လီဗာပူးေကာင္းတာေတြ ထိုင္ေျပာရရင္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေန႔ ေရာက္သြားမယ္ ဆိုတဲ့ ကေလာ့ပ္

[Zawgyi] လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆံုးပြဲစဥ္ တနဂၤေႏြေန႔ညမွာ အဆင့္ ၇ ေနရာက ၀ုဗ္ကို မာေနးသြင္းဂိုး ၂ဂိုးနဲ႕ အနိုင္ယူျပီး လိုအပ္တဲ့ အနုိင္သံုးမွတ္ အျပည့္ ယူခဲ့ေပမယ့္ တဖက္မွာ မန္စီးတီးကလည္း ဘရိုက္တန္ကို အနုိင္ရသြားတာေၾကာင့္ တစ္မွတ္ အကြာနဲ႕ အမွတ္ေပးဖလားကို လက္လႊတ္ခဲ့ရပါတယ္။

လီဗာပူးအသင္း ပရီးမီးယားလိဂ္ ဗိုလ္မစြဲခဲ့ေပမယ့္ တိုက္စစ္မွဴး နွစ္ဦးျဖစ္တဲ့ ဆာလက္နဲ႕ မာေနးတို႔ ပူးတြဲ ေရႊဖိနပ္ဆု ရခဲ့တဲ့အျပင္ ဂိုးသမား အယ္လစ္ဆန္လည္း ပြဲဦးထြက္ ရာသီမွာတင္ clean sheet အမ်ားဆံုး ရခဲ့တာေၾကာင့္ ေရႊလက္အိတ္ဆု ရခဲ့ပါတယ္။ လီဗာပူးအသင္းဟာ ဒီရာသီ ရွံဳးပြဲ တစ္ပြဲသာ ရွိခဲ့ျပီး လိဂ္မွာ ရွံုးပြဲ အနည္းဆံုးလည္း ျဖစ္ခဲ့ပါတယ္။

၀ုဗ္နဲ႕ ပြဲျပီးအင္တာဗ်ဴးမွာ ယာဂင္ကေလာ့ပ္က လီဗာပူး ခ်န္ပီယံဆု လက္လႊတ္ရတဲ့အေပၚ သူ႔ အျမင္မ်ားကို ေျပာျပခဲ့ပါတယ္။

” ပထမဆံုးနဲ႕ ဦးဆံုး အရင္ေျပာခ်င္တာက မန္စီးတီးကို ကြန္ဂရက္က်ဴေလးရွင္းပါ.. ဂုဏ္ယူပါတယ္။ က်ေနာ္ ဒိအရင္ နွစ္ခါေလာက္ ေျပာခဲ့ေပမယ့္ ထုတ္လႊင့္သူေတြ လြတ္သြားမွာစိုးလို႔ ေသခ်ာထပ္ေျပာတာ ျဖစ္တယ္။ ဒါက အေရးၾကီးတယ္.. မန္စီးတီးဟာ မယံုနိုင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ ေဘာလံုးရာသီ ပိုင္ဆိုင္ခဲ့တယ္။ က်ေနာ္တုိ႔တည္း ေကာင္းခဲ့တယ္ ဒါေပမယ့္ သူတို႔ ခ်န္ပီယံ ျဖစ္ခဲ့တယ္။ ဒါေၾကာင့္ ဂုဏ္ျပဳစကားနဲ႕ ထိုက္တန္ပါတယ္။”

” က်ေနာ္တို႔ေဘာလံုးရာသီလည္း သိပ္ေကာင္းခဲ့တာပါ.. တကယ္ကို မယံုနုိင္ေလာက္ေအာင္ပဲ.. အခ်က္အလက္ေတြ က်ေနာ္ အကုန္ ဖတ္မိတယ္.. ကိန္းဂဏန္းေတြေရာ.. လံုး၀ ျခြင္းခ်က္မရွိနီးပါး ျပည့္စံုခဲ့တာပါ။ တကယ္လုိ႔ အေကာင္းဆံုး တိုးတက္လာမႈအတြက္ ဆုေတြ ဘာေတြ ေပးရင္ က်ေနာ့္ေကာင္ေလးေတြ ရမွာ။”

” ဒီအသင္းနဲ႕ ပတ္သတ္ျပီး ေကာင္းတဲ့အရာေတြ အကုန္ ထိုင္ေျပာေနရရင္ မက္ဒရစ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ မတိုင္ခင္ တစ္နာရီေလာက္ အလိုထိ ဒီ (သတင္းစာရွင္းလင္းပြဲ) ခန္းမထဲမွာ ရွိေနရလိမ့္မယ္။ ၉၇ မွတ္ဆိုတာ မယံုနုိင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ မွတ္တမ္းပါ။ ဒါေပမယ့္ စီးတီးက သာေနေသးျပီး က်ေနာ္တုိ႔ ေက်ာ္ျဖတ္ဖို႔ မလံုေလာက္ခဲ့လိုု႕ပဲ။”

