အဂၤါေန႔အတြက္ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi] ပရီးမီးယားလိဂ္ ေဘာလံုးရာသီ တစ္ခု ျပီးဆံုးသြားျပန္ျပီ ျဖစ္လို႔ ရာသီျပီးဆံုးခ်ိန္က အမွတ္ေပးဇယား ရပ္တည္မႈအတိုင္း ပရီးမီးယားလိဂ္ အသင္းေတြရဲ႕ သတင္းေတြကို စီျပီး ေျပာင္းလဲ တင္ဆက္ေပးမွာ ျဖစ္ပါတယ္။

မန္စီးတီး ဂႏၱ၀င္ကစားသမားၾကီး Shaun Goater က အသင္းဟာ ကြန္ပနီကို တစ္နွစ္ သို႕မဟုတ္ နွစ္နွစ္ သက္တမ္းတိုးျပီး ဆက္လက္ ေခၚယူထားသင့္တယ္လို႔ ဆိုလိုက္ကာ မျဖစ္လာခဲ့ရင္ အံ့အားသင့္ရမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ခဲ့တဲ့အတြက္ မန္စီးတီးက ဆုေၾကးေငြ ေပါင္ ၃၈.၄ သန္း လက္ခံရရွိမွာ ျဖစ္ျပီး ဒုတိယေနရာမွ လီဗာပူးထက္ ေပါင္ ၂သန္းခန္႔ ပိုရရွိခဲ့ပါတယ္။

မန္စီးတီးအသင္းရဲ႕ ဘ႑ာေရးစည္းမ်ဥ္းေဖာက္ဖ်က္မႈ စီးရီးတြဲကို ဂ်ာမန္သတင္းစာတစ္ေစာင္က ေဖာ္ထုတ္ခဲ့ျပီး ယူအီးအက္ဖ္ေအက စစ္ေဆးမႈမ်ား ျပဳလုပ္ေနရာ ေနာက္ဆံုးအဆင့္ သံုးသပ္မႈမ်ား ျပဳလုပ္ေနျပီ ျဖစ္ပါတယ္။ မန္စီးတီးဟာ ခ်န္ပီယံလိဂ္မွ တစ္ရာသီ ထုတ္ပယ္ခံရဖို႔ အလားအလာ ရွိေနျပီး လာမယ့္ရာသီ မဟုတ္ရင္ ၂၀၂၀-၂၁ ေဘာလံုးရာသီ ျဖစ္ဖြယ္ ရွိပါတယ္။

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က တစ္ဦးခ်င္း ထူးခၽြန္ဆုမ်ားကိုသာ တစ္မွတ္အကြာနဲ႕ လက္လႊတ္္ခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားနဲ႕ လဲလို႔ရရင္ လဲခ်င္မိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ အေစာပိုင္းမဲခြဲထားမႈမ်ားအရ စပါးအသင္းက အိမ္ရွင္ အသင္းအျဖစ္ ေနရာယူျပီး လီဗာပူးက အေ၀းကြင္း အသင္း ျဖစ္ေပမယ့္ ပြဲၾကည့္စင္က ေနရာခ်ထားမႈမ်ားေၾကာင့္ လီဗာပူးအသင္းက အိမ္ရွင္အသင္း အ၀တ္လဲခန္းကို ေျပာင္းလဲ အသံုးျပဳေတာ့မွာ ျဖစ္ျပီး စပါးက အေ၀းကြင္းအ၀တ္လဲခန္းကို သံုးရေတာ့မွာပါ။

၀ုဗ္အသင္းမွ အသက္ ၂၂ နွစ္အရြယ္ ေပၚတူဂီသား ကြင္းလယ္ကစားသမားဟာ လီဗာပူးမွ ယာဂင္ကေလာ့ပ္ နည္းစနစ္ေတြနဲ႕ အံ၀င္မယ့္ သူ ျဖစ္ေၾကာင္း လီဗာပူး တိုက္စစ္မွဴးေဟာင္း စတန္ေကာ္လီမိုးက အၾကံျပဳလုိက္ပါတယ္။

