BREAKING: ပရီးမီးယားလိဂ္မန္ေနဂ်ာတစ္ဦး ရာထူးကေန ထုတ္ပယ္ခံလိုက္ရပါျပီ။

ပရီးမီးယားလိဂ္ကလပ္ ဘရိုက္တန္အသင္းမန္ေနဂ်ာ ခရစ္ ဟက္တန္ဟာ ကလပ္ကို ကိုင္တြယ္ျပီး ေလးႏွစ္ခြဲအၾကာမွာပဲ ရာထူးကေန တရားဝင္ ထုတ္ပယ္ခံလိုက္ရျပီျဖစ္ပါတယ္။

အသက္ 60 အရြယ္ မန္ေနဂ်ာဟာ ပရီးမီးယားလိဂ္မွာ ဘရိုက္တန္ကို တန္းမဆင္းရေအာင္ ၾကိဳးစားေပးႏုိင္ခဲ့တယ္။ ဒါေပမယ့္ 2019 ခုႏွစ္အတြင္း ကစားခဲ့တဲ့ 18 ပြဲမွာ ရမွတ္ 11 မွတ္ပဲ ရခဲ့သလို ကလပ္အသင္းက တန္းဆင္းဇံုကေန 2 မွတ္အကြာမွာပဲ ရပ္တည္ႏုိင္ခဲ့တာျဖစ္တယ္။ ေဘာလံုးရာသီ ပိတ္သိမ္းျပီး တစ္ရက္အၾကာ ဒီကေန႔မွာေတာ့ ဟက္တန္ကို ရာထူးက ထုတ္ပယ္ေၾကာင္း ဘရိုက္တန္ဘက္က ေၾကညာခဲ့ပါျပီ။

ဘရိုက္တန္အသင္းကေန ဟက္တန္နည္းတူ လက္ေထာက္မန္ေနဂ်ာ Paul Trollope နဲ႔ ပထမအသင္း နည္းျပျဖစ္သူ Paul Nevin တို႔လည္း ထြက္ခြာသြားမွာ ျဖစ္ပါတယ္။

ဘရိုက္တန္ ဥကၠဌကေတာ့ ” ခရစ္ဟာ မယံုႏုိင္ေလာက္တဲ့ ကလပ္အသင္းကို လုပ္ခဲ့ျပီး ပထမရာသီမွာတင္ ကလပ္အသင္းကို play-offs ေတြ ကစားရေစတယ္။ ပရီးမီးယားလိဂ္ကို တန္းတက္လာေစခဲ့ျပီး ႏွစ္ရာသီၾကာ က်င္လယ္ေအာင္ လုပ္ေပးႏုိင္ခဲ့ပါတယ္။

သူ႔ကို ရာထူးကေန ထုတ္ပယ္လိုက္တာက ဘရိုက္တန္အသင္း ဥကၠဌအျဖစ္ က်ေန္ာ တာဝန္ယူခဲ့သမွ်မွာ အခက္ခဲဆံုး ဆံုးျဖတ္ခ်က္ကို လုပ္ခဲ့ရတာပါ။ ဒါေပမယ့္လို႔ ဒုတိယရာသီဝက္အတြင္း က်ေန္ာတုိ႔ ဆက္တိုက္ ရုန္းကန္ခဲ့ရမႈေတြအရ သူ႔ကို ရာထူးကေန ထုတ္ပယ္ခဲ့ရတာျဖစ္တယ္။ ခရစ္ဟာ ကလပ္အသင္းရဲ႕ ေလးစားခံ မန္ေနဂ်ာေတြထဲက တစ္ဦးျဖစ္ျပီး သူနဲ႔တကြ လက္ထာက္မန္ေနဂ်ာ၊ ပထမအသင္း နည္းျပတို႔ကို ကံေကာင္းပါေစ စုေတာင္းေပးပါတယ္။

