ေဆာင္းပါး | ဥေရာပအေကာင္းဆံုး (၁၆) သင္းအား အဆင့္ရပ္တည္မႈ ခြဲျခားျခင္း

[Zawgyi] ခ်န္ပီယံလိဂ္ အုပ္စုအဆင့္က ျပီးဆံုးသြားပါျပီ။ ေဖေဖာ္ဝါရီလမွ ျပန္လည္ယွဥ္ျပိဳင္လာေတာ့မယ့္ ဥေရာပျပိဳင္ပြဲဟာ တကယ္ကို ၾကမ္းတမ္းျပင္းထန္မယ့္ ခရီးၾကမ္းကို အဲ့သည္အခ်ိန္မွာ ျပန္လည္စတင္ပါမယ္။ မတိုင္ခင္မွာေတာ့ ဥေရာပ အေကာင္းဆံုးအသင္း 16 သင္းဟာ အသင္းကို ျပန္လည္တည္ေဆာက္မႈေတြ ျပဳလုပ္ခြင့္ ရၾကမွာျဖစ္တယ္။

ခ်န္ပီယံလိဂ္အႏိုင္ရဖို႔ ေရပန္းစားအသင္းေတြထဲမွာ ပါဝင္တဲ့ ဘိုင္ယန္နဲ႔ ရီးရဲမက္ဒရစ္တုိ႔ဟာ ဒီရာသီ ျပည္တြင္းျပိဳင္ပြဲေတြမွာ ရုန္းကန္ေနရတယ္။ ဒီႏွစ္ေတြအတြက္ ခ်န္ပီယံသစ္တစ္သင္း ေပၚလာမလားက စိတ္ဝင္စားစရာပါပဲ။

ပရီးမီးယားလိဂ္အသင္း 4 သင္းလံုး ရံွဴးထြက္ကို တက္ေရာက္သြားေပမယ့္ လီဗာပူး၊ ေတာ္တင္ဟမ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ခက္ခဲတဲ့ ျပိဳင္ဘက္ေတြကို ရင္ဆိုင္ၾကရပါေတာ့မယ္။ ရံွဴးထြက္အဆင့္ကို တက္ေရာက္သြားတဲ့ ဥေရာပအသင္းေတြရဲ႕ အဆင့္ကို အဂၤလန္သတင္းဌာနျဖစ္တဲ့ တယ္လီဂရပ္က ခြဲျခားထားမႈကို ေဖာ္ျပပါတယ္။

16th: Schalke

ေပၚတိုနဲ႔ အုပ္စုဒုတိယကေန ရံွဴးထြက္ကို တက္ေရာက္လာခဲ့တယ္။ ဘြန္ဒက္လီဂါမွာ တန္းဆင္းဇုန္ကို ေရာက္ရွိေနျပီး ျပန္လာႏိုင္ဖုိ႔ ၾကိဳးစားေနရပါတယ္။ အုပ္စုဗိုလ္တိုင္းက ေရွာ္ေကးနဲ႔ ထိပ္တိုက္ေတြ႔လိုေနမွာပါ။

15th: Porto

ခ်န္ပီယံလိဂ္ အုပ္စုေတြထဲမွာ အားအနည္းဆံုးဂရုရဲ႕ အုပ္စုဗိုလ္ျဖစ္ပါတယ္။ ဝါရင့္ဂိုးသမားၾကီး ကာဆီးလက္ရွိေနေပမယ့္ ထိပ္တန္းကစားသမားေတြ အမ်ားၾကီး မရွိပါဘူး။ ေပၚတိုဟာလည္း အုပ္စုဒုတိယအဆင့္ အသင္းေတြ ထိပ္တိုက္ေတြ႔လိုတဲ့ ျပိဳင္ဘက္ျဖစ္ေနပါတယ္။

14th: Manchester United

ခ်န္ပီယံလိဂ္မွာ ဘယ္အသင္းမဆို ယူႏုိက္တက္နဲ႔ မဲက်မွာကို မေပ်ာ္ပဲ မေနပါဘူး။ တိုက္စစ္လိုက္ရင္ ခံစစ္ေပါက္တယ္၊ ခံစစ္ထိုင္ရင္ တုိက္စစ္က ဂိုးမသြင္းႏိုင္ဘူး။ ဥေရာပအသင္းတိုင္းက အေကာင္းဆံုးပံုစံေတြ ျပသေနခ်ိန္မွာ ယူႏိုက္တက္ကေတာ့ ဖိအားေတြနဲ႔ ကစားေနရပါတယ္။ နည္းစနစ္ပိုင္းအရ 16 သင္းအဆင့္မွာ အညံ့ဆံုးအသင္းေတြထဲ ပါဝင္ပါတယ္။ ကမၻာအဆင့္ တိုက္စစ္သမားေတြလည္း မရွိပါဘူး။

13th: Roma

အုပ္စုတြင္းမွာ ရိုးမားထက္ ဂိုးေပါက္တည္ေအာက္ ပိုကန္သြင္းႏိုင္တဲ့ အသင္းဆိုလို႔ ပီအက္ဂ်ီပဲ ရွိပါေတာ့တယ္။ ဒါေပမယ့္ ရိုးမားက ျပည္တြင္းလိဂ္မွာ ရုန္းကန္ေနရတဲ့ အသင္းပါ။ အယ္လီဆန္နဲ႔ ႏိုင္ဂိုလန္တို႔ကို ေရာင္းထုတ္ျပီး ရလာတဲ့ အသံုးစရိတ္နဲ႔ ေပါင္ သန္း 100 ဖိုးေလာက္ အသင္းကို အားျဖည့္ထားတယ္။ ပက္ထရိုရီ၊ ဂ်က္စတင္၊ ပက္ထရစ္တို႔ကို ေခၚယူအားျဖည့္မႈေတြ လုပ္ထားခဲ့တယ္။ အယ္လီဆန္လို စတားဂိုးသမားမရွိေတာ့ ရိုးမားဟာ မႏွစ္က ဆီမီးဖိုင္နယ္ေရာက္ခဲ့မႈလို ဥေရာပေအာင္ျမင္မႈေတြ ျပန္လုပ္ျပဖို႔က ခက္ခဲပါတယ္။

