ဒီရာသီ လီဗာပူးနဲ႕ ပတ္သတ္ျပီး အံ့အားသင့္ရဆံုး အခ်က္ နဗီး ဖြင့္ဟ

[Zawgyi] ဒီရာသီ ပရီးမီးယားလိဂ္ကို မန္စီးတီး ဗိုလ္စြဲသြားခဲ့ျပီးေနာက္ ယူနိုက္တက္ ကစားသမားေဟာင္း ဂယ္ရီ နဗီးက မန္စီးတီးကို အနီးကပ္ဆံုး ဖိအားေပးခဲ့တဲ့ လီဗာပူးအသင္းနဲ႕ ပတ္သတ္ကာ ဒီရာသီ သူ အံ့အားအသင့္ရဆံုး အခ်က္ကို ဖြင့္ဟ၀န္ခံလိုက္ပါတယ္။ ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ ခ်န္ပီယံ အသင္း တစ္သင္းပမာ တစ္ရာသီလံုး ရဲရင့္စြာ ကစားသြားတယ္လို႔ ၄င္းက ဆိုပါတယ္။

ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းက ေနာက္ဆံုးပြဲ ေနာက္ဆံုးရက္ထိ စီးတီးကို ဖိအားေပးနုိင္ခဲ့ျပီး ၂၉ နွစ္အတြင္း ပထမဆံုး နီးစပ္လာတဲ့ အမွတ္ေပးဖလား အတြက္ ေနာက္ဆံုး ဘရိုက္တန္နဲ႕ မန္စီးတီးပြဲထိ ေမွ်ာ္လင့္ခ်က္ ရွိေနခဲ့တာပါ။ လီဗာပူးအသင္းက ရာသီပိတ္ပြဲမွာ ၀ုဗ္ကို ၂-၀ နဲ႕ နုိင္ျပီး မပ်က္မကြက္ အနုိင္ သံုးမွတ္ျပည့္ ယူခဲ့ေပမယ့္ စီးတီးက ဘရိုက္တန္ကို ၄-၁ နဲ႕ နုိင္ကာ လီဗာပူးရဲ ေမွ်ာ္လင့္ခ်က္ေတြ ခ်ိဳးဖ်က္ခဲ့ပါတယ္။

” သူတို႔က က်ေနာ္ ေတြးထား ထင္ထားဖူးတာထက္ အမ်ားၾကီး အမ်ားၾကီး ပိုေကာင္းေအာင္ ကစားသြားတယ္။ သူတို႔ ဒီလူစာရင္းနဲ႕ အသင္းဟာ စိန္ေခၚမႈ ျပင္းထန္လြန္းတဲ့ အမွတ္ေပးဖလားနဲ႕ ခ်န္ပီယံလိဂ္မွာ ဒီလို လုပ္ျပနိုင္လိမ့္မယ္လို ေတြးေတာင္ မေတြးခဲ့မိဘူး။ အနည္းဆံုး ေနာက္ဆံုးလမွာေတာ့ သူတို႔ က်ဆံုးမွာပဲ ထင္ခဲ့တာေတာင္ လုပ္ျပသြားခဲ့တယ္။ ဒီလို မယံုနိုင္ေလာက္ေအာင္ ေကာင္းမြန္မႈေတြ အတြက္ အသိမွတ္ ျပဳထိုက္ပါတယ္။”

” တစ္ရာသီလုံး ခ်န္ပီယံအသင္းတစ္သင္း ပမာ ကစားသြားခဲ့ျပီး နည္းနည္းေလး လြဲေခ်ာ္ခဲ့တာတခ်ို႕ေၾကာင့္သာ ဖလား မရခဲ့တာပါ။ လြန္ခဲ့တဲ့ ၈နွစ္ ၉နွစ္က ဂြာဒီယိုလာရဲ႕ ဘာစီလိုနာ အသင္းကို ေတြးမိရင္ သူတို႔ မန္ခ်က္စတာယူနိုက္တက္ ခ်န္ပီယံလိဂ္ သံုးခုဆက္ မယူေအာင္ တားဆီးခဲ့တာ အမွတ္ရမိပါတယ္။ သူတို႔က သိပ္ေကာင္းလြန္းခဲ့တာပါ။ လီဗာပူးကလည္း ဒီလိုပဲ.. သိပ္ေကာင္းလြန္းတဲ့ ျပိဳင္ဘက္နဲ႕မွ ထိုက္တိုက္ေတြ႔မိတာေၾကာင့္ ဆုဖလား မရခဲ့တာ ျဖစ္တယ္။” လို႔ နဗီးက ဆိုပါတယ္။

