ဟာဇက္ ၀တ္ဆင္ေနတဲ့ နာမည္ေက်ာ္ နံပါတ္ ၁၀ ကို အိုဒြိဳင္း အလိုရွိေန

[Zawgyi] ခ်ယ္ဆီး လူငယ္တိုက္စစ္သမား ေကာ္လမ္ဟုဒ္ဆန္ အိုဒြိဳင္းဟာ လန္ဒန္ကလပ္မွာပဲ ဆက္ေနလိုၿပီး သူက ဟာဇက္ေနရာ အစားထိုးမယ့္သူ ျဖစ္ရင္ စာခ်ဳပ္သစ္ ခ်ဴပ္ဆိုဖို႔ အကူအညီ ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ လက္စတာနဲ႔ ပရီးမီးယားလိဂ္ ေနာက္ဆုံးပြဲစဥ္အၿပီး အင္တာဗ်ဴးမွာ ဟာဇက္က အနာဂတ္အေၾကာင္း ဆုံးျဖတ္ခ်က္ခ်ၿပီးၿပီလို႔ အတည္ျပဳခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ကို ထြက္ခြာဖို႔ ပို နီးစပ္လာခဲ့ပါတယ္။

မက္ဒရစ္ဟာ ယူ႐ို သန္း ၁၀၀ နဲ႔ ၁၃၀ ၾကား တန္ေၾကးအေပၚ ေဈးဆစ္ေနတာေၾကာင့္ ဘယ္လ္ဂ်ီယမ္ တိုက္စစ္မႉး အတြက္ ခ်ယ္ဆီးအသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ မရရွိေသးပါဘူး။ တခ်ိန္တည္းမွာပဲ ခ်ယ္ဆီးဟာ လူငယ္ တိုက္စစ္သမား အိုဒြိဳင္းကို ထိန္းသိမ္းထားဖို႔ ႀကိဳးစားေနတာပါ။

ဆယ္ေက်ာ္သက္ ကစားသမားေလးဟာ ဘိုင္ယန္ျမဴးနစ္ထံ သြားဖို႔ အေျပာင္းအေ႐ႊ႕ ေတာင္းဆိုမႈ ျပဳလုပ္ခဲ့ၿပီးတာေတာင္မွ ဇန္နဝါရီမွာ ဘိုင္ယန္ရဲ႕ ကမ္းလွမ္းမႈ ေလးႀကိမ္လံုး ကို ခ်ယ္ဆီးဘက္က ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ ဧၿပီလက ဘန္ေလနဲ႔ပြဲမွာ ဖေနာင့္ေၾကာအ႐ြတ္ဒဏ္ရာ ရခဲ့ျခင္း မတိုင္ခင္က အသက္ ၁၈ ႏွစ္အ႐ြယ္ ကစားသမားကို ဆာရီက ပရီးမီးယားလိဂ္ ေလးပြဲဆက္ ပြဲထြက္ခြင့္ ေပးခဲ့ၿပီး၊ အိုဒြိဳင္းရဲ႕ အသင္းကေနထြက္ခြာခ်င္ေနတဲ့ ဆႏၵဟာ အားေပ်ာ့သြားခဲ့ပါတယ္။

အိုဒြိဳင္းက စပိန္မွာ ခြဲစိတ္ကုသမႈ လုပ္ခဲ့ရၿပီး အခု လန္ဒန္ကို ျပန္ေရာက္ေနပါၿပီ။ အဂၤလန္သားဟာ သူ႔အနာဂတ္နဲ႔ ပတ္သက္ၿပီး ရွင္းရွင္း လင္းလင္း လုပ္ဖို႔ စိတ္အား ထက္သန္ေနေပမယ့္ ခ်ယ္ဆီးထံက စာခ်ဳပ္သစ္ ထပ္မံ ကမ္းလွမ္းခ်က္ တစ္စုံတစ္ရာ မရရွိေသးပဲ ေမလ ၂၉ ရက္ ေန႔ အာဆင္နယ္နဲ႔ ယူ႐ိုပါလိဂ္ ဖိုင္နယ္ ၿပီးမွသာ ေဆြးေႏြးမႈေတြ စတင္ႏိူင္ဖြယ္ရွိပါတယ္။

ဘိုင္ယန္ဟာ ဇန္နဝါရီ ကမ္းလွမ္းမႈမွာ ဂႏၲဝင္ ေတာင္ပံကစားသမား အာဂ်န္ေရာ္ဘင္ ဝတ္ဆင္ခဲ့တဲ့ နံပါတ္ ၁၀ နဲ႔ အသင္းရဲ႕ အဓိက ေနရာကိုေပးမယ္ ဆိုတဲံ မက္လံုးနဲ႕ အိုဒြိဳင္းကို ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ခ်ယ္ဆီးကလည္း အိုဒြိဳင္း ပိုႏွစ္သက္တဲ့ ၇ ႏွစ္ၾကာ ဟာဇက္ ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီနံပါတ္ ၁၀ ကို ေပးအပ္နုိ္င္ဖြယ္ ရွိပါတယ္။

