ေႏြအေျပာင္းအေရႊ႔မွာ ကစားသမား ေလးဦးအတြက္ ေပါင္ သန္း ၂၀၀ သံုးသြားမယ့္ မန္စီးတီး

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကေတာ့ ေႏြအေျပာင္းအေရႊ႔မွာ ကစားသမား ေလးဦးေလာက္အတြက္ကို ေပါင္ သန္း 200 ေလာက္ အသံုးျပဳျပီး အင္အားျဖည့္ဖို႔ ရည္ရြယ္လာေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပလာခဲ့ပါတယ္။

စပိန္မန္ေနဂ်ာဟာ ရာသီသိမ္းပြဲအျဖစ္ ဘရိုက္တန္အသင္းကို 4-1 နဲ႔ အႏုိင္ရကာ အမွတ္ေပးခ်န္ပီယံဘြဲ႔ကို ကာကြယ္ႏုိင္ခဲ့ျပီး ေနာက္ဆံုး ဖလားဗိုလ္လုပြဲအျဖစ္ အက္ဖ္ေအဖလားမွာ ဝတ္ဖိုဒ့္အသင္းနဲ႔ ယွဥ္ျပိဳင္ရမွာပါ။ အႏုိင္ရမယ္ဆိုရင္ ျပည္တြင္းဖလား သံုးခုလံုးကို အႏုိင္ရမႈအျဖစ္ စံခ်ိန္တင္သြားမွာ ျဖစ္ပါတယ္။

ဘာစီလိုနာ မန္ေနဂ်ာေဟာင္းက လာမယ့္ရာသီအတြက္ ခံစစ္သမားတစ္ဦး၊ ကြင္းလယ္လူ ႏွစ္ဦးနဲ႔ တိုက္စစ္မွဴးတစ္ဦးတို႔ကို အင္အားျဖည့္ဖို႔ ရည္ရြယ္ထားေၾကာင္း သိလာရတယ္။ အသင္းေခါင္းေဆာင္ ကြန္ပနီဟာ တစ္ႏွစ္ သက္တမ္းတိုးဖို႔ ရွိေပမယ့္ ေအာ္တာမန္ဒီနဲ႔ မန္လာဂါတို႔ အသင္းကေန ထြက္ခြာသြားႏုိင္တဲ့ အေနအထားမွာ ဗဟိုခံစစ္မွဴးတစ္ဦးကို ဂြာဒီယိုလာက အင္အားျဖည့္လိုတာပါ။

လက္စတာအသင္းမွ မက္ဂြဲရားကလည္း ဂြာဒီယိုလာ အလိုရွိတဲ့ ခံစစ္သမားစာရင္းမွာ ပါဝင္ေပမယ့္ ေအဂ်က္ခံစစ္မွဴး ဒီလစ္ကိုလည္း ခ်ိန္ရြယ္လာတယ္လို႔ သိရတာျဖစ္တယ္။ ဒီလစ္ဟာ ဘာစီလိုနာကို ေျပာင္းမယ္လို႔ သတင္းထြက္ထားေပမယ့္ သူ႔ရဲ႕ အနာဂတ္ကို ေသခ်ာ စီမံႏုိင္ျခင္း မရွိေသးတာျဖစ္တယ္။ ဂြာဒီယိုလာဟာ ဘယ္ျခမ္းအစြန္ေနရာမွာ ဘမ္ခ်ီဝဲလ္ကိုလည္း စိတ္ဝင္စားခဲ့ေသးေပမယ့္ ဗဟိုခံစစ္ကိုပဲ အဓိက ေနရာအျဖစ္ စဥ္းစားခဲ့ပါျပီ။

ကြင္းလယ္လူ ဖာဒီနန္ေနရာမွာေတာ့ အက္သလက္တီကို ကြင္းလယ္လူ ရိုဒရီနဲ႔ တိုက္ရိုက္ အစားထိုးလိုေနတယ္။ သူ႔အတြက္ ေျပာင္းေရႊ႔ေၾကးက ေပါင္ သန္း 60 ေလာက္ထိ ရွိႏိုင္တယ္လို႔ သိထားရတယ္။ ကြင္းလယ္တုိက္စစ္မွာ ေဆးဗားေနရာ အစားထိုးဖို႔ေတာ့ ဖာနန္ဒက္စ္နဲ႔ သတင္းထြက္ေပမယ့္ ဖီလစ္ကိုလည္း ခ်ိတ္ဆက္ေနဆဲျဖစ္ပါတယ္။

ေပၚတူဂီကစားသမားေတြဟာ မန္စီးတီးရဲ႕ ခ်ိတ္ဆက္မႈမွာ ပါဝင္ေနၾကတာက ခိုင္လံုးတဲ့ သတင္းေတြျဖစ္ေနခဲ့ျပီး ဂြာဒီယိုလာအေနနဲ႔ ဘယ္ကစားသမားကို ဦးစားေပးမလဲက ေစာင့္ၾကည့္ရမွာပါ။ ေနာက္ဆံုး ေနရာအျဖစ္ တုိက္စစ္မွဴးေနရာကို အင္အားျဖည့္လိုျပီး ဘြန္ဒက္လီဂါကလပ္ ဖရန္႔ဖတ္မွ ဂ်ိဳဗစ္ကို စိတ္ဝင္စားေနပါတယ္။ ဂ်ိဳဗစ္ဟာ ဒီရာသီမွာ အေတာ္ေလး ေတာက္ပလာတဲ့ တိုက္စစ္မွဴးျဖစ္ျပီး သူ႔ကို ေခၚယူဖို႔ ကလပ္အသင္း အမ်ားအျပားက စိတ္ဝင္စားေနပါတယ္။

