၂၀၁၈-၁၉ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္း ေခၚယူမႈ ၁၀ ခု

ျပီးခဲ့တဲ့ ၂၀၁၈-၁၉ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ကလပ္ေတြ ျပဳလုပ္ခဲ့တဲ့ ကစားသမား ေခၚယူမႈေတြထဲက ကလပ္အသင္းအတြက္ တကယ္ အက်ိဳးရွိေစခဲ့တဲ့ ထိပ္တန္း ေခၚယူမႈ ၁၀ ခု ကို ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

၁၀) ဖာဘီယန္ ရွာ – နယူးကာဆယ္

နယူးကာဆယ္ဟာ သူ႔အတြက္ ေပါင္ ၃.၅ သန္းသာ ေပးခဲ့ရၿပီး ထိုပမာဏထက္  မ်ားစြာ တန္ဖိုးရွိတယ္ ဆိုတာ သက္ေသ ျပခဲ့ပါတယ္။ ဆြစ္ဇာလန္သားဟာ ရာသီအစမွာ ပြဲမ်ားစြာ လြဲေခ်ာ္ခဲ့ေပမယ့္ အသင္းမွာ သူပါဝင္ႏိူင္တဲ့အခါ နယူးကာဆယ္အတြက္ တိုးတက္ေစခဲ့ပါတယ္။ သူဟာ rating 7.3 နဲ႔ WhoScored ရဲ႕ တႏွစ္တာ အေကာင္းဆုံး ပရီးမီးယားလိဂ္ အသင္းမွာ ပါဝင္ခဲ့ပါတယ္။

၉) ရီကာဒို ပါရဲရား – လက္စတာ

ရီကာဒိုဟာ မႏွစ္က လီဂူးဝမ္းမွာ အေကာင္းဆုံး ညာေနာက္ခံလူေတြထဲက တစ္ေယာက္ ျဖစ္ခဲ့ၿပီး လက္စတာက သူ႔ကို ေပါင္ ၁၇.၅ သန္းနဲ႔ ေခၚယူခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ သူ ေတာ္ေတာ္ ေအာင္ျမင္ခဲ့တယ္ လို႔ ဆိုရမွာပါ။ ပုံစံေကာင္းေတြကို ဆက္လက္ထိ န္းသိမ္းထားႏိုင္ရင္ ဥေရာပ ထိပ္သီး ကလပ္ေတြထဲက တစ္သင္းဆီ ေရာက္ရွိႏိုင္ပါတယ္။

၈) ဖာဘင္ညိဳ – လီဗာပူး

ရာသီအစမွာ အထေႏွးခဲ့ေပမယ့္ မၾကာခင္မွာပဲ လီဗာပူးက သူ႔ကို ဘာေၾကာင့္ ေပါင္ ၃၉ သန္း ေပးၿပီး ေခၚခဲ့လဲ ဆိုတာကို အလုပ္နဲ႔ သက္ေသျပ ခဲ့ပါတယ္။ လီဗာပူးတို႔ အသည္းအသန္ လိုအပ္ေနတဲ့ ကြင္းလယ္ခံစစ္ ေနရာကို သူက အျပည့္စုံဆုံး ျဖည့္ဆည္းေပးခဲ့တာပါ။ အနည္းဆုံး ေနာက္ ငါးႏွစ္ေလာက္ ထိေတာ့ သူက လီဗာပူးရဲ႕ အဓိက ကစားသမား တစ္ေယာက္ ျဖစ္ေနဦးမွာပါပဲ။

၇) လူးကပ္ဇ္ ဖာဘီယန္စကီး – ၀က္စ္ဟမ္း

ေပါင္ ၇ သန္းတည္းနဲ႔ ေရာက္ရွိလာတဲ့ ဖာဘီယန္စကီးဟာ ဒီရာသီမွာ ဝက္စ္ဟမ္းကို အႀကိမ္မ်ားစြာ ကယ္တင္ခဲ့တာပါ။ ကာကြယ္မႈ အမ်ားဆုံး ၁၄၈ ႀကိမ္နဲ႔ လိဂ္မွာ ဦးေဆာင္ခဲ့ၿပီး အသင္းရဲ႕ တႏွစ္တာ အေကာင္းဆုံး ဆုကို ရရွိခဲ့ပါတယ္။

