BREAKING: မန္စီးတီးဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဘြဲ႔ကို ကာကြယ္သြားႏုိင္ခဲ့ပါျပီ။

မန္စီးတီးဟာ ဘရိုက္တန္ကို အေဝးကြင္းမွာ 4-1 နဲ႔ အႏုိင္ရျပီး အမွတ္ေပးခ်န္ပီယံဘြဲ႔ကို ကာကြယ္ႏုိင္ခဲ့ကာ ႏွစ္ႏွစ္က ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္လာခဲ့ျပီျဖစ္ပါတယ္။

ပြဲကို ပထမဆံုး သြင္းဂိုးနဲ႔ မိတ္ဆက္ခဲ့တာက ဘရိုက္တန္ျဖစ္ျပီး မာေရးက ေထာင့္ကန္ေဘာကို ေခါင္းတိုက္ အဆံုးသတ္ခဲ့တာပါ။ ဒါေပမယ့္ အဂြယ္ရိုရဲ႕ ေျခပဂိုးက ခပ္ျမန္ျမန္ ျပန္ျမင္ခဲ့ရျပီး မန္စီးတီးကို အသက္ရႈ ေခ်ာင္ေစခဲ့ပါတယ္။ ပထမပိုင္းမွာ လာေပၚေတးက သြင္းဂိုးတစ္ဂိုး ထပ္မံ သြင္းယူေပးခဲ့တယ္။

ဒုတိယပိုင္းမွာေတာ့ မာရက္စ္ရဲ႕ လွပတဲ့ ေဒါ့င့္ကို ကန္သြင္းယူမႈ၊ ဂန္ဒိုဂန္ရဲ႕ တည္ကန္ေဘာေတြနဲ႔အတူ မန္စီးတီးဟာ ခ်န္ပီယံဆုကို ကာကြယ္ႏုိင္ခဲ့တာျဖစ္တယ္။ ဒီပြဲမွာ ဂြာဒီယိုလာဟာ မာရက္စ္ကို ထည့္သြင္းခဲ့ျပီး အယ္ဂ်ီးရီးယား လက္ေရြးစင္ဟာ မန္စီးတီးအတြက္ ျပတ္သားတဲ့အႏိုင္ကို စတင္ေစတဲ့ သြင္းဂိုးကို ရယူေစခဲ့ပါတယ္။

မန္စီးတီးဟာ ျပည္တြင္းျပိဳင္ဘက္ လီဗာပူးနဲ႔ တစ္ရာသီလံုး အက်ိတ္အနယ္ ယွဥ္ျပိဳင္လာခဲ့ရတာပါ။ ဇန္နဝါရီေလာက္တုန္းက လီဗာပူးဟာ 10 မွတ္ေလာက္ထိ ေက်ာ္တက္သြားႏုိင္တဲ့ အေနအထားကို ေရာက္ခဲ့ျပီး မန္စီးတီးက အႏုိင္ရခဲ့တဲ့ေနာက္ ရမွတ္ကြာဟခ်က္ကို ေလ်ာ့ခ်ႏုိင္ခဲ့တာျဖစ္တယ္။ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ ျပိဳင္ဆုိင္မႈ အျပင္းထန္ဆံုးေသာ သရဖူးလုပြဲကို ဒီရာသီမွာ ျမင္ခဲ့ရတာျဖစ္တယ္။

ဘရိုက္တန္ရဲ႕ ဦးေဆာင္ဂိုးဟာ မန္စီးတီးကို ခက္ခဲေစခဲ့ေပမယ့္ ခ်န္ပီယံအေတြ႔အၾကံဳရင့္ အသင္းပီပီ ဖိအားေတြကို အေကာင္းဆံုး ကိုင္တြယ္ႏုိင္ျခင္း၊ မန္ေနဂ်ာ ဂြာဒီယိုလာရဲ႕ ထူးခၽြန္ျခင္း၊ အေရးၾကီးတဲ့ အေနအထားေတြမွာ အေျပာင္းအလဲလုပ္ဖို႔ လူစာရင္းအင္အား ေတာင့္တင္းျခင္းေတြက မန္စီးတီးကို ဒီရာသီ ခ်န္ပီယံျဖစ္ေစျခင္းရဲ႕ အဓိက အေၾကာင္းရင္းေတြပဲျဖစ္ပါတယ္။