12th: Ajax

အုပ္စုအဆင့္မွာ ဘိုင္ယန္ျမဴနစ္ကို ႏွစ္ၾကိမ္ရင္ဆိုင္ျပီး သေရရလဒ္ေတြ ရယူျပခဲ့တယ္။ ေအးဂ်က္အသင္းဟာ ဥေရာပအသင္းတိုင္း မ်က္စိကစားေနရတဲ့ လူငယ္အင္အားကို ပိုင္ဆိုင္ထားပါတယ္။ ဒီေဂ်ာင္း၊ ဒီလစ္၊ ဗန္ဒါဝီး၊ ကက္စပါ အစရွိတဲ့ ၾကယ္ပြင့္ေတြကို အမာခံထားျပီး ကစားေနတဲ့ အသင္းပါ။ ေအးဂ်က္က နည္းစနစ္ပိုင္းလည္း ေကာင္းမြန္ပါတယ္။ ဘယ္အသင္းနဲ႔ သူတို႔က်သည္ျဖစ္ေစ တိုက္စစ္ပိုင္း ဖိအားေပးဖို႔ ၾကိဳးစားမွာျဖစ္ျပီး ေဘာလံုးပိုင္ဆိုင္မႈအတြက္ တိုက္ခိုက္မွာပါ။ ႏွစ္ေတြ နည္းနည္းအၾကာမွာ ေအးဂ်က္ဟာ သူတို႔ရဲ႕ အမွားေတြကို ျပန္လည္ျပင္ဆင္လာခဲ့ပါျပီ။

11th: Borussia Dortmund

ဘြန္ဒက္လီဂါရဲ႕ ဦးေဆာင္သူျဖစ္ျပီး ေဝခြဲရခက္တဲ့ အသင္းျဖစ္တယ္။ ျမန္ႏႈန္းနဲ႔ ခြဲျခမ္းစိတ္ျဖာျခင္း ေကာင္းတယ္။ သြင္းဂိုးေတြ ပံုမွန္ရယူႏိုင္တယ္။ ဒါေပမယ့္ ဒီရာသီမွာ တိုက္စစ္၊ ခံစစ္ ဟန္ခ်က္မညီပါဘူး။ Witsel ျပန္ပါလာတဲ့ ကြင္းလယ္ Alcacer, Marco Reus ဦးေဆာင္တဲ့ တိုက္စစ္နဲ႔ Sancho, Pulisic လို လူငယ္ေတြရွိတဲ့ အသင္းျဖစ္ပါတယ္။

10th: Lyon

လိုင္ယြန္က အေတာ္ထူးခၽြန္တဲ့ လူငယ္ကစားသမားေတြကို ပိုင္ဆိုင္ထားပါတယ္။ လိဂ္မွာ စိတ္ပ်က္စရာျဖစ္ေပမယ့္ ဥေရာပမွာေတာ့ အေကာင္းဆံုးပံုစံမွာရွိတယ္။ မန္စီးတီးကို အီသီဟတ္မွာ အႏိုင္ယူခဲ့တာဆိုရင္ ခ်ီးက်ဴးစရာပါပဲ။ Aouar နဲ႔ Ndombele ဟာ မၾကာခင္ လိုင္ယြန္ကေန ဥေရာပအသင္းၾကီးေတြကို ထြက္ခြာတာ ျဖစ္ႏိုင္ပါတယ္။ ဒီေပးနဲ႔ ဖယ္ကီရာလို ကစားသမားေကာင္းေတြလည္းရွိတယ္။ အုပ္စုတြင္းမွာ clean sheet ေတာ့ တစ္ပြဲေတာင္မွ မရထားပါဘူး။

9th: Real Madrid

ေရာ္နယ္ဒို မရွိေတာ့သလို လူငယ္အသင္းနည္းျပက မန္ေနဂ်ာျဖစ္လာတယ္။ အစၥကို ယံုၾကည္မႈ ေပ်ာက္ဆံုးေနတယ္။ ေလးၾကိမ္ဆက္ ခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္ဖို႔ဆိုတာ မက္ဒရစ္အတြက္ ခက္ခဲပါတယ္။ ျပီးခဲ့တဲ့ ေဘာလံုးရာသီေတြမွာေတာ့ ရံွဴးထြက္အဆင့္ေတြမွာ မက္ဒရစ္က ပံုစံေကာင္းေတြ စတင္ျပသပါတယ္။ ဒီႏွစ္ေကာ ထပ္လုပ္ႏိုင္ပမလား? ခံစစ္က ဗာရိန္းမပါႏိုင္ရင္ ပိုပြင့္လာတယ္။ ခရူစ္နဲ႔ မိုဒရစ္အတြက္ကလည္း အေရွ႔မွာ ဒိုင္ခံ ဂိုးသြင္းေပးမယ့္သူ မရွိဘူး။ ရံွဴးထြက္အဆင့္ေတြကို ေက်ာ္ျဖတ္ႏိုင္ျပီး ဗိုလ္လုပြဲကို တက္ေရာက္သြားမယ္ဆိုရင္ အံ့ၾသစရာပါပဲ။

