ပရီးမီးယားလိဂ္မွာ VAR စနစ္ကို ၾကည့္ေပးဖို႔ ေတာင္းဆိုရင္ အဝါကဒ္ျပခံရမည္

ပရီးမီးယားလိဂ္ဟာ လာမယ့္ ေဘာလံုးရာသီမွာ VAR စနစ္ကို စတင္ကာ က်င့္သံုးသြားမွာျဖစ္ျပီး အဆိုပါ စနစ္မွာ အေရးၾကီးတဲ့ ကန္႔သတ္ခ်က္တစ္ခုကို ထည့္သြင္းသြားမွာျဖစ္ပါတယ္။

ပြဲကစားေနစဥ္မွာ အသင္းသားေတြဟာ အျငင္းပြာဖြယ္ ဆံုးျဖတ္ခ်က္ျဖစ္လာတဲ့အခါ VAR စနစ္နဲ႔ ၾကည့္ျပီး ဆံုးျဖတ္ေပးဖို႔ VAR စနစ္ကို ေတာင္းဆိုေၾကာင္း လက္ဟန္ေျခဟန္ အမူအရာနဲ႔ ဖိအားေပးခဲ့မယ္ဆိုရင္ အဝါကဒ္ ျပသခံရမွာျဖစ္တယ္။ ဒါဟာ ကြင္းထဲက ကြင္းလယ္ဒိုင္အေပၚ သက္ေရာက္လာမယ့္ ဖိအားေတြအတြက္ ဆံုးျဖတ္ျခင္းလို႔ နားလည္ထားရပါတယ္။

ဗီဒီယိုအကူဒိုင္လို သိထားၾကတဲ့ VAR ကို လာမယ့္ႏွစ္ကစလို ပရီးမီးယားလိဂ္က စတင္ကာ အသံုးျပဳေတာ့မွာပါ။ ေႏြမွာေတာ့ VAR စနစ္နဲ႔ ပက္သက္တဲ့ သိထားသင့္တဲ့ အေၾကာင္းအရာေတြကို ပရီးမီးယားလိဂ္မန္ေနဂ်ာေတြနဲ႔ ကစားသမားေတြအား သတိေပးခ်က္ေတြ ဆက္တိုက္လုပ္သြားဖို႔လည္း ရွိေနပါတယ္။

ပြဲကစားေနစဥ္မွာ VAR ကို တာဝန္ယူတဲ့ အကဲျဖတ္သူေတြက အေျခအေန အရပ္ရပ္ကို မျပတ္တန္း ေလ့လာေပးေနမွာပါ။ ဒါေၾကာင့္ အသင္းသားေတြဘက္ကေနျပီး ျဖစ္ရပ္ေတြကို စစ္ေဆးေပးဖို႔ရာ ေတာင္းဆိုခြင့္ရမွာ မဟုတ္ပါဘူး။

အကယ္လို႔ ကစားသမားေတြက တီဗီမ်က္ႏွာျပင္ပံုစံ လက္နဲ႔ဆြဲျပျခင္းလို VAR ေတာင္းဆိုမႈ ျပဳလုပ္မယ္ဆိုရင္ ကြင္းလယ္ဒိုင္က အဝါကဒ္ကို ျပသမွာျဖစ္တယ္။ ဒါေပမယ့္ ကြင္းထဲမွာ ျဖစ္ပ်က္တဲ့ အေျခအေနနဲ႔ ခႏၶာကိုယ္ အမူအယာ ေတာင္းဆိုမႈအေပၚ အေျခခံျပီး ကြင္းလယ္ဒိုင္က ျပစ္ဒဏ္ကို ဆံုးျဖတ္မယ္လို႔လည္း သိထားရပါတယ္။

ဒီကန္သန္႔ခ်က္ဟာ VAR ဥပေဒနဲ႔ သက္ဆုိင္ျခင္းေတာ့ မဟုတ္ပဲ အက္ဖ္ေအဘက္က ပရီးမီးယားလိဂ္ကို သီးသန္႔ ကန္႔သတ္မႈျဖစ္တယ္လို႔ သိရတယ္။ ကြင္းအတြင္း ရန္လိုမႈနဲ႔ ဒိုင္လူၾကီးရဲ႕ ဆံုးျဖတ္ခ်က္ကို အျပင္းအထန္ ေမးခြန္းထုတ္မႈအတြက္ ပံုမွန္လုပ္ေနက် အဝါကဒ္ေတြ ေပးမႈလို တူညီတဲ့ ျပစ္ဒဏ္ကို သက္မွတ္ျခင္း ျဖစ္ပါတယ္။

ကမၻာဖလားနဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲေတြမွာ စတင္ကာ မိတ္ဆက္ထားတဲ့ VAR စနစ္ဟာ ပ၇ီးမီးယားလိဂ္လို ျပိဳင္ဆိုင္မႈ ျပင္းထန္ျပီး ရုပ္ပိုင္းဆိုင္ရာ အားျပိဳင္တဲ့လိဂ္မွာ ဘယ္လို သက္ေရာက္မႈေတြ သယ္ေဆာင္လာမလဲက စိတ္ဝင္စားခံရမႈ ျမင့္မားေနတာျဖစ္ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ်ဟာ လာမယ့် ဘောလုံးရာသီမှာ VAR စနစ်ကို စတင်ကာ ကျင့်သုံးသွားမှာဖြစ်ပြီး အဆိုပါ စနစ်မှာ အရေးကြီးတဲ့ ကန့်သတ်ချက်တစ်ခုကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။

ပွဲကစားနေစဉ်မှာ အသင်းသားတွေဟာ အငြင်းပွာဖွယ် ဆုံးဖြတ်ချက်ဖြစ်လာတဲ့အခါ VAR စနစ်နဲ့ ကြည့်ပြီး ဆုံးဖြတ်ပေးဖို့ VAR စနစ်ကို တောင်းဆိုကြောင်း လက်ဟန်ခြေဟန် အမူအရာနဲ့ ဖိအားပေးခဲ့မယ်ဆိုရင် အဝါကဒ် ပြသခံရမှာဖြစ်တယ်။ ဒါဟာ ကွင်းထဲက ကွင်းလယ်ဒိုင်အပေါ် သက်ရောက်လာမယ့် ဖိအားတွေအတွက် ဆုံးဖြတ်ခြင်းလို့ နားလည်ထားရပါတယ်။

ဗီဒီယိုအကူဒိုင်လို သိထားကြတဲ့ VAR ကို လာမယ့်နှစ်ကစလို ပရီးမီးယားလိဂ်က စတင်ကာ အသုံးပြုတော့မှာပါ။ နွေမှာတော့ VAR စနစ်နဲ့ ပက်သက်တဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေကို ပရီးမီးယားလိဂ်မန်နေဂျာတွေနဲ့ ကစားသမားတွေအား သတိပေးချက်တွေ ဆက်တိုက်လုပ်သွားဖို့လည်း ရှိနေပါတယ်။

ပွဲကစားနေစဉ်မှာ VAR ကို တာဝန်ယူတဲ့ အကဲဖြတ်သူတွေက အခြေအနေ အရပ်ရပ်ကို မပြတ်တန်း လေ့လာပေးနေမှာပါ။ ဒါကြောင့် အသင်းသားတွေဘက်ကနေပြီး ဖြစ်ရပ်တွေကို စစ်ဆေးပေးဖို့ရာ တောင်းဆိုခွင့်ရမှာ မဟုတ်ပါဘူး။

အကယ်လို့ ကစားသမားတွေက တီဗီမျက်နှာပြင်ပုံစံ လက်နဲ့ဆွဲပြခြင်းလို VAR တောင်းဆိုမှု ပြုလုပ်မယ်ဆိုရင် ကွင်းလယ်ဒိုင်က အဝါကဒ်ကို ပြသမှာဖြစ်တယ်။ ဒါပေမယ့် ကွင်းထဲမှာ ဖြစ်ပျက်တဲ့ အခြေအနေနဲ့ ခန္ဓာကိုယ် အမူအယာ တောင်းဆိုမှုအပေါ် အခြေခံပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ကို ဆုံးဖြတ်မယ်လို့လည်း သိထားရပါတယ်။

ဒီကန်သန့်ချက်ဟာ VAR ဥပဒေနဲ့ သက်ဆိုင်ခြင်းတော့ မဟုတ်ပဲ အက်ဖ်အေဘက်က ပရီးမီးယားလိဂ်ကို သီးသန့် ကန့်သတ်မှုဖြစ်တယ်လို့ သိရတယ်။ ကွင်းအတွင်း ရန်လိုမှုနဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် မေးခွန်းထုတ်မှုအတွက် ပုံမှန်လုပ်နေကျ အဝါကဒ်တွေ ပေးမှုလို တူညီတဲ့ ပြစ်ဒဏ်ကို သက်မှတ်ခြင်း ဖြစ်ပါတယ်။

ကမ္ဘာဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ စတင်ကာ မိတ်ဆက်ထားတဲ့ VAR စနစ်ဟာ ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ရုပ်ပိုင်းဆိုင်ရာ အားပြိုင်တဲ့လိဂ်မှာ ဘယ်လို သက်ရောက်မှုတွေ သယ်ဆောင်လာမလဲက စိတ်ဝင်စားခံရမှု မြင့်မားနေတာဖြစ်ပါတယ်။

Sports Home Time