ဗုဒၶဟူးေန႕အတြက္ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi] ဘ႑ာေရးစည္းမ်ဥ္းမ်ား ေဖာက္ဖ်က္မႈေၾကာင့္ စစ္ေဆးမႈမ်ား ခံေနရျပီး ခ်န္ပီယံလိဂ္ ကစားခြင့္ ပိတ္ပင္ခံရဖြယ္ ရင္ဆိုင္ေနရတဲ့ မန္စီးတီးအသင္းက စည္းကမ္းထိန္းသိမ္းေရးရဲ႕ စစ္ေဆးမႈမ်ားကို အသင္းဘက္က အျပည့္အ၀ ပူးေပါင္း ပါ၀င္ကူညီေနေၾကာင္း ေၾကျငာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

မန္စီးတီး ခံစစ္မွဴး လာေပၚေတးက လီဗာပူးကို ေက်ာ္ျဖတ္ျပီး စီးတီး ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲခဲ့ျခင္းက အသင္းရဲ႕ ဆက္တိုက္ ေျခစြမး္ေကာင္းမြန္မႈကို ထိန္းသိမ္းနုိင္ခဲ့တာက အဓိက အခ်က္ ျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

မန္စီးတီးအသင္းဟာ ညာျခမ္း ခံစစ္ေနရာ အားျဖည့္ဖို႔အတြက္ ဂ်ဴဗင္တပ္မွ ကန္ဆယ္လိုကို မ်က္စိက်ေနျပီး ယူရို သန္း ၆၀ နဲ႕ ကမ္းလွမ္းမႈ ျပဳလုပ္ရန္ ျပင္ဆင္ေနေၾကာင္း အီတလီသတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ မတိုင္ခင္ ကစားသမားမ်ားကို နားရက္ အခ်ိဳ႕ ေပးထားျပီး အဲဒီေနာက္မွာ ရာသီၾကိဳ ျပင္ဆင္မႈကဲ့သို႔ နွစ္ပတ္တာ ျပင္ဆင္ေလ့က်င့္မႈမ်ား ေသခ်ာ ျပဳလုပ္ဖို႔ စီစဥ္ထားပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီ အေကာင္းဆံုးကစားသမားေတြ ဆုေပးပြဲကို ဥေရာပပြဲ ကစားဖို႔ ရွိေနေသးတာေၾကာင့္ ပြဲ မျပဳလုပ္ဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ ပရိသတ္မ်ား မဲေပးဖို႔အတြက္ကိုေတာ့ အြန္လိုင္းမွာ ခြင့္ျပဳထားဦးမွာပါ။

လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က ပရီးမီးယားလိဂ္ဖလား ကိုင္ေျမွာက္ခြင့္ မရခဲ့ျခင္း အေပၚ စိတ္ပ်က္ရေပမယ့္ ေဘာလံုးရာသီကို ျပန္ၾကည့္ရင္ ေနာင္တ ရစရာ မရွိေၾကာ္း ေျပာၾကားလိုက္ပါတယ္။

ဘန္ေလနဲ႕ ပြဲမွာ ဖေနာင့္ေၾကာ ဒဏ္ရာ ရသြားခဲ့တဲ့ ခ်ယ္ဆီးလူငယ္တိုက္စစ္မွဴး အုိဒြိဳင္းရဲ႕ အေျခအေနက သက္သာ ေပ်ာက္ကင္းဖို႔ လအနည္းငယ္ အခ်ိန္ယူရမွာ ျဖစ္ျပီး ေအာက္တိုဘာ ၂၀၁၉ ထဲမွ ျပန္ကစားနုိင္မယ္လုိ႔ ခန္႔မွန္းထားပါတယ္။

