မန္စီးတီးနဲ႔ လီဗာပူးကို ဂုဏ္ျပဳျပီး ယူႏုိက္တက္နဲ႔ အဲဗာတန္ကို တပါတည္း ကာေရဂါ ေလွာင္

ပရီးမီးယားလိဂ္ ေဘာလံုးရာသီ ျပီးဆံုးခဲ့ျပီျဖစ္ျပီး ဒီရာသီ အမွတ္ေပးခ်န္ပီယံဘြဲ႔ကို မန္စီးတီးက ဆက္လက္ ထိန္းသိမ္းသြားပါတယ္။ မန္စီးတီးနဲ႔ လီဗာပူးတို႔ဟာ တစ္ရာသီလံုး အက်ိတ္အနယ္ ယွဥ္ျပိဳင္လာရတာျဖစ္ျပီး တကယ္ကို ခမ္းနားတဲ့ ျပိဳင္ဘက္ေကာင္းေတြ ျဖစ္ေပးခဲ့ၾကတာျဖစ္တယ္။

ပရိသတ္ေတြၾကားမွာ ေကာင္းမြန္တဲ့ ေလးစားမႈ၊ ဒါဘီျပိဳင္ဘက္ေတြရဲ႕ ျပိဳင္ဘက္ပီသ ေလွာင္ေျပာင္မႈေတြနဲ႔အတူ အသင္းေတြ၊ ကစားသမားေတြၾကားက အားကစားစိတ္ဓါတ္ျပည့္ဝတဲ့ ေလွာင္ေျပာင္မႈေတြကို ေဖာ္ျပလိုက္ပါတယ္။

အဲဗာတန္ပရိသတ္ေတြက လီဗာပူးဖန္းေတြကို ေလွာင္ေျပာင္ခဲ့တဲ့အျပင္ အိမ္ကြင္းေနာက္ဆံုးပြဲမွာ မင္းတို႔က စပါးကိုလည္း ရံွဴးခဲ့ရင္ဆိုရင္ျပီး သီခ်င္းလုပ္ကာ သီဆိုခဲ့ၾကတယ္။ ၄င္းတို႔ရဲ႕ တရားဝင္ တြစ္တာအေကာင့္ကေနေတာ့ ” အမွတ္ေပးခ်န္ပီယံဆုကို ကာကြယ္ႏိုင္ခဲ့တာအတြက္ ခ်ီက်ဴးပါတယ္ မန္စီးတီး ” လို႔ တရားဝင္ ေဖာ္ျပသြားပါတယ္။

တစ္ျပိဳင္နက္မွာပဲ ဆန္းဒါးလန္းတြစ္တာအေကာင့္ကေတာ့ ” အဂၤလန္အမွတ္ေပး ခ်န္ပီယံဘြဲ႔ကို ငါတုိ႔လိုပဲ ၆ ၾကိမ္ရတဲ့အတြက္ ဂုဏ္ယူပါတယ္။ ၇ ၾကိမ္ကေတာ့ စျပီး ၾကိဳးစားေပါ့ ” လို႔ အရႊင္ေဖာက္ခဲ့တာပါ။

ကာေရဂါကေတာ့ ” ထိုက္တန္တဲ့ ပရီးမီးယားလိဂ္ ဆုဖလားအတြက္ မန္စီးတီးကို ဂုဏ္ယယူေၾကာင္း ေျပာလိုပါတယ္။ လီဗာပူးကလည္း အေကာင္းဆံုး ဖိအားေပးႏုိင္ခဲ့တယ္။ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလား အႏုိင္ယူဖို႔ တစ္ပြဲအကြာကို ေရာက္ေနတယ္ဆိုတာကို မေမ့လိုက္ပါနဲ႔။ မန္ယူႏုိက္တက္ကေတာ့ ကာဒစ္ကိုေတာင္ မႏိုင္ေတာ့ဘူး။ အဲဗာတန္ကလည္း အရင္လို ညံ့ေနဆဲပဲ ” လို႔ တြစ္တာကေန ဆိုခဲ့တာပါ။

မန္စီးတီးကြင္းလယ္လူ ေဂၚဒိုဂမ္ကေတာ့ ျပိဳင္ဘက္အသင္းကို ေလးစားမႈျပခဲ့ျပီး ” လီဗာပူးကို အၾကီးၾကီး ေလးစားပါတယ္။ အရမ္းကိုထူးခၽြန္တဲ့ ေဘာလံုးရာသီနဲ႔အတူ အမွတ္ေပးဖလား အႏုိင္ရဖို႔လည္း ထိုက္တန္ခဲ့တယ္။ ေနာက္ဆံုးေန႔ထိေအာင္ အရမ္းကိုေကာင္းတဲ့ ျပိဳင္ဘက္ကို ရင္ဆိုင္ခဲ့ရတာပါ။ တကယ္ကို ခမ္းနားတဲ့ အမွတ္ေပး ျပိဳင္ဆုိင္မႈပါ ” လို႔ အားကစားစိတ္ဓါတ္ေကာင္းကို ျပသခဲ့တယ္။

