ေျခစမ္းပြဲ ကစားရင္း ယူရိုပါဗိုလ္လုပြဲ မတိုင္ခင္ ဒဏ္ရာရ စာရင္း ထပ္တိုးသြားတဲ့ ခ်ယ္ဆီး

ခ်ယ္ဆီးအသင္းဟာ ဗုဒၶဟူးေန႔ညက ကစားတဲ့ New England Revolution အသင္းနဲ႕ ခ်စ္ၾကည္ေရး ေျခစမ္းပြဲ ကစားၾကရာ ခ်ယ္ဆီးက ၃-၀ နဲ႕ အနိုင္ရရွိခဲ့ပါတယ္။ ဒီပြဲမွာ ခ်ယ္ဆီးအတြက္ ထိုးနွက္ခ်က္ အေနနဲ႕ ကြင္းလယ္ကစားသမား ေလာ့ဖ္တပ္ခ်ိ ဘယ္ေျခ ဒဏ္ရာ ရသြားခဲ့တာပဲ ျဖစ္ပါတယ္။

ေလာ့ဖ္တပ္ခ်ိ က ျပိဳင္ဘက္ ကစားသမားေတြနဲ႕ ထိမိတာ မဟုတ္ဘဲ ေဘာလံုးဆြဲယူဖို႔ ၾကိဳးစားရင္း ေျခခ်င္းခ်ိတ္ျပီး ေျမျပင္ေပၚ လဲက်သြားခဲ့တာပါ။ ၄င္းက ခ်ယ္ဆီး အသင္း ဒုတိယပိုင္း လူစားလဲမႈ အမ်ားအျပား လုပ္တဲ့ခ်ိန္မွာ ၀င္ကစားခဲ့တာ ျဖစ္ျပီး ၂၂ မိနစ္ခန္႔သာ ကြင္းထဲမွာ ၾကာခဲ့ပါတယ္။

ေလာ့ဖ္တပ္ခ်ိ က ခ်ယ္ဆီးအသင္းအတြက္ ဒီရာသီမွာ အားထားလာရတဲ့ သူ ျဖစ္ျပီး ဖရန္႕ဖတ္နဲ႕ ယူရိုပါလိဂ္ ဆီမီး ဒုတိယအေက်ာ့မွာ ခ်ယ္ဆီးအတြက္ ဂိုးသြင္းယူေပးခဲ့ျပီး ပင္နယ္တီ အဆံုးအျဖတ္ထိ ေခၚေဆာင္ေပးခဲ့သူျဖစ္ပါတယ္။ ေလာ့ဖ္တပ္ခ်ိ အခုလို ဒဏ္ရာ ရသြားတာက ယူရိုပါလိဂ္ ဗိုလ္လုပြဲ အာဆင္နယ္နဲ႕ ကစားဖို႔ ရွိေနေသးတဲ့ ခ်ယ္ဆီးအတြက္ ၾကီးမားတဲ့ ထိုးနွက္ခ်က္ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းက နယူးအဂၤလန္အသင္းနဲ႕ ရန္ပံုေငြ ေျခစမ္းပြဲ အတြက္ လူအင္အား အျပည့္နဲ႕ ပြဲထြက္ ကစားခဲ့တာ ျဖစ္ပါတယ္။ ဒီပြဲကေန ေဒၚလာ ၄ သန္း ရရွိမွာ ျဖစ္ျပီး အားကစားမွာ ခြဲျခားဆက္ဆံခံရမႈေတြကို တိုက္ဖ်က္ဖို႔ အဖြဲ႕အစည္းေတြထံ ခြဲေ၀လွဴဒါန္းမွာလည္း ျဖစ္ပါတယ္။