ကာရာေဘာင္းနဲ႔ ပရီးမီးယားလိဂ္ေတြကို အႏုိင္ရခဲ့တဲ့ မန္စီးတီးဟာ အက္ဖ္ေအဖလားမွာ ဝတ္ဖိုဒ့္နဲ႔ ယွဥ္ျပိဳင္ရဦးမွာျဖစ္ျပီး အႏုိင္ရမယ္ဆိုရင္ တစ္ရာသီ ျပည္တြင္းဖလားသံုးလံုးကို အႏုိင္ရကာ ကလပ္အသင္းသမုိင္းမွာ ပထမဆံုးအၾကိမ္ စံခ်ိန္တင္ေအာင္ျမင္မႈကို ေဖာ္ေဆာင္လာႏုိင္မွာျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ 4-1 နဲ့ အနိုင်ရပြီး အမှတ်ပေးချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ကာ နှစ်နှစ်က ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ပွဲကို ပထမဆုံး သွင်းဂိုးနဲ့ မိတ်ဆက်ခဲ့တာက ဘရိုက်တန်ဖြစ်ပြီး မာရေးက ထောင့်ကန်ဘောကို ခေါင်းတိုက် အဆုံးသတ်ခဲ့တာပါ။ ဒါပေမယ့် အဂွယ်ရိုရဲ့ ခြေပဂိုးက ခပ်မြန်မြန် ပြန်မြင်ခဲ့ရပြီး မန်စီးတီးကို အသက်ရှု ချောင်စေခဲ့ပါတယ်။ ပထမပိုင်းမှာ လာပေါ်တေးက သွင်းဂိုးတစ်ဂိုး ထပ်မံ သွင်းယူပေးခဲ့တယ်။

ဒုတိယပိုင်းမှာတော့ မာရက်စ်ရဲ့ လှပတဲ့ ဒေါ့င့်ကို ကန်သွင်းယူမှု၊ ဂန်ဒိုဂန်ရဲ့ တည်ကန်ဘောတွေနဲ့အတူ မန်စီးတီးဟာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တာဖြစ်တယ်။ ဒီပွဲမှာ ဂွာဒီယိုလာဟာ မာရက်စ်ကို ထည့်သွင်းခဲ့ပြီး အယ်ဂျီးရီးယား လက်ရွေးစင်ဟာ မန်စီးတီးအတွက် ပြတ်သားတဲ့အနိုင်ကို စတင်စေတဲ့ သွင်းဂိုးကို ရယူစေခဲ့ပါတယ်။

မန်စီးတီးဟာ ပြည်တွင်းပြိုင်ဘက် လီဗာပူးနဲ့ တစ်ရာသီလုံး အကျိတ်အနယ် ယှဉ်ပြိုင်လာခဲ့ရတာပါ။ ဇန်နဝါရီလောက်တုန်းက လီဗာပူးဟာ 10 မှတ်လောက်ထိ ကျော်တက်သွားနိုင်တဲ့ အနေအထားကို ရောက်ခဲ့ပြီး မန်စီးတီးက အနိုင်ရခဲ့တဲ့နောက် ရမှတ်ကွာဟချက်ကို လျော့ချနိုင်ခဲ့တာဖြစ်တယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးသော သရဖူးလုပွဲကို ဒီရာသီမှာ မြင်ခဲ့ရတာဖြစ်တယ်။

ဘရိုက်တန်ရဲ့ ဦးဆောင်ဂိုးဟာ မန်စီးတီးကို ခက်ခဲစေခဲ့ပေမယ့် ချန်ပီယံအတွေ့အကြုံရင့် အသင်းပီပီ ဖိအားတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ခြင်း၊ မန်နေဂျာ ဂွာဒီယိုလာရဲ့ ထူးချွန်ခြင်း၊ အရေးကြီးတဲ့ အနေအထားတွေမှာ အပြောင်းအလဲလုပ်ဖို့ လူစာရင်းအင်အား တောင့်တင်းခြင်းတွေက မန်စီးတီးကို ဒီရာသီ ချန်ပီယံဖြစ်စေခြင်းရဲ့ အဓိက အကြောင်းရင်းတွေပဲဖြစ်ပါတယ်။

ကာရာဘောင်းနဲ့ ပရီးမီးယားလိဂ်တွေကို အနိုင်ရခဲ့တဲ့ မန်စီးတီးဟာ အက်ဖ်အေဖလားမှာ ဝတ်ဖိုဒ့်နဲ့ ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင် တစ်ရာသီ ပြည်တွင်းဖလားသုံးလုံးကို အနိုင်ရကာ ကလပ်အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် စံချိန်တင်အောင်မြင်မှုကို ဖော်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

Sports Home Time