ခ်ယ္ဆီးအသင္း တိုက္စစ္မွူးေဟာင္း Hasselbaink က ဆာရီနဲ႕ ခ်ယ္ဆီးအသင္းဟာ ယူရိုပါလိဂ္မွာ ဗိုလ္စြဲရင္ ဒီေဘာလံုးရာသီ ေအာင္ျမင္တယ္ ဆုိနုိင္ေၾကာင္း ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးလူငယ္တိုက္စစ္မွဴး Martell Taylor-Crossdale က အသင္းနဲ႕ စာခ်ဳပ္ ဇြန္ ၂၀၁၉ မွာတင္ ကုန္ဆံုးမွာ ျဖစ္ျပီး ၁၁ နွစ္ၾကာ က်င္လည္ခဲ့တဲ့ လန္ဒန္ကလပ္မွ ထြက္ခြာရန္ ျပင္ဆင္ေနပါတယ္။ အသက္ ၁၉ နွစ္အရြယ္ တိုက္စစ္သမားဟာ ဇာတိေျမကလပ္ ဘရစ္စတိုး စီးတီး ဒါမွမဟုတ္ရင္ ဘြန္ဒစ္လီဂါကလပ္ ေဟာ့ဖန္ဟိန္းကို ေရြးခ်ယ္ဖြယ္ ရွိပါတယ္။

လာမယ့္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ေျခစြမ္းျပဖို႔ မိမိ အသင့္ျဖစ္ေနမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း စပါးတိုက္စစ္မွဴး ဆြန္ေယာင္မင္က ယံုၾကည္မႈ ရွိစြာ ေျပာၾကားခဲ့ပါတယ္။

အသက္ ၁၅ နွစ္အရြယ္ ေနာ္ေ၀သား ဂိုးသမားေလး Midttun Solberg ဟာ အဂၤါေန႔ကပဲ စပါးအသင္းနဲ႕ သံုးနွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ျပီ ျဖစ္တယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ ယူရိုပါလိဂ္ ဗိုလ္စြဲရင္ ကားနဲ႕လွည့္လည္ ေအာင္ပြဲခံဖို႕ အတြက္ မတ္လဆန္းပိုင္းတည္းက ျပင္ဆင္မႈေတြ စတင္ျပဳလုပ္ေနခဲ့တယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္း ခံစစ္မွဴး လစ္ခ်္စတိုင္နာက အသင္းကို ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ အေကာင္းဆံုး ကူညီေပးျပီးရင္ ရာသီကုန္မွာ အသင္းမွ ထြက္ခြာဖို႔ ျပင္ဆင္ေနပါတယ္။ အသက္ ၃၅ နွစ္ ရွိျပီ ျဖစ္တဲ့ ခံစစ္မွဴးၾကီးက အမ္းမရိတ္သို႔ ၁၂ လ စာခ်ဳပ္နဲ႕သာ ေရာက္ရွိလာတာ ျဖစ္လို႔ စာခ်ဳပ္လည္း ကုန္ဆံုးေတာ့မွာပါ။

ပြဲဦးထြက္ ရာသီမွာ ေျခစြမ္းျပခဲဲ့တဲ့ လူငယ္ ကြငး္လယ္ကစားသမား ဂြမ္ဒူဇီကို အာဆင္နယ္အသင္းက လက္ရွိလစာရဲ႕ နွစ္ဆ ေပါင္ ၇ေသာင္းခြဲ ထိ တိုးေပးဖို႔ ျပင္ဆင္ေနပါတယ္။

ယူနိုက္တက္ ခံစစ္မွူးေဟာင္း ေပါလ္ ပါကာက အသင္းရဲ႕ ၂၀၁၈-၁၉ ရာသီ အဆိုးဆံုး ေခၚယူမႈက ဖရက္ ျဖစ္မယ္လို႔ ေျပာဆိုလိုက္ျပီး ဖရက္က ဘုရားစူး ဘရာဇီးသားလို႕ ၄င္းက မွတ္ခ်က္ျပဳလိုက္ပါတယ္။