8th: Tottenham Hotspur

စပါးထက္ ပိုျပီး အစဥ္အလာေကာင္းတဲ့ အသင္းေတြ အမ်ားၾကီးပါ။ ဒါေပမယ့္ ဒီအဆင့္ရပ္တည္မႈက ရင္ဘတ္ေပၚက တံဆိပ္ထက္ ျမက္ခင္းေပၚက စြမ္းေဆာင္ရည္ကို ၾကည့္ျပီး ဆံုးျဖတ္လာတာပါ။ လြန္ခဲ့တဲ့ႏွစ္က ေတာ္တင္ဟမ္ဟာ ဝင္ဘာေလမွာ ရီးရဲမက္ဒရစ္ကို အႏိုင္ယူခဲ့တယ္။ ရီးရဲ၊ ဂ်ဴဗင္တပ္နဲ႔ ဘာစီလိုနာကို သေရကစားခဲ့တယ္။ ဒီရလဒ္ေတြကို စပါးက တကယ္ကို ရယူျပခဲ့တာျဖစ္တယ္။ သူတို႔ အေကာင္းဆံုးပံုစံကို ရေနမယ္ဆိုရင္ ထိပ္တန္းအသင္းေတြကို ကစဥ္ကလ်ာျဖစ္သြားေစႏိုင္ပါတယ္။ ေရွ႔တန္းမွာ အသင္းတိုင္းကို ဂိုးသြင္းႏိုင္မယ္ ဟယ္ရီကိန္းလို ကမၻာအဆင့္ တိုက္စစ္သမားရွိတယ္။ စပါးနဲ႔ က်မယ့္ အသင္းအတြက္ကေတာ့ တကယ္ကို ကပ္ဆိုးပါပဲ။

7th: Bayern Munich

မန္ေနဂ်ာသစ္ ကိုဗက္အတြက္ကေတာ့ ျပည္တြင္းလိဂ္မွာ ေဒါ့မြန္နဲ႔ 9 မွတ္ေတာင္ ကြာေနတဲ့ ဖိအားရွိပါတယ္။ ဒီေတာ့ သူတို႔ရဲ႕ အာရံုက ဥေရာပကို လွည့္လာပါတယ္။ ေဒါစကီးက ဥေရာပရဲ႕ သြင္းဂိုးအျမင့္ဆံုးျဖစ္ျပီး 8 ဂိုး သြင္းထားတယ္။ ဘိုင္ယန္ဟာ ျပည္တြင္းမွာလည္း ဂိုးေတြ ျပန္သြင္းေနပါတယ္။ အသင္းမွာက သီေယဂို၊ ေဂၚရက္စကာ၊ ဆန္းခ်က္စ္၊ ဂ်ိမ္းနဲ႔ တယ္လီဆိုလို လူငယ္ေျခတက္ေတြရွိတယ္။ ဆူလီဟာ ေနာက္ထပ္ ဆယ္ဆုႏွစ္အတြက္ အေကာင္းဆံုး ခံစစ္သမားျဖစ္လာႏိုင္တယ္။ ဒါ့အျပင္ ႏူအာ၊ ေရာ္ဘင္၊ ရီဘာရီနဲ႔ မူလာတို႔လို ဝါရင့္တိုက္စစ္သမားေတြလည္း ပိုင္ဆိုင္ထားဆဲျဖစ္ပါတယ္။

6th: Atletico Madrid

ဒီေယဂို ဆီျမြန္နီလက္ထက္ အက္သလက္တီကိုဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို 2 ၾကိမ္ တက္ေရာက္ႏိုင္ခဲ့တယ္။ မႏွစ္တုန္းက ယူရိုပါလိဂ္ကို အႏိုင္ရခဲ့တယ္။ ႏွစ္ေက်ာ့ကစားရမယ့္ ရံွဴးထြက္ပြဲေတြကို ဘယ္လိုကစားရမယ္ဆိုတာ သူတို႔သိပါတယ္။ 2013-2014 မွာတုန္းက လိဂ္ကို အႏိုင္ရခဲ့တာနဲ႔ တူညီတဲ့ အဆင့္မွာေတာ့ ရွိမေနေတာ့ဘူး။ ဒီရာသီမွာ တိုက္စစ္ပိုင္းအတြက္ ေရြးခ်ယ္ခြင့္နဲ႔ လူစာရင္း ပိုက်စ္လစ္မႈအျဖစ္ လီမာနဲ႔ မာတင္ကို လက္မွတ္ထိုးထားတယ္။ အက္သလက္တီကိုရဲ႕ ေသြးေၾကားေတြက ေအာ့ဘလက္၊ ေဂၚဒင္၊ ကိုကီ၊ ေဆာ၊ ေကာ္စတာ၊ ဂရစ္စမန္းတို႔ျဖစ္ပါတယ္။

5th: Barcelona

လက္ရွိအဆင့္ထက္ ႏွစ္ဆင့္ေလာက္ ပိုျမင့္ေနသင့္တာပါ။ ဒါေပမယ့္ ေပးဂိုးေတြ သိပ္မ်ားတာကို ထည့္တြက္ဖို႔ လိုပါတယ္။ လာလီဂါမွာ 19 ဂိုးထိ ေပးထားရျပီး ေတာ္တင္ဟမ္ဟာ ႏွစ္ေက်ာ့ေပါင္းမွာ ဂိုးေပါက္ကို 12 ၾကိမ္ေတာင္ ျခိမ္းေျခာက္ႏိုင္ခဲ့တယ္။ ပီအက္ဗီနဲ႔ပြဲမွာေတာ့ ကံေကာင္းလို႔ အႏိုင္ရခဲ့တာပါ။ ခံစစ္သမား လန္းဂလက္နဲ႔ ကြင္းလယ္လူ အာသာဆိုတဲ့ ေက်ာက္ရိုင္းေလးႏွစ္ပြင့္ကို ပိုင္ဆိုင္ထားပါတယ္။ မက္ဆီကို ပိုင္ဆိုင္ထားတာက ဘာစီလိုနာကို ခ်န္ပီယံလိဂ္ဖလား စိန္ေခၚဖို႔ အားသာခ်က္ျဖစ္ေစေပမယ့္ အျခားအသင္းေတြက ပိုျပီး ေတာင့္တင္းလာပါတယ္။

