ဘာစီလိုနာမွာ ရုန္းကန္ေနရတဲ့ ေကာ္တင္ညိဳအား လီဗာပူးထံ ျပန္လည္ေခၚယူဖို႔ တိုက္တြန္းမႈ

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဖီးတြမ္ဆန္က သူသာဆိုရင္ ဘာစီလိုနာမွာ အဆင္မေျပျဖစ္ျပီး အသင္းကေန ထြက္ခြာလိုေနတဲ့ ေကာ္တင္ညိဳကို လီဗာပူးအသင္းထံ ျပန္လည္ေခၚယူမိမွာပဲဆိုျပီး အသင္းေဟာင္းအား တိုက္တြန္းမႈတစ္ခု ျပဳလုပ္လာပါတယ္။

အသက္ 26 ႏွစ္အရြယ္ ကစားသမားဟာ 2018 ခုႏွစ္ ဇန္နဝါရီလမွာ မာေဆးဆိုဒ္ကလပ္ကေန ကက္တလန္ကလပ္ကို ေပါင္ 146 သန္းနဲ႔ ေျပာင္းေရႊ႔သြားခဲ့သူျဖစ္တယ္။ ေကာ္တင္ညိဳဟာ ယာဂင္ကေလာ့ပ္ရဲ႕ လူစာရင္းမွာ ဖန္တီးမႈအေကာင္းဆံုး ကစားသမားလည္း ျဖစ္ခဲ့တယ္။ တြမ္ဆန္ကေတာ့ သူ႔ကို လီဗာပူးထံ ျပန္လည္ေခၚယူေစဖို႔ ဆႏၵျပင္းျပေနပါတယ္။

တြမ္ဆန္က ေျပာရာမွာ ” က်ေန္ာကေတာ့ သူ႔ကို ျပန္ေခၚလိုပါတယ္။ အခုခ်ိန္မွာ သူ႔ကိုလည္း ေခၚလို႔ ရေနပါျပီ။ ေနာက္ထပ္ 12 လေလာက္ အခ်ိန္ျဖဳန္မေနခ်င္ပါဘူး။ သူက အရင္လိုပဲ စြမ္းရည္ေကာင္းေတြ ရွိေနဆဲျဖစ္ပါတယ္။ သူ ဘာစီလိုနာမွာ အေတာ္ေလး ဒုကၡေရာက္ေနခဲ့တယ္။ သူ ဘယ္ေတာင္ပံမွာ ထြက္ကစားေနတာကို ျမင္ေနရေပမယ့္ သူက ေနမာ မဟုတ္ပါဘူး။

သူက ျပိဳင္ဘက္ေတြကို ေဘာလံုးနဲ႔အတူ နာက်င္ေစဖို႔ရာ ကြင္းလယ္ကေန ေဘာလံုးကစားရတာကို ႏွစ္သက္ပါတယ္။ သူအဲ့သည္လို ကစားခြင့္မွ မရတာ၊ သူက ဘာစီလိုနာမွာ ကစားေနရသလို ဘယ္ေတာင္ပံသမားလည္း မဟုတ္ဘူး။ လီဗာပူးအသင္းက သူ႔ကိုခ်စ္သလို ဘာစီလိုနာမွာ လူခ်စ္လည္း မခံရပါဘူး ” လို႔ ျဖစ္တယ္။

ေကာ္တင္ညိဳဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ လာလီဂါပြဲ 34 ပြဲ ကစားျပီး 5 ဂိုးပဲ သြင္းယူႏုိင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာ ဘာစီလိုနာက လီဗာပူးရဲ႕ ေနာက္ေကာက္ခ်ျခင္း ခံခဲ့ရျပီးတဲ့ေနာက္ အသင္းပရိသတ္ေတြက ကစားသမားေတြကို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၾကျပီး ေကာ္တင္ညိဳလို ကစားသမားကို ေရာင္းထုတ္ေစလိုတာပါ။ သူဟာ လီဗာပူးတိုက္စစ္သံုးေယာက္တန္းေနာက္မွာ အေကာင္းဆံုး ျဖည့္ေပးႏုိင္မယ့္သူလို႔ တြမ္ဆန္က ျမင္ပါတယ္။

” သူက တိုက္စစ္သမား သံုးေယာက္ေနာက္မွာ ဖန္တီးမႈေတြ ျပဳလုပ္ႏုိင္ျပီး အဲ့သည္ေနရာမွာ ထူးခၽြန္ပါတယ္။ ေဘာလံုးပိုင္ဆုိင္မႈ ရထားခ်ိန္မွာ အဲ့သည္ေနရာက အေတာ္ေလး အေရးၾကီးတဲ့ေနရာပါ။ သူက တိုက္စစ္ကို ဖြင့္ေပးႏုိင္ျပီး အႏိုင္ရဖုိ႔အတြက္ လိုအပ္တဲ့ သြင္းဂိုးေတြကိုလည္း သြင္းယူေပးႏုိင္ပါတယ္။