ယူနိုက္တက္မွ ထြက္ခြာျပီျဖစ္တဲ့ ကြင္းလယ္ကစားသမား ဟာရဲရားက အသင္း က်ရွံဳးမွႈမွာ ကစားသမားေတြက ၇၅% တာ၀န္ ရွိေၾကာင္း ေျပာၾကားလိုက္ျပီး ဆိုးရွား အရင္ ယခင္နည္းျပ ေမာ္ရင္ညိဳကလည္း အသင္းကုိ ဆယ္တင္ဖို႔ အစြမ္းကုန္ ၾကိဳးစားခဲ့ေသးေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ပရိသတ္မ်ားနဲ႕ အခ်င္းမ်ားခဲ့တဲ့ ျဖစ္စဥ္ေၾကာင့္ ေပါ့ဘာဟာ အသင္းမွ ထြက္ခြာသြားဖြယ္ ရွိတယ္လို႔ ယူနိုက္တက္ ကစားသမားေဟာင္း အီဗရာက မွတ္ခ်က္ျပဳထားပါတယ္။

Sports Home Time

[Unicode] ဘဏ္ဍာရေးစည်းမျဉ်းများ ဖောက်ဖျက်မှုကြောင့် စစ်ဆေးမှုများ ခံနေရပြီး ချန်ပီယံလိဂ် ကစားခွင့် ပိတ်ပင်ခံရဖွယ် ရင်ဆိုင်နေရတဲ့ မန်စီးတီးအသင်းက စည်းကမ်းထိန်းသိမ်းရေးရဲ့ စစ်ဆေးမှုများကို အသင်းဘက်က အပြည့်အ၀ ပူးပေါင်း ပါဝင်ကူညီနေကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

မန်စီးတီး ခံစစ်မှူး လာပေါ်တေးက လီဗာပူးကို ကျော်ဖြတ်ပြီး စီးတီး ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲခဲ့ခြင်းက အသင်းရဲ့ ဆက်တိုက် ခြေစွမ်းကောင်းမွန်မှုကို ထိန်းသိမ်းနိုင်ခဲ့တာက အဓိက အချက် ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ညာခြမ်း ခံစစ်နေရာ အားဖြည့်ဖို့အတွက် ဂျူဗင်တပ်မှ ကန်ဆယ်လိုကို မျက်စိကျနေပြီး ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အီတလီသတင်းများမှာ ဖော်ပြထားပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ကစားသမားများကို နားရက် အချို့ ပေးထားပြီး အဲဒီနောက်မှာ ရာသီကြို ပြင်ဆင်မှုကဲ့သို့ နှစ်ပတ်တာ ပြင်ဆင်လေ့ကျင့်မှုများ သေချာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ အကောင်းဆုံးကစားသမားတွေ ဆုပေးပွဲကို ဥရောပပွဲ ကစားဖို့ ရှိနေသေးတာကြောင့် ပွဲ မပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပရိသတ်များ မဲပေးဖို့အတွက်ကိုတော့ အွန်လိုင်းမှာ ခွင့်ပြုထားဦးမှာပါ။

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ခွင့် မရခဲ့ခြင်း အပေါ် စိတ်ပျက်ရပေမယ့် ဘောလုံးရာသီကို ပြန်ကြည့်ရင် နောင်တ ရစရာ မရှိကြော်း ပြောကြားလိုက်ပါတယ်။

