Transfer: ပရီးမီးယားလိဂ္ အေျပာင္းအေရႊ႔ တရားဝင္ေစ်းကြက္ ဘယ္အခ်ိန္ စဖြင့္မလဲ

2019-2020 ေဘာလံုးရာသီအတြက္ ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္ေတြဟာ လာမယ့္ သီတင္းပတ္ေတြမွာ စတင္ကာ ဖြင့္လွစ္သြားေတာ့မွာပါ။ အေျပာင္းအေရႊ႔ဆိုင္ရာ သိသားသင့္တဲ့ အခ်က္အလက္ေတြ၊ ဖြင့္မယ့္ရက္၊ ပိတ္မယ့္ရက္ေတြနဲ႔ အျခားေသာ သိထားသင့္တဲ့ ကိစၥေတြကို စုစည္း ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

အေျပာင္းအေရႊ႔ ဖြင့္ခ်ိန္နဲ႔ ပိတ္ခ်ိန္

ပရီးမီးယားလိဂ္ ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္ကိုေတာ့ အဂၤလန္စံေတာ္ခ်ိန္ ေမလ 16 ရက္ေန႔ ၾကာသပေတးေန႔ မနက္ကူးကူးခ်င္းမွာ စတင္မွာပါ။ ျမန္မာစံေတာ္ခ်ိန္ဆိုရင္ မနက္ 5း30 မွာ တရားဝင္ စဖြင့္ပါျပီ။

ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္ကိုေတာ့ ပရီးမီးယားလိဂ္ ပထမဆံုးပြဲ မစတင္ခင္ ၾသဂုတ္လ 8 ရက္ ၾကာသပေတးေန႔ ညေနခင္း 5 နာရီမွာ ပိတ္သိမ္းပါမယ္။ ျမန္မာစံေတာ္ခ်ိန္အားျဖင့္ ေန႔လည္ 11း30 ျဖစ္ပါတယ္။

ကလပ္ေတြက ေမလ 16 ရက္ေန႔မွာ လူသစ္ စတင္ေခၚႏုိင္မလား

ဟုတ္ပါတယ္။ သေဘာတူညီမႈေတြကို ေမလ 16 ရက္ေန႔မွာ အတည္ျပဳသတင္းေတြ ထုတ္ႏုိင္ပါျပီ။ ဒါေပမယ့္လို႔ အျပီးသတ္ (ဥပမာ-စာခ်ဳပ္နဲ႔ ဂ်ာစီကိုင္ျခင္း) ေတြကိုေတာ့ ေစ်းကြက္ တရားဝင္ဖြင့္ခ်ိန္မွာမွ စတင္ႏုိင္မွာ ျဖစ္ပါတယ္။

ဆိုလိုတဲ့ အဓိပၸာယ္က အေျပာင္းအေရႊ႔ေတြဟာ ေမလ 16 ရက္ေန႔မွာ စတင္ကာ ဖြင့္ပါမယ္။ အဲ့တာက ျဗိတိန္ျပည္တြင္းေစ်းကြက္အတြက္ သက္ေရာက္မႈျဖစ္ျပီး အေျပာင္းအေရႊ႔ဆိုင္ရာ လုပ္ငန္းစဥ္ေတြအတြက္ ဖီဖာအသိအမွတ္ျပဳ တရားဝင္ အျပီးသတ္ အတည္ျပဳမႈကိုေတာ့ ဇြန္လ 9 ရက္ေန႔မွ စတင္ႏုိင္မွာပါ။

ဒီေနရာမွာ ျဗိတိန္ျပည္ပ လိဂ္ေတြရဲ႕ အေျပာင္းအေရႊ႔ ဖြင့္ခ်ိန္ေတြနဲ႔ ပိတ္ခ်ိန္ေတြကေတာ့ တူညီမွာ မဟုတ္ပါဘူး။

အျခားေသာ လိဂ္ေတြရဲ႕ အေျပာင္းအေရႊ႔ ဖြင့္လွစ္ခ်ိန္

ျပင္သစ္မွာေတာ့ ဇြန္လ 11 ရက္ေန႔မွ အေျပာင္းအေရႊ႔ ဖြင့္ပါမယ္။ ဂ်ာမနီမွာ ဇြန္လိုင္လ 1 ရက္ေန႔ျဖစ္ျပီး စပိန္မွာေတာ့ ဇြန္လိုင္လ 2 ရက္ေန႔ ျဖစ္ပါတယ္။

အီတလီမွာေတာ့ အေျပာင္းအေရႊ႔ဟာ ၾသဂုတ္လ 18 ရက္ေန႔မွာ ပိတ္သိမ္းျပီး ျပင္သစ္၊ စပိန္နဲ႔ ဂ်ာမနီတို႔ကေတာ့ ၾသဂုတ္လ 31 ရက္ေန႔မွာ ပိတ္သိမ္းမွာ ျဖစ္ပါတယ္။