” က်ေနာ္တို႔ ျပန္လာဦးမယ္ဆိုတာ လူတိုင္း သိမွာပါ..ရာနႈန္းျပည့္ပါပဲ.. ေလာေလာဆယ္မွာေတာ့ လူဆိုတာ တစ္စံုတစ္ခုကို လိုခ်င္မိရင္ စိတ္ပ်က္ေဒါသထြက္မႈဆိုတာလည္း ခံစားမိမွာပဲေလ။” လို႔ ယာဂင္ကေလာ့ပ္က ေျပာၾကားလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ကို လက္လႊတ္လိုက္ရျပီးေနာက္ ဒီရာသီ ေနာက္ဆံုးဖလား ေမွ်ာ္လင့္ခ်က္ အျဖစ္ စပါးနဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ဇြန္ ၁ ရက္ေန႔မွာ ယွဥ္ျပိဳင္ ကစားရဦးမွာပါ။

Sports Home Time

[Unicode] လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် တနင်္ဂနွေနေ့ညမှာ အဆင့် ၇ နေရာက ဝုဗ်ကို မာနေးသွင်းဂိုး ၂ဂိုးနဲ့ အနိုင်ယူပြီး လိုအပ်တဲ့ အနိုင်သုံးမှတ် အပြည့် ယူခဲ့ပေမယ့် တဖက်မှာ မန်စီးတီးကလည်း ဘရိုက်တန်ကို အနိုင်ရသွားတာကြောင့် တစ်မှတ် အကွာနဲ့ အမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရပါတယ်။

လီဗာပူးအသင်း ပရီးမီးယားလိဂ် ဗိုလ်မစွဲခဲ့ပေမယ့် တိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ ဆာလက်နဲ့ မာနေးတို့ ပူးတွဲ ရွှေဖိနပ်ဆု ရခဲ့တဲ့အပြင် ဂိုးသမား အယ်လစ်ဆန်လည်း ပွဲဦးထွက် ရာသီမှာတင် clean sheet အများဆုံး ရခဲ့တာကြောင့် ရွှေလက်အိတ်ဆု ရခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီ ရှုံးပွဲ တစ်ပွဲသာ ရှိခဲ့ပြီး လိဂ်မှာ ရှုံးပွဲ အနည်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဝုဗ်နဲ့ ပွဲပြီးအင်တာဗျူးမှာ ယာဂင်ကလော့ပ်က လီဗာပူး ချန်ပီယံဆု လက်လွှတ်ရတဲ့အပေါ် သူ့ အမြင်များကို ပြောပြခဲ့ပါတယ်။

” ပထမဆုံးနဲ့ ဦးဆုံး အရင်ပြောချင်တာက မန်စီးတီးကို ကွန်ဂရက်ကျူလေးရှင်းပါ.. ဂုဏ်ယူပါတယ်။ ကျနော် ဒိအရင် နှစ်ခါလောက် ပြောခဲ့ပေမယ့် ထုတ်လွှင့်သူတွေ လွတ်သွားမှာစိုးလို့ သေချာထပ်ပြောတာ ဖြစ်တယ်။ ဒါက အရေးကြီးတယ်.. မန်စီးတီးဟာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့တယ်။ ကျနော်တို့တည်း ကောင်းခဲ့တယ် ဒါပေမယ့် သူတို့ ချန်ပီယံ ဖြစ်ခဲ့တယ်။ ဒါကြောင့် ဂုဏ်ပြုစကားနဲ့ ထိုက်တန်ပါတယ်။”

” ကျနော်တို့ဘောလုံးရာသီလည်း သိပ်ကောင်းခဲ့တာပါ.. တကယ်ကို မယုံနိုင်လောက်အောင်ပဲ.. အချက်အလက်တွေ ကျနော် အကုန် ဖတ်မိတယ်.. ကိန်းဂဏန်းတွေရော.. လုံး၀ ခြွင်းချက်မရှိနီးပါး ပြည့်စုံခဲ့တာပါ။ တကယ်လို့ အကောင်းဆုံး တိုးတက်လာမှုအတွက် ဆုတွေ ဘာတွေ ပေးရင် ကျနော့်ကောင်လေးတွေ ရမှာ။”

” ဒီအသင်းနဲ့ ပတ်သတ်ပြီး ကောင်းတဲ့အရာတွေ အကုန် ထိုင်ပြောနေရရင် မက်ဒရစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် တစ်နာရီလောက် အလိုထိ ဒီ (သတင်းစာရှင်းလင်းပွဲ) ခန်းမထဲမှာ ရှိနေရလိမ့်မယ်။ ၉၇ မှတ်ဆိုတာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ မှတ်တမ်းပါ။ ဒါပေမယ့် စီးတီးက သာနေသေးပြီး ကျနော်တို့ ကျော်ဖြတ်ဖို့ မလုံလောက်ခဲ့လို့ပဲ။”

” ကျနော်တို့ ပြန်လာဦးမယ်ဆိုတာ လူတိုင်း သိမှာပါ..ရာနှုန်းပြည့်ပါပဲ.. လောလောဆယ်မှာတော့ လူဆိုတာ တစ်စုံတစ်ခုကို လိုချင်မိရင် စိတ်ပျက်ဒေါသထွက်မှုဆိုတာလည်း ခံစားမိမှာပဲလေ။” လို့ ယာဂင်ကလော့ပ်က ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကို လက်လွှတ်လိုက်ရပြီးနောက် ဒီရာသီ နောက်ဆုံးဖလား မျှော်လင့်ချက် အဖြစ် စပါးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဇွန် ၁ ရက်နေ့မှာ ယှဉ်ပြိုင် ကစားရဦးမှာပါ။

Sports Home Time