ခ်န္ပီယံလိဂ္မွာ အိမ္ကြင္း စပါးတို႔ လီဗာပူးရဲ႕ အေဝးကြင္း အဝတ္လဲခန္း ေျပာင္းယူရမည္

ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ အိမ္ကြင္းအျဖစ္ မဲက်ထားတဲ့ စပါးအသင္းဟာ ဗိုလ္လုပြဲမွာေတာ့ အေဝးကြင္းအဝတ္လဲခန္းကို ေျပာင္းလဲ အသံုးျပဳသြားရမွာျဖစ္ပါတယ္။ အိမ္ကြင္း၊ အေဝးကြင္းကိုေတာ့ ဆီမီးအဆင့္ မဲခြဲကတည္းက တစ္ပါတည္း မဲခြဲထားခဲ့တာပါ။

စပါးနဲ႔ ေအဂ်က္မွာ အႏုိင္ရမယ့္ အသင္းဟာ အိမ္ကြင္းအျဖစ္ သက္မွတ္ခံရဖို႔ မဲက်ထားခဲ့ျပီး အရင္အပတ္ကပြဲမွာ စပါးက ေအဂ်က္ကို 3-2 နဲ႔ အႏုိင္ရခဲ့ကာ ႏွစ္ေက်ာ့ေပါင္း ရလဒ္ျဖင့္ အႏုိင္ရလာတဲ့ေနာက္ အိမ္ကြင္းအသင္း ျဖစ္လာခဲ့တယ္။ ဒါေပမယ့္လို႔ လံုျခံဳေရးဆိုင္ရာ အစီအစဥ္အရ စပါးဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အိမ္ကြင္းအသင္းျဖစ္ေပမယ့္ အဝတ္လဲခန္းကိုေတာ့ လီဗာပူးက အိမ္ကြင္းအဝတ္လဲခန္း သံုးရမွာ ျဖစ္ပါတယ္။

အဝတ္လဲခန္း ေျပာင္းလဲအသံုးျပဴရမယ္လို႔ ကြင္းတာဝန္ရွိသူက အတည္ျပဳသလို ပရိသတ္ ဝင္ေရာက္မႈနဲ႔ ပက္သက္ျပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကြင္း Wanda Metropolitano ရဲ႕ မန္ေနဂ်ာ Fernado Fariza က ေအာက္ပါအတုိင္း ရွင္းျပပါတယ္။

” ဒီဆံုးျဖတ္ခ်က္ မလုပ္ခင္ အေဝးပရိသတ္ေတြ၊ စပိန္ရဲအဖြဲ႔နဲ႔ မက္ဒရစ္ျမိဳ႕ေတာ္က တာဝန္ရွိသူေတြၾကား ပိုင္းျဖတ္မႈေတြ လုပ္ခဲ့ပါတယ္။ ဗိုလ္လုပြဲေရာက္လာတဲ့ ႏွစ္သင္းရဲ႕ ပရိသတ္ အရည္အတြက္ေတြကို တြက္ခ်က္အျပီးမွာ ျမိဳ႕မွာပဲ အစည္းအေဝး လုပ္ခဲ့တာျဖစ္ပါတယ္။

တြက္ခ်က္မႈေတြ အားလံုးကို ျပဳလုပ္အျပီးမွာ ေနာက္ဆံုး ဆံုးျဖတ္ခ်က္အရ လီဗာပူးပရိသတ္ေတြက ေတာင္ဘက္ျခမ္းကေန ဝင္ေရာက္ျပီး သူတို႔က ေတာင္ဘက္ပြဲၾကည့္စင္အတြက္ လက္မွတ္ေတြ ရပါလိမ့္မယ္။ စပါးပရိသတ္ေတြက ေျမာက္ဘက္ပိုင္းကေန ဝင္ခြင့္ရမွာျဖစ္ျပီး ေျမာက္ဘက္ပိုင္း ပြဲၾကည့္စင္ရဲ႕ လက္မွတ္ေတြကို ရၾကမွာပါ ” လို႔ ဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကစားမယ့္ကြင္းဟာ ပရိသတ္ 63,000 ဝင္ဆံ့ျပီး ဗိုလ္လုပြဲေရာက္ ႏွစ္သင္းလံုးဟာ လက္မွတ္ခြဲတမ္း 16,613 ေစာင္စီ ရၾကမွာျဖစ္ပါတယ္။ အျခားေသာ ထူးျခားသတင္းေတြကို ရရွိရင္လည္း ဆက္လက္ ေဖာ္ျပေပးသြားပါမယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်းအဖြစ် မဲကျထားတဲ့ စပါးအသင်းဟာ ဗိုလ်လုပွဲမှာတော့ အဝေးကွင်းအဝတ်လဲခန်းကို ပြောင်းလဲ အသုံးပြုသွားရမှာဖြစ်ပါတယ်။ အိမ်ကွင်း၊ အဝေးကွင်းကိုတော့ ဆီမီးအဆင့် မဲခွဲကတည်းက တစ်ပါတည်း မဲခွဲထားခဲ့တာပါ။