4th: Liverpool

လီဗာပူးက မႏွစ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ေရာက္ခဲ့စဥ္ကထက္ ခံစစ္ပိုင္း ပိုေတာင့္တင္းလာပါတယ္။ ကြင္းလယ္မွာ ဖာဘင္ညိဳနဲ႔ ကိတ္တာလို ကစားသမားေတြကို ေခၚယူထားတယ္။ ဒီႏွစ္မွာလည္း ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ပိုေဝးေဝးသြားႏုိင္သင့္တယ္။ အကယ္လို႔ လီဗာပူးက ပရီးမီးယားလိဂ္မွာ ထိပ္ဆံုးေနရာကို ဆက္ရပ္တည္ျပီး ပိုေကာင္းမြန္စြာ ယွဥ္ျပိဳင္ႏိုင္ရင္ေတာ့ ဦးစားေပးကို ျပည္တြင္းအမွတ္ေပးဖလားထံ ေျပာင္းသြားႏိုင္တယ္။ ဒီရာသီ လီဗာပူးကစားဟန္က ပိုျပီးေျပာင္းလဲလာတယ္။ ရံွဴးထြက္ကိုေရာက္တာက ေကာင္းပါတယ္။ အိမ္ကြင္းေကာင္းေပမယ့္ အေဝးကြင္းရလဒ္ေတြက သံသယရွိစရာပါ။ ေနာက္ျပီး ကြင္းလယ္ပိုင္းမွာ ေမးခြန္းထုတ္စရာေတြ ရွိပါတယ္။

3rd: Paris-Saint Germain

ခ်န္ပီယံလိဂ္ျပိဳင္ပြဲက သမိုင္းေၾကာင္းနဲ႔ အစဥ္အလာေတြလည္း လိုအပ္ပါတယ္။ ဥပမာအားျဖင့္ လီဗာပူးရဲ႕ ‘famous nights at Anfield’ နဲ႔ ဘာစီလိုနာရဲ႕ ‘mes que un club’ တို႔ဟာ ထင္ရွားပါတယ္။ အဲ့သည္လို အခ်က္ေတြနဲ႔ဆိုရင္ ပီအက္ဂ်ီက မကိုက္တာျဖစ္ရင္ျဖစ္မယ္။ ဒါေပမယ့္လို႔ ေငြေၾကးသံုးစြဲမႈနဲ႔အတူ ကမၻာအေပၚက အေကာင္းဆံုးကစားသမားေတြကို ေခၚယူႏိုင္ေနပါျပီ။ ပီအက္ဂ်ီဟာ အုပ္စုအဆင့္မွာ ဂိုးေပါက္ ျခိမ္းေျခာက္မႈ 48 ၾကိမ္ထိ လုပ္ခဲ့တယ္။ သူတို႔ျပိဳင္ဘက္ထဲမွာ နာပိုလီနဲ႔ လီဗာပူးလို အသင္းေတြ ပါဝင္ပါတယ္။ ကမၻာအေကာင္းဆံုး တုိက္စစ္သမား 5 ဦးထဲက ႏွစ္ဦးျဖစ္တဲ့ ေနမာနဲ႔ အမ္ဘတ္ပီကို ပိုင္ဆိုင္ထားတယ္။ ေဆးဗား၊ Marquinhos နဲ႔ Kimpembe လို တစ္ဦးခ်င္း ထူးခၽြန္တဲ့ ခံစစ္သမားေတြလည္းရွိတယ္။ အုပ္စုတြင္း စြမ္းေဆာင္ရည္ေတြအရ ပီအက္ဂ်ီက ေလးစားမႈေတြနဲ႔ ထိုက္တန္ပါတယ္။

2nd: Juventus

ဂ်ဴဗင္တပ္ဟာ 1996 ခုႏွစ္ေနာက္ပိုင္း ခ်န္ပီယံလိဂ္ကို ေနာက္တစ္ၾကိမ္ ပိုင္ဆိုင္ႏိုင္ဖုိ႔ ၾကိဳးစားေနတဲ့ အသင္းျဖစ္ပါတယ္။ အဲ့သည္ေနာက္ပိုင္း ဗိုလ္လုပြဲမွာ 5 ၾကိမ္ ကစားခဲ့ျပီး အၾကိမ္တိုင္း အေရးနိမ့္ထားတယ္။ မႏွစ္ကလည္း ရီးရဲမက္ဒရစ္ကို အေကာင္းဆံုး ယွဥ္ျပိဳင္ခဲ့ေပမယ့္ ဗိ္ုလ္လုပြဲကိုေတာ့ မတက္ႏိုင္ခဲ့ပါဘူး။ ဘိုနီခ်ီနဲ႔ ခ်ီလီနီတို႔ ျပန္ေပါင္းထုတ္ေနပါျပီ။ ကန္ဆယ္လိုနဲ႔ ဆန္ဒရိုတို႔ကလည္း ထူးခၽြန္တဲ့ အစြန္လူေတြျဖစ္ျပီး ကြင္းလယ္မွာေကာ တုိက္စစ္မွာပါ ကစားသမားေကာင္းေတြ မ်ားျပားပါတယ္။ အုပ္စုတြင္းေတြမွာ ဂ်ဴဗင္တပ္ထက္ ဂိုးေပါက္ျခိမ္းေျခာက္မႈ ပိုမ်ားတဲ့အသင္း 9 သင္းထိရွိပါတယ္။ ဂ်ဴဗင္တပ္ဟာ သိပ္မၾကပ္တည္းတဲ့ ယူႏုိက္တက္၊ ဗလန္စီယာနဲ႔ ယန္းဘိြဳင္တုိ႔ကို အုပ္စုတြင္းမွာ ယွဥ္ျပိဳင္ခဲ့ရတာကို မေမ့ဖို႔လိုပါတယ္။

