လီဗာပူးက အျမဲတမ္း ရင္ထဲရွိေနမွာပါ ႏုတ္ဆက္ျပီး လာဇီယိုကို ေျပာင္းေရႊ႔သြားတဲ့ ေတာင္ပံသမား

လီဗာပူး လူငယ္ကစားသမား Bobby Adekanye က လာမယ့္ ေဘာလံုးရာသီမွာ လာဇီယိုအသင္းထံ ေျပာင္းေရႊ႔ကစားေတာ့မွာျဖစ္ျပီး လီဗာပူးအသင္းသားေတြနဲ႔ ဝန္ထမ္းေတြကို ႏုတ္ဆက္စကား ေျပာဆိုသြားခဲ့ပါတယ္။

အသက္ 20 အရြယ္ ေတာင္ပံသမားဟာ ဒီေႏြမွာ လီဗာပူးနဲ႔ သက္တမ္းကုန္ျပီျဖစ္ျပီး စာခ်ဳပ္သစ္ သေဘာတူညီမႈ မရခဲ့တာေၾကာင့္ စီးရီးေအကလပ္ကို ေျပာင္းေရႊ႔သြားမွာပါ။ လာဇီယိုဘက္က ေလးႏွစ္စာခ်ဳပ္ျဖင့္ ကမ္းလွမ္းခဲ့တာလုိ႔ သိရပါတယ္။ သူဟာ စတီဗင္ဂ်ရတ္ရဲ႕ လီဗာပူး ယူ-18 အသင္းမွာ ေတာက္ပတဲ့ေျခစြမ္း ျပသႏုိင္ခဲ့ျပီး မဲဝုဒ္မွာ စီနီယာေတြနဲ႔ ေလ့က်င့္ခြင့္လည္း ပိုင္ဆိုင္ခဲ့သူျဖစ္ပါတယ္။

2015 ခုႏွစ္က ဘာစီလိုနာကေန ေခၚယူထားခဲ့ျပီး ကီရာဘီမွာေတာ့ လူသိမ်ားတဲ့ တိုက္စစ္မွဴးလည္းျဖစ္ခဲ့တယ္။ ရုပ္ပိုင္းဆိုင္ရာ သန္မာျပီး အရွိန္ေကာင္းလည္းရွိတဲ့ Bobby Adekanye ဟာ စတီဗင္ဂ်ရတ္ ကိုင္တြယ္စဥ္က ပံုမွန္ပြဲထြက္ခြင့္ရျပီး လူငယ္ခ်န္ပီယံလိဂ္ပြဲေတြမွာ ေျခစြမ္းျပခဲ့သူလည္းျဖစ္ပါတယ္။

ကစားသမားကေတာ့ “ အရင္ေလးႏွစ္က လီဗာပူးကို ေရာက္လာခ်ိန္မွာ က်ေန္ာက ကေလးသာသာပဲ ရွိပါေသးတယ္။ အခုေတာ့ က်ေန္ာက လူၾကီးတစ္ေယာက္ ျဖစ္လာခဲ့ပါျပီ။ လီဗာပူးမွာ က်ေန္ာရဲ႕ ကိုယ္ပိုင္မိသားစုလို လူေတြလည္း ရရွိခဲ့ျပီး ဒီလူေတြအားလံုးကို က်ေန္ာရဲ႕ မိသားစုေတြပါလို႔ အျမဲတမ္း ခံစားမိေနေတာ့မွာပါ။

လီဗာပူးေဘာလံုးအသင္း ဒီႏွစ္အတြင္း က်ေနာ္ကို ကူညီေပးခဲ့တာေတြအတြက္ ေက်းဇူးတင္ဖို႔ စကားလံုးေတာင္ ရွာမရပါဘူး။ အကယ္ဒမီကစလို႔ မဲဝုဒ္က နည္းျပတိုင္း၊ အမွတ္တရေကာင္းေတြ ေဝမွ်ခြင့္ရခဲ့တဲ့ အသင္းေဖာ္တိုင္း၊ က်ေန္ာေဘးမွာ အတူရွိေပးၾကတဲ့ အသင္းဝန္ထမ္းတိုင္းကို အထူးေက်းဇူးတင္ပါတယ္ ” လို႔ ဆိုပါတယ္။

ဘယ္အခ်ိန္ဆိုတာ မသိေပမယ့္ တစ္ရက္မွာ က်ေန္ာတို႔ ျပန္လည္ေတြ႔ဆံုၾကမယ္ဆိုတာ ေသခ်ာပါတယ္။ ဇြန္လ 1 ရက္မွာ က်ေနာ္တို႔နဲ႔အတူ ရွိေနပါ။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အႏုိင္ရဖို႔ အသင္းကို တစ္ပြဲေလာက္ ကူညီေပးရေအာင္ပါ။ YNWA.. ” လို႔ ဆိုသြားခဲ့ပါတယ္။

