် နွေအပြောင်းအရွှေ့ ဈေးကွက်ကိုတော့ ဒီကနေ့ မေလ 16 ရက်နေ့ ကြာသပတေးနေ့မှာ စတင်ခဲ့ပြီး မြန်မာစံတော်ချိန်ဆိုရင် မနက် 5း30 မှာ တရားဝင် စဖွင့်ခဲ့ပြီဖြစ်တယ်။

နွေအပြောင်းအရွှေ့ ဈေးကွက်ကိုတော့ ပရီးမီးယားလိဂ် ပထမဆုံးပွဲ မစတင်ခင် သြဂုတ်လ 8 ရက် ကြာသပတေးနေ့ ညနေခင်း 5 နာရီမှာ ပိတ်သိမ်းပါမယ်။ မြန်မာစံတော်ချိန်အားဖြင့် နေ့လည် 11း30 ဖြစ်ပါတယ်။ အပြောင်းအရွှေ့မှာ လီဗာပူးဟာ တိုက်စစ်ပိုင်းအတွက် အနည်းဆုံး တစ်ဦးတော့ ခေါ်ယူမယ်လို့ မာဆေးဆိုဒ်အခြေစိုက် သတင်းက ဖော်ပြပါတယ်။

လီဗာပူးဟာ နွေအပြောင်းအရွှေ့မှာ ဒီလစ်၊ ဖီလစ်၊ ဒိုင်ဘားလား၊ ဖယ်ရီရာတို့နဲ့ သတင်းတွေ ထွက်ထားခဲ့တယ်။ ဒါပေမယ့် 2018 ခုနှစ်နောက်ပိုင်း အသုံးစရိတ် ပေါင် သန်း 250 ထိ အသုံးပြုထားခဲ့တဲ့ လီဗာပူးဟာ နွေမှာ စံချိန်တင် ပြောင်းရွှေ့ကြေးတွေ ထပ်လုပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။ လက်တလောမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင် နှစ်ပတ် ရာသီကြိုလေ့ကျင့်ရေးဝင်ဖို့ စတင်ကာ စီစဉ်နေတယ်။

ယာဂင်ကလော့ပ်ဟာ လက်ရှိ လူစာရင်းကို အခြေတည်ပြီး ကစားသမား ခေါ်ယူမှုတွေကိုတော့ ပြုလုပ်ဦးမှာဖြစ်တယ်။ နွေမှာ စတားရစ်၊ မိုရီနိုတို့ ကလပ်ကနေ ထွက်ခွာမှာဖြစ်သလို အငှားချထားတဲ့ ကစားသမားတွေကို ရောင်းထုတ်မှုနဲ့ လူငယ်တွေကို ထပ်မံအငှားချမှုတွေကို အချိန်ယူကာ စီစဉ်ရမှာဖြစ်တယ်။ မင်ညိုလက်နဲ့ အိုရီဂီတို့ရဲ့ အနာဂတ်ကလည်း သေချာမှုတော့ မရှိသေးပါဘူး။

ဒီအချိန်အတွင်း လီဗာပူးဟာ လူသစ်ခေါ်ယူမှုတွေမှာ အာရုံစိုက်ဖို့ ရှိပြီး နာမည်ကြီး ကစားသမားတွေအစား လူငယ်သွေးသစ် စုဆောင်းမှုတွေဖြစ်နိုင်တယ်လို့ သိရပေမယ့် ပြောင်းရွှေ့ကြေး ဘယ်လောက်ထိ သုံးစွဲမယ်နဲ့ ကစားသမား ဘယ်နှစ်ဦးထိ ခေါ်ယူမယ်ဆိုတာတော့ မသိရသေးပါဘူး။

Sports Home Time