က်ေန္ာကေတာ့ သူ႔ကို ျပန္ေခၚေစခ်င္တယ္။ ေဘာလံုးကလပ္ေတြအေၾကာင္းေတာ့ က်ေန္ာ မသိဘူး။ ဒါေပမယ့္ သူက အေတာ္ေလး အရည္အခ်င္းရွိသူျဖစ္တယ္။ က်ေန္ာတုိ႔ ေဘာလံုးကလပ္အေၾကာင္း သိထားၾကတဲ့အတုိင္း က်ေန္ာတုိ႔က အေျပာင္းအေရႊ႔မွာ ပါးနပ္ပါတယ္။ က်ေန္ာတုိ႔ သူ႔ကို ေရာင္းထုတ္ခဲ့တာရဲ႕ ထက္ဝက္ေလာက္နဲ႔ ျပန္လည္ေခၚယူခြင့္မ်ိဳး ရွိေကာင္းရွိႏိုင္ပါတယ္ ” လို႔ တြမ္ဆန္က ေျပာဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဖီးတွမ်ဆန်က သူသာဆိုရင် ဘာစီလိုနာမှာ အဆင်မပြေဖြစ်ပြီး အသင်းကနေ ထွက်ခွာလိုနေတဲ့ ကော်တင်ညိုကို လီဗာပူးအသင်းထံ ပြန်လည်ခေါ်ယူမိမှာပဲဆိုပြီး အသင်းဟောင်းအား တိုက်တွန်းမှုတစ်ခု ပြုလုပ်လာပါတယ်။

အသက် 26 နှစ်အရွယ် ကစားသမားဟာ 2018 ခုနှစ် ဇန်နဝါရီလမှာ မာဆေးဆိုဒ်ကလပ်ကနေ ကက်တလန်ကလပ်ကို ပေါင် 146 သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူဖြစ်တယ်။ ကော်တင်ညိုဟာ ယာဂင်ကလော့ပ်ရဲ့ လူစာရင်းမှာ ဖန်တီးမှုအကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့တယ်။ တွမ်ဆန်ကတော့ သူ့ကို လီဗာပူးထံ ပြန်လည်ခေါ်ယူစေဖို့ ဆန္ဒပြင်းပြနေပါတယ်။

တွမ်ဆန်က ပြောရာမှာ ” ကျနေ်ာကတော့ သူ့ကို ပြန်ခေါ်လိုပါတယ်။ အခုချိန်မှာ သူ့ကိုလည်း ခေါ်လို့ ရနေပါပြီ။ နောက်ထပ် 12 လလောက် အချိန်ဖြုန်မနေချင်ပါဘူး။ သူက အရင်လိုပဲ စွမ်းရည်ကောင်းတွေ ရှိနေဆဲဖြစ်ပါတယ်။ သူ ဘာစီလိုနာမှာ အတော်လေး ဒုက္ခရောက်နေခဲ့တယ်။ သူ ဘယ်တောင်ပံမှာ ထွက်ကစားနေတာကို မြင်နေရပေမယ့် သူက နေမာ မဟုတ်ပါဘူး။

သူက ပြိုင်ဘက်တွေကို ဘောလုံးနဲ့အတူ နာကျင်စေဖို့ရာ ကွင်းလယ်ကနေ ဘောလုံးကစားရတာကို နှစ်သက်ပါတယ်။ သူအဲ့သည်လို ကစားခွင့်မှ မရတာ၊ သူက ဘာစီလိုနာမှာ ကစားနေရသလို ဘယ်တောင်ပံသမားလည်း မဟုတ်ဘူး။ လီဗာပူးအသင်းက သူ့ကိုချစ်သလို ဘာစီလိုနာမှာ လူချစ်လည်း မခံရပါဘူး ” လို့ ဖြစ်တယ်။

ကော်တင်ညိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လာလီဂါပွဲ 34 ပွဲ ကစားပြီး 5 ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာက လီဗာပူးရဲ့ နောက်ကောက်ချခြင်း ခံခဲ့ရပြီးတဲ့နောက် အသင်းပရိသတ်တွေက ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ကော်တင်ညိုလို ကစားသမားကို ရောင်းထုတ်စေလိုတာပါ။ သူဟာ လီဗာပူးတိုက်စစ်သုံးယောက်တန်းနောက်မှာ အကောင်းဆုံး ဖြည့်ပေးနိုင်မယ့်သူလို့ တွမ်ဆန်က မြင်ပါတယ်။

” သူက တိုက်စစ်သမား သုံးယောက်နောက်မှာ ဖန်တီးမှုတွေ ပြုလုပ်နိုင်ပြီး အဲ့သည်နေရာမှာ ထူးချွန်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ရထားချိန်မှာ အဲ့သည်နေရာက အတော်လေး အရေးကြီးတဲ့နေရာပါ။ သူက တိုက်စစ်ကို ဖွင့်ပေးနိုင်ပြီး အနိုင်ရဖို့အတွက် လိုအပ်တဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူပေးနိုင်ပါတယ်။

ကျနေ်ာကတော့ သူ့ကို ပြန်ခေါ်စေချင်တယ်။ ဘောလုံးကလပ်တွေအကြောင်းတော့ ကျနေ်ာ မသိဘူး။ ဒါပေမယ့် သူက အတော်လေး အရည်အချင်းရှိသူဖြစ်တယ်။ ကျနေ်ာတို့ ဘောလုံးကလပ်အကြောင်း သိထားကြတဲ့အတိုင်း ကျနေ်ာတို့က အပြောင်းအရွှေ့မှာ ပါးနပ်ပါတယ်။ ကျနေ်ာတို့ သူ့ကို ရောင်းထုတ်ခဲ့တာရဲ့ ထက်ဝက်လောက်နဲ့ ပြန်လည်ခေါ်ယူခွင့်မျိုး ရှိကောင်းရှိနိုင်ပါတယ် ” လို့ တွမ်ဆန်က ပြောဆိုခဲ့ပါတယ်။

Sports Home Time