စပါးနဲ့ အေဂျက်မှာ အနိုင်ရမယ့် အသင်းဟာ အိမ်ကွင်းအဖြစ် သက်မှတ်ခံရဖို့ မဲကျထားခဲ့ပြီး အရင်အပတ်ကပွဲမှာ စပါးက အေဂျက်ကို 3-2 နဲ့ အနိုင်ရခဲ့ကာ နှစ်ကျော့ပေါင်း ရလဒ်ဖြင့် အနိုင်ရလာတဲ့နောက် အိမ်ကွင်းအသင်း ဖြစ်လာခဲ့တယ်။ ဒါပေမယ့်လို့ လုံခြုံရေးဆိုင်ရာ အစီအစဉ်အရ စပါးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အိမ်ကွင်းအသင်းဖြစ်ပေမယ့် အဝတ်လဲခန်းကိုတော့ လီဗာပူးက အိမ်ကွင်းအဝတ်လဲခန်း သုံးရမှာ ဖြစ်ပါတယ်။

အဝတ်လဲခန်း ပြောင်းလဲအသုံးပြူရမယ်လို့ ကွင်းတာဝန်ရှိသူက အတည်ပြုသလို ပရိသတ် ဝင်ရောက်မှုနဲ့ ပက်သက်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကွင်း Wanda Metropolitano ရဲ့ မန်နေဂျာ Fernado Fariza က အောက်ပါအတိုင်း ရှင်းပြပါတယ်။

” ဒီဆုံးဖြတ်ချက် မလုပ်ခင် အဝေးပရိသတ်တွေ၊ စပိန်ရဲအဖွဲ့နဲ့ မက်ဒရစ်မြို့တော်က တာဝန်ရှိသူတွေကြား ပိုင်းဖြတ်မှုတွေ လုပ်ခဲ့ပါတယ်။ ဗိုလ်လုပွဲရောက်လာတဲ့ နှစ်သင်းရဲ့ ပရိသတ် အရည်အတွက်တွေကို တွက်ချက်အပြီးမှာ မြို့မှာပဲ အစည်းအဝေး လုပ်ခဲ့တာဖြစ်ပါတယ်။

တွက်ချက်မှုတွေ အားလုံးကို ပြုလုပ်အပြီးမှာ နောက်ဆုံး ဆုံးဖြတ်ချက်အရ လီဗာပူးပရိသတ်တွေက တောင်ဘက်ခြမ်းကနေ ဝင်ရောက်ပြီး သူတို့က တောင်ဘက်ပွဲကြည့်စင်အတွက် လက်မှတ်တွေ ရပါလိမ့်မယ်။ စပါးပရိသတ်တွေက မြောက်ဘက်ပိုင်းကနေ ဝင်ခွင့်ရမှာဖြစ်ပြီး မြောက်ဘက်ပိုင်း ပွဲကြည့်စင်ရဲ့ လက်မှတ်တွေကို ရကြမှာပါ ” လို့ ဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားမယ့်ကွင်းဟာ ပရိသတ် 63,000 ဝင်ဆံ့ပြီး ဗိုလ်လုပွဲရောက် နှစ်သင်းလုံးဟာ လက်မှတ်ခွဲတမ်း 16,613 စောင်စီ ရကြမှာဖြစ်ပါတယ်။ အခြားသော ထူးခြားသတင်းတွေကို ရရှိရင်လည်း ဆက်လက် ဖော်ပြပေးသွားပါမယ်။

Sports Home Time