ဒီဂီယာ ေနရာ ကီပါနဲ႕ အစားထိုးဖို႔ ေတာင္းဆိုေနၾကတဲ့ စပိန္ပရိသတ္မ်ား

[Zawgyi] စပိန္လက္ေရြးစင္အသင္းမွာ နံပါတ္ တစ္ ဂိုးသမားေနရာက တစ္ေကာင္တည္း ေျပးတဲ့ျမင္းလို ျပိဳင္ဘက္ မရွိခဲ့တာ ၾကာပါျပီ။ ရီးရဲလ္ ဂိုးသမားေဟာင္း ကားဆီးလက္က ပြဲထြက္ ဂိုးေနရာ ၁၅ နွစ္ၾကာသိမ္းထားခဲ့ျပီး အျခား ဂိုးသမားေကာင္းေတြ ေနရာ ေပ်ာက္ခဲ့ပါတယ္။

အခုဆို ကားဆီးလက္က ၃၈ နွစ္ ျပည့္ေတာ့မွာ ျဖစ္ျပီး နိုင္ငံအသင္းအတြက္ ေဘာလံုးကစားျခင္းမွ အနားယူခဲ့ျပီး ျဖစ္လို႔ ေသြးသစ္ ေဘာလံုးသမားေတြ အတြက္ ေနရာရလာခဲ့တာပါ။ စပိန္ ဂိုးသမားေနရာ ပထမဆံုး သိမ္းပိုက္လိုက္တာက ယူနိုက္တက္ရဲ႕ နံပါတ္၀မ္း ေဒးဗစ္ ဒီဂီယာ ျဖစ္ပါတယ္။

အသက္ ၂၈ နွစ္အရြယ္ ဂိုးသမားဟာ အသက္လက္တီကိုကေန ၂၀၁၁ က ယူနိုက္တက္ထံ ေရာက္လာစဥ္က စလို႔ လက္စြမး္ျပလာခဲ့ကာ နုိင္ငံအသင္းမွာ လႊမ္းမိုးလာခဲ့ပါတယ္။ ဒီဂီယာက စပိန္အသင္းနဲ႕ ကစားခဲ့တာ ၃၉ ပြဲ ရွိသြားခဲ့ျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ ကမၻာဖလား မွာေတာ့ သူ႔ မူလလက္စြမ္းလို ေကာင္းမြန္စြာ စြမ္းေဆာင္နုိင္ျခင္း မရွိခဲ့တဲ့ အျပင္ ၄င္းရဲ႕ ကလပ္အသင္း မန္ခ်က္စတာယူနိုက္တက္ကလည္း ေနာက္ရာသီ ယူရိုပါလိဂ္နဲ႕သာ လက္တြဲရေတာ့မွာပါ။

ပရီးမီးယားလိဂ္ စပိန္သား ဂိုးသမားေတြထဲက ဒီဂီယာရဲ႕ ေနရာကို အစား၀င္နုိင္သူက ခ်ယ္ဆီးမွာ ကီပါ ရွိေနပါတယ္။ အသက္ ၂၄ နွစ္အရြယ္ ကီပါက ဒီဂီယာ အငယ္စားေလးလို႔ မၾကာခဏ နိႈင္းယွဥ္ခံရေလ့ ရွိျပီး ဒီရာသီ အေစာပိုင္းမွာေတာ့ EFL ဖလားမွာ လူစားလဲရန္ နည္းျပ ျဖစ္သူ ဆာရီကို ျငင္းဆန္ခဲ့လို႔ သတင္းေခါင္းစီးပိုင္း္မွာ ေ၀ဖန္ခံရမႈေတြ ရွိခဲ့ပါတယ္။

ဒါေပမယ့္ ကီပါက လက္စြမ္းေကာင္းမ်ား ရလာ တိုးတက္လာေနျပီး ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ ဖရန္႔ဖတ္နဲ႕ ပြဲမွာ အေရးပါတဲ့ ပင္နယ္တီ ကာကြယ္မႈေတြ လုပ္ကာ အမွားေတြကို သင္ပုန္းေခ်ျပီး ခ်ယ္ဆီးအသင္းကို ဗို္လ္လုပြဲေရာက္ေအာင္ ကူညီေပးနုိင္ခဲ့ပါတယ္။ ဘီဘာအို ဂိုးသမားေဟာင္း ကီပါက ခ်ယ္ဆီးအတြက္ ပင္နယ္တီ နွစ္လံုး ကာကြယ္ေပးခဲ့တာပါ။