၆) ဂြၽာအို ေမာ္တင္ညိဳ – ၀ုဗ္

ဝုဗ္က သူ႔ကို ေပါင္ ၅ သန္းတည္း နဲ႔ ေခၚယူခဲ့ေပမယ့္  သူ႔ေျခစြမ္းနဲ႔ ၾကည့္ရင္ ဒါက အေတာ္နည္းပါးတဲ့ ပမာဏ ဆိုတာ သက္ေသျပခဲ့ပါတယ္။ ဝုဗ္ဟာ လိဂ္မွာ အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တစ္ေယာက္ ကို ရရွိထားတာျဖစ္ပါတယ္။ တစ္ဂိုးသာ သြင္းခဲ့ေပမယ့္ ေမာ္တင္ညိဳဟာ ၈ ဂိုး ဖန္တီး ေပးၿပီး ပရီးမီးယားလိဂ္ စတုတၳ အမ်ားဆုံး အျဖစ္ အခြင့္အေရး ၈၄ ႀကိမ္ ဖန္တီးေပးခဲ့တာပါ။

၅) ေဒးဗစ္ဘ႐ြတ္ခ္ – ဘုန္းေမာက္

ရွက္ဖီးယူႏိုက္တက္မွာ အထင္ႀကီးေလာက္စရာ ေျခစြမ္းျပခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘ႐ြတ္ခ္ကို အသင္း ေတာ္ေတာ္မ်ားမ်ားက အသည္းအသန္ လိုခ်င္ခဲ့ေပမယ့္ ဘုန္းေမာက္က ေပါင္ ၁၁.၅ သန္းနဲ႔ ရရွိခဲ့ပါတယ္။ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္ရာသီမွာ သူဟာ အံ့အားသင့္စရာ ေကာင္းခဲ့တာပါ။ ဘုန္းေမာက္နဲ႔ ပထမဆုံးရာသီမွာ ၇ဂိုးသြင္းၿပီး ၆ဂိုး ဖန္တီးေပးခဲ့ပါတယ္။ ၂၁နွစ္သာရွိေသးလို႔ ဒီထက္ ဒီထက္ပိုၿပီး အမ်ားႀကီးတိုးတက္လာဦးမွာပါ။

၄) လူးကပ္စ္ဒင္း – အဲဗာတန္

လူးကပ္စ္ဒင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ဘယ္ေနာက္ခံ လူေတြ ထဲက တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ခံစစ္မွာ ေကာင္းေကာင္း စြမ္းေဆာင္ႏိူင္သလို တိုက္စစ္ကိုလဲ အေတာ္ပံ့ပိုးႏိုင္တဲ့ ျပင္သစ္သားပါ။ ေလးဂိုးသြင္း၊ ငါးဂိုး ဖန္တီးၿပီး အဲဗာတန္နဲ႔ အတူ ေအာင္ျမင္တဲ့ ပထမ ရာသီ ျဖစ္ခဲ့ပါတယ္။

၃) ရာအူးလ္ ဂ်င္မီနက္ဇ္ – ၀ုဗ္

ဂ်င္မီနက္ဇ္ဟာ ဘင္ဖီကာမွာ မေအာင္ျမင္ခဲ့လို႔ ၀ုဗ္ထံ အငွါး လာေရာက္ ကစားခဲ့တာပါ။ မကၠဆီကန္ တိုက္စစ္ ကစားသမားဟာ ဒီရာသီ ၿပိဳင္ပြဲစုံ ၁၇ ဂိုး ရရွိခဲ့ၿပီး အဲ့ထဲက ၁၃ ဂိုးက ပရီးမီးယားလိဂ္မွာ သြင္းယူခဲ့တာ ျဖစ္ပါတယ္။ သူဟာ အသင္းေပၚ ေကာင္းေကာင္း အက်ိဳးျပဳခဲ့တာမို႔ ဧၿပီလမွာ ၀ုဗ္က ကလပ္ရဲ႕ စံခ်ိန္တင္ေၾကး ေပါင္သန္း ၃၀ နဲ႔ အၿပီးသတ္ ေခၚယူခဲ့ပါတယ္။