ခ်ယ္ဆီးအသင္း မန္ေနဂ်ာေဟာင္း ဒီမက္တီယိုက ဟာဇက္ အသင္းကေန ထြက္ခြာမယ္ဆိုတာ ေျပာသေလာက္ လြယ္ကူမွာ မဟုတ္ေၾကာင္း သတိေပးစကား ဆိုလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းသို႔ ေရာက္လာေတာ့မယ့္ ပူလာဆစ္ကေတာ့ လန္ဒန္ကလပ္အသင္းထံ ေျပာင္းေရႊ႕ရတာက သူ႔အိပ္မက္ေတြ တကယ္ျဖစ္လာတာ ျဖစ္ျပီး ေဒါ့မြန္နဲ႕ စာမ်က္နွာကို ကန္႔လန္႕ကာ ခ်ကာ ခ်ယ္ဆီးအသင္းထံလာဖို႔ ျပင္ဆင္ေနေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္ကစားသမား ဒရင့္၀ါးတားဟာ တနလၤာေန႕က အရက္ေသာက္ျပီး ကားေမာင္းခဲ့တဲ့ ျဖစ္စဥ္ေၾကာင့္ ၁၂ လ ၾကာ ကားေမာင္းခြင့္ ပိတ္ပင္ခံရတဲ့ အျပင္ ၁၂ လတာ လူမႈေရးလုပ္ငန္မ်ားမွာလည္း လုပ္အားေပး လုပ္ေဆာင္ရေတာ့မွာပါ။

စပါးနည္းျပ ပိုခ်က္တီနိုက ဒီတေလာမွာ အနာဂတ္အေၾကာင္း မၾကာခဏ စကားစေနေပမယ့္ ဒါေတြက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအတြက္ အာရံုေထြျပားဖို႔ သက္ေရာက္ေစမွာ မဟုတ္ေၾကာင္း ဂိုးသမား လိုရစ္က ေျပာၾကားလိုက္ပါတယ္။ ပိုခ်က္တီနိုကို ဂ်ဴဗင္တပ္က အလိုရွိေနျပီး ၄င္းကလည္း ျမင့္မားတဲ့တစ္ရပ္ လစာ ေတာင္းဆိုထားပါတယ္။

အဲဗာတန္နဲ႕ ပြဲမွာ ထူးျခားတဲ့ခံစားမႈနဲ႕ အဆင္မေျပ ျဖစ္ေနခဲ့တဲ့ အလီက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာေတာ့ ၾကံ႕ခိုင္မႈ အျပည့္နဲ႕ ပါ၀င္ကစားနုိင္မယ္လို႔ ပိုခ်က္တီနိုက ယံုၾကည္မႈ ရွိေနပါတယ္။

အာဆင္နယ္ကြင္းလယ္ ကစားသမား အိုေဇးကေတာ့ သူ႔ အေနနဲ႕ အသင္းကေန ထြက္ခြာ စရာအေၾကာင္း မရွိဘူးလို႔ ယံုၾကည္ေနျပီး စာခ်ဳပ္ကုန္ဆံုးသည္ထိ အသင္းမွာ ဆက္ေနဖို႔ အလုိရွိေနပါတယ္။

ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုရွင္ အာဆင္နယ္တိုက္စစ္သမား အူဘာမီးယန္းက ထိုဆုအတြက္ ဂုဏ္ယူမိျပီး ဆုရေအာင္ ကူညီေပးခဲ့တဲ့ အသင္းေဖာ္ေတြကို ေက်းဇူးတင္ရမွာ ျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ပစ္မွတ္ထားေနတဲ့ လိုင္လီတိုက္စစ္သမား နစ္ကိုးလပ္ ပီပီက အေျပာင္းအေရႊ႕နဲ႕ ပတ္သတ္တဲ့ ေမးခြန္းမ်ားကို ေျဖဆိုဖို႔ ျငင္းဆန္လိုက္ျပီး ေဘာလံုးရာသီ မျပီးေသးေၾကာင္း တုန္႔ျပန္လိုက္ပါတယ္။

ယူနိုက္တက္မွ ထြက္ခြာျပီျဖစ္တဲ့ ကြင္းလယ္ကစားသမား ဟာရဲရားက အိုေလဂန္နား ဆိုးရွားက မန္ခ်က္စတာယူနိုက္တက္ အတြက္ မွန္ကန္တဲ့ ဦးေဆာင္သူ ျဖစ္တယ္လို႔ ေထာက္ခံေျပာဆိုလိုက္ပါတယ္။