ကီပါ လက္ေရတက္လာခ်ိန္မွာ ဒီဂီယာကေတာ့ သူ႔ရဲ႕ ေနာက္ဆံုး ၅ ပြဲမွာ ဂိုးေပးလိုက္ရတဲ့ အမွား ၃ ၾကိမ္ က်ဴးလြန္ထားျပီး ယခင္ သူကစားခဲ့တဲ့ ပြဲ ၁၂၃ ပြဲက အမွားအေရအတြက္နဲ႕ ေတာင္ တူညီေနပါတယ္။ ဒါေၾကာင့္လည္း စပိန္ ပရိသတ္ေတြက အသင္း နံပါတ္တစ္ ဂိုးသမားေနရာကို အမွားေတြ မ်ားလာတဲ့ ဒီဂီယာထက္ ကီပါကို ကစားေပးေစလိုေနပါတယ္။

စပိန္နာမည္ၾကီး သတင္းဌာနက အြန္လိုင္းမဲေပးမႈမွာ ကီပါကို ဦးစားေပး ဂိုးသမား ျဖစ္ေစခ်င္ၾကတဲ့ မဲက အျပတ္အသတ္ အသာရေနတဲ့ တြစ္တာက စစ္တမ္းတစ္္ခုက ေဖာ္ျပလာခဲ့ပါတယ္။ အဆိုပါ မဲေပးမႈမွာ ကီပါကို စပိန္ ပြဲထြက္ ဂိုးသမား ျဖစ္ေစခ်င္ၾကတာက ၉၂% ႏႈန္းရွိျပီး ဒီဂီယာကို ဆက္လက္ ေထာက္ခံခ်င္ၾကတက ၈% သာ ရွိပါတယ္။

ဒီဂီယာရဲ႕ လက္ရည္ က်ဆင္းေနေပမယ့္ မဲေပးမႈမွာ တဖက္သတ္ အျပတ္အသတ္ ကီပါက သာသြားတာေတာ့ အံ့အားသင့္စရာပဲ ျဖစ္ပါတယ္။ စပိန္အသင္း ပရိသတ္ေတြကေတာ့ နုိင္ငံအသင္းမွာ ကီပါကို အခြင့္အေရး ေပးေစလိုေနၾကပါျပီ။

Sports Home Time

[Unicode] စပိန်လက်ရွေးစင်အသင်းမှာ နံပါတ် တစ် ဂိုးသမားနေရာက တစ်ကောင်တည်း ပြေးတဲ့မြင်းလို ပြိုင်ဘက် မရှိခဲ့တာ ကြာပါပြီ။ ရီးရဲလ် ဂိုးသမားဟောင်း ကားဆီးလက်က ပွဲထွက် ဂိုးနေရာ ၁၅ နှစ်ကြာသိမ်းထားခဲ့ပြီး အခြား ဂိုးသမားကောင်းတွေ နေရာ ပျောက်ခဲ့ပါတယ်။

အခုဆို ကားဆီးလက်က ၃၈ နှစ် ပြည့်တော့မှာ ဖြစ်ပြီး နိုင်ငံအသင်းအတွက် ဘောလုံးကစားခြင်းမှ အနားယူခဲ့ပြီး ဖြစ်လို့ သွေးသစ် ဘောလုံးသမားတွေ အတွက် နေရာရလာခဲ့တာပါ။ စပိန် ဂိုးသမားနေရာ ပထမဆုံး သိမ်းပိုက်လိုက်တာက ယူနိုက်တက်ရဲ့ နံပါတ်ဝမ်း ဒေးဗစ် ဒီဂီယာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဂိုးသမားဟာ အသက်လက်တီကိုကနေ ၂၀၁၁ က ယူနိုက်တက်ထံ ရောက်လာစဉ်က စလို့ လက်စွမ်းပြလာခဲ့ကာ နိုင်ငံအသင်းမှာ လွှမ်းမိုးလာခဲ့ပါတယ်။ ဒီဂီယာက စပိန်အသင်းနဲ့ ကစားခဲ့တာ ၃၉ ပွဲ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ကမ္ဘာဖလားမှာတော့ သူ့ မူလလက်စွမ်းလို ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့တဲ့ အပြင် ၎င်းရဲ့ ကလပ်အသင်း မန်ချက်စတာယူနိုက်တက်ကလည်း နောက်ရာသီ ယူရိုပါလိဂ်နဲ့သာ လက်တွဲရတော့မှာပါ။