၂) ဂ်ိမ္းစ္ မက္ဒီဆန္ – လက္စတာ

ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္မွာ ေတာက္ပႏိူင္ခဲ့တဲ့ လူငယ္ကစားသမားေလးပါ။ အသက္ ၂၂ ႏွစ္ အ႐ြယ္ ကစားသမားဟာ လက္စတာရဲ႕ ဒီရာသီ အေကာင္းဆုံး ကစားသမားျဖစ္ၿပီး သူတို႔ရဲ႕ တိုက္စစ္မွာ မရွိမျဖစ္တဲ့ အစိတ္အပိုင္း ျဖစ္ပါတယ္။ တစ္ရာသီလုံး ဂိုး အခြင့္အေရး အႀကိမ္ ၁၀၀ ဖန္တီးေပးခဲ့ၿပီး ပရီးမီးယား လိဂ္မွာ အမ်ားဆုံး လုပ္ႏိူင္ခဲ့တာပါ။ ၇ဂိုးသြင္း၊ ၇ဂိုးဖန္တီးႏိုင္ခဲ့တဲ့အျပင္ သူ႔ကစားပုံက ဂါရတ္ ေဆာက္ဂိတ္ကို အထင္ႀကီးေစခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ေအာက္တိုဘာမွာ ပထမဆုံးအျဖစ္ အဂၤလန္ အသင္းအတြက္ ေခၚယူျခင္း ခံခဲ့ရပါတယ္။

၁) အဲလစ္ဆန္ ဘက္ကာ – လီဗာပူး

သူ႔အတြက္ လီဗာပူးက ႐ိုးမားကို ေပါင္ ၅၆ သန္းေပးၿပီး ေခၚယူခဲ့ရတာပါ။ ေဘာလုံးကစားရာမွာလဲ ျမင့္မားတဲ့ စြမ္းရည္ရွိသလို ကာကြယ္မုွ စေကးကိုလဲ ျပသခဲ့ပါတယ္။ ဒီရာသီမွာ သူဟာ ၂၂ ဂိုးသာ ခြင့္ျပဳခဲ့ရၿပီး လီဗာပူးကို ခံစစ္အေကာင္းဆုံးအသင္း ျဖစ္ေစခဲ့ပါတယ္။ ၂၁ ပြဲ ေပးဂိုးမရွိခဲ့တာေၾကာင့္လဲ ေ႐ႊလက္အိတ္ ဆုကို ရရွိခဲ့ပါတယ္။

ျပီးခဲ့တဲ့ ႏွစ္ေတြအတြင္း လီဗာပူးဟာ ဂိုးသမားေတြနဲ႔ ပတ္သက္လို႔ ျပသနာ မ်ားစြာ ရွိခဲ့ေပမယ့္ အဲလစ္ဆန္ ကေတာ့ ႏွစ္မ်ားစြာ ယုံၾကည္ အားကိုးရတဲ့ သူတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။

Sports Home Time

[Unicode] ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီ ပရီးမီးယားလိဂ်ကလပ်တွေ ပြုလုပ်ခဲ့တဲ့ ကစားသမား ခေါ်ယူမှုတွေထဲက ကလပ်အသင်းအတွက် တကယ် အကျိုးရှိစေခဲ့တဲ့ ထိပ်တန်း ခေါ်ယူမှု ၁၀ ခု ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁၀) ဖာဘီယန် ရှာ – နယူးကာဆယ်

နယူးကာဆယ်ဟာ သူ့အတွက် ပေါင် ၃.၅ သန်းသာ ပေးခဲ့ရပြီး ထိုပမာဏထက် များစွာ တန်ဖိုးရှိတယ် ဆိုတာ သက်သေ ပြခဲ့ပါတယ်။ ဆွစ်ဇာလန်သားဟာ ရာသီအစမှာ ပွဲများစွာ လွဲချော်ခဲ့ပေမယ့် အသင်းမှာ သူပါဝင်နိူင်တဲ့အခါ နယူးကာဆယ်အတွက် တိုးတက်စေခဲ့ပါတယ်။ သူဟာ rating 7.3 နဲ့ WhoScored ရဲ့ တနှစ်တာ အကောင်းဆုံး ပရီးမီးယားလိဂ် အသင်းမှာ ပါဝင်ခဲ့ပါတယ်။