ယူနိုက္၀ါရင့္ကြင္းလယ္ မာတာက အိမ္ကြင္းမွာ ကာဒစ္ကို ၂-၀ နဲ႕ ရွံဳးျပီး ရာသီသိမ္းခဲ့ရတာက ခါးသီးတဲ့ အဆံုးသတ္ ျဖစ္ေၾကာင္း ရွံဳးပြဲ အျပီးမွာ ၀န္ခံခဲ့ပါတယ္။

ယူနိုက္တက္ ကစားသမားေဟာင္း ဒါရင္းဖလက္ခ်ာက လာမယ့္ေဘာလံုးရာသီမွာ မန္ခ်က္စတာယူနိုက္တက္ အသင္း အားကစားဒါရိုက္တာသစ္ အျဖစ္ တာ၀န္ယူဖို႔ ေရပန္းစားလာပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ် ဘောလုံးရာသီ တစ်ခု ပြီးဆုံးသွားပြန်ပြီ ဖြစ်လို့ ရာသီပြီးဆုံးချိန်က အမှတ်ပေးဇယား ရပ်တည်မှုအတိုင်း ပရီးမီးယားလိဂ် အသင်းတွေရဲ့ သတင်းတွေကို စီပြီး ပြောင်းလဲ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

မန်စီးတီး ဂန္တဝင်ကစားသမားကြီး Shaun Goater က အသင်းဟာ ကွန်ပနီကို တစ်နှစ် သို့မဟုတ် နှစ်နှစ် သက်တမ်းတိုးပြီး ဆက်လက် ခေါ်ယူထားသင့်တယ်လို့ ဆိုလိုက်ကာ မဖြစ်လာခဲ့ရင် အံ့အားသင့်ရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် မန်စီးတီးက ဆုကြေးငွေ ပေါင် ၃၈.၄ သန်း လက်ခံရရှိမှာ ဖြစ်ပြီး ဒုတိယနေရာမှ လီဗာပူးထက် ပေါင် ၂သန်းခန့် ပိုရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်းဖောက်ဖျက်မှု စီးရီးတွဲကို ဂျာမန်သတင်းစာတစ်စောင်က ဖော်ထုတ်ခဲ့ပြီး ယူအီးအက်ဖ်အေက စစ်ဆေးမှုများ ပြုလုပ်နေရာ နောက်ဆုံးအဆင့် သုံးသပ်မှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ်မှ တစ်ရာသီ ထုတ်ပယ်ခံရဖို့ အလားအလာ ရှိနေပြီး လာမယ့်ရာသီ မဟုတ်ရင် ၂၀၂၀-၂၁ ဘောလုံးရာသီ ဖြစ်ဖွယ် ရှိပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က တစ်ဦးချင်း ထူးချွန်ဆုများကိုသာ တစ်မှတ်အကွာနဲ့ လက်လွှတ်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားနဲ့ လဲလို့ရရင် လဲချင်မိကြောင်း ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အစောပိုင်းမဲခွဲထားမှုများအရ စပါးအသင်းက အိမ်ရှင် အသင်းအဖြစ် နေရာယူပြီး လီဗာပူးက အဝေးကွင်း အသင်း ဖြစ်ပေမယ့် ပွဲကြည့်စင်က နေရာချထားမှုများကြောင့် လီဗာပူးအသင်းက အိမ်ရှင်အသင်း အဝတ်လဲခန်းကို ပြောင်းလဲ အသုံးပြုတော့မှာ ဖြစ်ပြီး စပါးက အဝေးကွင်းအဝတ်လဲခန်းကို သုံးရတော့မှာပါ။

ဝုဗ်အသင်းမှ အသက် ၂၂ နှစ်အရွယ် ပေါ်တူဂီသား ကွင်းလယ်ကစားသမားဟာ လီဗာပူးမှ ယာဂင်ကလော့ပ် နည်းစနစ်တွေနဲ့ အံဝင်မယ့် သူ ဖြစ်ကြောင်း လီဗာပူး တိုက်စစ်မှူးဟောင်း စတန်ကော်လီမိုးက အကြံပြုလိုက်ပါတယ်။