ပရီးမီးယားလိဂ် စပိန်သား ဂိုးသမားတွေထဲက ဒီဂီယာရဲ့ နေရာကို အစားဝင်နိုင်သူက ချယ်ဆီးမှာ ကီပါ ရှိနေပါတယ်။ အသက် ၂၄ နှစ်အရွယ် ကီပါက ဒီဂီယာ အငယ်စားလေးလို့ မကြာခဏ နှိုင်းယှဉ်ခံရလေ့ ရှိပြီး ဒီရာသီ အစောပိုင်းမှာတော့ EFL ဖလားမှာ လူစားလဲရန် နည်းပြ ဖြစ်သူ ဆာရီကို ငြင်းဆန်ခဲ့လို့ သတင်းခေါင်းစီးပိုင်းမှာ ဝေဖန်ခံရမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် ကီပါက လက်စွမ်းကောင်းများ ရလာ တိုးတက်လာနေပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဖရန့်ဖတ်နဲ့ ပွဲမှာ အရေးပါတဲ့ ပင်နယ်တီ ကာကွယ်မှုတွေ လုပ်ကာ အမှားတွေကို သင်ပုန်းချေပြီး ချယ်ဆီးအသင်းကို ဗိုလ်လုပွဲရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဘီဘာအို ဂိုးသမားဟောင်း ကီပါက ချယ်ဆီးအတွက် ပင်နယ်တီ နှစ်လုံး ကာကွယ်ပေးခဲ့တာပါ။

ကီပါ လက်ရေတက်လာချိန်မှာ ဒီဂီယာကတော့ သူ့ရဲ့ နောက်ဆုံး ၅ ပွဲမှာ ဂိုးပေးလိုက်ရတဲ့ အမှား ၃ ကြိမ် ကျူးလွန်ထားပြီး ယခင် သူကစားခဲ့တဲ့ ပွဲ ၁၂၃ ပွဲက အမှားအရေအတွက်နဲ့ တောင် တူညီနေပါတယ်။ ဒါကြောင့်လည်း စပိန် ပရိသတ်တွေက အသင်း နံပါတ်တစ် ဂိုးသမားနေရာကို အမှားတွေ များလာတဲ့ ဒီဂီယာထက် ကီပါကို ကစားပေးစေလိုနေပါတယ်။

စပိန်နာမည်ကြီး သတင်းဌာနက အွန်လိုင်းမဲပေးမှုမှာ ကီပါကို ဦးစားပေး ဂိုးသမား ဖြစ်စေချင်ကြတဲ့ မဲက အပြတ်အသတ် အသာရနေတဲ့ တွစ်တာက စစ်တမ်းတစ်ခုက ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ မဲပေးမှုမှာ ကီပါကို စပိန် ပွဲထွက် ဂိုးသမား ဖြစ်စေချင်ကြတာက ၉၂% နှုန်းရှိပြီး ဒီဂီယာကို ဆက်လက် ထောက်ခံချင်ကြတက ၈% သာ ရှိပါတယ်။

ဒီဂီယာရဲ့ လက်ရည် ကျဆင်းနေပေမယ့် မဲပေးမှုမှာ တဖက်သတ် အပြတ်အသတ် ကီပါက သာသွားတာတော့ အံ့အားသင့်စရာပဲ ဖြစ်ပါတယ်။ စပိန်အသင်း ပရိသတ်တွေကတော့ နိုင်ငံအသင်းမှာ ကီပါကို အခွင့်အရေး ပေးစေလိုနေကြပါပြီ။

Sports Home Time