Sports Home Time

[Unicode] မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကတော့ နွေအပြောင်းအရွှေ့မှာ ကစားသမား လေးဦးလောက်အတွက်ကို ပေါင် သန်း 200 လောက် အသုံးပြုပြီး အင်အားဖြည့်ဖို့ ရည်ရွယ်လာကြောင်း ဒေးလီးမေလ်းက ဖော်ပြလာခဲ့ပါတယ်။

စပိန်မန်နေဂျာဟာ ရာသီသိမ်းပွဲအဖြစ် ဘရိုက်တန်အသင်းကို 4-1 နဲ့ အနိုင်ရကာ အမှတ်ပေးချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပြီး နောက်ဆုံး ဖလားဗိုလ်လုပွဲအဖြစ် အက်ဖ်အေဖလားမှာ ဝတ်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အနိုင်ရမယ်ဆိုရင် ပြည်တွင်းဖလား သုံးခုလုံးကို အနိုင်ရမှုအဖြစ် စံချိန်တင်သွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ မန်နေဂျာဟောင်းက လာမယ့်ရာသီအတွက် ခံစစ်သမားတစ်ဦး၊ ကွင်းလယ်လူ နှစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးတို့ကို အင်အားဖြည့်ဖို့ ရည်ရွယ်ထားကြောင်း သိလာရတယ်။ အသင်းခေါင်းဆောင် ကွန်ပနီဟာ တစ်နှစ် သက်တမ်းတိုးဖို့ ရှိပေမယ့် အော်တာမန်ဒီနဲ့ မန်လာဂါတို့ အသင်းကနေ ထွက်ခွာသွားနိုင်တဲ့ အနေအထားမှာ ဗဟိုခံစစ်မှူးတစ်ဦးကို ဂွာဒီယိုလာက အင်အားဖြည့်လိုတာပါ။

လက်စတာအသင်းမှ မက်ဂွဲရားကလည်း ဂွာဒီယိုလာ အလိုရှိတဲ့ ခံစစ်သမားစာရင်းမှာ ပါဝင်ပေမယ့် အေဂျက်ခံစစ်မှူး ဒီလစ်ကိုလည်း ချိန်ရွယ်လာတယ်လို့ သိရတာဖြစ်တယ်။ ဒီလစ်ဟာ ဘာစီလိုနာကို ပြောင်းမယ်လို့ သတင်းထွက်ထားပေမယ့် သူ့ရဲ့ အနာဂတ်ကို သေချာ စီမံနိုင်ခြင်း မရှိသေးတာဖြစ်တယ်။ ဂွာဒီယိုလာဟာ ဘယ်ခြမ်းအစွန်နေရာမှာ ဘမ်ချီဝဲလ်ကိုလည်း စိတ်ဝင်စားခဲ့သေးပေမယ့် ဗဟိုခံစစ်ကိုပဲ အဓိက နေရာအဖြစ် စဉ်းစားခဲ့ပါပြီ။

ကွင်းလယ်လူ ဖာဒီနန်နေရာမှာတော့ အက်သလက်တီကို ကွင်းလယ်လူ ရိုဒရီနဲ့ တိုက်ရိုက် အစားထိုးလိုနေတယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးက ပေါင် သန်း 60 လောက်ထိ ရှိနိုင်တယ်လို့ သိထားရတယ်။ ကွင်းလယ်တိုက်စစ်မှာ ဆေးဗားနေရာ အစားထိုးဖို့တော့ ဖာနန်ဒက်စ်နဲ့ သတင်းထွက်ပေမယ့် ဖီလစ်ကိုလည်း ချိတ်ဆက်နေဆဲဖြစ်ပါတယ်။

ပေါ်တူဂီကစားသမားတွေဟာ မန်စီးတီးရဲ့ ချိတ်ဆက်မှုမှာ ပါဝင်နေကြတာက ခိုင်လုံးတဲ့ သတင်းတွေဖြစ်နေခဲ့ပြီး ဂွာဒီယိုလာအနေနဲ့ ဘယ်ကစားသမားကို ဦးစားပေးမလဲက စောင့်ကြည့်ရမှာပါ။ နောက်ဆုံး နေရာအဖြစ် တိုက်စစ်မှူးနေရာကို အင်အားဖြည့်လိုပြီး ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်မှ ဂျိုဗစ်ကို စိတ်ဝင်စားနေပါတယ်။ ဂျိုဗစ်ဟာ ဒီရာသီမှာ အတော်လေး တောက်ပလာတဲ့ တိုက်စစ်မှူးဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေပါတယ်။

Sports Home Time