ချယ်ဆီးအသင်း မန်နေဂျာဟောင်း ဒီမက်တီယိုက ဟာဇက် အသင်းကနေ ထွက်ခွာမယ်ဆိုတာ ပြောသလောက် လွယ်ကူမှာ မဟုတ်ကြောင်း သတိပေးစကား ဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းသို့ ရောက်လာတော့မယ့် ပူလာဆစ်ကတော့ လန်ဒန်ကလပ်အသင်းထံ ပြောင်းရွှေ့ရတာက သူ့အိပ်မက်တွေ တကယ်ဖြစ်လာတာ ဖြစ်ပြီး ဒေါ့မွန်နဲ့ စာမျက်နှာကို ကန့်လန့်ကာ ချကာ ချယ်ဆီးအသင်းထံလာဖို့ ပြင်ဆင်နေကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ဒရင့်ဝါးတားဟာ တနင်္လာနေ့က အရက်သောက်ပြီး ကားမောင်းခဲ့တဲ့ ဖြစ်စဉ်ကြောင့် ၁၂ လ ကြာ ကားမောင်းခွင့် ပိတ်ပင်ခံရတဲ့ အပြင် ၁၂ လတာ လူမှုရေးလုပ်ငန်များမှာလည်း လုပ်အားပေး လုပ်ဆောင်ရတော့မှာပါ။

စပါးနည်းပြ ပိုချက်တီနိုက ဒီတလောမှာ အနာဂတ်အကြောင်း မကြာခဏ စကားစနေပေမယ့် ဒါတွေက ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် အာရုံထွေပြားဖို့ သက်ရောက်စေမှာ မဟုတ်ကြောင်း ဂိုးသမား လိုရစ်က ပြောကြားလိုက်ပါတယ်။ ပိုချက်တီနိုကို ဂျူဗင်တပ်က အလိုရှိနေပြီး ၎င်းကလည်း မြင့်မားတဲ့တစ်ရပ် လစာ တောင်းဆိုထားပါတယ်။

အဲဗာတန်နဲ့ ပွဲမှာ ထူးခြားတဲ့ခံစားမှုနဲ့ အဆင်မပြေ ဖြစ်နေခဲ့တဲ့ အလီက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ ကြံ့ခိုင်မှု အပြည့်နဲ့ ပါဝင်ကစားနိုင်မယ်လို့ ပိုချက်တီနိုက ယုံကြည်မှု ရှိနေပါတယ်။

အာဆင်နယ်ကွင်းလယ် ကစားသမား အိုဇေးကတော့ သူ့ အနေနဲ့ အသင်းကနေ ထွက်ခွာ စရာအကြောင်း မရှိဘူးလို့ ယုံကြည်နေပြီး စာချုပ်ကုန်ဆုံးသည်ထိ အသင်းမှာ ဆက်နေဖို့ အလိုရှိနေပါတယ်။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် အာဆင်နယ်တိုက်စစ်သမား အူဘာမီးယန်းက ထိုဆုအတွက် ဂုဏ်ယူမိပြီး ဆုရအောင် ကူညီပေးခဲ့တဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ရမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ပစ်မှတ်ထားနေတဲ့ လိုင်လီတိုက်စစ်သမား နစ်ကိုးလပ် ပီပီက အပြောင်းအရွှေ့နဲ့ ပတ်သတ်တဲ့ မေးခွန်းများကို ဖြေဆိုဖို့ ငြင်းဆန်လိုက်ပြီး ဘောလုံးရာသီ မပြီးသေးကြောင်း တုန့်ပြန်လိုက်ပါတယ်။

ယူနိုက်တက်မှ ထွက်ခွာပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဟာရဲရားက အိုလေဂန်နား ဆိုးရှားက မန်ချက်စတာယူနိုက်တက် အတွက် မှန်ကန်တဲ့ ဦးဆောင်သူ ဖြစ်တယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။

ယူနိုက်ဝါရင့်ကွင်းလယ် မာတာက အိမ်ကွင်းမှာ ကာဒစ်ကို ၂-၀ နဲ့ ရှုံးပြီး ရာသီသိမ်းခဲ့ရတာက ခါးသီးတဲ့ အဆုံးသတ် ဖြစ်ကြောင်း ရှုံးပွဲ အပြီးမှာ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဒါရင်းဖလက်ချာက လာမယ့်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်း အားကစားဒါရိုက်တာသစ် အဖြစ် တာဝန်ယူဖို့ ရေပန်းစားလာပါတယ်။

Sports Home Time