ဘန်လေနဲ့ ပွဲမှာ ဖနောင့်ကြော ဒဏ်ရာ ရသွားခဲ့တဲ့ ချယ်ဆီးလူငယ်တိုက်စစ်မှူး အိုဒွိုင်းရဲ့ အခြေအနေက သက်သာ ပျောက်ကင်းဖို့ လအနည်းငယ် အချိန်ယူရမှာ ဖြစ်ပြီး အောက်တိုဘာ ၂၀၁၉ ထဲမှ ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ချယ်ဆီးအသင်း တိုက်စစ်မှူးဟောင်း Hasselbaink က ဆာရီနဲ့ ချယ်ဆီးအသင်းဟာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲရင် ဒီဘောလုံးရာသီ အောင်မြင်တယ် ဆိုနိုင်ကြောင်း ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးလူငယ်တိုက်စစ်မှူး Martell Taylor-Crossdale က အသင်းနဲ့ စာချုပ် ဇွန် ၂၀၁၉ မှာတင် ကုန်ဆုံးမှာ ဖြစ်ပြီး ၁၁ နှစ်ကြာ ကျင်လည်ခဲ့တဲ့ လန်ဒန်ကလပ်မှ ထွက်ခွာရန် ပြင်ဆင်နေပါတယ်။ အသက် ၁၉ နှစ်အရွယ် တိုက်စစ်သမားဟာ ဇာတိမြေကလပ် ဘရစ်စတိုး စီးတီး ဒါမှမဟုတ်ရင် ဘွန်ဒစ်လီဂါကလပ် ဟော့ဖန်ဟိန်းကို ရွေးချယ်ဖွယ် ရှိပါတယ်။

လာမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ခြေစွမ်းပြဖို့ မိမိ အသင့်ဖြစ်နေမယ်လို့ မျှော်လင့်ကြောင်း စပါးတိုက်စစ်မှူး ဆွန်ယောင်မင်က ယုံကြည်မှု ရှိစွာ ပြောကြားခဲ့ပါတယ်။

အသက် ၁၅ နှစ်အရွယ် နော်ဝေသား ဂိုးသမားလေး Midttun Solberg ဟာ အင်္ဂါနေ့ကပဲ စပါးအသင်းနဲ့ သုံးနှစ် စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်စွဲရင် ကားနဲ့လှည့်လည် အောင်ပွဲခံဖို့ အတွက် မတ်လဆန်းပိုင်းတည်းက ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်း ခံစစ်မှူး လစ်ချ်စတိုင်နာက အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အကောင်းဆုံး ကူညီပေးပြီးရင် ရာသီကုန်မှာ အသင်းမှ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ အသက် ၃၅ နှစ် ရှိပြီ ဖြစ်တဲ့ ခံစစ်မှူးကြီးက အမ်းမရိတ်သို့ ၁၂ လ စာချုပ်နဲ့သာ ရောက်ရှိလာတာ ဖြစ်လို့ စာချုပ်လည်း ကုန်ဆုံးတော့မှာပါ။

ပွဲဦးထွက် ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ် ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို အာဆင်နယ်အသင်းက လက်ရှိလစာရဲ့ နှစ်ဆ ပေါင် ၇သောင်းခွဲ ထိ တိုးပေးဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်း ပေါလ် ပါကာက အသင်းရဲ့ ၂၀၁၈-၁၉ ရာသီ အဆိုးဆုံး ခေါ်ယူမှုက ဖရက် ဖြစ်မယ်လို့ ပြောဆိုလိုက်ပြီး ဖရက်က ဘုရားစူး ဘရာဇီးသားလို့ ၎င်းက မှတ်ချက်ပြုလိုက်ပါတယ်။

ယူနိုက်တက်မှ ထွက်ခွာပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဟာရဲရားက အသင်း ကျရှုံးမှှုမှာ ကစားသမားတွေက ၇၅% တာဝန် ရှိကြောင်း ပြောကြားလိုက်ပြီး ဆိုးရှား အရင် ယခင်နည်းပြ မော်ရင်ညိုကလည်း အသင်းကို ဆယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့သေးကြောင်း ပြောဆိုလိုက်ပါတယ်။

ပရိသတ်များနဲ့ အချင်းများခဲ့တဲ့ ဖြစ်စဉ်ကြောင့် ပေါ့ဘာဟာ အသင်းမှ ထွက်ခွာသွားဖွယ် ရှိတယ်လို့ ယူနိုက်တက် ကစားသမားဟောင်း အီဗရာက မှတ်ချက်ပြုထားပါတယ်။

Sports Home Time