၉) ရီကာဒို ပါရဲရား – လက်စတာ

ရီကာဒိုဟာ မနှစ်က လီဂူးဝမ်းမှာ အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ယောက် ဖြစ်ခဲ့ပြီး လက်စတာက သူ့ကို ပေါင် ၁၇.၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ သူ တော်တော် အောင်မြင်ခဲ့တယ် လို့ ဆိုရမှာပါ။ ပုံစံကောင်းတွေကို ဆက်လက်ထိ န်းသိမ်းထားနိုင်ရင် ဥရောပ ထိပ်သီး ကလပ်တွေထဲက တစ်သင်းဆီ ရောက်ရှိနိုင်ပါတယ်။

၈) ဖာဘင်ညို – လီဗာပူး

ရာသီအစမှာ အထနှေးခဲ့ပေမယ့် မကြာခင်မှာပဲ လီဗာပူးက သူ့ကို ဘာကြောင့် ပေါင် ၃၉ သန်း ပေးပြီး ခေါ်ခဲ့လဲ ဆိုတာကို အလုပ်နဲ့ သက်သေပြ ခဲ့ပါတယ်။ လီဗာပူးတို့ အသည်းအသန် လိုအပ်နေတဲ့ ကွင်းလယ်ခံစစ် နေရာကို သူက အပြည့်စုံဆုံး ဖြည့်ဆည်းပေးခဲ့တာပါ။ အနည်းဆုံး နောက် ငါးနှစ်လောက် ထိတော့ သူက လီဗာပူးရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်နေဦးမှာပါပဲ။

၇) လူးကပ်ဇ် ဖာဘီယန်စကီး – ဝက်စ်ဟမ်း

ပေါင် ၇ သန်းတည်းနဲ့ ရောက်ရှိလာတဲ့ ဖာဘီယန်စကီးဟာ ဒီရာသီမှာ ဝက်စ်ဟမ်းကို အကြိမ်များစွာ ကယ်တင်ခဲ့တာပါ။ ကာကွယ်မှု အများဆုံး ၁၄၈ ကြိမ်နဲ့ လိဂ်မှာ ဦးဆောင်ခဲ့ပြီး အသင်းရဲ့ တနှစ်တာ အကောင်းဆုံး ဆုကို ရရှိခဲ့ပါတယ်။

၆) ဂျွာအို မော်တင်ညို – ဝုဗ်

ဝုဗ်က သူ့ကို ပေါင် ၅ သန်းတည်း နဲ့ ခေါ်ယူခဲ့ပေမယ့် သူ့ခြေစွမ်းနဲ့ ကြည့်ရင် ဒါက အတော်နည်းပါးတဲ့ ပမာဏ ဆိုတာ သက်သေပြခဲ့ပါတယ်။ ဝုဗ်ဟာ လိဂ်မှာ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက် ကို ရရှိထားတာဖြစ်ပါတယ်။ တစ်ဂိုးသာ သွင်းခဲ့ပေမယ့် မော်တင်ညိုဟာ ၈ ဂိုး ဖန်တီး ပေးပြီး ပရီးမီးယားလိဂ် စတုတ္ထ အများဆုံး အဖြစ် အခွင့်အရေး ၈၄ ကြိမ် ဖန်တီးပေးခဲ့တာပါ။

၅) ဒေးဗစ်ဘရွတ်ခ် – ဘုန်းမောက်

ရှက်ဖီးယူနိုက်တက်မှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ဘရွတ်ခ်ကို အသင်း တော်တော်များများက အသည်းအသန် လိုချင်ခဲ့ပေမယ့် ဘုန်းမောက်က ပေါင် ၁၁.၅ သန်းနဲ့ ရရှိခဲ့ပါတယ်။ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာ သူဟာ အံ့အားသင့်စရာ ကောင်းခဲ့တာပါ။ ဘုန်းမောက်နဲ့ ပထမဆုံးရာသီမှာ ၇ဂိုးသွင်းပြီး ၆ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ၂၁နှစ်သာရှိသေးလို့ ဒီထက် ဒီထက်ပိုပြီး အများကြီးတိုးတက်လာဦးမှာပါ။