မန္စီးတီးအသင္းရဲ႕ လူအင္အားေတာင့္တင္းျပီး ေကာင္းမြန္လြန္းမႈကို နဗီးတင္ ေျပာခဲ့တာ မဟုတ္ဘဲ ကေလာ့ပ္ကိုယ္တိုင္လည္း ၀န္ခံခဲ့ပါတယ္။ ေနာက္ရာသီ အမွတ္ေပးဖလား စိန္ေခၚနုိင္ဖို႔ဆို လံုး၀ျပီးျပည့္စံုလုနီးပါး ရွိေနဖို႔ လိုအပ္တယ္လုိ႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] ဒီရာသီ ပရီးမီးယားလိဂ်ကို မန်စီးတီး ဗိုလ်စွဲသွားခဲ့ပြီးနောက် ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးက မန်စီးတီးကို အနီးကပ်ဆုံး ဖိအားပေးခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပတ်သတ်ကာ ဒီရာသီ သူ အံ့အားအသင့်ရဆုံး အချက်ကို ဖွင့်ဟဝန်ခံလိုက်ပါတယ်။ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ချန်ပီယံ အသင်း တစ်သင်းပမာ တစ်ရာသီလုံး ရဲရင့်စွာ ကစားသွားတယ်လို့ ၎င်းက ဆိုပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးအသင်းက နောက်ဆုံးပွဲ နောက်ဆုံးရက်ထိ စီးတီးကို ဖိအားပေးနိုင်ခဲ့ပြီး ၂၉ နှစ်အတွင်း ပထမဆုံး နီးစပ်လာတဲ့ အမှတ်ပေးဖလား အတွက် နောက်ဆုံး ဘရိုက်တန်နဲ့ မန်စီးတီးပွဲထိ မျှော်လင့်ချက် ရှိနေခဲ့တာပါ။ လီဗာပူးအသင်းက ရာသီပိတ်ပွဲမှာ ဝုဗ်ကို ၂-၀ နဲ့ နိုင်ပြီး မပျက်မကွက် အနိုင် သုံးမှတ်ပြည့် ယူခဲ့ပေမယ့် စီးတီးက ဘရိုက်တန်ကို ၄-၁ နဲ့ နိုင်ကာ လီဗာပူးရဲ မျှော်လင့်ချက်တွေ ချိုးဖျက်ခဲ့ပါတယ်။

” သူတို့က ကျနော် တွေးထား ထင်ထားဖူးတာထက် အများကြီး အများကြီး ပိုကောင်းအောင် ကစားသွားတယ်။ သူတို့ ဒီလူစာရင်းနဲ့ အသင်းဟာ စိန်ခေါ်မှု ပြင်းထန်လွန်းတဲ့ အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်မှာ ဒီလို လုပ်ပြနိုင်လိမ့်မယ်လို တွေးတောင် မတွေးခဲ့မိဘူး။ အနည်းဆုံး နောက်ဆုံးလမှာတော့ သူတို့ ကျဆုံးမှာပဲ ထင်ခဲ့တာတောင် လုပ်ပြသွားခဲ့တယ်။ ဒီလို မယုံနိုင်လောက်အောင် ကောင်းမွန်မှုတွေ အတွက် အသိမှတ် ပြုထိုက်ပါတယ်။”

” တစ်ရာသီလုံး ချန်ပီယံအသင်းတစ်သင်း ပမာ ကစားသွားခဲ့ပြီး နည်းနည်းလေး လွဲချော်ခဲ့တာတချို့ကြောင့်သာ ဖလား မရခဲ့တာပါ။ လွန်ခဲ့တဲ့ ၈နှစ် ၉နှစ်က ဂွာဒီယိုလာရဲ့ ဘာစီလိုနာ အသင်းကို တွေးမိရင် သူတို့ မန်ချက်စတာယူနိုက်တက် ချန်ပီယံလိဂ် သုံးခုဆက် မယူအောင် တားဆီးခဲ့တာ အမှတ်ရမိပါတယ်။ သူတို့က သိပ်ကောင်းလွန်းခဲ့တာပါ။ လီဗာပူးကလည်း ဒီလိုပဲ.. သိပ်ကောင်းလွန်းတဲ့ ပြိုင်ဘက်နဲ့မှ ထိုက်တိုက်တွေ့မိတာကြောင့် ဆုဖလား မရခဲ့တာ ဖြစ်တယ်။” လို့ နဗီးက ဆိုပါတယ်။

မန်စီးတီးအသင်းရဲ့ လူအင်အားတောင့်တင်းပြီး ကောင်းမွန်လွန်းမှုကို နဗီးတင် ပြောခဲ့တာ မဟုတ်ဘဲ ကလော့ပ်ကိုယ်တိုင်လည်း ဝန်ခံခဲ့ပါတယ်။ နောက်ရာသီ အမှတ်ပေးဖလား စိန်ခေါ်နိုင်ဖို့ဆို လုံးဝပြီးပြည့်စုံလုနီးပါး ရှိနေဖို့ လိုအပ်တယ်လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

Sports Home Time