ယူႏုိက္တက္ရဲ႕ ရံွဴးပြဲကို ဘာလို႔ ဝမ္းသာသလဲဆိုတဲ့ အေၾကာင္းရင္းကို ဆိုးရွား ေျပာ

မန္ခ်က္စတာယူႏိုက္တက္ နည္းျပ အိုလီဂန္နာဆိုး႐ွားက ရာသီသိမ္း ေနာက္ဆံုးပြဲအျဖစ္ ကာဒစ္ကို အိမ္ကြင္းမွာ ႐ွံဴးနိမ့္ခဲ့ၿပီး ရာသီကုန္ခဲ့လို႔ ဝမ္းေျမာက္ေၾကာင္း ဝန္ခံခဲ့ပါတယ္။

ဒီဇင္ဘာ ယာယီနည္းျပ အျဖစ္ ဆိုး႐ွား တာဝန္ယူၿပီးေနာက္ ယူႏိုက္တက္ဟာ ျပန္ ထူေထာင္လာၿပီး ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ေရာက္သလို ပရီးမီးယားလိဂ္ ထိပ္ဆံုးေလးသင္းထဲလဲ ဝင္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ဆိုးဝါးတဲ့ပံုစံေတြနဲ႔ အိုးလ္ထရက္ဖို႔ဒ္ ကလပ္ဟာ ၿပိဳင္ပြဲစံု 6 ပြဲလံုး အႏိုင္မရခဲ့ပဲ ပရီးမီးယားလိဂ္ အဆင့္ 6 အျဖစ္ ရာသီသိမ္းခဲ့ပါတယ္။

ဟိုေဆးေမာ္ရင္ညိဳ ေနရာမွာ ယာယီအေနနဲ႔ စတင္တာဝန္ယူခဲ့ၿပီး ေကာင္းမြန္တဲ့ စတင္ႏိူင္မႈေၾကာင့္ မတ္လမွာ အျမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရတဲ့ ဆိုး႐ွားဟာ ရာသီကုန္ ရလဒ္ကို သေဘာက်ေနခဲ့တယ္လို႔ ႐ိုး႐ိုးသားသား ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ ဆိုးဝါးခဲ့ပါတယ္။ ရာသီကုန္အထိ က်ေနာ္တို႔မွာ အတားအဆီးေတြ အနည္းနဲ႔အမ်ား ၾကံဳခဲ့ရတယ္။ ဒါက စိတ္ပ်က္စရာေကာင္းပါတယ္။ ဒါေပမယ့္ ေတာ္ေတာ္ေကာင္းတာက ရာသီကုန္သြားၿပီ။ ဒါကို တခန္းရပ္လိုက္ၿပီး ေနာက္ထပ္ ေ႐ွ႕ဆက္သြားႏိုင္တယ္။ က်ေနာ္တို႔ လိုခ်င္တဲ့ေနရာနဲ႔ အရမ္းေဝးတဲ့ေနရာမွာ ေရာက္ေနတယ္ဆိုတာ က်ေနာ္တို႔ သိပါတယ္။

ကစားသမားေတြဟာ ခက္ခဲတဲ့ ကာလကို ျဖတ္ေက်ာ္ခဲ့ရတယ္။ သူတို႔ဟာ ကစားသမားေကာင္းေတြပါ။ ဒါေပမယ့္ ရာသီကုန္အထိ သူတို႔ဟာ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာေရာ ပင္ပန္းေနခဲ့တယ္။ ပံုမွန္ဆို ကြင္းထဲမွာ ယံုၾကည္မႈအခ်ိဳ႕႐ွိရင္ အဲ့ပြဲကို ႏုိင္တယ္။ ယံုၾကည္မႈ အ႐ွိဆံုးေကာင္ေလးက အသက္ 17 ႏွစ္အရြယ္ ေမဆန္ ဂရင္းဝုဒ္ပါ။ သူ႔ကိုၾကည့္ရတာ တကယ္ေပ်ာ္စရာေကာင္းပါတယ္။

သူက ပရိသတ္ေတြ ၊ က်ေနာ္နဲ႔ ကစားသမားေတြကုိ စိတ္ဓာတ္လွံု႔ေဆာ္မႈ ေပးခဲ့တယ္။ သူနဲ႔ စေကာ့မက္ေတာ္မီေနးတို႔ ႏွစ္ေယာက္သာ ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ” လို႔ ရာသီကုန္ ေနာက္ဆံုးေန႔မွာ တန္းဆင္းဇုန္က ကာဒစ္ဖ္ကို 2-0 နဲ႔ ႐ွံုးနိမ့္ခဲ့ၿပီးေနာက္ ဆိုး႐ွားက ေျပာခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ဖလားစိန္ေခၚဖို႔က ေနာက္ရာသီမွာ မျဖစ္ႏိူင္ဘူးလို႔ ဆိုး႐ွားက ေျပာဆိူခဲ့ေပမယ့္ ယူႏိုက္တက္အတြက္ ဖလားတစ္လံုး ရယူေပးဖို႔ သူ အလို႐ွိေနဆဲပါ။

