လီဗာပူး မ႐ွိရင္ ဒီလို ေအာင္ျမင္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတဲ့ ဂြာဒီယိုလာ

[Zawgyi] မန္စီးတီးဟာ ဘ႐ိုက္တန္ကို ျပတ္သားတဲ့ရလဒ္နဲ႔ အႏိူင္ရကာ 14ပြဲဆက္ ႏိုင္ပြဲရ႐ွိခဲ့ၿပီး ၂၀၀၉ ေနာက္ပိုင္း ပထမဆံုးအႀကိမ္ ဖလားထိန္းသိမ္းႏိူင္တဲ့ အသင္းအျဖစ္ ၉၈ မွတ္နဲ႔ ရာသီသိမ္းခဲ့ပါတယ္။

လီဗာပူးဟာ စီးတီးေနာက္မွာ တစ္မွတ္အကြာနဲ႔ ရာသီသိမ္းခဲ့ရတာေၾကာင့္ ၂၉ ႏွစ္အတြင္း ပထမဆံုးအႀကိမ္ ဖလားရယူႏိုင္ဖို႔ သူတို႔ရဲ႕ႀကိဳးပမ္းမႈ အတြက္ မခ်ိတင္ကဲျဖစ္စရာ ေကာင္းလွပါတယ္။ဒါေပမယ့္ ဂြာဒီယိုလာကေတာ့ သူ႔နည္းျပဘဝမွာ အခက္ခဲဆံုး ဖလားၿပိဳင္ဆိုင္မႈ ၿပီးဆံုးသြားၿပီးတဲ့ေနာက္ ႀကိဳးၾကာနီတို႔ရဲ႕ မရပ္မနား ဖိအားေပး စိန္ေခၚႏိူင္မႈကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။

“ပထမဆံုးအေနနဲ႔ လီဗာပူးကို ဂုဏ္ျပဳစကားေျပာရပါမယ္။ သူတို႔ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ သူတို႔က က်ေနာ္တို႔ကို တြန္းအားေပးၿပီး က်ေနာ္တို႔ရဲ႕ မႏွစ္က အဆင့္အတန္းကို တိုးတက္ေစဖို႔ ကူညီခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုအသင္းမ်ိဳးကို ယွဥ္ၿပိဳင္ႏိူင္ဖို႔အတြက္ က်ေနာ္တို႔ အမ်ားႀကီးႀကိဳးစားခဲ့ရတယ္။

ႏွစ္ရာသီေပါင္း 198 မွတ္နဲ႔ ဖလားကို ႏွစ္ႏွစ္ဆက္ရတာက သိပ္ကိုထူးျခားပါတယ္။ က်ေနာ္တို႔ဟာ မႏွစ္ကထက္ အဆင့္အတန္းပိုျမင့္ေအာင္ လုပ္ခဲ့ၿပီး အဲ့လိုျဖစ္ဖို႔ အခ်ိန္တိုင္းမွာ လီဗာပူးက ဖိအားေပးၿပီး ကူညီခဲ့တာပါ။ “

“ ဖလားရဖို႔ က်ေနာ္တို႔ 14 ပြဲဆက္ အႏိုင္ယူခဲ့တယ္။လြန္ခဲ့တဲ့ 2လ 3လေလာက္ထဲက က်ေနာ္တို႔ တစ္မွတ္ေတာင္ ဆံုး႐ွံူးလို႔မျဖစ္ဘူးဆိုတာ သိခဲ့တယ္။ ဒါက က်ေနာ့္နည္းျပဘဝမွာ က်ေနာ္ေအာင္ျမင္ခဲ့တဲ့ အခက္ခဲဆံုး ဖလားပါ။ ” လို႔ ဂြာဒီယိုလာက ေျပာပါတယ္။

စီးတီးဟာ စေနေန႔ အက္ဖ္ေအဖလား ဖိုင္နယ္မွာ ဝက္ဖို႔ဒ္ကိုႏိုင္ရင္ ထူးထူးျခားျခား ျပည္တြင္းဖလား သံုးလံုးကို ႐႐ွိမွာျဖစ္ပါတယ္။

တစ္ေယာက္ခ်င္းမဟုတ္ပဲ အသင္းရဲ႕ စုေပါင္းအင္အားဟာ စီးတီးရဲ႕ လႊမ္းမိုင္းႏိူင္မႈအတြက္ အဓိကက်တယ္လို႔ ဂြာဒီယိုလာက ဆိုၿပီး ခ်န္ပီယံေတြဟာ ေနာက္ရာသီမွာ ပိုၿပီးေတာ့ေတာင္ အင္အားေတာင့္တင္းရမယ္လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။