1st: Manchester City

မန္စီးတီးဟာ လက္ရွိ ဥေရာပရဲ႕ အေကာင္းဆံုးအသင္းပါ။ ဒါေပမယ့္ ဒီအခ်က္က ခ်န္ပီယံလိဂ္ကို အႏိုင္ရဖို႔ အာမခံခ်က္ ရွိေစမွာ မဟုတ္ပါဘူး။ ဂြာဒီယိုလာရဲ႕အသင္းက အားနည္းခ်က္ေတြ သိပ္နည္းျပီး တစ္ဦးခ်င္းေကာ၊ အသင္းလိုက္ပါ ထူးခၽြန္တဲ့ အသင္းျဖစ္ပါတယ္။ ရံွဴးထြက္အဆင့္ဆိုရင္ ဒီဘရိုင္းကလည္း ျပန္ပါလာႏိုင္မွာပါ။ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ျခိမ္းေျခာက္ခံရမႈ အနည္းဆံုးျဖစ္ျပီး ျပိဳင္ဘက္အသင္းေတြရဲ႕ တိုက္စစ္ကို ထိန္းခ်ဳပ္ထားႏိုင္ပါတယ္။ လာေပၚေတးက ၾကီးမားတဲ့ တိုးတက္မႈျဖစ္ျပီး ပိုင္ဆိုင္မႈပိုင္းမွာ ပိုေကာင္းလာေစတယ္။ အန္ဖီးကြင္းမွာ သေရက်ခဲ့စဥ္က သူတို႔ရဲ႕ အေဝးကြင္းပံုစံက ထိန္းခ်ဳပ္ႏိုင္စြမ္း ျမင့္မားခဲ့တယ္။ အမွတ္ရဖို႔က လိုင္ယြန္ဟာ သူတို႔ထံက ရမွတ္ 4 မွတ္ထိ ခြဲယူျပခဲ့တယ္။ ဥေရာပအသင္းေတြရဲ႕ နည္းစနစ္ပိုင္းက မန္စီးတီးရဲ႕ ဖိအားေပးမႈကို ယွဥ္ျပိဳင္ႏုိင္စြမ္းရွိပါတယ္။ ဂြာဒီယိုလာက ဘာစီလိုနာကေန ထြက္ခြာလာျပီးကတည္း ခ်န္ပီယံလိဂ္ဆုဖလားကို အႏိုင္မရေသးပါဘူး။

Sports Home Time

[Unicode] ချန်ပီယံလိဂ် အုပ်စုအဆင့်က ပြီးဆုံးသွားပါပြီ။ ဖေဖော်ဝါရီလမှ ပြန်လည်ယှဉ်ပြိုင်လာတော့မယ့် ဥရောပပြိုင်ပွဲဟာ တကယ်ကို ကြမ်းတမ်းပြင်းထန်မယ့် ခရီးကြမ်းကို အဲ့သည်အချိန်မှာ ပြန်လည်စတင်ပါမယ်။ မတိုင်ခင်မှာတော့ ဥရောပ အကောင်းဆုံးအသင်း 16 သင်းဟာ အသင်းကို ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်ခွင့် ရကြမှာဖြစ်တယ်။

ချန်ပီယံလိဂ်အနိုင်ရဖို့ ရေပန်းစားအသင်းတွေထဲမှာ ပါဝင်တဲ့ ဘိုင်ယန်နဲ့ ရီးရဲမက်ဒရစ်တို့ဟာ ဒီရာသီ ပြည်တွင်းပြိုင်ပွဲတွေမှာ ရုန်းကန်နေရတယ်။ ဒီနှစ်တွေအတွက် ချန်ပီယံသစ်တစ်သင်း ပေါ်လာမလားက စိတ်ဝင်စားစရာပါပဲ။

ပရီးမီးယားလိဂ်အသင်း 4 သင်းလုံး ရံှူးထွက်ကို တက်ရောက်သွားပေမယ့် လီဗာပူး၊ တော်တင်ဟမ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကတော့ ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ကြရပါတော့မယ်။ ရံှူးထွက်အဆင့်ကို တက်ရောက်သွားတဲ့ ဥရောပအသင်းတွေရဲ့ အဆင့်ကို အင်္ဂလန်သတင်းဌာနဖြစ်တဲ့ တယ်လီဂရပ်က ခွဲခြားထားမှုကို ဖော်ပြပါတယ်။

16th: Schalke

ပေါ်တိုနဲ့ အုပ်စုဒုတိယကနေ ရံှူးထွက်ကို တက်ရောက်လာခဲ့တယ်။ ဘွန်ဒက်လီဂါမှာ တန်းဆင်းဇုန်ကို ရောက်ရှိနေပြီး ပြန်လာနိုင်ဖို့ ကြိုးစားနေရပါတယ်။ အုပ်စုဗိုလ်တိုင်းက ရှော်ကေးနဲ့ ထိပ်တိုက်တွေ့လိုနေမှာပါ။

15th: Porto

ချန်ပီယံလိဂ် အုပ်စုတွေထဲမှာ အားအနည်းဆုံးဂရုရဲ့ အုပ်စုဗိုလ်ဖြစ်ပါတယ်။ ဝါရင့်ဂိုးသမားကြီး ကာဆီးလက်ရှိနေပေမယ့် ထိပ်တန်းကစားသမားတွေ အများကြီး မရှိပါဘူး။ ပေါ်တိုဟာလည်း အုပ်စုဒုတိယအဆင့် အသင်းတွေ ထိပ်တိုက်တွေ့လိုတဲ့ ပြိုင်ဘက်ဖြစ်နေပါတယ်။

14th: Manchester United

ချန်ပီယံလိဂ်မှာ ဘယ်အသင်းမဆို ယူနိုက်တက်နဲ့ မဲကျမှာကို မပျော်ပဲ မနေပါဘူး။ တိုက်စစ်လိုက်ရင် ခံစစ်ပေါက်တယ်၊ ခံစစ်ထိုင်ရင် တိုက်စစ်က ဂိုးမသွင်းနိုင်ဘူး။ ဥရောပအသင်းတိုင်းက အကောင်းဆုံးပုံစံတွေ ပြသနေချိန်မှာ ယူနိုက်တက်ကတော့ ဖိအားတွေနဲ့ ကစားနေရပါတယ်။ နည်းစနစ်ပိုင်းအရ 16 သင်းအဆင့်မှာ အညံ့ဆုံးအသင်းတွေထဲ ပါဝင်ပါတယ်။ ကမ္ဘာအဆင့် တိုက်စစ်သမားတွေလည်း မရှိပါဘူး။