ႏိုင္ဂ်ီးရီးယားဖြား နယ္သာလန္ လူငယ္ကစားသမားဟာ လီဗာပူးအတြက္ သက္တမ္းအလိုက္ေတြမွာ သြင္းဂိုးေတြ အမ်ားအျပား သြင္းထားသူျဖစ္တယ္။ ဒါေပမယ့္လို႔ ဒဏ္ရာျပႆနာနဲ႔ ေျခစြမ္း မတည္ျငိမ္မႈေတြေၾကာင့္ လူငယ္အသင္းမွာ နာမည္ေက်ာ္ေပမယ့္ စီနီယာအဆင့္ကို မေရာက္လာခဲ့သူျဖစ္ပါတယ္။

Sports Home Time

[Unicode] လီဗာပူး လူငယ်ကစားသမား Bobby Adekanye က လာမယ့် ဘောလုံးရာသီမှာ လာဇီယိုအသင်းထံ ပြောင်းရွှေ့ကစားတော့မှာဖြစ်ပြီး လီဗာပူးအသင်းသားတွေနဲ့ ဝန်ထမ်းတွေကို နုတ်ဆက်စကား ပြောဆိုသွားခဲ့ပါတယ်။

အသက် 20 အရွယ် တောင်ပံသမားဟာ ဒီနွေမှာ လီဗာပူးနဲ့ သက်တမ်းကုန်ပြီဖြစ်ပြီး စာချုပ်သစ် သဘောတူညီမှု မရခဲ့တာကြောင့် စီးရီးအေကလပ်ကို ပြောင်းရွှေ့သွားမှာပါ။ လာဇီယိုဘက်က လေးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။ သူဟာ စတီဗင်ဂျရတ်ရဲ့ လီဗာပူး ယူ-18 အသင်းမှာ တောက်ပတဲ့ခြေစွမ်း ပြသနိုင်ခဲ့ပြီး မဲဝုဒ်မှာ စီနီယာတွေနဲ့ လေ့ကျင့်ခွင့်လည်း ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

2015 ခုနှစ်က ဘာစီလိုနာကနေ ခေါ်ယူထားခဲ့ပြီး ကီရာဘီမှာတော့ လူသိများတဲ့ တိုက်စစ်မှူးလည်းဖြစ်ခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး အရှိန်ကောင်းလည်းရှိတဲ့ Bobby Adekanye ဟာ စတီဗင်ဂျရတ် ကိုင်တွယ်စဉ်က ပုံမှန်ပွဲထွက်ခွင့်ရပြီး လူငယ်ချန်ပီယံလိဂ်ပွဲတွေမှာ ခြေစွမ်းပြခဲ့သူလည်းဖြစ်ပါတယ်။

ကစားသမားကတော့ “ အရင်လေးနှစ်က လီဗာပူးကို ရောက်လာချိန်မှာ ကျနေ်ာက ကလေးသာသာပဲ ရှိပါသေးတယ်။ အခုတော့ ကျနေ်ာက လူကြီးတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ လီဗာပူးမှာ ကျနေ်ာရဲ့ ကိုယ်ပိုင်မိသားစုလို လူတွေလည်း ရရှိခဲ့ပြီး ဒီလူတွေအားလုံးကို ကျနေ်ာရဲ့ မိသားစုတွေပါလို့ အမြဲတမ်း ခံစားမိနေတော့မှာပါ။

လီဗာပူးဘောလုံးအသင်း ဒီနှစ်အတွင်း ကျနော်ကို ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးတင်ဖို့ စကားလုံးတောင် ရှာမရပါဘူး။ အကယ်ဒမီကစလို့ မဲဝုဒ်က နည်းပြတိုင်း၊ အမှတ်တရကောင်းတွေ ဝေမျှခွင့်ရခဲ့တဲ့ အသင်းဖော်တိုင်း၊ ကျနေ်ာဘေးမှာ အတူရှိပေးကြတဲ့ အသင်းဝန်ထမ်းတိုင်းကို အထူးကျေးဇူးတင်ပါတယ် ” လို့ ဆိုပါတယ်။

ဘယ်အချိန်ဆိုတာ မသိပေမယ့် တစ်ရက်မှာ ကျနေ်ာတို့ ပြန်လည်တွေ့ဆုံကြမယ်ဆိုတာ သေချာပါတယ်။ ဇွန်လ 1 ရက်မှာ ကျနော်တို့နဲ့အတူ ရှိနေပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရဖို့ အသင်းကို တစ်ပွဲလောက် ကူညီပေးရအောင်ပါ။ YNWA.. ” လို့ ဆိုသွားခဲ့ပါတယ်။

နိုင်ဂျီးရီးယားဖွား နယ်သာလန် လူငယ်ကစားသမားဟာ လီဗာပူးအတွက် သက်တမ်းအလိုက်တွေမှာ သွင်းဂိုးတွေ အများအပြား သွင်းထားသူဖြစ်တယ်။ ဒါပေမယ့်လို့ ဒဏ်ရာပြဿနာနဲ့ ခြေစွမ်း မတည်ငြိမ်မှုတွေကြောင့် လူငယ်အသင်းမှာ နာမည်ကျော်ပေမယ့် စီနီယာအဆင့်ကို မရောက်လာခဲ့သူဖြစ်ပါတယ်။

Sports Home Time