“ကြန္ျမဴနတီဒိုင္း၊ ခါရာေဘာင္းဖလား၊ ပရီးမီးယားလိဂ္ ဖလားတို႔ကို က်ေနာ္တို႔ ေအာင္ျမင္ခဲ့ႁပီး အခု အက္ဖ္ေအဖလား ဖိုင္နယ္ ကစားရဦးမယ္။

ထူးထူးျခားျခား လုပ္ျပႏိူင္တဲ့ကစားသမားတစ္ေယာက္ေတာင္ က်ေနာ္တို႔ဆီမွာ မ႐ွိဘူး။ အားလံုးက အသင္းတသင္းအေနနဲ႔ပဲ စုေပါင္းလုပ္ေဆာင္တယ္။ဒါက လ်ိွ႕ဝွက္ခ်က္ပါ။

က်ေနာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ တြန္းအားေပးတယ္။ က်ေနာ္က ကစားသမားေတြကို တြန္းအားေပးတယ္။ ကစားသမားေတြက က်ေနာ္နဲ႔ နည္းျပအဖြဲ႔ဝင္ေတြကို တြန္းအားေပးတယ္။ “

“ မင္းဟာ ဖလားတစ္လံုးကို ေအာင္ျမင္ႏိူင္တယ္။ ဒါက ျဖစ္တတ္တယ္ေလ။ ဒါေပမယ့္ ထူးျခားတဲ့ နည္းျပေတြ၊ ေငြအမ်ားႀကီးသံုးစြဲတဲ့ ကလပ္ေတြကို ရင္ဆိုင္ၿပီး ဒီလိဂ္မွာ ႏွစ္ႏွစ္ဆက္ ေအာင္ျမင္တဲ့အခါ ဒါက မင္းေကာင္းေကာင္းလုပ္ခဲ့တယ္လို႔ အဓိပၸါယ္ရတယ္။ဒါက အမွန္တရားပါ။

ေနာက္ရာသီက ပိုၿပီးခက္ခဲလိမ့္မယ္။ ဒါေပမယ့္ က်ေနာ္တို႔လဲ ပိုၿပီး အင္အားႀကီးလာမွာပါ။ ေနာက္ရာသီမွာ က်ေနာ္တို႔ ျပန္လာၿပီး အခုလိုမ်ိဴး ခ်န္ပီယံျဖစ္ေအာင္ ႀကိဳးစားဦးမွာပါ။ ” လို႔ ဂြာဒီယိုလာက ေျပာၾကားခဲ့ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးဟာ ဘရိုက်တန်ကို ပြတ်သားတဲ့ရလဒ်နဲ့ အနိူင်ရကာ 14ပွဲဆက် နိုင်ပွဲရရှိခဲ့ပြီး ၂၀၀၉ နောက်ပိုင်း ပထမဆုံးအကြိမ် ဖလားထိန်းသိမ်းနိူင်တဲ့ အသင်းအဖြစ် ၉၈ မှတ်နဲ့ ရာသီသိမ်းခဲ့ပါတယ်။

လီဗာပူးဟာ စီးတီးနောက်မှာ တစ်မှတ်အကွာနဲ့ ရာသီသိမ်းခဲ့ရတာကြောင့် ၂၉ နှစ်အတွင်း ပထမဆုံးအကြိမ် ဖလားရယူနိုင်ဖို့ သူတို့ရဲ့ကြိုးပမ်းမှု အတွက် မချိတင်ကဲဖြစ်စရာ ကောင်းလှပါတယ်။ဒါပေမယ့် ဂွာဒီယိုလာကတော့ သူ့နည်းပြဘဝမှာ အခက်ခဲဆုံး ဖလားပြိုင်ဆိုင်မှု ပြီးဆုံးသွားပြီးတဲ့နောက် ကြိုးကြာနီတို့ရဲ့ မရပ်မနား ဖိအားပေး စိန်ခေါ်နိူင်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