ၿပီးခဲ့တဲ့အပတ္က အသင္းရဲ႕ ဆုေပးပြဲအခမ္းအနားမွာ ေပ်ာ္ခဲ့ရတယ္လို႔ ကလပ္ရဲ႕ တႏွစ္တာအေကာင္းဆုံး လူငယ္ကစားသမားဆု ရခဲ့တဲ့ အိုဒြိဳင္းက – ” ခြဲစိတ္မႈက ေကာင္းေကာင္းေအာင္ျမင္ခဲ့တယ္လို႔ က်ေနာ္ထင္ပါတယ္။ က်ေနာ္လိုခ်င္တဲ့အတိုင္း အရာအားလုံးက အေကာင္းမြန္ဆုံး ျဖစ္ခဲ့ပါတယ္။ ဒီဆုကို ရလို႔ က်ေနာ္ တကယ္ေပ်ာ္ပါတယ္။ ”

” ဒီရာသီက ေကာင္းေကာင္းၿပီးခဲ့တယ္လို႔ က်ေနာ္ထင္ပါတယ္။ က်ေနာ္ကစားခဲ့ရတဲ့ အခ်ိန္တိုင္း ယုံၾကည္မႈ ပိုရွိလာတယ္လို႔ ခံစားခဲ့ရၿပီး ေပ်ာ္႐ႊင္ခဲ့ရပါတယ္။ ကစားရတဲ့ အခိုက္အတန႔္တိုင္းကို က်ေနာ္ ေက်နပ္တယ္။ ဒီတိုင္း ဆက္ႀကိဳးစားသြားဖို႔ပဲလိုပါတယ္။ အခြင့္အေရးေတြ ပိုရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္က အိုဒြိဳင္းအေပၚ စိတ္ဝင္စားေနဆဲျဖစ္ၿပီး ကစားသမားနဲ႔ ခ်ယ္ဆီး ဒါ႐ိုက္တာ မာရီနာ ဂရာႏိုဗက္စ္ကီးယား တို႔ၾကား စကားေျပာဆိုမႈ မေအာင္ျမင္ခဲ့ရင္ အဂၤလန္ လူငယ္ၾကယ္ပြင့္ကို ေခၚယူဖို႔ ေနာက္ထပ္ ၿပိဳင္ဆိုင္လာႏိုင္ပါတယ္။ ဘိုင္ယန္ အျပင္ ယူႏိုက္တက္ ကလဲ သူ႔ကို စိတ္ဝင္စားေနတာပါ။ ဒါေပမယ့္ သူတို႔ဟာ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ေတြျဖစ္ၿပီး ႏွစ္သင္းၾကား အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္မႈကလဲ နည္းပါးလြန္းတာေၾကာင့္ အိုဒြိဳင္းကိုေခၚယူဖို႔ ဘိုင္ယန္ထက္ ပိုၿပီးေတာင္ ခက္ခဲေနပါတယ္။

Sports Home Time

[Unicode] ချယ်ဆီး လူငယ်တိုက်စစ်သမား ကော်လမ်ဟုဒ်ဆန် အိုဒွိုင်းဟာ လန်ဒန်ကလပ်မှာပဲ ဆက်နေလိုပြီး သူက ဟာဇက်နေရာ အစားထိုးမယ့်သူ ဖြစ်ရင် စာချုပ်သစ် ချူပ်ဆိုဖို့ အကူအညီ ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လက်စတာနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အပြီး အင်တာဗျူးမှာ ဟာဇက်က အနာဂတ်အကြောင်း ဆုံးဖြတ်ချက်ချပြီးပြီလို့ အတည်ပြုခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ထွက်ခွာဖို့ ပို နီးစပ်လာခဲ့ပါတယ်။

မက်ဒရစ်ဟာ ယူရို သန်း ၁၀၀ နဲ့ ၁၃၀ ကြား တန်ကြေးအပေါ် ဈေးဆစ်နေတာကြောင့် ဘယ်လ်ဂျီယမ် တိုက်စစ်မှူး အတွက် ချယ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိသေးပါဘူး။ တချိန်တည်းမှာပဲ ချယ်ဆီးဟာ လူငယ် တိုက်စစ်သမား အိုဒွိုင်းကို ထိန်းသိမ်းထားဖို့ ကြိုးစားနေတာပါ။