အဂၤလန္ျပည္တြင္းကလပ္ေတြကေကာ

အဂၤလန္ ခ်န္ပီယံရွစ္ အေျပာင္းအေရႊ႔က ပရီးမီးယားလိဂ္နဲ႔ ပိတ္သိမ္းမႈ တူညီပါတယ္။ ဒါေပမယ့္လို႔ လိဂ္ဝမ္းနဲ႔ လိဂ္တူးျပိဳင္ပြဲေတြကေတာ့ ၾသဂုတ္လ 31 ရက္ေန႔ထိ လုပ္ခြင့္ရမွာျဖစ္ပါတယ္။

အဂၤလန္ျပည္တြင္း အေျပာင္းအေရႊ႔ေစ်းကြက္က ေမလ 6 ရက္ေန႔ကတည္းက စဖြင့္ထားခဲ့ပါျပီ။ ကလပ္ေတြက ျပည္တြင္း ကစားသမားေခၚယူမႈေတြ စတင္ႏုိင္ျပီျဖစ္တယ္။ ဒါေပမယ့္လို႔ လာမယ့္ရာသီ စတင္မွပဲ အသင္းေျပာင္းျပီး ကစားခြင့္ရပါမယ္။

အငွားကစားသမားေတြကေကာ

ခ်န္ပီယံရွစ္ကလပ္ေတြက ၾသဂုတ္လ 8 ရက္ေန႔အထိပဲ ကစားသမား အငွားေခၚခြင့္ရပါမယ္။ ဒါေပမယ့္ လိဂ္ဝမ္းနဲ႔ လိဂ္တူးကလပ္ေတြကေတာ့ ၾသဂုတ္လ အကုန္ထိ အငွားေခၚခြင့္ရွိပါမယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ လူငယ္ပိုင္း အငွားခ်မႈေတြကေတာ့ ဆက္ရွိႏုိင္ပါတယ္။

အေျပာင္းအေရႊ႔ ေနာက္ဆံုးသတင္းေတြကို ဘယ္လို သိႏုိင္မလဲ

က်ေန္ာတို႔ Sports Home Time သတင္းေပ့ကေနျပီး မနက္ခင္းသတင္းနဲ႔ ညေနခင္းဆိုင္ရာ အေျပာင္းအေရႊ႔သတင္းေတြကို ဆက္လက္ျပီး ေန႔စဥ္ ေဖာ္ျပေပးမွာျဖစ္ပါတယ္။ အခ်ိန္နဲ႔ တေျပးညီ ျဖစ္ေပၚလာတဲ့ ပရီးမီးယားလိဂ္ဆိုင္ရာ အေျပာင္းအေရႊ႔ သတင္းထူးေတြကိုလည္း ဆက္တိုက္ ေဖာ္ျပေပးမွာျဖစ္လုိ႔ ေပ့ကို See first လုပ္ျခင္းျဖင့္လည္းေကာင္း Facebook မွာ Sports Home Time ကို ရွာေဖြ႔၍ လည္းေကာင္း ဖတ္ရႈႏုိင္ပါတယ္။

Sports Home Time

[Unicode] 2019-2020 ဘောလုံးရာသီအတွက် နွေအပြောင်းအရွှေ့ ဈေးကွက်တွေဟာ လာမယ့် သီတင်းပတ်တွေမှာ စတင်ကာ ဖွင့်လှစ်သွားတော့မှာပါ။ အပြောင်းအရွှေ့ဆိုင်ရာ သိသားသင့်တဲ့ အချက်အလက်တွေ၊ ဖွင့်မယ့်ရက်၊ ပိတ်မယ့်ရက်တွေနဲ့ အခြားသော သိထားသင့်တဲ့ ကိစ္စတွေကို စုစည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ဖွင့်ချိန်နဲ့ ပိတ်ချိန်

ပရီးမီးယားလိဂ် နွေအပြောင်းအရွှေ့ ဈေးကွက်ကိုတော့ အင်္ဂလန်စံတော်ချိန် မေလ 16 ရက်နေ့ ကြာသပတေးနေ့ မနက်ကူးကူးချင်းမှာ စတင်မှာပါ။ မြန်မာစံတော်ချိန်ဆိုရင် မနက် 5း30 မှာ တရားဝင် စဖွင့်ပါပြီ။

နွေအပြောင်းအရွှေ့ ဈေးကွက်ကိုတော့ ပရီးမီးယားလိဂ် ပထမဆုံးပွဲ မစတင်ခင် သြဂုတ်လ 8 ရက် ကြာသပတေးနေ့ ညနေခင်း 5 နာရီမှာ ပိတ်သိမ်းပါမယ်။ မြန်မာစံတော်ချိန်အားဖြင့် နေ့လည် 11း30 ဖြစ်ပါတယ်။