ကလပ္အသင္းမွာ ရွိခဲ့က်တဲ့ အခ်ိန္ေတြမွာ အမ်ားၾကီး ၾကိဳးစားေပးခဲ့ၾကတဲ့ သူတိုေတြ အနာဂတ္မွာ ေအာင္ျမင္ၾကပါေစေၾကာင္းနဲ႔ ကလပ္အသင္းက လူတိုင္းက အျမဲတမ္း ေက်းဇူးတင္ပါေၾကာင္း၊ အျမဲတမ္းလည္း အမွတ္ရေနကာ ၾကိဳဆိုေနမယ္ဆိုတဲ့အေၾကာင္း ေျပာလိုပါတယ္ ” လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းမန်နေဂျာ ခရစ် ဟက်တန်ဟာ ကလပ်ကို ကိုင်တွယ်ပြီး လေးနှစ်ခွဲအကြာမှာပဲ ရာထူးကနေ တရားဝင် ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။

အသက် 60 အရွယ် မန်နေဂျာဟာ ပရီးမီးယားလိဂ်မှာ ဘရိုက်တန်ကို တန်းမဆင်းရအောင် ကြိုးစားပေးနိုင်ခဲ့တယ်။ ဒါပေမယ့် 2019 ခုနှစ်အတွင်း ကစားခဲ့တဲ့ 18 ပွဲမှာ ရမှတ် 11 မှတ်ပဲ ရခဲ့သလို ကလပ်အသင်းက တန်းဆင်းဇုံကနေ 2 မှတ်အကွာမှာပဲ ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ ဘောလုံးရာသီ ပိတ်သိမ်းပြီး တစ်ရက်အကြာ ဒီကနေ့မှာတော့ ဟက်တန်ကို ရာထူးက ထုတ်ပယ်ကြောင်း ဘရိုက်တန်ဘက်က ကြေညာခဲ့ပါပြီ။

ဘရိုက်တန်အသင်းကနေ ဟက်တန်နည်းတူ လက်ထောက်မန်နေဂျာ Paul Trollope နဲ့ ပထမအသင်း နည်းပြဖြစ်သူ Paul Nevin တို့လည်း ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ဘရိုက်တန် ဥက္ကဌကတော့ ” ခရစ်ဟာ မယုံနိုင်လောက်တဲ့ ကလပ်အသင်းကို လုပ်ခဲ့ပြီး ပထမရာသီမှာတင် ကလပ်အသင်းကို play-offs တွေ ကစားရစေတယ်။ ပရီးမီးယားလိဂ်ကို တန်းတက်လာစေခဲ့ပြီး နှစ်ရာသီကြာ ကျင်လယ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

သူ့ကို ရာထူးကနေ ထုတ်ပယ်လိုက်တာက ဘရိုက်တန်အသင်း ဥက္ကဌအဖြစ် ကျနေ်ာ တာဝန်ယူခဲ့သမျှမှာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ကို လုပ်ခဲ့ရတာပါ။ ဒါပေမယ့်လို့ ဒုတိယရာသီဝက်အတွင်း ကျနေ်ာတို့ ဆက်တိုက် ရုန်းကန်ခဲ့ရမှုတွေအရ သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့ရတာဖြစ်တယ်။ ခရစ်ဟာ ကလပ်အသင်းရဲ့ လေးစားခံ မန်နေဂျာတွေထဲက တစ်ဦးဖြစ်ပြီး သူနဲ့တကွ လက်ထာက်မန်နေဂျာ၊ ပထမအသင်း နည်းပြတို့ကို ကံကောင်းပါစေ စုတောင်းပေးပါတယ်။

ကလပ်အသင်းမှာ ရှိခဲ့ကျတဲ့ အချိန်တွေမှာ အများကြီး ကြိုးစားပေးခဲ့ကြတဲ့ သူတိုတွေ အနာဂတ်မှာ အောင်မြင်ကြပါစေကြောင်းနဲ့ ကလပ်အသင်းက လူတိုင်းက အမြဲတမ်း ကျေးဇူးတင်ပါကြောင်း၊ အမြဲတမ်းလည်း အမှတ်ရနေကာ ကြိုဆိုနေမယ်ဆိုတဲ့အကြောင်း ပြောလိုပါတယ် ” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Sports Home Time