ဆယ်ကျော်သက် ကစားသမားလေးဟာ ဘိုင်ယန်မြူးနစ်ထံ သွားဖို့ အပြောင်းအရွှေ့ တောင်းဆိုမှု ပြုလုပ်ခဲ့ပြီးတာတောင်မှ ဇန်နဝါရီမှာ ဘိုင်ယန်ရဲ့ ကမ်းလှမ်းမှု လေးကြိမ်လုံး ကို ချယ်ဆီးဘက်က ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဧပြီလက ဘန်လေနဲ့ပွဲမှာ ဖနောင့်ကြောအရွတ်ဒဏ်ရာ ရခဲ့ခြင်း မတိုင်ခင်က အသက် ၁၈ နှစ်အရွယ် ကစားသမားကို ဆာရီက ပရီးမီးယားလိဂ် လေးပွဲဆက် ပွဲထွက်ခွင့် ပေးခဲ့ပြီး၊ အိုဒွိုင်းရဲ့ အသင်းကနေထွက်ခွာချင်နေတဲ့ ဆန္ဒဟာ အားပျော့သွားခဲ့ပါတယ်။

အိုဒွိုင်းက စပိန်မှာ ခွဲစိတ်ကုသမှု လုပ်ခဲ့ရပြီး အခု လန်ဒန်ကို ပြန်ရောက်နေပါပြီ။ အင်္ဂလန်သားဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း လုပ်ဖို့ စိတ်အား ထက်သန်နေပေမယ့် ချယ်ဆီးထံက စာချုပ်သစ် ထပ်မံ ကမ်းလှမ်းချက် တစ်စုံတစ်ရာ မရရှိသေးပဲ မေလ ၂၉ ရက် နေ့ အာဆင်နယ်နဲ့ ယူရိုပါလိဂ် ဖိုင်နယ် ပြီးမှသာ ဆွေးနွေးမှုတွေ စတင်နိူင်ဖွယ်ရှိပါတယ်။

ဘိုင်ယန်ဟာ ဇန်နဝါရီ ကမ်းလှမ်းမှုမှာ ဂန္တဝင် တောင်ပံကစားသမား အာဂျန်ရော်ဘင် ဝတ်ဆင်ခဲ့တဲ့ နံပါတ် ၁၀ နဲ့ အသင်းရဲ့ အဓိက နေရာကိုပေးမယ် ဆိုတဲံ မက်လုံးနဲ့ အိုဒွိုင်းကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးကလည်း အိုဒွိုင်း ပိုနှစ်သက်တဲ့ ၇ နှစ်ကြာ ဟာဇက် ဝတ်ဆင်ခဲ့တဲ့ ဂျာစီနံပါတ် ၁၀ ကို ပေးအပ်နိုင်ဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်က အသင်းရဲ့ ဆုပေးပွဲအခမ်းအနားမှာ ပျော်ခဲ့ရတယ်လို့ ကလပ်ရဲ့ တနှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ရခဲ့တဲ့ အိုဒွိုင်းက – ” ခွဲစိတ်မှုက ကောင်းကောင်းအောင်မြင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်လိုချင်တဲ့အတိုင်း အရာအားလုံးက အကောင်းမွန်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီဆုကို ရလို့ ကျနော် တကယ်ပျော်ပါတယ်။ ”

” ဒီရာသီက ကောင်းကောင်းပြီးခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ကစားခဲ့ရတဲ့ အချိန်တိုင်း ယုံကြည်မှု ပိုရှိလာတယ်လို့ ခံစားခဲ့ရပြီး ပျော်ရွှင်ခဲ့ရပါတယ်။ ကစားရတဲ့ အခိုက်အတန့်တိုင်းကို ကျနော် ကျေနပ်တယ်။ ဒီတိုင်း ဆက်ကြိုးစားသွားဖို့ပဲလိုပါတယ်။ အခွင့်အရေးတွေ ပိုရမယ်လို့ မျှော်လင့်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က အိုဒွိုင်းအပေါ် စိတ်ဝင်စားနေဆဲဖြစ်ပြီး ကစားသမားနဲ့ ချယ်ဆီး ဒါရိုက်တာ မာရီနာ ဂရာနိုဗက်စ်ကီးယား တို့ကြား စကားပြောဆိုမှု မအောင်မြင်ခဲ့ရင် အင်္ဂလန် လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ နောက်ထပ် ပြိုင်ဆိုင်လာနိုင်ပါတယ်။ ဘိုင်ယန် အပြင် ယူနိုက်တက် ကလဲ သူ့ကို စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် သူတို့ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်ပြီး နှစ်သင်းကြား အပြောင်းအရွှေ့ ဖြစ်မြောက်မှုကလဲ နည်းပါးလွန်းတာကြောင့် အိုဒွိုင်းကိုခေါ်ယူဖို့ ဘိုင်ယန်ထက် ပိုပြီးတောင် ခက်ခဲနေပါတယ်။

Sports Home Time