13th: Roma

အုပ်စုတွင်းမှာ ရိုးမားထက် ဂိုးပေါက်တည်အောက် ပိုကန်သွင်းနိုင်တဲ့ အသင်းဆိုလို့ ပီအက်ဂျီပဲ ရှိပါတော့တယ်။ ဒါပေမယ့် ရိုးမားက ပြည်တွင်းလိဂ်မှာ ရုန်းကန်နေရတဲ့ အသင်းပါ။ အယ်လီဆန်နဲ့ နိုင်ဂိုလန်တို့ကို ရောင်းထုတ်ပြီး ရလာတဲ့ အသုံးစရိတ်နဲ့ ပေါင် သန်း 100 ဖိုးလောက် အသင်းကို အားဖြည့်ထားတယ်။ ပက်ထရိုရီ၊ ဂျက်စတင်၊ ပက်ထရစ်တို့ကို ခေါ်ယူအားဖြည့်မှုတွေ လုပ်ထားခဲ့တယ်။ အယ်လီဆန်လို စတားဂိုးသမားမရှိတော့ ရိုးမားဟာ မနှစ်က ဆီမီးဖိုင်နယ်ရောက်ခဲ့မှုလို ဥရောပအောင်မြင်မှုတွေ ပြန်လုပ်ပြဖို့က ခက်ခဲပါတယ်။

12th: Ajax

အုပ်စုအဆင့်မှာ ဘိုင်ယန်မြူနစ်ကို နှစ်ကြိမ်ရင်ဆိုင်ပြီး သရေရလဒ်တွေ ရယူပြခဲ့တယ်။ အေးဂျက်အသင်းဟာ ဥရောပအသင်းတိုင်း မျက်စိကစားနေရတဲ့ လူငယ်အင်အားကို ပိုင်ဆိုင်ထားပါတယ်။ ဒီဂျောင်း၊ ဒီလစ်၊ ဗန်ဒါဝီး၊ ကက်စပါ အစရှိတဲ့ ကြယ်ပွင့်တွေကို အမာခံထားပြီး ကစားနေတဲ့ အသင်းပါ။ အေးဂျက်က နည်းစနစ်ပိုင်းလည်း ကောင်းမွန်ပါတယ်။ ဘယ်အသင်းနဲ့ သူတို့ကျသည်ဖြစ်စေ တိုက်စစ်ပိုင်း ဖိအားပေးဖို့ ကြိုးစားမှာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုအတွက် တိုက်ခိုက်မှာပါ။ နှစ်တွေ နည်းနည်းအကြာမှာ အေးဂျက်ဟာ သူတို့ရဲ့ အမှားတွေကို ပြန်လည်ပြင်ဆင်လာခဲ့ပါပြီ။

11th: Borussia Dortmund

ဘွန်ဒက်လီဂါရဲ့ ဦးဆောင်သူဖြစ်ပြီး ဝေခွဲရခက်တဲ့ အသင်းဖြစ်တယ်။ မြန်နှုန်းနဲ့ ခွဲခြမ်းစိတ်ဖြာခြင်း ကောင်းတယ်။ သွင်းဂိုးတွေ ပုံမှန်ရယူနိုင်တယ်။ ဒါပေမယ့် ဒီရာသီမှာ တိုက်စစ်၊ ခံစစ် ဟန်ချက်မညီပါဘူး။ Witsel ပြန်ပါလာတဲ့ ကွင်းလယ် Alcacer, Marco Reus ဦးဆောင်တဲ့ တိုက်စစ်နဲ့ Sancho, Pulisic လို လူငယ်တွေရှိတဲ့ အသင်းဖြစ်ပါတယ်။

10th: Lyon

လိုင်ယွန်က အတော်ထူးချွန်တဲ့ လူငယ်ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ လိဂ်မှာ စိတ်ပျက်စရာဖြစ်ပေမယ့် ဥရောပမှာတော့ အကောင်းဆုံးပုံစံမှာရှိတယ်။ မန်စီးတီးကို အီသီဟတ်မှာ အနိုင်ယူခဲ့တာဆိုရင် ချီးကျူးစရာပါပဲ။ Aouar နဲ့ Ndombele ဟာ မကြာခင် လိုင်ယွန်ကနေ ဥရောပအသင်းကြီးတွေကို ထွက်ခွာတာ ဖြစ်နိုင်ပါတယ်။ ဒီပေးနဲ့ ဖယ်ကီရာလို ကစားသမားကောင်းတွေလည်းရှိတယ်။ အုပ်စုတွင်းမှာ clean sheet တော့ တစ်ပွဲတောင်မှ မရထားပါဘူး။

9th: Real Madrid

ရော်နယ်ဒို မရှိတော့သလို လူငယ်အသင်းနည်းပြက မန်နေဂျာဖြစ်လာတယ်။ အစ္စကို ယုံကြည်မှု ပျောက်ဆုံးနေတယ်။ လေးကြိမ်ဆက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ဆိုတာ မက်ဒရစ်အတွက် ခက်ခဲပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာတော့ ရံှူးထွက်အဆင့်တွေမှာ မက်ဒရစ်က ပုံစံကောင်းတွေ စတင်ပြသပါတယ်။ ဒီနှစ်ကော ထပ်လုပ်နိုင်ပမလား? ခံစစ်က ဗာရိန်းမပါနိုင်ရင် ပိုပွင့်လာတယ်။ ခရူစ်နဲ့ မိုဒရစ်အတွက်ကလည်း အရှေ့မှာ ဒိုင်ခံ ဂိုးသွင်းပေးမယ့်သူ မရှိဘူး။ ရံှူးထွက်အဆင့်တွေကို ကျော်ဖြတ်နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားမယ်ဆိုရင် အံ့သြစရာပါပဲ။

