တိုက္စစ္မွဴး သံုးဦး ပူးတြဲယူသြားတဲ့ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆု

[Zawgyi] လီဗာပူးၾကယ္ပြင့္ တိုက္စစ္မွဴး မိုဆာလာက ပရီးမီးယားလိဂ္မွာ နွစ္ရာသီဆက္ ဂိုးသြင္းအမ်ားဆံုး ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ ဒီ ၂-၁၈-၁၉ ေဘာလံုးရာသီမွာေတာ့ ဂိုးသြင္းအမ်ားဆံုး ေရႊဖိနပ္ဆုကို သူ တစ္ဦးတည္း သိမ္းယူနို္င္တာ မဟုတ္ဘဲ အသင္းေဖာ္ မာေနးနဲ႕ အာဆင္နယ္ တိုက္စစ္သမား အူဘာမီယန္းတို႔နဲ႕ ပူးတြဲ ရရွိခဲ့တာပါ။

ဒီတိုက္စစ္မွဴး သံုးဦးလံုးက ဒီရာသီ သြင္းဂိုး ၂၂ ဂိုး ရွိသြားခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔ည ပရီးမီးယားလိဂ္ ေနာက္ဆံုးပြဲမွာ မာေနးကလည္း ၀ုဗ္ကို ၂ ဂိုး သြင္းခဲ့သလို အူဘာမီယန္းကလည္း ဘန္ေလကို ၂ ဂိုးသြင္းကာ ဆာလက္ သြင္းဂိုးကို မွီသြားခဲ့ပါတယ္။ မန္စီးတီးၾကယ္ပြင့္ အဂြယ္ရိုကေတာ့ ၂၁ ဂိုးနဲ႕ ေက်နပ္ခဲ့ရပါတယ္။

ပရီးမီးယားလိဂ္က အျခားလိဂ္မ်ားလို သြင္းဂိုးတူရင္ ဂိုးေထာက္ပံ့မႈ နဲ႕ မယွဥ္ၾကည့္ဘဲ အားလံုးကို ဆုခ်ီးျမွင့္တာေၾကာင့္ ဒီနွစ္မွာ ထူးထူးျခားျခား သံုးေယာက္ ပူးတြဲ ရရွိခဲ့တာပါ။

လီဗာပူးတိုက္စစ္မွဴး နွစ္ဦးကေတာ့ အသင္းက တစ္မွတ္အကြာနဲ႕ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကေန လြဲခဲ့တာေၾကာင့္ ဒီေရႊဖိနပ္ဆုက နွစ္သိမ့္ဆု ပမာ ျဖစ္ခဲ့မွာပါ။ ဆာလက္က ျပီးခဲ့တဲ့ ရာသီကလည္း သြင္းဂိုး ၃၂ ဂိုးနဲ႕ ေရႊဖိနပ္ဆု ရခဲ့ပါတယ္။ ထိုစဥ္က ဒုတိယေနရာမွ ကိန္းကလည္း ဂိုး ၃၀ ထိ သြင္းထားခဲ့တာပါ။

Sports Home Time

[Unicode] လီဗာပူးကြယ်ပွင့် တိုက်စစ်မှူး မိုဆာလာက ပရီးမီးယားလိဂ်မှာ နှစ်ရာသီဆက် ဂိုးသွင်းအများဆုံး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီ ၂-၁၈-၁၉ ဘောလုံးရာသီမှာတော့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို သူ တစ်ဦးတည်း သိမ်းယူနိုင်တာ မဟုတ်ဘဲ အသင်းဖော် မာနေးနဲ့ အာဆင်နယ် တိုက်စစ်သမား အူဘာမီယန်းတို့နဲ့ ပူးတွဲ ရရှိခဲ့တာပါ။

ဒီတိုက်စစ်မှူး သုံးဦးလုံးက ဒီရာသီ သွင်းဂိုး ၂၂ ဂိုး ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ည ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ မာနေးကလည်း ဝုဗ်ကို ၂ ဂိုး သွင်းခဲ့သလို အူဘာမီယန်းကလည်း ဘန်လေကို ၂ ဂိုးသွင်းကာ ဆာလက် သွင်းဂိုးကို မှီသွားခဲ့ပါတယ်။ မန်စီးတီးကြယ်ပွင့် အဂွယ်ရိုကတော့ ၂၁ ဂိုးနဲ့ ကျေနပ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်က အခြားလိဂ်များလို သွင်းဂိုးတူရင် ဂိုးထောက်ပံ့မှု နဲ့ မယှဉ်ကြည့်ဘဲ အားလုံးကို ဆုချီးမြှင့်တာကြောင့် ဒီနှစ်မှာ ထူးထူးခြားခြား သုံးယောက် ပူးတွဲ ရရှိခဲ့တာပါ။

လီဗာပူးတိုက်စစ်မှူး နှစ်ဦးကတော့ အသင်းက တစ်မှတ်အကွာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကနေ လွဲခဲ့တာကြောင့် ဒီရွှေဖိနပ်ဆုက နှစ်သိမ့်ဆု ပမာ ဖြစ်ခဲ့မှာပါ။ ဆာလက်က ပြီးခဲ့တဲ့ ရာသီကလည်း သွင်းဂိုး ၃၂ ဂိုးနဲ့ ရွှေဖိနပ်ဆု ရခဲ့ပါတယ်။ ထိုစဉ်က ဒုတိယနေရာမှ ကိန်းကလည်း ဂိုး ၃၀ ထိ သွင်းထားခဲ့တာပါ။

Sports Home Time