ကလပ်တွေက မေလ 16 ရက်နေ့မှာ လူသစ် စတင်ခေါ်နိုင်မလား

ဟုတ်ပါတယ်။ သဘောတူညီမှုတွေကို မေလ 16 ရက်နေ့မှာ အတည်ပြုသတင်းတွေ ထုတ်နိုင်ပါပြီ။ ဒါပေမယ့်လို့ အပြီးသတ် (ဥပမာ-စာချုပ်နဲ့ ဂျာစီကိုင်ခြင်း) တွေကိုတော့ ဈေးကွက် တရားဝင်ဖွင့်ချိန်မှာမှ စတင်နိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတဲ့ အဓိပ္ပာယ်က အပြောင်းအရွှေ့တွေဟာ မေလ 16 ရက်နေ့မှာ စတင်ကာ ဖွင့်ပါမယ်။ အဲ့တာက ဗြိတိန်ပြည်တွင်းဈေးကွက်အတွက် သက်ရောက်မှုဖြစ်ပြီး အပြောင်းအရွှေ့ဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် ဖီဖာအသိအမှတ်ပြု တရားဝင် အပြီးသတ် အတည်ပြုမှုကိုတော့ ဇွန်လ 9 ရက်နေ့မှ စတင်နိုင်မှာပါ။

ဒီနေရာမှာ ဗြိတိန်ပြည်ပ လိဂ်တွေရဲ့ အပြောင်းအရွှေ့ ဖွင့်ချိန်တွေနဲ့ ပိတ်ချိန်တွေကတော့ တူညီမှာ မဟုတ်ပါဘူး။

အခြားသော လိဂ်တွေရဲ့ အပြောင်းအရွှေ့ ဖွင့်လှစ်ချိန်

ပြင်သစ်မှာတော့ ဇွန်လ 11 ရက်နေ့မှ အပြောင်းအရွှေ့ ဖွင့်ပါမယ်။ ဂျာမနီမှာ ဇွန်လိုင်လ 1 ရက်နေ့ဖြစ်ပြီး စပိန်မှာတော့ ဇွန်လိုင်လ 2 ရက်နေ့ ဖြစ်ပါတယ်။

အီတလီမှာတော့ အပြောင်းအရွှေ့ဟာ သြဂုတ်လ 18 ရက်နေ့မှာ ပိတ်သိမ်းပြီး ပြင်သစ်၊ စပိန်နဲ့ ဂျာမနီတို့ကတော့ သြဂုတ်လ 31 ရက်နေ့မှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

အင်္ဂလန်ပြည်တွင်းကလပ်တွေကကော

အင်္ဂလန် ချန်ပီယံရှစ် အပြောင်းအရွှေ့က ပရီးမီးယားလိဂ်နဲ့ ပိတ်သိမ်းမှု တူညီပါတယ်။ ဒါပေမယ့်လို့ လိဂ်ဝမ်းနဲ့ လိဂ်တူးပြိုင်ပွဲတွေကတော့ သြဂုတ်လ 31 ရက်နေ့ထိ လုပ်ခွင့်ရမှာဖြစ်ပါတယ်။

အင်္ဂလန်ပြည်တွင်း အပြောင်းအရွှေ့ဈေးကွက်က မေလ 6 ရက်နေ့ကတည်းက စဖွင့်ထားခဲ့ပါပြီ။ ကလပ်တွေက ပြည်တွင်း ကစားသမားခေါ်ယူမှုတွေ စတင်နိုင်ပြီဖြစ်တယ်။ ဒါပေမယ့်လို့ လာမယ့်ရာသီ စတင်မှပဲ အသင်းပြောင်းပြီး ကစားခွင့်ရပါမယ်။

အငှားကစားသမားတွေကကော

ချန်ပီယံရှစ်ကလပ်တွေက သြဂုတ်လ 8 ရက်နေ့အထိပဲ ကစားသမား အငှားခေါ်ခွင့်ရပါမယ်။ ဒါပေမယ့် လိဂ်ဝမ်းနဲ့ လိဂ်တူးကလပ်တွေကတော့ သြဂုတ်လ အကုန်ထိ အငှားခေါ်ခွင့်ရှိပါမယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ လူငယ်ပိုင်း အငှားချမှုတွေကတော့ ဆက်ရှိနိုင်ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးသတင်းတွေကို ဘယ်လို သိနိုင်မလဲ

ကျနေ်ာတို့ Sports Home Time သတင်းပေ့ကနေပြီး မနက်ခင်းသတင်းနဲ့ ညနေခင်းဆိုင်ရာ အပြောင်းအရွှေ့သတင်းတွေကို ဆက်လက်ပြီး နေ့စဉ် ဖော်ပြပေးမှာဖြစ်ပါတယ်။ အချိန်နဲ့ တပြေးညီ ဖြစ်ပေါ်လာတဲ့ ပရီးမီးယားလိဂ်ဆိုင်ရာ အပြောင်းအရွှေ့ သတင်းထူးတွေကိုလည်း ဆက်တိုက် ဖော်ပြပေးမှာဖြစ်လို့ ပေ့ကို See first လုပ်ခြင်းဖြင့်လည်းကောင်း Facebook မှာ Sports Home Time ကို ရှာဖွေ့၍လည်းကောင်း ဖတ်ရှုနိုင်ပါတယ်။

Sports Home Time