8th: Tottenham Hotspur

စပါးထက် ပိုပြီး အစဉ်အလာကောင်းတဲ့ အသင်းတွေ အများကြီးပါ။ ဒါပေမယ့် ဒီအဆင့်ရပ်တည်မှုက ရင်ဘတ်ပေါ်က တံဆိပ်ထက် မြက်ခင်းပေါ်က စွမ်းဆောင်ရည်ကို ကြည့်ပြီး ဆုံးဖြတ်လာတာပါ။ လွန်ခဲ့တဲ့နှစ်က တော်တင်ဟမ်ဟာ ဝင်ဘာလေမှာ ရီးရဲမက်ဒရစ်ကို အနိုင်ယူခဲ့တယ်။ ရီးရဲ၊ ဂျူဗင်တပ်နဲ့ ဘာစီလိုနာကို သရေကစားခဲ့တယ်။ ဒီရလဒ်တွေကို စပါးက တကယ်ကို ရယူပြခဲ့တာဖြစ်တယ်။ သူတို့ အကောင်းဆုံးပုံစံကို ရနေမယ်ဆိုရင် ထိပ်တန်းအသင်းတွေကို ကစဉ်ကလျာဖြစ်သွားစေနိုင်ပါတယ်။ ရှေ့တန်းမှာ အသင်းတိုင်းကို ဂိုးသွင်းနိုင်မယ် ဟယ်ရီကိန်းလို ကမ္ဘာအဆင့် တိုက်စစ်သမားရှိတယ်။ စပါးနဲ့ ကျမယ့် အသင်းအတွက်ကတော့ တကယ်ကို ကပ်ဆိုးပါပဲ။

7th: Bayern Munich

မန်နေဂျာသစ် ကိုဗက်အတွက်ကတော့ ပြည်တွင်းလိဂ်မှာ ဒေါ့မွန်နဲ့ 9 မှတ်တောင် ကွာနေတဲ့ ဖိအားရှိပါတယ်။ ဒီတော့ သူတို့ရဲ့ အာရုံက ဥရောပကို လှည့်လာပါတယ်။ ဒေါစကီးက ဥရောပရဲ့ သွင်းဂိုးအမြင့်ဆုံးဖြစ်ပြီး 8 ဂိုး သွင်းထားတယ်။ ဘိုင်ယန်ဟာ ပြည်တွင်းမှာလည်း ဂိုးတွေ ပြန်သွင်းနေပါတယ်။ အသင်းမှာက သီယေဂို၊ ဂေါ်ရက်စကာ၊ ဆန်းချက်စ်၊ ဂျိမ်းနဲ့ တယ်လီဆိုလို လူငယ်ခြေတက်တွေရှိတယ်။ ဆူလီဟာ နောက်ထပ် ဆယ်ဆုနှစ်အတွက် အကောင်းဆုံး ခံစစ်သမားဖြစ်လာနိုင်တယ်။ ဒါ့အပြင် နူအာ၊ ရော်ဘင်၊ ရီဘာရီနဲ့ မူလာတို့လို ဝါရင့်တိုက်စစ်သမားတွေလည်း ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

6th: Atletico Madrid

ဒီယေဂို ဆီမြွန်နီလက်ထက် အက်သလက်တီကိုဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို 2 ကြိမ် တက်ရောက်နိုင်ခဲ့တယ်။ မနှစ်တုန်းက ယူရိုပါလိဂ်ကို အနိုင်ရခဲ့တယ်။ နှစ်ကျော့ကစားရမယ့် ရံှူးထွက်ပွဲတွေကို ဘယ်လိုကစားရမယ်ဆိုတာ သူတို့သိပါတယ်။ 2013-2014 မှာတုန်းက လိဂ်ကို အနိုင်ရခဲ့တာနဲ့ တူညီတဲ့ အဆင့်မှာတော့ ရှိမနေတော့ဘူး။ ဒီရာသီမှာ တိုက်စစ်ပိုင်းအတွက် ရွေးချယ်ခွင့်နဲ့ လူစာရင်း ပိုကျစ်လစ်မှုအဖြစ် လီမာနဲ့ မာတင်ကို လက်မှတ်ထိုးထားတယ်။ အက်သလက်တီကိုရဲ့ သွေးကြေားတွေက အော့ဘလက်၊ ဂေါ်ဒင်၊ ကိုကီ၊ ဆော၊ ကော်စတာ၊ ဂရစ်စမန်းတို့ဖြစ်ပါတယ်။

5th: Barcelona

လက်ရှိအဆင့်ထက် နှစ်ဆင့်လောက် ပိုမြင့်နေသင့်တာပါ။ ဒါပေမယ့် ပေးဂိုးတွေ သိပ်များတာကို ထည့်တွက်ဖို့ လိုပါတယ်။ လာလီဂါမှာ 19 ဂိုးထိ ပေးထားရပြီး တော်တင်ဟမ်ဟာ နှစ်ကျော့ပေါင်းမှာ ဂိုးပေါက်ကို 12 ကြိမ်တောင် ခြိမ်းခြောက်နိုင်ခဲ့တယ်။ ပီအက်ဗီနဲ့ပွဲမှာတော့ ကံကောင်းလို့ အနိုင်ရခဲ့တာပါ။ ခံစစ်သမား လန်းဂလက်နဲ့ ကွင်းလယ်လူ အာသာဆိုတဲ့ ကျောက်ရိုင်းလေးနှစ်ပွင့်ကို ပိုင်ဆိုင်ထားပါတယ်။ မက်ဆီကို ပိုင်ဆိုင်ထားတာက ဘာစီလိုနာကို ချန်ပီယံလိဂ်ဖလား စိန်ခေါ်ဖို့ အားသာချက်ဖြစ်စေပေမယ့် အခြားအသင်းတွေက ပိုပြီး တောင့်တင်းလာပါတယ်။

4th: Liverpool

လီဗာပူးက မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ခဲ့စဉ်ကထက် ခံစစ်ပိုင်း ပိုတောင့်တင်းလာပါတယ်။ ကွင်းလယ်မှာ ဖာဘင်ညိုနဲ့ ကိတ်တာလို ကစားသမားတွေကို ခေါ်ယူထားတယ်။ ဒီနှစ်မှာလည်း ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ပိုဝေးဝေးသွားနိုင်သင့်တယ်။ အကယ်လို့ လီဗာပူးက ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးနေရာကို ဆက်ရပ်တည်ပြီး ပိုကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်ရင်တော့ ဦးစားပေးကို ပြည်တွင်းအမှတ်ပေးဖလားထံ ပြောင်းသွားနိုင်တယ်။ ဒီရာသီ လီဗာပူးကစားဟန်က ပိုပြီးပြောင်းလဲလာတယ်။ ရံှူးထွက်ကိုရောက်တာက ကောင်းပါတယ်။ အိမ်ကွင်းကောင်းပေမယ့် အဝေးကွင်းရလဒ်တွေက သံသယရှိစရာပါ။ နောက်ပြီး ကွင်းလယ်ပိုင်းမှာ မေးခွန်းထုတ်စရာတွေ ရှိပါတယ်။