” ဟိုေဆးနဲ႔ ဒီထဲက ကစားသမားေတြ အမ်ားစုနဲ႔အတူ ယူ႐ိုပါလိဂ္မွာ က်ေနာ္တို႔ ေနာက္ဆံုး႐ွိခဲ့တဲ့ အခ်ိန္တုန္းက က်ေနာ္တို႔ ဖလားေအာင္ျမင္ခဲ့တယ္။ အက္ဖ္ေအဖလားနဲ႔ ခါရာေဘာင္းဖလားဟာ က်ေနာ္တို႔ အေနနဲ႕ ေအာင္ျမင္ဖို႔ ရည္ရြယ္ၿပီး လာမယ့္ရာသီကို စတင္ရမယ့္ ဆုဖလားေတြျဖစ္ပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးရှားက ရာသီသိမ်း နောက်ဆုံးပွဲအဖြစ် ကာဒစ်ကို အိမ်ကွင်းမှာ ရှူံးနိမ့်ခဲ့ပြီး ရာသီကုန်ခဲ့လို့ ဝမ်းမြောက်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဒီဇင်ဘာ ယာယီနည်းပြ အဖြစ် ဆိုးရှား တာဝန်ယူပြီးနောက် ယူနိုက်တက်ဟာ ပြန် ထူထောင်လာပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ရောက်သလို ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းထဲလဲ ဝင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဆိုးဝါးတဲ့ပုံစံတွေနဲ့ အိုးလ်ထရက်ဖို့ဒ် ကလပ်ဟာ ပြိုင်ပွဲစုံ 6 ပွဲလုံး အနိုင်မရခဲ့ပဲ ပရီးမီးယားလိဂ် အဆင့် 6 အဖြစ် ရာသီသိမ်းခဲ့ပါတယ်။

ဟိုဆေးမော်ရင်ညို နေရာမှာ ယာယီအနေနဲ့ စတင်တာဝန်ယူခဲ့ပြီး ကောင်းမွန်တဲ့ စတင်နိူင်မှုကြောင့် မတ်လမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဆိုးရှားဟာ ရာသီကုန် ရလဒ်ကို သဘောကျနေခဲ့တယ်လို့ ရိုးရိုးသားသား ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ ဆိုးဝါးခဲ့ပါတယ်။ ရာသီကုန်အထိ ကျနော်တို့မှာ အတားအဆီးတွေ အနည်းနဲ့အများ ကြုံခဲ့ရတယ်။ ဒါက စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့် တော်တော်ကောင်းတာက ရာသီကုန်သွားပြီ။ ဒါကို တခန်းရပ်လိုက်ပြီး နောက်ထပ် ရှေ့ဆက်သွားနိုင်တယ်။ ကျနော်တို့ လိုချင်တဲ့နေရာနဲ့ အရမ်းဝေးတဲ့နေရာမှာ ရောက်နေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။

ကစားသမားတွေဟာ ခက်ခဲတဲ့ ကာလကို ဖြတ်ကျော်ခဲ့ရတယ်။ သူတို့ဟာ ကစားသမားကောင်းတွေပါ။ ဒါပေမယ့် ရာသီကုန်အထိ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ပင်ပန်းနေခဲ့တယ်။ ပုံမှန်ဆို ကွင်းထဲမှာ ယုံကြည်မှုအချို့ရှိရင် အဲ့ပွဲကို နိုင်တယ်။ ယုံကြည်မှု အရှိဆုံးကောင်လေးက အသက် 17 နှစ်အရွယ် မေဆန် ဂရင်းဝုဒ်ပါ။ သူ့ကိုကြည့်ရတာ တကယ်ပျော်စရာကောင်းပါတယ်။

သူက ပရိသတ်တွေ ၊ ကျနော်နဲ့ ကစားသမားတွေကို စိတ်ဓာတ်လှုံ့ဆော်မှု ပေးခဲ့တယ်။ သူနဲ့ စကော့မက်တော်မီနေးတို့ နှစ်ယောက်သာ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ” လို့ ရာသီကုန် နောက်ဆုံးနေ့မှာ တန်းဆင်းဇုန်က ကာဒစ်ဖ်ကို 2-0 နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးရှားက ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဖလားစိန်ခေါ်ဖို့က နောက်ရာသီမှာ မဖြစ်နိူင်ဘူးလို့ ဆိုးရှားက ပြောဆိူခဲ့ပေမယ့် ယူနိုက်တက်အတွက် ဖလားတစ်လုံး ရယူပေးဖို့ သူ အလိုရှိနေဆဲပါ။

” ဟိုဆေးနဲ့ ဒီထဲက ကစားသမားတွေ အများစုနဲ့အတူ ယူရိုပါလိဂ်မှာ ကျနော်တို့ နောက်ဆုံးရှိခဲ့တဲ့ အချိန်တုန်းက ကျနော်တို့ ဖလားအောင်မြင်ခဲ့တယ်။ အက်ဖ်အေဖလားနဲ့ ခါရာဘောင်းဖလားဟာ ကျနော်တို့ အနေနဲ့ အောင်မြင်ဖို့ ရည်ရွယ်ပြီး လာမယ့်ရာသီကို စတင်ရမယ့် ဆုဖလားတွေဖြစ်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

Sports Home Time