လီဗာပူး လူငယ္ကစားသမား ထရန္႔ကလည္း ” ျပန္လည္အႏုိင္ရဖို႔က အရမ္းခက္ခဲတယ္။ ဒါေပမယ့္ က်ေန္ာတုိ႔ အစြမ္းကုန္ ၾကိဳးစားခဲ့ပါတယ္။ ဒီရာသီမွာ အံ့မခန္းတဲ့ အားေပးမႈေတြအတြက္ ေက်းဇူးတင္ပါတယ္။ မန္စီးတီးကိုလည္း ဂုဏ္ျပဳပရေစ။ မက္ဒရစ္ကို ဆက္သြားၾကတာေပါ့ ” လို႔ ဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ဒီရာသီ အမှတ်ပေးချန်ပီယံဘွဲ့ကို မန်စီးတီးက ဆက်လက် ထိန်းသိမ်းသွားပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ တစ်ရာသီလုံး အကျိတ်အနယ် ယှဉ်ပြိုင်လာရတာဖြစ်ပြီး တကယ်ကို ခမ်းနားတဲ့ ပြိုင်ဘက်ကောင်းတွေ ဖြစ်ပေးခဲ့ကြတာဖြစ်တယ်။

ပရိသတ်တွေကြားမှာ ကောင်းမွန်တဲ့ လေးစားမှု၊ ဒါဘီပြိုင်ဘက်တွေရဲ့ ပြိုင်ဘက်ပီသ လှောင်ပြောင်မှုတွေနဲ့အတူ အသင်းတွေ၊ ကစားသမားတွေကြားက အားကစားစိတ်ဓါတ်ပြည့်ဝတဲ့ လှောင်ပြောင်မှုတွေကို ဖော်ပြလိုက်ပါတယ်။

အဲဗာတန်ပရိသတ်တွေက လီဗာပူးဖန်းတွေကို လှောင်ပြောင်ခဲ့တဲ့အပြင် အိမ်ကွင်းနောက်ဆုံးပွဲမှာ မင်းတို့က စပါးကိုလည်း ရံှူးခဲ့ရင်ဆိုရင်ပြီး သီချင်းလုပ်ကာ သီဆိုခဲ့ကြတယ်။ ၎င်းတို့ရဲ့ တရားဝင် တွစ်တာအကောင့်ကနေတော့ ” အမှတ်ပေးချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တာအတွက် ချီကျူးပါတယ် မန်စီးတီး ” လို့ တရားဝင် ဖော်ပြသွားပါတယ်။

တစ်ပြိုင်နက်မှာပဲ ဆန်းဒါးလန်းတွစ်တာအကောင့်ကတော့ ” အင်္ဂလန်အမှတ်ပေး ချန်ပီယံဘွဲ့ကို ငါတို့လိုပဲ ၆ ကြိမ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ၇ ကြိမ်ကတော့ စပြီး ကြိုးစားပေါ့ ” လို့ အရွှင်ဖောက်ခဲ့တာပါ။

ကာရေဂါကတော့ ” ထိုက်တန်တဲ့ ပရီးမီးယားလိဂ် ဆုဖလားအတွက် မန်စီးတီးကို ဂုဏ်ယယူကြောင်း ပြောလိုပါတယ်။ လီဗာပူးကလည်း အကောင်းဆုံး ဖိအားပေးနိုင်ခဲ့တယ်။ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အနိုင်ယူဖို့ တစ်ပွဲအကွာကို ရောက်နေတယ်ဆိုတာကို မမေ့လိုက်ပါနဲ့။ မန်ယူနိုက်တက်ကတော့ ကာဒစ်ကိုတောင် မနိုင်တော့ဘူး။ အဲဗာတန်ကလည်း အရင်လို ညံ့နေဆဲပဲ ” လို့ တွစ်တာကနေ ဆိုခဲ့တာပါ။

မန်စီးတီးကွင်းလယ်လူ ဂေါ်ဒိုဂမ်ကတော့ ပြိုင်ဘက်အသင်းကို လေးစားမှုပြခဲ့ပြီး ” လီဗာပူးကို အကြီးကြီး လေးစားပါတယ်။ အရမ်းကိုထူးချွန်တဲ့ ဘောလုံးရာသီနဲ့အတူ အမှတ်ပေးဖလား အနိုင်ရဖို့လည်း ထိုက်တန်ခဲ့တယ်။ နောက်ဆုံးနေ့ထိအောင် အရမ်းကိုကောင်းတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရတာပါ။ တကယ်ကို ခမ်းနားတဲ့ အမှတ်ပေး ပြိုင်ဆိုင်မှုပါ ” လို့ အားကစားစိတ်ဓါတ်ကောင်းကို ပြသခဲ့တယ်။

လီဗာပူး လူငယ်ကစားသမား ထရန့်ကလည်း ” ပြန်လည်အနိုင်ရဖို့က အရမ်းခက်ခဲတယ်။ ဒါပေမယ့် ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒီရာသီမှာ အံ့မခန်းတဲ့ အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ မန်စီးတီးကိုလည်း ဂုဏ်ပြုပရစေ။ မက်ဒရစ်ကို ဆက်သွားကြတာပေါ့ ” လို့ ဆိုခဲ့ပါတယ်။

Sports Home Time