3rd: Paris-Saint Germain

ချန်ပီယံလိဂ်ပြိုင်ပွဲက သမိုင်းကြောင်းနဲ့ အစဉ်အလာတွေလည်း လိုအပ်ပါတယ်။ ဥပမာအားဖြင့် လီဗာပူးရဲ့ ‘famous nights at Anfield’ နဲ့ ဘာစီလိုနာရဲ့ ‘mes que un club’ တို့ဟာ ထင်ရှားပါတယ်။ အဲ့သည်လို အချက်တွေနဲ့ဆိုရင် ပီအက်ဂျီက မကိုက်တာဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့်လို့ ငွေကြေးသုံးစွဲမှုနဲ့အတူ ကမ္ဘာအပေါ်က အကောင်းဆုံးကစားသမားတွေကို ခေါ်ယူနိုင်နေပါပြီ။ ပီအက်ဂျီဟာ အုပ်စုအဆင့်မှာ ဂိုးပေါက် ခြိမ်းခြောက်မှု 48 ကြိမ်ထိ လုပ်ခဲ့တယ်။ သူတို့ပြိုင်ဘက်ထဲမှာ နာပိုလီနဲ့ လီဗာပူးလို အသင်းတွေ ပါဝင်ပါတယ်။ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမား 5 ဦးထဲက နှစ်ဦးဖြစ်တဲ့ နေမာနဲ့ အမ်ဘတ်ပီကို ပိုင်ဆိုင်ထားတယ်။ ဆေးဗား၊ Marquinhos နဲ့ Kimpembe လို တစ်ဦးချင်း ထူးချွန်တဲ့ ခံစစ်သမားတွေလည်းရှိတယ်။ အုပ်စုတွင်း စွမ်းဆောင်ရည်တွေအရ ပီအက်ဂျီက လေးစားမှုတွေနဲ့ ထိုက်တန်ပါတယ်။

2nd: Juventus

ဂျူဗင်တပ်ဟာ 1996 ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ကို နောက်တစ်ကြိမ် ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတဲ့ အသင်းဖြစ်ပါတယ်။ အဲ့သည်နောက်ပိုင်း ဗိုလ်လုပွဲမှာ 5 ကြိမ် ကစားခဲ့ပြီး အကြိမ်တိုင်း အရေးနိမ့်ထားတယ်။ မနှစ်ကလည်း ရီးရဲမက်ဒရစ်ကို အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲကိုတော့ မတက်နိုင်ခဲ့ပါဘူး။ ဘိုနီချီနဲ့ ချီလီနီတို့ ပြန်ပေါင်းထုတ်နေပါပြီ။ ကန်ဆယ်လိုနဲ့ ဆန်ဒရိုတို့ကလည်း ထူးချွန်တဲ့ အစွန်လူတွေဖြစ်ပြီး ကွင်းလယ်မှာကော တိုက်စစ်မှာပါ ကစားသမားကောင်းတွေ များပြားပါတယ်။ အုပ်စုတွင်းတွေမှာ ဂျူဗင်တပ်ထက် ဂိုးပေါက်ခြိမ်းခြောက်မှု ပိုများတဲ့အသင်း 9 သင်းထိရှိပါတယ်။ ဂျူဗင်တပ်ဟာ သိပ်မကြပ်တည်းတဲ့ ယူနိုက်တက်၊ ဗလန်စီယာနဲ့ ယန်းဘွိုင်တို့ကို အုပ်စုတွင်းမှာ ယှဉ်ပြိုင်ခဲ့ရတာကို မမေ့ဖို့လိုပါတယ်။

1st: Manchester City

မန်စီးတီးဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်းပါ။ ဒါပေမယ့် ဒီအချက်က ချန်ပီယံလိဂ်ကို အနိုင်ရဖို့ အာမခံချက် ရှိစေမှာ မဟုတ်ပါဘူး။ ဂွာဒီယိုလာရဲ့အသင်းက အားနည်းချက်တွေ သိပ်နည်းပြီး တစ်ဦးချင်းကော၊ အသင်းလိုက်ပါ ထူးချွန်တဲ့ အသင်းဖြစ်ပါတယ်။ ရံှူးထွက်အဆင့်ဆိုရင် ဒီဘရိုင်းကလည်း ပြန်ပါလာနိုင်မှာပါ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ခြိမ်းခြောက်ခံရမှု အနည်းဆုံးဖြစ်ပြီး ပြိုင်ဘက်အသင်းတွေရဲ့ တိုက်စစ်ကို ထိန်းချုပ်ထားနိုင်ပါတယ်။ လာပေါ်တေးက ကြီးမားတဲ့ တိုးတက်မှုဖြစ်ပြီး ပိုင်ဆိုင်မှုပိုင်းမှာ ပိုကောင်းလာစေတယ်။ အန်ဖီးကွင်းမှာ သရေကျခဲ့စဉ်က သူတို့ရဲ့ အဝေးကွင်းပုံစံက ထိန်းချုပ်နိုင်စွမ်း မြင့်မားခဲ့တယ်။ အမှတ်ရဖို့က လိုင်ယွန်ဟာ သူတို့ထံက ရမှတ် 4 မှတ်ထိ ခွဲယူပြခဲ့တယ်။ ဥရောပအသင်းတွေရဲ့ နည်းစနစ်ပိုင်းက မန်စီးတီးရဲ့ ဖိအားပေးမှုကို ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ ဂွာဒီယိုလာက ဘာစီလိုနာကနေ ထွက်ခွာလာပြီးကတည်း ချန်ပီယံလိဂ်ဆုဖလားကို အနိုင်မရသေးပါဘူး။

Sports Home Time