၄) လူးကပ်စ်ဒင်း – အဲဗာတန်

လူးကပ်စ်ဒင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဘယ်နောက်ခံ လူတွေ ထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ခံစစ်မှာ ကောင်းကောင်း စွမ်းဆောင်နိူင်သလို တိုက်စစ်ကိုလဲ အတော်ပံ့ပိုးနိုင်တဲ့ ပြင်သစ်သားပါ။ လေးဂိုးသွင်း၊ ငါးဂိုး ဖန်တီးပြီး အဲဗာတန်နဲ့ အတူ အောင်မြင်တဲ့ ပထမ ရာသီ ဖြစ်ခဲ့ပါတယ်။

၃) ရာအူးလ် ဂျင်မီနက်ဇ် – ဝုဗ်

ဂျင်မီနက်ဇ်ဟာ ဘင်ဖီကာမှာ မအောင်မြင်ခဲ့လို့ ဝုဗ်ထံ အငှါး လာရောက် ကစားခဲ့တာပါ။ မက္ကဆီကန် တိုက်စစ် ကစားသမားဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၇ ဂိုး ရရှိခဲ့ပြီး အဲ့ထဲက ၁၃ ဂိုးက ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ အသင်းပေါ် ကောင်းကောင်း အကျိုးပြုခဲ့တာမို့ ဧပြီလမှာ ဝုဗ်က ကလပ်ရဲ့ စံချိန်တင်ကြေး ပေါင်သန်း ၃၀ နဲ့ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။

၂) ဂျိမ်းစ် မက်ဒီဆန် – လက်စတာ

ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်မှာ တောက်ပနိူင်ခဲ့တဲ့ လူငယ်ကစားသမားလေးပါ။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ လက်စတာရဲ့ ဒီရာသီ အကောင်းဆုံး ကစားသမားဖြစ်ပြီး သူတို့ရဲ့ တိုက်စစ်မှာ မရှိမဖြစ်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ တစ်ရာသီလုံး ဂိုး အခွင့်အရေး အကြိမ် ၁၀၀ ဖန်တီးပေးခဲ့ပြီး ပရီးမီးယား လိဂ်မှာ အများဆုံး လုပ်နိူင်ခဲ့တာပါ။ ၇ဂိုးသွင်း၊ ၇ဂိုးဖန်တီးနိုင်ခဲ့တဲ့အပြင် သူ့ကစားပုံက ဂါရတ် ဆောက်ဂိတ်ကို အထင်ကြီးစေခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာမှာ ပထမဆုံးအဖြစ် အင်္ဂလန် အသင်းအတွက် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။

၁) အဲလစ်ဆန် ဘက်ကာ – လီဗာပူး

သူ့အတွက် လီဗာပူးက ရိုးမားကို ပေါင် ၅၆ သန်းပေးပြီး ခေါ်ယူခဲ့ရတာပါ။ ဘောလုံးကစားရာမှာလဲ မြင့်မားတဲ့ စွမ်းရည်ရှိသလို ကာကွယ်မုှ စကေးကိုလဲ ပြသခဲ့ပါတယ်။ ဒီရာသီမှာ သူဟာ ၂၂ ဂိုးသာ ခွင့်ပြုခဲ့ရပြီး လီဗာပူးကို ခံစစ်အကောင်းဆုံးအသင်း ဖြစ်စေခဲ့ပါတယ်။ ၂၁ ပွဲ ပေးဂိုးမရှိခဲ့တာကြောင့်လဲ ရွှေလက်အိတ် ဆုကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း လီဗာပူးဟာ ဂိုးသမားတွေနဲ့ ပတ်သက်လို့ ပြသနာ များစွာ ရှိခဲ့ပေမယ့် အဲလစ်ဆန် ကတော့ နှစ်များစွာ ယုံကြည် အားကိုးရတဲ့ သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

Sports Home Time