ပြဲအစမွာတင္ ဟာဇက္၊ ပက္ဒရို၊ လူး၀စ္၊ ေရာ့စ္ဘာကေလ၊ ေဂ်ာ္ဂ်င္ဟို၊ ဂ်ီရူးတို႕ ပါ၀င္ ပြဲထြက္လာခဲ့ျပီး ဒုတိယပိုင္းမွာ ဟီဂူအင္၊ ေလာ့ဖ္တပ္ခ်ိ၊ ၀ီလ်ံ၊ ကြီတာတို႔ ၀င္ေရာက္ခဲ့ပါတယ္။ ခ်ယ္ဆီးအသင္းက လြယ္လြယ္ကူကူပဲ ပြဲကို ထိန္း ကစားနုိင္ခဲ့ျပီး ပြဲအစ သံုးမိနစ္မွာတင္ ဘာကေလရဲဲ႕ အဖြင့္ဂိုး ရရွိခဲ့တာပါ။ ဒုတိယဂိုးကို တိုက္စစ္မွဴး ဂ်ီရူး ေခါင္းတိုက္ သြင္းခဲ့ျပီး တတိယ ဂိုးကိုလည္း ဘာကေလကပဲ ထပ္မံ သြင္းယူေပးခဲ့တာပါ။

Sports Home Time

[Unicode] ချယ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညက ကစားတဲ့ New England Revolution အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားကြရာ ချယ်ဆီးက ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ချယ်ဆီးအတွက် ထိုးနှက်ချက် အနေနဲ့ ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိ ဘယ်ခြေ ဒဏ်ရာ ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

လော့ဖ်တပ်ချိ က ပြိုင်ဘက် ကစားသမားတွေနဲ့ ထိမိတာ မဟုတ်ဘဲ ဘောလုံးဆွဲယူဖို့ ကြိုးစားရင်း ခြေချင်းချိတ်ပြီး မြေပြင်ပေါ် လဲကျသွားခဲ့တာပါ။ ၎င်းက ချယ်ဆီး အသင်း ဒုတိယပိုင်း လူစားလဲမှု အများအပြား လုပ်တဲ့ချိန်မှာ ဝင်ကစားခဲ့တာ ဖြစ်ပြီး ၂၂ မိနစ်ခန့်သာ ကွင်းထဲမှာ ကြာခဲ့ပါတယ်။

လော့ဖ်တပ်ချိ က ချယ်ဆီးအသင်းအတွက် ဒီရာသီမှာ အားထားလာရတဲ့ သူ ဖြစ်ပြီး ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ဆီမီး ဒုတိယအကျော့မှာ ချယ်ဆီးအတွက် ဂိုးသွင်းယူပေးခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ထိ ခေါ်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ လော့ဖ်တပ်ချိ အခုလို ဒဏ်ရာ ရသွားတာက ယူရိုပါလိဂ် ဗိုလ်လုပွဲ အာဆင်နယ်နဲ့ ကစားဖို့ ရှိနေသေးတဲ့ ချယ်ဆီးအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ပါတယ်။

ချယ်ဆီးအသင်းက နယူးအင်္ဂလန်အသင်းနဲ့ ရန်ပုံငွေ ခြေစမ်းပွဲ အတွက် လူအင်အား အပြည့်နဲ့ ပွဲထွက် ကစားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကနေ ဒေါ်လာ ၄ သန်း ရရှိမှာ ဖြစ်ပြီး အားကစားမှာ ခွဲခြားဆက်ဆံခံရမှုတွေကို တိုက်ဖျက်ဖို့ အဖွဲ့အစည်းတွေထံ ခွဲဝေလှူဒါန်းမှာလည်း ဖြစ်ပါတယ်။

ပွဲအစမှာတင် ဟာဇက်၊ ပက်ဒရို၊ လူးဝစ်၊ ရော့စ်ဘာကလေ၊ ဂျော်ဂျင်ဟို၊ ဂျီရူးတို့ ပါဝင် ပွဲထွက်လာခဲ့ပြီး ဒုတိယပိုင်းမှာ ဟီဂူအင်၊ လော့ဖ်တပ်ချိ၊ ဝီလျံ၊ ကွီတာတို့ ဝင်ရောက်ခဲ့ပါတယ်။ ချယ်ဆီးအသင်းက လွယ်လွယ်ကူကူပဲ ပွဲကို ထိန်း ကစားနိုင်ခဲ့ပြီး ပွဲအစ သုံးမိနစ်မှာတင် ဘာကလေရဲ့ အဖွင့်ဂိုး ရရှိခဲ့တာပါ။ ဒုတိယဂိုးကို တိုက်စစ်မှူး ဂျီရူး ခေါင်းတိုက် သွင်းခဲ့ပြီး တတိယ ဂိုးကိုလည်း ဘာကလေကပဲ ထပ်မံ သွင်းယူပေးခဲ့တာပါ။

Sports Home Time