“ပထမဆုံးအနေနဲ့ လီဗာပူးကို ဂုဏ်ပြုစကားပြောရပါမယ်။ သူတို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့က ကျနော်တို့ကို တွန်းအားပေးပြီး ကျနော်တို့ရဲ့ မနှစ်က အဆင့်အတန်းကို တိုးတက်စေဖို့ ကူညီခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအသင်းမျိုးကို ယှဉ်ပြိုင်နိူင်ဖို့အတွက် ကျနော်တို့ အများကြီးကြိုးစားခဲ့ရတယ်။

နှစ်ရာသီပေါင်း 198 မှတ်နဲ့ ဖလားကို နှစ်နှစ်ဆက်ရတာက သိပ်ကိုထူးခြားပါတယ်။ ကျနော်တို့ဟာ မနှစ်ကထက် အဆင့်အတန်းပိုမြင့်အောင် လုပ်ခဲ့ပြီး အဲ့လိုဖြစ်ဖို့ အချိန်တိုင်းမှာ လီဗာပူးက ဖိအားပေးပြီး ကူညီခဲ့တာပါ။

ဖလားရဖို့ ကျနော်တို့ 14 ပွဲဆက် အနိုင်ယူခဲ့တယ်။လွန်ခဲ့တဲ့ 2လ 3လလောက်ထဲက ကျနော်တို့ တစ်မှတ်တောင် ဆုံးရှူံးလို့မဖြစ်ဘူးဆိုတာ သိခဲ့တယ်။ ဒါက ကျနော့်နည်းပြဘဝမှာ ကျနော်အောင်မြင်ခဲ့တဲ့ အခက်ခဲဆုံး ဖလားပါ။ ” လို့ ဂွာဒီယိုလာက ပြောပါတယ်။

စီးတီးဟာ စနေနေ့ အက်ဖ်အေဖလား ဖိုင်နယ်မှာ ဝက်ဖို့ဒ်ကိုနိုင်ရင် ထူးထူးခြားခြား ပြည်တွင်းဖလား သုံးလုံးကို ရရှိမှာဖြစ်ပါတယ်။

တစ်ယောက်ချင်းမဟုတ်ပဲ အသင်းရဲ့ စုပေါင်းအင်အားဟာ စီးတီးရဲ့ လွှမ်းမိုင်းနိူင်မှုအတွက် အဓိကကျတယ်လို့ ဂွာဒီယိုလာက ဆိုပြီး ချန်ပီယံတွေဟာ နောက်ရာသီမှာ ပိုပြီးတော့တောင် အင်အားတောင့်တင်းရမယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

“ကွန်မြူနတီဒိုင်း၊ ခါရာဘောင်းဖလား၊ ပရီးမီးယားလိဂ် ဖလားတို့ကို ကျနော်တို့ အောင်မြင်ခဲ့ပြီး အခု အက်ဖ်အေဖလား ဖိုင်နယ် ကစားရဦးမယ်။

ထူးထူးခြားခြား လုပ်ပြနိူင်တဲ့ကစားသမားတစ်ယောက်တောင် ကျနော်တို့ဆီမှာ မရှိဘူး။ အားလုံးက အသင်းတသင်းအနေနဲ့ပဲ စုပေါင်းလုပ်ဆောင်တယ်။ဒါက လျှိ့ဝှက်ချက်ပါ။

ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးတယ်။ ကျနော်က ကစားသမားတွေကို တွန်းအားပေးတယ်။ ကစားသမားတွေက ကျနော်နဲ့ နည်းပြအဖွဲ့ဝင်တွေကို တွန်းအားပေးတယ်။

မင်းဟာ ဖလားတစ်လုံးကို အောင်မြင်နိူင်တယ်။ဒါက ဖြစ်တတ်တယ်လေ။ ဒါပေမယ့် ထူးခြားတဲ့ နည်းပြတွေ၊ ငွေအများကြီးသုံးစွဲတဲ့ ကလပ်တွေကို ရင်ဆိုင်ပြီး ဒီလိဂ်မှာ နှစ်နှစ်ဆက် အောင်မြင်တဲ့အခါ ဒါက မင်းကောင်းကောင်းလုပ်ခဲ့တယ်လို့ အဓိပ္ပါယ်ရတယ်။ဒါက အမှန်တရားပါ။

နောက်ရာသီက ပိုပြီးခက်ခဲလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့လဲ ပိုပြီး အင်အားကြီးလာမှာပါ။ နောက်ရာသီမှာ ကျနော်တို့ ပြန်လာပြီး အခုလိုမျိူး ချန်ပီယံဖြစ်အောင် ကြိုးစားဦးမှာပါ။ ” လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

Sports Home Time